ရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ် ပယင်းနန်းတော်

Unicodeရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ်ပယင်းနန်းတော်ကျွန်တော်တို့အများစုသိကြတာကတော့ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခုဖြစ်တဲ့တရုတ်ကမဟာရံတံတိုင်းကြီး၊ဂျော်ဒန်ကပီထရာ၊ဘရာဇီးကခရစ်တော်ရုပ်တုရက်ဒီမာ၊ပီရူးကအင်ကာမြို့တော်မာချူးပီချူး၊မက္ကဆီကိုကမာယာမြို့တော်တစ်ခုဖြစ်တဲ့ချီကျန်းအစ်ဇာ၊ရောမကလူသတ်ဇာတ်ရုံကော်လော်စီယမ်၊အိန္ဒိယကတပ်ဂျ်မဟာ၊အီဂျစ်ကဂိုင်ဇာပိရမစ်ကြီးစတာတွေပဲဖြစ်ပါတယ်။ရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ်အဖြစ်ကမ္ဘာကတင်စားထားပေမယ့်ကျွန်တာ်တို့သိပ်မသိကြတဲ့အရာကတော့တစ်ခန်းလုံးကိုပယင်းအနုပညာပေါင်းမြောက်များစွာနဲ့စီချယ်ထားတဲ့ပယင်းနန်းတော်(AmberRoom)ပဲဖြစ်ပါတယ်။ဒီပယင်းနန်းတော်တည်ရှိခဲ့တဲ့နေရာကတော့ရုရှားနိုင်ငံစိန့်ပီတာဘတ်စ်မြို့ဇာစကိုအီစီလိုအနီးကကတ်သရင်းနန်းတော်မှာဖြစ်ပါတယ်။ပယင်းနန်းတော်ကို၁၇၀၁ခုနှစ်မှာပရပ်ရှားပြည်ဘာလင်မြို့မှာဖန်တီးခဲ့တာဖြစ်ပါတယ်။ဂျာမန်အလှဆင်ပန်းပုပညာရှင်အန်ဒရေးရှလူဒါနဲ့ဒတ်ချ်လူမျိုးပယင်အနုပညာရှင်ဂေါ့မရိဝယ်ဖန်တို့ကပူးပေါင်းဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဖန်တီးခဲ့ချိန်၆နှစ်ကြာမြင့်ခဲ့ပြီး၁၇၁၆ခုနှစ်အထိယင်းပယင်းနန်းတော်ကိုဘာလင်မြို့မှာပဲထားရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ပရပ်ရှားဘုရင်ဝီလျံ၁ဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ရုရှားပြည့်ရှင်မဟာပီတာကိုလက်ဆောင်အနေနဲ့ပေးခဲ့တဲ့အတွက်ကြောင့်ပယင်းနန်းတော်ဟာရုရှားပြည်ကိုရောက်ရှိသွားပါတယ်။ပယင်းနန်းတော်လို့ခေါ်ပေမယ့်အကျယ်အဝန်းအားဖြင့်၅၉၀စတုရန်းပေသာရှိတဲ့အခန်းတစ်ခန်းထဲမှာပယင်းတွေအပြည့်နဲ့ဖန်တီးအလှဆင်ထားတာဖြစ်ပါတယ်။ပယင်းတွေအပြင်ရွှေသစ်