တိုက်ခဲ့ရမြေကျခဲ့ရတဲ့ မဲသဝေါမြေ(အပိုင်း၅)

Zawgyiေသြးႏွင္​့ရင္​း​ေသာမဲသ​ေဝါအပုိင္​း(၅)ကဆာနလီ═ေအာက္တိုဘာလ(၄)ရက္ေန႕မိမိယာယီေျခကုတ္ေနရာမ်ားအားရန္သူမွဝင္ေရာက္သိမ္းပိုက္ေနရာယူၿပီးေနာက္စစ္ေၾကာင္း(၁)ဌာနခ်ဳပ္ကဆာနလီေတာင္ေၾကာအားတိုက္ရုိက္ပစ္ခတ္ေတာ့သည္။တပ္ရင္းမွွဴးဒုတိယဗိုလ္မွဴးၾကီးသီဟသူရေက်ာ္ညြန္႔သည္ရန္သူ႔လက္နက္ၾကီးမ်ားအဆက္မျပတ္က်ေရာက္ေပါက္ကဲြေနသည့္ၾကားမွစစ္သည္မ်ားအားအနီးကပ္လိုက္လံကြပ္ကဲလ်က္ရွိသည္။ေထာက္လွမ္းေရးအရာရွိျဖစ္သူဗိုလ္သန္းျမင့္ဦးကဘန္ကာထဲ၀င္ေနရန္ေျပာသည္ကိုလက္မခံ။ရုတ္တရက္စိန္ေျပာင္းက်ည္(၁)လံုးတပ္ရင္းမွဴးလမ္းေလ်ွာက္ေနေသာဆက္သြယ္ေရးေျမာင္းအနီးက်ေရာက္ေပါက္ကဲြသည္။ေပါက္ကဲြမႈအရွိန္ေၾကာင့္တပ္ရင္းမွဴးလဲက်သြားသည္။ဗိုလ္သန္းျမင့္ဦးကတပ္ရင္းမွဴးအားအေျပးအလႊားပင္ေျပးထူသည္။တပ္ရင္းမွဴး၏လက္၀ဲဘက္ခႏၶာကိုယ္တစ္ျခမ္းလံုးေသြးမ်ားရႊဲေနသည္။ဗံုးဆန္မ်ားကအႏွံ႔အျပားထုိး​​ေဖာက္​စိုက္၀င္လ်ွက္​၊ဗိုလ္သန္းျမင္ဦးႏွင့္ေဆးတပ္သားတပ္သား၀င္းႏုိင္သည္တပ္ရင္းမွဴးအားအနီးဆံုးဘန္ကာထဲဆဲြေခၚကာေဆးထည့္,ပတ္​တီးစည္းသည္။ပတီးစည္းၿပီးသည္ႏွင့္တပ္ရင္းမွဴးသည္ပစၥတိုကာဆဲြကာဘန္ကာထဲမွအတင္းထြက္သည္၊တားေသာ္လည္းမရ။”သန္းျမင့္ဦး…မင္းကာကင္းတပ္စိတ္ကိုသြားကူ..လူဆယ္ေယာက္ထုတ္ျဖည့္..ကားဂူးစတပ္ယူသြား….”ဗိုလ္သန္းျမင့္ဦးသည္စစ္ေၾကာင္းရုံးမွလူရသေလာက္ဆဲြထုတ္ကာ၈၄မမေနာက္ပြင့္ယူ၍ကာကင္းကုန္းသို႔၀င္ေရာက္အားျဖည့္လိုက္ရေတာ့သည္။တပ္ရင္းမွဴးအနီးတြင္အရာရွိတစ္ဦးမွမရွိေတာ့၊ကဆာနလီေတာင္ေၾကာသည္မတ္ေစာက္ေသာေတာင္ေၾကာၾကီးျဖစ္သည္။ရန္သူတို႔သည္၀ါးေလွကား,၀ါးလံုးမ်ားယူကာေထာင္တက္ၾကသည္။ၾကိဳးမ်ားအသံုးျပဳကာတက္သည္။ေက်ာက္ေတာင္ခ်ြန္းတြင္​တြယ္တက္ေနေသာရန္သူမ်ားအားဗိုလ္သန္းျမင့္ဦးကိုယ္တိုင္ကားဂူးစတပ္ေလကဲြျဖင့္ပစ္ခ်ရာရန္သူမ်ားအရုိးအသားရွာမရ၊၈၄မမကားထိေရာက္လွသည္၊ဆီြဒင္ႏုိင္ငံထုတ္လက္နက္ၾကီး။သို႔ေသာ္လည္းတလက္တည္း​ေ​သာကားဂူးစတပ္ရုိင္ဖယ္ၾကီးအတြက္လက္က်န္က်ည္ကား၁၅ေတာင့္သာရွိေတာ့သည္။(၄)ရက္ေန႔တစ္ေနကုန္ကဆာနလီေၾကာအားတိုက္သည္။ကဆာနလီေၾကာသာမကဒုတပ္ရင္းမွဴးဗိုလ္မွဴးထြန္းျမင့္၏မဲသေ၀ါပင္မကုန္းအားရန္သူ၅၀ကတၿပိဳင္​နက္​တည္းပိုင္းျဖတ္တိုက္ခိုက္သည္။ရည္ရြယ္ခ်က္ကကဆာနလီအားစစ္ကူမေပးႏုိင္ရန္။၁၉၈၈၏ျမန္မာျပည္အ​ေျခအေနကားျမိဳ႕ေပၚတြင္လည္းမီးခိုးလံုးမ်ား,မင္းမဲ့စရုိက္မ်ား၊ေတာေတာင္မ်ားတြင္လည္းေသနတ္သံ,ဗံုးသံတညံညံ——–သူရဲေကာင္းတို႕ေပးဆပ္ျခင္း၁၉၈၈ေအာက္တိုဘာလ၅ရက္နံနက္(၆)နာရီမွစကာအျပင္းအထန္တိုက္ခိုက္ေတာ့သည္။ရန္သူသည္​ဗိုလ္သန္းျမင့္ဦးဦးစီးေသာပြိဳင့္ကုန္းအားအျပင္းအထန္တိုက္ခိုက္သည္။နံနက္(၆)နာရီမွေန့လည္(၁၁)နာရီအထိလွံစြပ္(၅)ၾကိမ္တက္ထိုးသည္။ပြိဳင့္ကုန္းမွ၈၁မီလီမီတာစိန္ေျပာင္းၾကီးအားရန္သူ႔RPGေလာင္ခ်ာမ်ားမွတန္ျပန္ပစ္ခတ္လ်ွက္​ရွိသျဖင့္တစ္ခ်က္ပစ္ၿပီးသည္ႏွင့္ေနရာ​ေတာက္ေလ်ွာက္ေျပာင္းေနရသည္။တစ္ဘက္ႏုိင္ငံအတြင္းမွအေမရိကန္ႏုိင္ငံလုပ္ပစ္မွတ္႐ွာ​ေဖြေရးကိရိယာမ်ားကလည္းရန္သူ႔လက္နက္ၾကီးမ်ားအားအေထာက္အကူေပးလ်ွက္ရွိသည္။လက္နက္ၾကီးစစ္သည္မ်ားမွာေတာက္ေလ်ွာက္ေနရာေျပာင္းေနရသျဖင့္ပင္ပန္းလွသည္။ေအာက္ခံခံုႏွင့္ႏွစ္ေခ်ာင္းေထာက္ကိုမသယ္ႏုိင္ေတာ့သျဖင့္စိန္ေျပာင္းကိုေျမမွာစိုက္ကာခါးပိုက္ပစ္ခတ္ရေတာ့သည္။ဗိုလ္သန္းျမင့္ဦးဆက္သြယ္ေရးေခါင္ကတုတ္္ထဲ၀င္သြားသည္၊ရန္သူ႔၁၂၀မမစိန္ေျပာင္းၾကီးက်ည္ကဘန္ကာေပၚတည့္တည့္က်သည္။ဆက္သြယ္ေရးသမားႏွင့္ဗိုလ္သန္းျမင့္ဦးအားမနည္း​ဆဲြထုတ္ရသည္။ႏွစ္ဦးလံုးစကားေမးမရေတာ့။တပ္ရင္းမွဴး၏ေထာက္လွမ္းေရးအရာရွိဒဏ္ရာအျပင္းအထန္ရရွိသျဖင့္စစ္ေၾကာင္း(၂)ေထာက္လွမ္းေရးအရာ႐ွိဗိုလ္သိန္းသန္းအားမဲသေ၀ါပင္မကုန္းမွလွမ္းေခၚလိုက္ရသည္။ယခုအခ်ိန္ထိကံေကာင္းေနေသာအခ်က္မွာစစ္ေၾကာင္း(၂)မဲသေ၀ါပင္မကုန္းႏွင့္ကဆာနလီအၾကားဆက္သြယ္ေရးလမ္းေၾကာင္းကိုထိန္းထားႏုိင္ျခင္းပင္ျဖစ္သည္။လူနာမ်ားအားမဲသေ၀ါပင္မကုန္းသို႔ပို႔ႏုိင္ၿပီးထိုမွတဆင့္ရွမ္းရြာသစ္သို႔ဆက္လက္ပို႔ႏုိင္သည္။ဗိုလ္သိန္းသန္းေရာက္လာေသာအခါသူႏွင့္အတူ၃.