မြန်မာ့တပ်မတော်ဒရုန်းမှာကျန်ခဲ့ပြီလား?
Unicodeတပ်မတော်ဒရုန်းမှာကျန်ခဲ့ပြီလား?=========================အာမေးနီးယားနဲ့အဇာဘိုင်ဂျန်စစ်ပွဲမှာလူတိုင်းပိုမိုစိတ်ဝင်စားလာတဲ့ဒရုန်းအကြောင်းလေးတင်ပေးမှာပါ..အချက်လက်တွေကိုဆရာThanLwinဆီကမှီငြမ်းပြီးဆရာမျိုးဝင်းကပြုစုတင်ပြထားပါတယ်..ဒီထက်ပိုပြည့်စုံအောင်ကျွန်တော်လဲသတင်းအချက်လက်တွေစုစည်းပြီးစာဖတ်သူတွေပိုပြည့်စုံအောင်ထပ်ပေါင်းတင်ပြလိုက်ပါတယ်..ဒီကနေ့အာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ရဲ့စစ်ပွဲအခြေအနေတွေကိုကျွမ်းကျင်သူတွေလေ့လာပြီးသုံးသပ်နေကြတွေဖတ်မိပြီးအနာဂါတ်ကာလမှာအရေးပါလာမယ့်ဒရုန်းတွေရဲ့ကဏ္ဍကိုတွေ့လာရပါတယ်။မြန်မာ့တပ်မတော်ဟာတာတိုတာလတ်ကနေတာဝေးပစ်အထိဆင့်ဆင့်ရယူပိုင်ဆိုင်ဖို့ကြိုးပမ်းအားထုတ်နေမှာသေချာပါတယ်။ကြည်းရေလေဟန်ချက်ညီတိုးတက်ဖို့အပြိုင်အားထုတ်နေကြတာလည်းတနှစ်တခါတပ်တော်ဝင်နေကြတဲ့သိသင့်သိထိုက်သောစာရင်းများအရတိုးတက်နေတာငြင်းစရာမရှိပါဘူး။ဒီကနေ့အာမေးနီးယားစစ်ပွဲကနေအလန့်တကြားသတိပေးလားတဲ့ဖိုက်တာဒရုန်းတွေအကြောင်းဖတ်မိတော့စိုးရိမ်လာရပါတယ်။ဒီကဏ္ဍအတွက်မြန်မာ့တပ်မတော်ပြင်ဆင်မထားရင်တော့အခုကစပြီးလုပ်သင့်ပြီဆိုတဲ့အတွေးနဲ့အချက်အလက်တွေရှာဖွေမိတော့မှအံ့သြစရာကောင်းလှတဲ့တပ်မတော်ရဲ့ပြင်ဆင်ထားမှုကိုတွေ့မြင်ရပါတော့တယ်။ဆရာThanLwinUရဲ့ACCမှာတွေ့ရတဲ့အချက်အလက်တွေဖြစ်ပါတယ်။ရခိုင်ပြဿနာနောက်ပိုင်းမှာအစ္စရေးတွေကမြန်မာတွေကိုလက်နက်မရောင်းတော့သလိုဒရုန်းတွေလည်းမရောင်းပါဘူးလို့ဆိုထားပါတယ်။ဒါပေမယ့်AR1laserguidedairtosurfacemissileနဲ့YC200guidedbombsစတဲ့လေဆာလမ်းညွှန်ပဲ့ထိမ်းဒုံးတွေဗုံးတွေတပ်ဆင်ထားတဲ့CH3A(တရုတ်ဒရုန်း)တွေပိုင်ဆိုင်ထားတယ်ဆိုပြီးသတင်းထွက်နေခဲ့ပါတယ်။မြန်မာ့တပ်မတော်ကတော့နှုတ်ဆိတ်နေတာသူ့ထုံးစံပါပဲ။2017ခုနှစ်ရောက်တော့ဆော်ဒီမှာCH4ဒရုန်းစက်ရုံတည်ဆောက်ခဲ့ပါတယ်။CH4ဒရုန်းဟာအမေရိကန်တို့ရဲ့နာမည်ကျော်MQ1Predatorဒရုန်းလိုအဆင့်အတန်းနဲ့ထောက်လှမ်းရေးကောတိုက်ခိုက်ရေးကောထည့်သွင်းတည်ဆောက်ထားတဲ့2013ထုတ်အဆင့်မြင့်ဒရုန်းအမျိုးအစားဖြစ်ပါတယ်။AR-1/HJ-10မစ်ဇိုင်း(တင့်ဖျက်)၊LanJim7(BlueArrow7)လေဆာလမ်းညွှန်ဝေဟင်မှမြေပြင်ပစ်မစ်ဇိုင်း၊TG100Laiser/ING/GPSguidedပဲ့ထိမ်းဗုံးတပ်ဆင်ထားပါတယ်။(israeldefenseဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်)