ရွက်တွေ၊ကျောက်မျက်ရတနာတွေ၊မှန်တွေကိုပါထည့်သွင်းထားတဲ့အတွက်တလက်လက်တပြောင်ပြောင်ဖြစ်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နတ်သမီးနဲ့ကလေးငယ်များရုပ်တုတွေလည်းပါဝင်ပါတယ်။ဒီအခန်းမှာတပ်ဆင်ထားတဲ့ပယင်းစုစုပေါင်းရဲ့အလေးချိန်ဟာ၆တန်တောင်ရှိပါသတဲ့။အံမခန်းလက်ရာမြောက်လွန်းတဲ့အနုပညာကြောင့်ပယင်းနန်းတော်ဟာရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ခဲ့ပါတယ်။တန်ဖိုးကတော့ယခုငွေတန်ဖိုးနဲ့တွက်မယ်ဆိုရင်ဒေါ်လာသန်း၅၀၀တန်ဖိုးရှိပါတယ်။ရုရှားမှာတော့အဲဒီပယင်းနန်းတော်ကိုကတ်သရင်းနန်းတော်မှာထားရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့အဲဒီနေရာကိုဂျာမဏီနာဇီတပ်တွေကသိမ်းပိုက်ခဲ့ပြီးပယင်းနန်းတော်ကိုခေါနစ်ဘာ့ဂ်မြို့မှာပြန်လည်တည်ဆောက်ဖို့အတွက်တစစီဖြုတ်ပြီးယူဆောင်သွားပါတယ်။အဲဒီကစလို့ယခုထက်တိုင်အောင်ပယင်းနန်းတော်ဟာထူးဆန်းစွာပျောက်ဆုံးသွားပါတော့တယ်။တချို့ကတော့ခေါနစ်ဘာ့ဂ်ရဲတိုက်ဗုံးကြဲအတိုက်ခိုက်ခံရတဲ့အခါမှာပယင်းနန်းတော်လည်းပျက်စီးသွားခဲ့ပြီလို့ဆိုကြပြီးတချို့ကတော့ဝယ်ဟမ်ဂတ်စ်လော့ဖ်ဂျာမန်ခရီးသည်တင်သင်္ဘောနဲ့အခန်းတစ်ခုလုံးကိုခိုးယူသွားခဲ့တယ်လို့ဆိုကြပါတယ်။ဝယ်ဟမ်ဂတ်စ်လော့ဖ်သင်္ဘောကလည်းဆိုဗီယက်ရေငုပ်သင်္ဘောရဲ့ပစ်ခတ်မှုကြောင့်နစ်မြုပ်ပျက်စီးခဲ့ပါတယ်။မူလပယင်းနန်းတော်ရှိနေသေးတယ်လို့ယုံကြည်နေသူများရှိနေပြီးလိုက်ရှာနေဆဲဖြစ်ပေမယ့်ယခုထက်တိုင်အစအနမတွေ့ရပါဘူး။၁၉၇၉ခုနှစ်မှာတော့ရုရှားနိုင်ငံကပယင်းနန်းတော်ကိုပြန်လည်တည်ဆောက်ဖို့အစီအစဉ်တွေချမှတ်ခဲ့ပြီး၂၀၀၃ခုနှစ်မှာတော့ရုရှားနဲ့ဂျာမန်လက်မှုပညာရှင်တွေရဲ့ကြိုးစားတည်ဆောက်မှုနဲ့မူလပယင်းနန်းတော်ရဲ့ပုံစံတူတစ်ခုကိုဆောက်လုပ်နိုင်ခဲ့ပါတယ်။စုစုပေါင်းတည်ဆောက်ချိန်၂၃နှစ်ခန့်ကြာမြင့်ခဲ့တဲ့ပယင်းနန်းတော်ကိုမူလနေရာဖြစ်တဲ့စိန့်ပီတာဘတ်စ်မြို့ဇာစကိုအီစီလိုအနီးကကတ်သရင်းနန်းတော်မှာပဲပြန်လည်ထားရှိထားပြီးကမ္ဘာလှည့်ခရီးသွားတွေအဓိကကြည့်ရှု့လေ့ရှိတဲ့နေရာတစ်ခုဖြစ်လာပါတော့တယ်။