၅လက္မေလာင္ခ်ာ၃.လက္ပါလာသျဖင့္ရဲေဘာ္မ်ားအားတက္သြားသည္။ေအာက္တိုဘာလ(၅)ရက္ေန႔တစ္ညလံုးတပ္ရင္းမွဴးမအိ္ပ္ႏုိင္၊ကဆာနလီအားကိုယ္တိုင္ကြပ္ကဲရသလိုစစ္ေၾကာင္း(၂)မဲသေ၀ါပင္မကုန္းကိုလည္းဆက္သြယ္ေရးစက္ျဖင့္ကြပ္ကဲရသည္။အမွတ္(၇၅)ေျခလ်ွင္တပ္ရင္းသည္စစ္ကူေပးရန္ခ်ဥ္းကပ္လာေသာ္လည္းေဂ်ာ္ျဖဴကျဖတ္ေတာက္ထားသျဖင့္ေရွ႕မတိုးႏုိင္၊တပ္မ(၄၄)၏အမွတ္(၃)ေျချမန္တပ္ရင္းစစ္ကူတက္ေသာ္လည္းေခ်ာင္းေရတက္သျဖင့္ခရီးမတြင္လွ၊ကရင္ျပည္နယ္၏မိုးရာသီကားဆိုးရြားလွသည္။တပ္ရင္းမွဴး၏ဒဏ္ရာကားမေသးလွ။ေသြးတစိမ့္စိမ့္ထြက္ေနသည္။လက္၀ဲဘက္ေျခကိုတရြတ္တိုက္ဆဲြေနရသည္။ညာလက္ကားပစၥတိုပင္မကိုင္ႏုိင္။သို႔ေသာ္တပ္ရင္းမွဴးသည္သီဟသူရျဖစ္သည္။”ရဲစြမ္းသတၱိအရာတြင္​ေအာင္ဆန္းသူရိယၿပီးလ်ွင္အျမင့္ဆံုး။ေနာက္ငါသည္Commanderတပ္ရင္းမွဴး၊အဆံုးစြန္ထိေတြးၿပီးသား..ငါေသမွငါ့စခန္းရေစရမယ္…ငါေသတာေတာင္၀ိညဥ္ဘ၀နဲ႔ဆက္တိုက္မယ္…💭”ေအာက္တိုဘာလ(၆)ရက္နံနက္(၃)နာရီကတည္းကရန္သူသည္ကဆာနလီႏွင့္မဲသေ၀ါပင္မကုန္းအားဖိပစ္သည္။ရဲေဘာ္မ်ားေခါင္းပင္မေဖာ္ႏုိင္​။တပ္ရင္းမွဴးသည္​ပြိဳင့္ကုန္းအားစိုးရိမ္လာသည္။ပိြဳင့္ကုန္းသည္ကဆာနလီေၾကာအားစီးထားသည့္အေနအထား။ပြိဳင့္ကုန္းက်လ်ွင္ကဆာနလီက်မည္၊ထိုအေျခအေနကိုရန္သူကတြက္ဆၿပီးသားျဖစ္သည္။ထုိ႔ေၾကာင့္ပိြဳင့္ကုန္းအားဖိတိုက္သည္။တပ္ရင္းမွဴးသည္တပ္ရင္းလက္နက္ၾကီးျဖစ္ေသာ၇၅မီလီမီတာေနာက္ပြင့္ရုိင္ဖယ္ၾကီးအားကိုယ္တိုင္ကြပ္ကဲပစ္ခတ္သည္။ေနာက္ပြင့္ရုိင္ဖယ္သေဘာသဘာ၀အတိုင္းေနာက္မီးလ်ွပ္ၾကီးမားသည္။ထို႔ေၾကာင့္တခ်က္ပစ္ၿပီးသည္ႏွင့္ရန္သူကားမိမိရုိင္ဖယ္ေနရာသို႔အစုလိုက္အျပံဳလိုက္တန္ျပန္ပစ္ခတ္သည္။ခ်က္ခ်င္းေနရာေျပာင္းရသည္၊မေျပာင္းလ်ွင္အရုိးအသား႐ွာရမည္မဟုတ္။နံနက္၅နာရီခန္႔တြင္၇၅မမ၏က်ည္လံုး၀ကုန္ခန္းသြားေခ်ၿပီ။သံုးမရေတာ့။တပ္ရင္းမွဴးသည္၈၁မမစိန္ေျပာင္းၾကီးအားကြပ္ကဲျပန္သည္။ပြိဳင့္ကုန္းအတြက္က​ေသေရးရွင္ေရးျဖစ္သည္၊ပစ္ကူကားအေရးၾကီးလွသည္။၈၁မမစိန္ေျပာင္းၾကီးသည္လည္းတစ္ခ်က္ပစ္ျပီးသည္ႏွင့္ခ်က္ခ်င္းေနရာေျပာင္းရသည္၊ရန္သူတို႔၏Counter-fireကထိေရာက္လွသည္။ေနရာေရႊ႕═တပ္ရင္းမွဴးကေနရာေရႊ႕ကာပစ္ခတ္ခိုင္းသည္။ရဲေဘာ္မ်ားစိန္ေျပာင္းၾကီးအားအစိတ္ပိုင္းလိုက္​ေျပာင္းေရႊ႕စဥ္ရန္သူ႔စိန္ေျပာင္းက်ည္ဆက္သြယ္ေရးေျမာင္းအတြင္းက်ကဲြသည္။စစ္သည္မ်ားမထႏုိင္ေတာ့၊တပ္ရင္းမွဴးခႏၶာကိုယ္အႏွံ႔တြင္ဒဏ္ရာမ်ား….ေနာက္ဆံုးထြက္သက္ကိုအားတင္းလိုက္သည္။စိန္ေျပာင္းဗံုးသီးတစ္လံုးကိုစမ္းသပ္မိသည္။ဗံုးသီးထိပ္ဖံုးကိုအားတင္းဖြင့္၊လံုျခံဳေရးစို႔ကိုျဖဳတ္ကာဆက္သြယ္ေရးေျမာင္းႏႈတ္ခမ္းေပၚေမးတင္လ်က္ရွိေသာေျပာင္းရင္းထဲသို့ထည့္ခ်လိုက္သည္။စိ

Unicodeသွေးနှင့်ရင်းသောမဲသဝေါအပိုင်း(၅)ကဆာနလီာက်တိုဘာလ(၄)ရက်နေ့မိမိယာယီခြေကုတ်နေရာများအားရန်သူမှဝင်ရောက်သိမ်းပိုက်နေရာယူပြီးနောက်စစ်ကြောင်း(၁)ဌာနချုပ်ကဆာနလီတောင်ကြောအားတိုက်ရိုက်ပစ်ခတ်တော့သည်။တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးသီဟသူရကျော်ညွန့်သည်ရန်သူ့လက်နက်ကြီးများအဆက်မပြတ်ကျရောက်ပေါက်ကွဲနေသည့်ကြားမှစစ်သည်များအားအနီးကပ်လိုက်လံကွပ်ကဲလျက်ရှိသည်။ထောက်လှမ်းရေးအရာရှိဖြစ်သူဗိုလ်သန်းမြင့်ဦးကဘန်ကာထဲဝင်နေရန်ပြောသည်ကိုလက်မခံ။ရုတ်တရက်စိန်ပြောင်းကျည်(၁)လုံးတပ်ရင်းမှူးလမ်းလျှောက်နေသောဆက်သွယ်ရေးမြောင်းအနီးကျရောက်ပေါက်ကွဲသည်။ပေါက်ကွဲမှုအရှိန်ကြောင့်တပ်ရင်းမှူးလဲကျသွားသည်။ဗိုလ်သန်းမြင့်ဦးကတပ်ရင်းမှူးအားအပြေးအလွှားပင်ပြေးထူသည်။တပ်ရင်းမှူး၏လက်ဝဲဘက်ခန္ဓာကိုယ်တစ်ခြမ်းလုံးသွေးများရွှဲနေသည်။ဗုံးဆန်များကအနှံ့အပြားထိုးဖောက်စိုက်ဝင်လျှက်၊ဗိုလ်သန်းမြင်ဦးနှင့်ဆေးတပ်သားတပ်သားဝင်းနိုင်သည်တပ်ရင်းမှူးအားအနီးဆုံးဘန်ကာထဲဆွဲခေါ်ကာဆေးထည့်,ပတ်တီးစည်းသည်။ပတီးစည်းပြီးသည်နှင့်တပ်ရင်းမှူးသည်ပစ္စတိုကာဆွဲကာဘန်ကာထဲမှအတင်းထွက်သည်၊တားသော်လည်းမရ။”သန်းမြင့်ဦး…မင်းကာကင်းတပ်စိတ်ကိုသွားကူ..