CH4ဒရုန်းတစ်င်္စးကိုUS$4သန်းတန်ကြေးရှိပါတယ်။ဆော်ဒီမှာCH4ဒရုန်းစက်ရုံဖွင့်ပွဲလုပ်တော့တရုတ်စစ်ရေးဝေဖန်ဆန်းစစ်သာZhouChenmingကနေတရုတ်သတင်းစာဖြစ်တဲ့SouthChinaMoringPost(SCMP)ကိုဒီလိုပြောခဲ့ပါတယ်။ယခုဆော်ဒီမှာတည်ဆောက်မယ့်CH4ဒရုန်းစက်ရုံဟာတရုတ်ပြည်ရဲ့ပြင်ပမှာတတိယမြောက်တည်ဆောက်တဲ့စက်ရုံပါတဲ့။သူ့ရှေ့က၂ရုံကတော့ပါကစ္စတန်နဲ့မြန်မာမှာတည်ဆောက်ပြီးပါပြီလို့ဖွင့်ပြောလိုက်မှအားလုံးသိခဲ့ရပါတယ်။မြန်မာတပ်မတော်ကတော့ထုံးစံအတိုင်းနှုတ်ဆိတ်လျှက်ပါပဲ။ကျနော်တို့ချစ်တဲ့လေးစားတဲ့အားကိုးတဲ့မြန်မာ့တပ်မတော်ဟာယနေ့စိုးရိမ်တကြီးဖြစ်စရာဖိုက်တာဒရုန်းကဏ္ဍမှာလည်းကာလများစွာကတည်းကပြင်ဆင်ထားနိုင်ခဲ့တာတွေ့ရလို့အင်မတန်ဝမ်းသာမိပါတယ်။သိသာထင်ရှားတဲ့နှိုင်းယှဉ်မှုတခုပြပါရစေ။2017မှာထိုင်နိုင်ငံဟာအစ္စရေးလုပ်Hermes450ဒရုန်း၄စင်းကိုUS$28သန်းခန့်ပေးပြီးဝယ်ယူခဲ့ရပါတယ်။Hermes450ဒရုန်းတွေကို1998မှာထုတ်လုပ်ခဲ့ပြီးထောက်လှမ်းရေးစနစ်တွေကိုအဓိကတပ်ဆင်ထားလို့တိုက်ခိုက်ရေးစစ်စစ်ဒရုန်းလို့မခေါ်နိုင်ပါဘူး။ထိုင်းတွေကအဲဒီလို1998မော်ဒယ်ဒရုန်းတွေကိုဈေးကြီးပေးဝယ်နေချိန်မှာမြန်မာကတော့2013ထုတ်တိုက်ခိုက်ဒရုန်းအစစ်တွေကိုကိုယ်ပိုင်စက်ရုံနဲ့ထုတ်နေတဲ့အဆင့်ရောက်နေပြီဆိုတော့တပ်မတော်ချစ်သူများအာမေးနီးယမ်းစစ်သတင်းကြည့်ပြီးရင်မောနေသမျှနည်းငယ်စိတ်သက်သာရာရနိုင်မယ်ထင်ပါတယ်ဗျာ။နောက်ကျမကျန်ရစ်အောင်ရှိတာလေးနဲ့ဖြစ်ညှစ်ကျိုးစားတည်ဆောက်ပြနေသောမြန်မာ့တပ်မတော်အားချစ်ခင်လေးစားစွာဖြင့်Creditမျိုးဝင်း(ယခုပို့စ်အတွက်အချက်အလက်တွေကိုThanLwinUACCမှရရှိပါတယ်ခရက်ဒစ်ပါ။)အများဆုံးမေးကြတာဒရုန်းရှိရဲ့နဲ့ဘာလို့ရခိုင်မှာမသုံးတာလဲဆိုတာမျိုးတွေပေါ့..အရင်စစ်ပွဲတွေမှာဒရုန်းသုံးခဲ့တာတွေလဲရှိပါတယ်..ပြည်တွင်းစစ်ဖြစ်တဲ့အတွက်ကြောင့်လဲတပ်မတော်ကမသုံးတာလဲဖြစ်နိုင်သလိုမြန်မာနိုင်ငံကတောတောင်ထူထပ်တယ်လျှိုတွေများတယ်..ဒရုန်းသုံးဖို့အတွက်ကွန်ယက်တွေလိုတယ်ဒရုန်းတွေရဲ့အဓိကpointကထိန်းချုပ်ခြင်းနှင့်အမိန့်ပေးစနစ်ပါ။ဒရုန်းတွေအများကြီးပိုင်ထားရင်တောင်သာမန်အားဖြင့်ဒရုန်း၁ခုကို၅မိုင်ပတ်လည်ပဲထိန်းချုပ်ပျံသန်နိုင်ပါတယ်။ဒါဆိုရင်မိုင်းပေါင်းထောင်နဲ့ချီပြီးပျံသန်းနေတဲ့ဒရုန်းတွေကိုဘယ်လိုထိန်းချုပ်သလဲဆိုတာမေးခွန်းဖြစ်လာပါတယ်။ဂြိုလ်တု(satellite)စတယ်လိုက်နဲ့ချိတ်ဆက်ဖို့လိုပါတယ်။မြန်မာနိုင်ငံတွင်ကိုယ်ပိုင်မရှိသေးပါ။အလားတူပဲဒရုန်းတွေကိုအပေါ်ကနေတဆင့်ထိန်းချုပ်ဖို့ကွန်ထရိုးလေယာဉ်ကစတယ်လိုက်နဲ့ဒရုန်းတွေကိုကြားခံထိန်းချုပ်ပျံသန်းခြင်းပါ။ဒါတွေပြည့်စုံမှဒရုန်းတစ်စီးဟာမိုင်ပေါင်းထောင်ချီပျံသန်းနိုင်တာပါ။ဒါကြောင့်ဒရုန်းတွေရှိတယ်ဆိုရင်တောင်ကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရှိပါသေးတယ်လို့ပဲယူဆမိပါတယ်။တပ်မတော်ကလဲတခြားအပေါ့စားဒရုန်းလဲသုံးပါသေးတယ်..မြန်မာတပ်မတော်သုံးအစ္စရေးလုပ်မောင်းသူမဲ့ကင်းထောက်လေယာဉ်SkylarkI-LEXUAVမြန်မာ့တပ်မတော်သည်လက်ရှိတွင်UAVအမျိုးအစားပေါင်းများစွာဝယ်ယူထုတ်လုပ်သုံးစွဲနေသော်လည်းရေတပ်သုံးS-100မောင်းသူမဲ့လေယာဉ်ကိုသာတရားဝင်ဖော်ပြထားပါသည်။CH-3,CH-4နှင့်yellow-catအမျိုးအစားတရုတ်လုပ်မောင်းသူမဲ့လေယာဉ်များကိုလည်းသုံးစွဲနေကြောင်းအင်တာနက်စာမျက်နှာများတွင်သိရှိခဲ့ရသည်။၂၀၂၀.၆.၂၅ရက်နေ့တွင်တပ်မတော်နှင့်AAသောင်းကျန်းသူများအကြားစစ်ရေးပဋိပက္ခများအတွင်းUAVအမျိုးအစားသစ်တစ်စီးထွက်ပေါ်ခဲ့သည်။၎င်းမှာအစ္စရေးလုပ်Skylark-1LEXမောင်းသူမဲ့လေယာဉ်ဖြစ်သည်..SkylarkI-LEX===========အဆိုပါမောင်းသူမဲ့လေယာဉ်သည်လူဖြင့်ထုတ်ပိုးသယ်ဆောင်နိုင်သောအသေးစားမောင်းသူမဲ့လေယာဉ်ဒီဇိုင်းဖြစ်ပြီးနည်းဗျုဟာမြောက်ကင်းထောက်စောင့်ကြည့်ရေးလုပ်ငန်းများကိုလုပ်ဆောင်နိုင်သည်။တစ်ဦးတည်းထိန်းချုပ်မောင်းနှင်နိုင်သည်။လက်ဖြင့်လွှတ်တင်၍နေ့အချိန်စစ်ဆင်ရေးများတွင်ကောင်းမွန်စွာဆောင်ရွက်နိုင်ပြီးညအချိန်တွင်အကန့်အသတ်နှင့်သာဆောင်ရွက်နိုင်သည်။မောင်းနှင်နေစဉ်ရိုက်ကူးနေသောvideoအချက်အလက်များကိုoperatorထံတိုက်ရိုက်ပေးပို့နိုင်သည်။ပြန်လည်ဆင်းသက်ချိန်တွင်လေဖြည့်ထားသောအခင်းများပေါ်တွင်ဆင်းသက်နိုင်သည်။အမျိုးအစားအသေးစားမောင်းသူမဲ့လေယာဉ်အလေးချိန်7.5kgချိတ်ဆွဲနိုင်သောဝန်1.2kgအများဆုံးပျံသန်းနိုင်သောအမြင့်4572m15000ftထိန်းချုပ်နိုင်သောအကွာအဝေး40kmသုံးစွဲနိုင်သောကြာချိန်3hoursဒါကတော့အပေါ့စားဒရုန်းအကြောင်းပါ..မြန်မာ့တပ်မတော်ဟာလဲခေတ်နောက်မကျပါဘူး,ဒရုန်းပိုင်ဆိုင်ထားပါတယ်..ခုကျွန်တော်ပြောတာကကျွန်တော်သိသလောက်ပြောပြခြင်းသာဖြစ်ပါတယ်,မြန်မာ့တပ်မတော်ကအကုန်ချပြလေ့မရှိတာတော့သိကြပြီးသားပါ..စာဖတ်ချစ်သူများစိတ်နှလုံးရွှင်လန်းကျန်းမာကြပါစေ..
Be the first to comment
Leave a Reply
Your email address will not be published.
*