ကမ္ဘာ့အကြီးဆုံးသင်္ဘော

Unicodeကမ္ဘာ့အကြီးဆုံးသင်္ဘောကမ္ဘာပေါ်မှာတည်ဆောက်ခဲ့သမျှသင်္ဘောတွေထဲမှာအကြီးမားဆုံးသင်္ဘောဖြစ်ပါတယ်။တချို့ကလည်းပုံမှန်သင်္ဘောတွေနဲ့ခြားနားပြီးရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက်သာအသုံးပြုနိုင်တဲ့အတွက်သင်္ဘောလို့မသတ်မှတ်ပဲFLNG(floatingliquefiednaturalgas)လို့ပဲခေါ်ကြပါတယ်။အရှည်၁၆၀၁ပေအနံ၂၄၃ပေအမြင့်၃၄၄ပေရှိတဲ့ဧရာမသင်္ဘောကြီးဖြစ်ပါတယ်။ရှဲလ်ရေနံကုမ္မဏီအတွက်ကိုရီးယားမှSamsungHeavyIndustriesနဲ့Technipတို့ကတည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ဒီသင်္ဘောကြီးကိုကမ်းလွန်ရေနံ၊သဘာဝဓာတ်ငွေ့တူးဖော်ရေးနဲ့သန့်စင်ခြင်းလုပ်ငန်းအတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။သံမဏိတန်ချိန်၂သိန်း၆သောင်းခန့်သုံးကာတည်ဆောက်ထားပြီးကုန်ကျစရိတ်အနေနဲ့လည်းအမေရိကန်ဒေါ်လာ၁၀ဘီလျံခန့်ကုန်ကျခဲ့တဲ့သင်္ဘောကြီးဖြစ်ပါတယ်။နောက်ဆုံးပေါ်နည်းပညာများနဲ့တည်ဆောက်ထားတဲ့ဒီသင်္ဘောကြီးဟာတန်ချိန်၆သိန်းခန့်အထိတင်ဆောင်နိုင်ပြီးဆိုင်ကလုန်းမုန်တိုင်းအပြင်းထန်ဆုံးအဆင့်ကိုလည်းခံနိုင်ရည်ရှိတဲ့သင်္ဘောကြီးဖြစ်ပါတယ်။ဘယ်လောက်တောင်ကြီးမားသလဲဆိုရင်ဘောလုံးကွင်း၄ကွင်းစုပေါင်းထားတာထက်ပိုကြီးပြီးသင်္ဘောဆိုတာထက်ရေပေါ်စက်ရုံလို့ခေါ်ရင်ပိုမှန်မှာပါ။အနီးဆုံးကုန်းမြေကနေ၁၂၅မိုင်အကွာအဝေးရှိပင်လယ်ပြင်အထိအလုပ်လုပ်နိုင်ပြီးသက်တမ်းအနေနဲ့နှစ်ပေါင်း၂၅နှစ်အထိအသုံးပြုနိုင်ရန်ဒီဇိုင်းဆွဲထားတယ်လို့သိရပါတယ်။ဝန်ထမ်းပေါင်း၂၄၀ခန့်အသုံးပြုရတဲ့ဒီသင်္ဘောကြီးကို၂၀၁၃ခုနှစ်မှာပထမဆုံးအကြိမ်ရေချခဲ့ပြီးနောက်နှစ်စဉ်ရေနံနဲ့သဘဝဓာတ်ငွေ့တန်ချိန်ပေါင်း၃သန်းကျော်ကနေ၅သန်းကျော်အထိတူးဖော်ထုတ်လုပ်ပေးလျှက်ရှိတယ်လို့သိရပါတယ်။Crd -Thu ta zone

Zawgyiကမာၻ႔အႀကီးဆုံးသေဘၤာကမာၻေပၚမွာတည္ေဆာက္ခဲ့သမွ်သေဘၤာေတြထဲမွာအႀကီးမားဆုံးသေဘၤာျဖစ္ပါတယ္။တခ်ိဳ႕ကလည္းပုံမွန္သေဘၤာေတြနဲ႔ျခားနားၿပီးေရနံနဲ႔သဘာဝဓာတ္ေငြ႕လုပ္ငန္းအတြက္သာအသုံးျပဳႏိုင္တဲ့အတြက္သေဘၤာလို႔မသတ္မွတ္ပဲFLNG(floating liq  u e fie dna turalgas)လို႔ပဲေခၚၾကပါတယ္။အရွည္၁၆၀၁ေပအနံ၂၄၃ေပအျမင့္၃၄၄ေပရွိတဲ့ဧရာမသေဘၤာႀကီးျဖစ္ပါတယ္။ရွဲလ္ေရနံကုမၼဏီအတြက္ကိုရီးယားမွSamsungHeavyIndustriesနဲ႔Technipတို႔ကတည္ေဆာက္ေပးခဲ့တာျဖစ္ပါတယ္။ဒီသေဘၤာႀကီးကိုကမ္းလြန္ေရနံ၊သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးနဲ႔သန႔္စင္ျခင္းလုပ္ငန္းအတြက္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။သံမဏိတန္ခ်ိန္၂သိန္း၆ေသာင္းခန႔္သုံးကာတည္ေဆာက္ထားၿပီးကုန္က်စရိတ္အေနနဲ႔လည္းအေမရိကန္ေဒၚလာ၁၀ဘီလ်ံခန႔္ကုန္က်ခဲ့တဲ့သေဘၤာႀကီးျဖစ္ပါတယ္။ေနာက္ဆုံးေပၚနည္းပညာမ်ားနဲ႔တည္ေဆာက္ထားတဲ့ဒီသေဘၤာႀကီးဟာတန္ခ်ိန္၆သိန္းခန႔္အထိတင္ေဆာင္ႏိုင္ၿပီးဆိုင္ကလုန္းမုန္တိုင္းအျပင္းထန္ဆုံးအဆင့္ကိုလည္းခံႏိုင္ရည္ရွိတဲ့သေဘၤာႀကီးျဖစ္ပါတယ္။ဘယ္ေလာက္ေတာင္ႀကီးမားသလဲဆိုရင္ေဘာလုံးကြင္း၄ကြင္းစုေပါင္းထားတာထက္ပိုႀကီးၿပီးသေဘၤာဆိုတာထက္ေရေပၚစက္႐ုံလို႔ေခၚရင္ပိုမွန္မွာပါ။အနီးဆုံးကုန္းေျမကေန၁၂၅မိုင္အကြာအေဝးရွိပင္လယ္ျပင္အထိအလုပ္လုပ္ႏိုင္ၿပီးသက္တမ္းအေနနဲ႔ႏွစ္ေပါင္း၂၅ႏွစ္အထိအသုံးျပဳႏိုင္ရန္ဒီဇိုင္းဆြဲထားတယ္လို႔သိရပါတယ္။ဝန္ထမ္းေပါင္း၂၄၀ခန႔္အသုံးျပဳရတဲ့ဒီသေဘၤာႀကီးကို၂၀၁၃ခုႏွစ္မွာပထမဆုံးအႀကိမ္ေရခ်ခဲ့ၿပီးေနာက္ႏွစ္စဥ္ေရနံနဲ႔သဘဝဓာတ္ေငြ႕တန္ခ်ိန္ေပါင္း၃သန္းေက်ာ္ကေန၅သန္းေက်ာ္အထိတူးေဖာ္ထုတ္လုပ္ေပးလွ်က္ရွိတယ္လို႔သိရပါတယ္။Cr d – Thu ta zone

Be the first to comment

Leave a Reply

Your email address will not be published.


*