လူဆယ်ယောက်ထုတ်ဖြည့်..ကားဂူးစတပ်ယူသွား….”ဗိုလ်သန်းမြင့်ဦးသည်စစ်ကြောင်းရုံးမှလူရသလောက်ဆွဲထုတ်ကာ၈၄မမနောက်ပွင့်ယူ၍ကာကင်းကုန်းသို့ဝင်ရောက်အားဖြည့်လိုက်ရတော့သည်။တပ်ရင်းမှူးအနီးတွင်အရာရှိတစ်ဦးမှမရှိတော့၊ကဆာနလီတောင်ကြောသည်မတ်စောက်သောတောင်ကြောကြီးဖြစ်သည်။ရန်သူတို့သည်ဝါးလှေကား,ဝါးလုံးများယူကာထောင်တက်ကြသည်။ကြိုးများအသုံးပြုကာတက်သည်။ကျောက်တောင်ချွန်းတွင်တွယ်တက်နေသောရန်သူများအားဗိုလ်သန်းမြင့်ဦးကိုယ်တိုင်ကားဂူးစတပ်လေကွဲဖြင့်ပစ်ချရာရန်သူများအရိုးအသားရှာမရ၊၈၄မမကားထိရောက်လှသည်၊ဆွီဒင်နိုင်ငံထုတ်လက်နက်ကြီး။သို့သော်လည်းတလက်တည်းသောကားဂူးစတပ်ရိုင်ဖယ်ကြီးအတွက်လက်ကျန်ကျည်ကား၁၅တောင့်သာရှိတော့သည်။(၄)ရက်နေ့တစ်နေကုန်ကဆာနလီကြောအားတိုက်သည်။ကဆာနလီကြောသာမကဒုတပ်ရင်းမှူးဗိုလ်မှူးထွန်းမြင့်၏မဲသဝေါပင်မကုန်းအားရန်သူ၅၀ကတပြိုင်နက်တည်းပိုင်းဖြတ်တိုက်ခိုက်သည်။ရည်ရွယ်ချက်ကကဆာနလီအားစစ်ကူမပေးနိုင်ရန်။၁၉၈၈၏မြန်မာပြည်အခြေအနေကားမြို့ပေါ်တွင်လည်းမီးခိုးလုံးများ,မင်းမဲ့စရိုက်များ၊တောတောင်များတွင်လည်းသေနတ်သံ,ဗုံးသံတညံညံ——–သူရဲကောင်းတို့ပေးဆပ်ခြင်း၁၉၈၈အောက်တိုဘာလ၅ရက်နံနက်(၆)နာရီမှစကာအပြင်းအထန်တိုက်ခိုက်တော့သည်။ရန်သူသည်ဗိုလ်သန်းမြင့်ဦးဦးစီးသောပွိုင့်ကုန်းအားအပြင်းအထန်တိုက်ခိုက်သည်။နံနက်(၆)နာရီမှနေ့လည်(၁၁)နာရီအထိလှံစွပ်(၅)ကြိမ်တက်ထိုးသည်။ပွိုင့်ကုန်းမှ၈၁မီလီမီတာစိန်ပြောင်းကြီးအားရန်သူ့RPGလောင်ချာများမှတန်ပြန်ပစ်ခတ်လျှက်ရှိသဖြင့်တစ်ချက်ပစ်ပြီးသည်နှင့်နေရာတောက်လျှောက်ပြောင်းနေရသည်။တစ်ဘက်နိုင်ငံအတွင်းမှအမေရိကန်နိုင်ငံလုပ်ပစ်မှတ်ရှာဖွေရေးကိရိယာများကလည်းရန်သူ့လက်နက်ကြီးများအားအထောက်အကူပေးလျှက်ရှိသည်။လက်နက်ကြီးစစ်သည်များမှာတောက်လျှောက်နေရာပြောင်းနေရသဖြင့်ပင်ပန်းလှသည်။အောက်ခံခုံနှင့်