Zawgyiရွစ္ခုေျမာက္ကမာၻ႔အံ့ဖြယ္ပယင္းနန္းေတာ္ကြၽန္ေတာ္တို႔အမ်ားစုသိၾကတာကေတာ့ကမာၻ႔အံ့ဖြယ္ခုႏွစ္ခုျဖစ္တဲ့တ႐ုတ္ကမဟာရံတံတိုင္းႀကီး၊ေဂ်ာ္ဒန္ကပီထရာ၊ဘရာဇီးကခရစ္ေတာ္႐ုပ္တုရက္ဒီမာ၊ပီ႐ူးကအင္ကာၿမိဳ႕ေတာ္မာခ်ဴးပီခ်ဴး၊မကၠဆီကိုကမာယာၿမိဳ႕ေတာ္တစ္ခုျဖစ္တဲ့ခ်ီက်န္းအစ္ဇာ၊ေရာမကလူသတ္ဇာတ္႐ုံေကာ္ေလာ္စီယမ္၊အိႏၵိယကတပ္ဂ်္မဟာ၊အီဂ်စ္ကဂိုင္ဇာပိရမစ္ႀကီးစတာေတြပဲျဖစ္ပါတယ္။ရွစ္ခုေျမာက္ကမာၻ႔အံ့ဖြယ္အျဖစ္ကမာၻကတင္စားထားေပမယ့္ကြၽန္တာ္တို႔သိပ္မသိၾကတဲ့အရာကေတာ့တစ္ခန္းလုံးကိုပယင္းအႏုပညာေပါင္းေျမာက္မ်ားစြာနဲ႔စီခ်ယ္ထားတဲ့ပယင္းနန္းေတာ္(AmberRoom)ပဲျဖစ္ပါတယ္။ဒီပယင္းနန္းေတာ္တည္ရွိခဲ့တဲ့ေနရာကေတာ့႐ုရွားႏိုင္ငံစိန႔္ပီတာဘတ္စ္ၿမိဳ႕ဇာစကိုအီစီလိုအနီးကကတ္သရင္းနန္းေတာ္မွာျဖစ္ပါတယ္။ပယင္းနန္းေတာ္ကို၁၇၀၁ခုႏွစ္မွာပရပ္ရွားျပည္ဘာလင္ၿမိဳ႕မွာဖန္တီးခဲ့တာျဖစ္ပါတယ္။ဂ်ာမန္အလွဆင္ပန္းပုပညာရွင္အန္ဒေရးရွလူဒါနဲ႔ဒတ္ခ်္လူမ်ိဳးပယင္အႏုပညာရွင္ေဂါ့မရိဝယ္ဖန္တို႔ကပူးေပါင္းဖန္တီးခဲ့တာပဲျဖစ္ပါတယ္။ဖန္တီးခဲ့ခ်ိန္၆ႏွစ္ၾကာျမင့္ခဲ့ၿပီး၁၇၁၆ခုႏွစ္အထိယင္းပယင္းနန္းေတာ္ကိုဘာလင္ၿမိဳ႕မွာပဲထားရွိခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့ပရပ္ရွားဘုရင္ဝီလ်ံ၁ဟာသူ႔ရဲ႕မဟာမိတ္ျဖစ္တဲ့႐ုရွားျပည့္ရွင္မဟာပီတာကိုလက္ေဆာင္အေနနဲ႔ေပးခဲ့တဲ့အတြက္ေၾကာင့္ပယင္းနန္းေတာ္ဟာ႐ုရွားျပည္ကိုေရာက္ရွိသြားပါတယ္။ပယင္းနန္းေတာ္လို႔ေခၚေပမယ့္အက်ယ္အဝန္းအားျဖင့္၅၉၀စတုရန္းေပသာရွိတဲ့အခန္းတစ္ခန္းထဲမွာပယင္းေတြအျပည့္နဲ႔ဖန္တီးအလွဆင္ထားတာျဖစ္ပါတယ္။ပယင္းေတြအျပင္ေ႐ႊသစ္႐ြက္ေတြ၊ေက်ာက္မ်က္ရတနာေတြ၊မွန္ေတြကိုပါထည့္သြင္းထားတဲ့အတြက္တလက္လက္တေျပာင္ေျပာင္ျဖစ္ေနတဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။နတ္သမီးနဲ႔ကေလးငယ္မ်ား႐ုပ္တုေတြလည္းပါဝင္ပါတယ္။ဒီအခန္းမွာတပ္ဆင္ထားတဲ့ပယင္းစုစုေပါင္းရဲ႕အေလးခ်ိန္ဟာ၆တန္ေတာင္ရွိပါသတဲ့။အံမခန္းလက္ရာေျမာက္လြန္းတဲ့အႏုပညာေၾကာင့္ပယင္းနန္းေတာ္ဟာရွစ္ခုေျမာက္ကမာၻ႔အံ့ဖြယ္စာရင္းဝင္ခဲ့ပါတယ္။တန္ဖိုးကေတာ့ယခုေငြတန္ဖိုးနဲ႔တြက္မယ္ဆိုရင္ေဒၚလာသန္း၅၀၀တန္ဖိုးရွိပါတယ္။႐ုရွားမွာေတာ့အဲဒီပယင္းနန္းေတာ္ကိုကတ္သရင္းနန္းေတာ္မွာထားရွိခဲ့ပါတယ္။ဒုတိယကမာၻစစ္အတြင္းမွာေတာ့အဲဒီေနရာကိုဂ်ာမဏီနာဇီတပ္ေတြကသိမ္းပိုက္ခဲ့ၿပီးပယင္းနန္းေတာ္ကိုေခါနစ္ဘာ့ဂ္ၿမိဳ႕မွာျပန္လည္တည္ေဆာက္ဖို႔အတြက္တစစီျဖဳတ္ၿပီးယူေဆာင္သြားပါတယ္။အဲဒီကစလို႔ယခုထက္တိုင္ေအာင္ပယင္းနန္းေတာ္ဟာထူးဆန္းစြာေပ်ာက္ဆုံးသြားပါေတာ့တယ္။တခ်ိဳ႕ကေတာ့ေခါနစ္ဘာ့ဂ္ရဲတိုက္ဗုံးႀကဲအတိုက္ခိုက္ခံရတဲ့အခါမွာပယင္းနန္းေတာ္လည္းပ်က္စီးသြားခဲ့ၿပီလို႔ဆိုၾကၿပီးတခ်ိဳ႕ကေတာ့ဝယ္ဟမ္ဂတ္စ္ေလာ့ဖ္ဂ်ာမန္ခရီးသည္တင္သေဘၤာနဲ႔အခန္းတစ္ခုလုံးကိုခိုးယူသြားခဲ့တယ္လို႔ဆိုၾကပါတယ္။ဝယ္ဟမ္ဂတ္စ္ေလာ့ဖ္သေဘၤာကလည္းဆိုဗီယက္ေရငုပ္သေဘၤာရဲ႕ပစ္ခတ္မႈေၾကာင့္နစ္ျမဳပ္ပ်က္စီးခဲ့ပါတယ္။မူလပယင္းနန္းေတာ္ရွိေနေသးတယ္လို႔ယုံၾကည္ေနသူမ်ားရွိေနၿပီးလိုက္ရွာေနဆဲျဖစ္ေပမယ့္ယခုထက္တိုင္အစအနမေတြ႕ရပါဘူး။၁၉၇၉ခုႏွစ္မွာေတာ့႐ုရွားႏိုင္ငံကပယင္းနန္းေတာ္ကိုျပန္လည္တည္ေဆာက္ဖို႔အစီအစဥ္ေတြခ်မွတ္ခဲ့ၿပီး၂၀၀၃ခုႏွစ္မွာေတာ့႐ုရွားနဲ႔ဂ်ာမန္လက္မႈပညာရွင္ေတြရဲ႕ႀကိဳးစားတည္ေဆာက္မႈနဲ႔မူလပယင္းနန္းေတာ္ရဲ႕ပုံစံတူတစ္ခုကိုေဆာက္လုပ္ႏိုင္ခဲ့ပါတယ္။စုစုေပါင္းတည္ေဆာက္ခ်ိန္၂၃ႏွစ္ခန႔္ၾကာျမင့္ခဲ့တဲ့ပယင္းနန္းေတာ္ကိုမူလေနရာျဖစ္တဲ့စိန႔္ပီတာဘတ္စ္ၿမိဳ႕ဇာစကိုအီစီလိုအနီးကကတ္သရင္းနန္းေတာ္မွာပဲျပန္လည္ထားရွိထားၿပီးကမာၻလွည့္ခရီးသြားေတြအဓိကၾကည့္ရႈ႕ေလ့ရွိတဲ့ေနရာတစ္ခုျဖစ္လာပါေတာ့တယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*