နှစ်ချောင်းထောက်ကိုမသယ်နိုင်တော့သဖြင့်စိန်ပြောင်းကိုမြေမှာစိုက်ကာခါးပိုက်ပစ်ခတ်ရတော့သည်။ဗိုလ်သန်းမြင့်ဦးဆက်သွယ်ရေးခေါင်ကတုတ်ထဲဝင်သွားသည်၊ရန်သူ့၁၂၀မမစိန်ပြောင်းကြီးကျည်ကဘန်ကာပေါ်တည့်တည့်ကျသည်။ဆက်သွယ်ရေးသမားနှင့်ဗိုလ်သန်းမြင့်ဦးအားမနည်းဆွဲထုတ်ရသည်။နှစ်ဦးလုံးစကားမေးမရတော့။တပ်ရင်းမှူး၏ထောက်လှမ်းရေးအရာရှိဒဏ်ရာအပြင်းအထန်ရရှိသဖြင့်စစ်ကြောင်း(၂)ထောက်လှမ်းရေးအရာရှိဗိုလ်သိန်းသန်းအားမဲသဝေါပင်မကုန်းမှလှမ်းခေါ်လိုက်ရသည်။ယခုအချိန်ထိကံကောင်းနေသောအချက်မှာစစ်ကြောင်း(၂)မဲသဝေါပင်မကုန်းနှင့်ကဆာနလီအကြားဆက်သွယ်ရေးလမ်းကြောင်းကိုထိန်းထားနိုင်ခြင်းပင်ဖြစ်သည်။လူနာများအားမဲသဝေါပင်မကုန်းသို့ပို့နိုင်ပြီးထိုမှတဆင့်ရှမ်းရွာသစ်သို့ဆက်လက်ပို့နိုင်သည်။ဗိုလ်သိန်းသန်းရောက်လာသောအခါသူနှင့်အတူ၃.၅လက်မလောင်ချာ၃.လက်ပါလာသဖြင့်ရဲဘော်များအားတက်သွားသည်။အောက်တိုဘာလ(၅)ရက်နေ့တစ်ညလုံးတပ်ရင်းမှူးမအိပ်နိုင်၊ကဆာနလီအားကိုယ်တိုင်ကွပ်ကဲရသလိုစစ်ကြောင်း(၂)မဲသဝေါပင်မကုန်းကိုလည်းဆက်သွယ်ရေးစက်ဖြင့်ကွပ်ကဲရသည်။အမှတ်(၇၅)ခြေလျှင်တပ်ရင်းသည်စစ်ကူပေးရန်ချဉ်းကပ်လာသော်လည်းဂျော်ဖြူကဖြတ်တောက်ထားသဖြင့်ရှေ့မတိုးနိုင်၊တပ်မ(၄၄)၏အမှတ်(၃)ခြေမြန်တပ်ရင်းစစ်ကူတက်သော်လည်းချောင်းရေတက်သဖြင့်ခရီးမတွင်လှ၊ကရင်ပြည်နယ်၏မိုးရာသီကားဆိုးရွားလှသည်။တပ်ရင်းမှူး၏ဒဏ်ရာကားမသေးလှ။သွေးတစိမ့်စိမ့်ထွက်နေသည်။လက်ဝဲဘက်ခြေကိုတရွတ်တိုက်ဆွဲနေရသည်။ညာလက်ကားပစ္စတိုပင်မကိုင်နိုင်။သို့သော်တပ်ရင်းမှူးသည်သီဟသူရဖြစ်သည်။”ရဲစွမ်းသတ္တိအရာတွင်အောင်ဆန်းသူရိယပြီးလျှင်အမြင့်ဆုံး။နောက်ငါသည်Commanderတပ်ရင်းမှူး၊အဆုံးစွန်ထိတွေးပြီးသား..ငါသေမှငါ့စခန်းရစေရမယ်…ငါသေတာတောင်ဝိညဉ်ဘဝနဲ့ဆက်တိုက်မယ်…💭”အောက်တိုဘာလ(၆)ရက်နံနက်(၃)နာရီကတည်းကရန်သူသည်ကဆာနလီနှင့်မဲသဝေါပင်မကုန်းအားဖိပစ်သည်။ရဲဘော်များခေါင်းပင်မဖော်နိုင်။တပ်ရင်းမှူးသည်ပွိုင့်ကုန်းအားစိုးရိမ်လာသည်။ပွိုင့်ကုန်းသည်ကဆာနလီကြောအားစီးထားသည့်အနေအထား။ပွိုင့်ကုန်းကျလျှင်ကဆာနလီကျမည်၊ထိုအခြေအနေကိုရန်သူကတွက်ဆပြီးသားဖြစ်သည်။ထို့ကြောင့်ပွိုင့်ကုန်းအားဖိတိုက်သည်။တပ်ရင်းမှူးသည်တပ်ရင်းလက်နက်ကြီးဖြစ်သော၇၅မီလီမီတာနောက်ပွင့်ရိုင်ဖယ်ကြီးအားကိုယ်တိုင်ကွပ်ကဲပစ်ခတ်သည်။နောက်ပွင့်ရိုင်ဖယ်သဘောသဘာဝအတိုင်းနောက်မီးလျှပ်ကြီးမားသည်။ထို့ကြောင့်တချက်ပစ်ပြီးသည်နှင့်ရန်သူကားမိမိရိုင်ဖယ်နေရာသို့အစုလိုက်အပြုံလိုက်တန်ပြန်ပစ်ခတ်သည်။ချက်ချင်းနေရာပြောင်းရသည်၊မပြောင်းလျှင်အရိုးအသားရှာရမည်မဟုတ်။နံနက်၅နာရီခန့်တွင်၇၅မမ၏ကျည်လုံးဝကုန်ခန်းသွားချေပြီ။သုံးမရတော့။တပ်ရင်းမှူးသည်၈၁မမစိန်ပြောင်းကြီးအားကွပ်ကဲပြန်သည်။ပွိုင့်ကုန်းအတွက်ကသေရေးရှင်ရေးဖြစ်သည်၊ပစ်ကူကားအရေးကြီးလှသည်။၈၁မမစိန်ပြောင်းကြီးသည်လည်းတစ်ချက်ပစ်ပြီးသည်နှင့်ချက်ချင်းနေရာပြောင်းရသည်၊ရန်သူတို့၏Counter-fireကထိရောက်လှသည်။နေရာရွှေ့တပ်ရင်းမှူးကနေရာရွှေ့ကာပစ်ခတ်ခိုင်းသည်။ရဲဘော်များစိန်ပြောင်းကြီးအားအစိတ်ပိုင်းလိုက်ပြောင်းရွှေ့စဉ်ရန်သူ့စိန်ပြောင်းကျည်ဆက်သွယ်ရေးမြောင်းအတွင်းကျကွဲသည်။စစ်သည်များမထနိုင်တော့၊တပ်ရင်းမှူးခန္ဓာကိုယ်အနှံ့တွင်ဒဏ်ရာများ….နောက်ဆုံးထွက်သက်ကိုအားတင်းလိုက်သည်။စိန်ပြောင်းဗုံးသီးတစ်လုံးကိုစမ်းသပ်မိသည်။ဗုံးသီးထိပ်ဖုံးကိုအားတင်းဖွင့်၊လုံခြုံရေးစို့ကိုဖြုတ်ကာဆက်သွယ်ရေးမြောင်းနှုတ်ခမ်းပေါ်မေးတင်လျက်ရှိသောပြောင်းရင်းထဲသို့ထည့်ချလိုက်သည်။စိန်ပြောင်းကျည်ခုန်ထွက်သွားသံနှင့်အတူမကြာမီပေါက်ကွဲသံကြားရသည်။တပ်ရင်းမှူးမျက်နှာတွင်နောက်ဆုံးအပြုံးတချက်…၊ချက်ချင်းပြန်လာသည်ကRPGလောင်ချာများ၏Counterfireမီးခိုးတန်းများတပ်ရင်းမှူးရှိရာစိန်ပြောင်းကြီးနေရာဆီသို့…..Crd:မူရင်းရေးသားသူJzaya

Be the first to comment

Leave a Reply

Your email address will not be published.


*