ကလေးပေါင်း၆၅၀၀ကျော်ရဲ့အသက်ကိုကယ်ကာဆေးသိပ္ပံလောကကိုပြောင်းလဲပေးခဲ့သူ

Unicodeကလေးပေါင်း၆၅၀၀ကျော်ရဲ့အသက်ကိုကယ်ကာဆေးသိပ္ပံလောကကိုပြောင်းလဲပေးခဲ့သူပုံမှာဖော်ပြထားတဲ့မွေးကင်းစကလေးငယ်တွေကိုမြင်ရင်တော့သင့်အနေနဲ့ပုံမှန်မွေးကင်းစကလေးတိုင်းနဲ့မတူညီတဲ့ပုံရိပ်ကိုစတင်သတိထားမိမှာဖြစ်ပါတယ်။ယင်းကလေးငယ်တွေဟာပုံမှန်ကလေးတွေနဲ့မတူညီရတဲ့အကြောင်းအရင်းကတော့လမစေ့ပဲမွေးဖွားလာခဲ့ကြလို့ဖြစ်ပါတယ်။အချိန်ကာလအားဖြင့်ဆိုရင်(၁၉၃၃)ခုနှစ်မတိုင်ခင်ကာလတွေကတော့ဆေးရုံတွေဟာလမစေ့ပဲမွေးဖွားလာတဲ့ကလေးတွေဆက်လက်ရှင်သန်နိုင်ဖို့တာဝန်ယူကုသနိုင်စွမ်းမရှိကြသေးပါဘူး။ဒါကြောင့်လမစေ့ပဲမွေးလာတဲ့ကလေးအားလုံးနီးပါးဟာသေဆုံးရဖို့အခြေအနေကိုသာကြုံ့တွေ့ရမှာဖြစ်ပါတယ်။ယင်းအခြေအနေမှာပဲMartinArthurCouneyအမည်ရတဲ့တဲ့အမေရိကန်နိုင်ငံသား၊ဂျာမန်ဂျူးလူမျိုးတစ်ယောက်ဟာSavingBabiesလို့အမည်ရတဲ့လုပ်ငန်းစဉ်တစ်ခုနဲ့လမစေ့ပဲမွေးဖွာလာတဲ့ကလေးငယ်တွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ဆေးပညာရပ်မှာဆိုရင်တော့ဒါဟာneonatologyပညာရပ်လို့ဆိုရမှာဖြစ်ပြီးထူးခြားတာကတော့ယင်းကုထုံးကိုအကောင်အထည်ဖော်ခဲ့သူMartinဟာဆရာဝန်တစ်ယောက်မဟုတ်ခဲ့ပါဘူး။အရပ်ထဲကဘိန်းနှောဆရာလိုပုံစံတွေနဲ့ကလေးငယ်များစွာရဲ့အသက်ကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။ပုံမှာပါဝင်တဲ့ရှေးယခင်ကာလတွေကအသုံးပြုတဲ့incubator(လမစေ့ဘဲမွေးသောကလေးငယ်များအတွက်အနွေးဓာတ်သေတ္တာ)ဟာဆိုရင်MartinA.Couneyရဲ့ဖန်တီးမှုဖြစ်ပြီးကလေး(၁)ဦးကနေ(၂၅)ယောက်လောက်ထည့်သွင်းနိုင်တဲ့ဆိုဒ်အကြီးစားတွေလည်းရှိနေပါတယ်။ဆေးပညာကိုစနစ်တကျလေ့လာသင်ယူဖူးသူမဟုတ်တဲ့MartinArthurCouneyရဲ့မိခင်ဘက်ကသာဆရာဝန်မျိုးရိုးရှိပြီးသူအတွက်ဆေးပညာနဲ့ပတ်သက်တဲ့ဗဟုသုတဆိုတာပြင်သစ်လူမျိုးဆရာဝန်Pierre-ConstantBudinဆီမှာပညာသင်ကြားဖူးတယ်လို့သာသိရပါတယ်။Budinကတော့အခြားတော့မဟုတ်ပါဘူးမွေးကင်းစကလေးထားတဲ့အနွေးဓာတ်သေတ္တာကိုဖန်တီးမှုနည်းပညာကိုစမ်းသပ်ခဲ့တဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။Neonatalincubatorတွေကို(၁၈၈၀)ပြည့်နှစ်လောက်ကတည်းကပညာရှင်တွေဘက်ကပြင်သစ်နိုင်ငံ၊ပဲရစ်မှာစတင်တည်ဆောက်ခဲ့ကြတယ်လို့မှတ်တမ်းတွေရှိကြပေမယ့်တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သူကတော့ပရာ်ဖက်ရှင်နယ်ဆေးပညာရှင်တစ်ယောက်မဟုတ်တဲ့MartinArthurCouneyဖြစ်ပြီး(၁၈၉၆)ခုနှစ်ကဘာလင်မြို့ပြပွဲတစ်ခုမှာလူထုကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ယင်းကနေစပြီးMartinဟာဥရောပတစ်လွှားလိုက်လံမိတ်ဆက်ပြသခဲ့ပြီး(၁၉၀၃)ခုနှစ်မှာတော့အမေရိကန်မှာပဲအခြေချပြီးလမပြည့်ပဲမွေးဖွားတဲ့ကလေးငယ်စောင့်ရှောက်မှုလုပ်ငန်းကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။သူဟာဒီလုပ်ငန်းကိုအားလုံကလက်ခံခဲ့တဲ့(၁၉၄၀)အစောပိုင်းကာလအထိလုပ်ကိုင်ခဲ့ပါတယ်။MartinArthurCouneyဟာကလေးငယ်တစ်ဦးအတွက်ကုသစရိတ်အဖြစ်(၂၅)ဆင့်ရယူပြီးမကြာခင်မှာပဲIncubatorဆရာဝန်အဖြစ်စတင်နာမည်ရလာပါတယ်။ဒီငွေကြေးဟာသူအတွက်အမြတ်မကျန်ပဲသူ့တီထွင်မှုနဲ့အလုပ်သမားစရိတ်သာသာသာရှိခဲ့ပါတယ်။ဒါပေမဲ့တစ်ကမ္ဘာလုံးကလမပြည့်ပဲမွေးဖွားလာတဲ့ကလေးငယ်တွေအတွက်MartinArthurCouneyရဲ့ဆေးခန်းဟာအကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ရာနေရာဖြစ်ခဲ့ပြီးလူစိတ်ဝင်စားမှုလည်းများပြားလွန်းလာခဲ့ပါတယ်။ယင်းအချိန်ကဆေးပညာလောကမှာလမပြည့်ပဲမွေးလာခဲ့တဲ့ကလေးတွေဟာမျိုးရိုးဗီဇဆိုင်ရာသမရိုးကျမဟုတ်တဲ့ဖြစ်ရပ်တစ်ခုအဖြစ်သတ်မှတ်ထားပြီးသေဆုံးဖို့ရာခိုင်နှုန်းများတဲ့လူနာအဖြစ်သတ်မှတ်ထားပါတယ်။MartinArthurCouneyကတော့ဒီသတ်မှတ်ချက်ကိုလက်မခံတဲ့စိတ်ကိုအရင်းတည်ပြီးယင်းကာလရဲ့ခေတ်လွန်ဆေးပညာရပ်ဆိုင်ရာမှတ်တမ်းတစ်ခုကိုရေးထိုးဖို့ဦးတည်ခဲ့ပါတယ်။ဒီနေရာမှာသူကြုံတွေ့ရတာကတော့အဲဒီအချိန်ကဆရာဝန်ဆေးသမားတော်တွေရဲ့မျက်မုန်းကျိုးခြင်းပဲဖြစ်ပါတယ်။အစောပိုင်းကဆေးပညာနယ်ပယ်ကသမားတော်တွေဟာMartinArthurCouneyနဲ့ပူးပေါင်းလုပ်ဆောင်မှုမျိုးကိုမလုပ်ခဲ့ကြပဲဆရာဝန်မဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တင်သူရဲ့ဖန်တီးမှုကိုဆေးပညာသမိုင်းကြောင်းထဲထည့်သွင်းဖို့ငြင်းဆန်ခဲ့ကြပါတယ်။ဒီအတွက်လည်းMartinArthurCouneyဟာသူရဲ့ဖန်တီးမှုတွေဟာဆေးပညာလောကအတွက်အထောက်အကူဖြစ်စေဖို့သာအဓိကထားပြီးကိုယ်ရည်သွေးလိုခြင်းမရှိကြောင်းမီဒီယာထက်ကနေထုတ်ဖော်ပြောကြားမှုတွေလည်းရှိခဲ့ပါတယ်။အမှန်လည်းဆေးပညာရှုထောင့်ကနေကြည့်မယ်ဆိုရင်MartinArthurCouneyရဲ့Neonatalincubatorတွေဟာခေတ်လွန်ကုသရေးစက်တွေလိုဖြစ်နေခဲ့ပြီးသူရဲ့အသက်ကယ်သေတ္တာတွေဟာစတီးနဲ့ဖန်တွေကိုအသုံးပြုတည်ဆောက်ထားပြီးခြေထောက်တွေပါဝင်ကာ(၅)ပေလောက်အမြင့်ရှိပါတယ်။သေတ္တာရဲ့အပြင်မှာတော့ဘွိုင်လာတစ်ခုကိုအသုံးပြုပြီးရေပူစမ်းတစ်ခုဖန်တီးထားပြီးကလေးငယ်ထားရှိတဲ့သေတ္တာတွင်းကကုတင်နဲ့ဇာခြင်ထောင်ကိုအမြဲနွေးနေရန်ဖန်တီးထားပါတယ်။ဒါအပြင်ကလေးငယ်ကိုနို့ချိုတိုက်ကျွေးမဲ့မိခင်တွေ၊ဝေယျဝေစ္စပြုလုပ်မဲ့သူနာပြုတွေကိုဆေးလိပ်၊အရက်သောက်စားပြီးယင်းNeonatalincubatorအတွင်းသို့အနီးကိုမလာရန်တားမြစ်ထားတဲ့အပြင်အဝတ်အားကအစအစွန်းအထင်းကင်းတဲ့သတ်မှတ်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ရမယ်လို့ကန့်သတ်ခဲ့တာကိုတွေ့ရပါတယ်။လူအများစုကတော့ဂျာမန်ဂျူးတစ်ယောက်ဖြစ်တဲ့MartinArthurCouneyရဲ့ဖန်တီးမှုNeonatalincubatorဟာအမေရိကန်ရဲ့ဆေးပညာသမိုင်းကြောင်းကိုတောင်အပြောင်းအလဲဖြစ်စခဲ့တယ်လို့သတ်မှတ်ထားကြပြီးလမပြည့်ပဲမွေးဖွားခဲ့တဲ့ကလေးငယ်(၆၅၀၀)ကနေ(၇၀၀၀)အကြားရှိအသက်များစွာကိုကယ်တင်နိုင်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။(၁၉၄၀)ရောက်ချိန်မှာတော့အမေရိကန်ဆေးလောကတစ်ခုလုံးကCouneyရဲ့ဖန်တီးချက်ကိုခြွင်းချက်မရှိထောက်ခံလာကြပြီးနိုင်ငံပိုင်နဲ့ပုဂ္ဂလိကဆေးရုံတွေမှာထိထိရောက်ရောက်အသုံးပြုလာခဲ့ကြပါတယ်။ဒီပြောင်းလဲမှုဟာNeonatalincubatorတွေကိုမူလဖန်တီးသူMartinArthurCouneyရဲ့ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုတွေကိုရပ်နားသွားစေပေမယ့်ဒီလိုနည်းစဉ်ကိုဆေးရုံအားလုံးကျင့်သုံးပြီးလူအသက်များစွာကိုဆထက်တစ်ပိုးတိုးပြီးစောင့်ရှောက်နိုင်ဖို့ဟာကာယကံရှင်MartinArthurCouneyရဲ့အိမ်မက်ဖြစ်ပါတယ်။MartinArthurCouneyဟာဒီလိုသမိုင်းဝင်ဖန်တီးမှုကြီးကိုပြုလုပ်နိုင်ပြီးလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်ဆိုပေမဲ့သူအတွက်ဘာအကျိုးအမြတ်မှမရရှိခဲ့ရှာပါဘူး။ဒီအတွက်လည်းသူဟာဘယ်တော့မှတောင်းဆိုမှုတွေကိုပြုလုပ်ခြင်းလည်းမရှိပဲသူအသက်(၈၀)အရွယ်၊(၁၉၅၀)မှာတော့ကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူချန်ထားခဲ့တဲ့အမွေကတော့ယနေ့တိုင်ဆေးပညာလောကရဲ့အရေးပါတဲ့နေရာမှာဆက်လက်ရှင်သန်နေဆဲဖြစ်တာကိုတော့မဖြစ်မနေအသိအမှတ်ပြုရပါမယ်။#Thutazonewww.thutazone.net

Zawgyiကေလးေပါင္း၆၅၀၀ေက်ာ္ရဲ႕အသက္ကိုကယ္ကာေဆးသိပၸံေလာကကိုေျပာင္းလဲေပးခဲ့သူပုံမွာေဖာ္ျပထားတဲ့ေမြးကင္းစကေလးငယ္ေတြကိုျမင္ရင္ေတာ့သင့္အေနနဲ႔ပုံမွန္ေမြးကင္းစကေလးတိုင္းနဲ႔မတူညီတဲ့ပုံရိပ္ကိုစတင္သတိထားမိမွာျဖစ္ပါတယ္။ယင္းကေလးငယ္ေတြဟာပုံမွန္ကေလးေတြနဲ႔မတူညီရတဲ့အေၾကာင္းအရင္းကေတာ့လမေစ့ပဲေမြးဖြားလာခဲ့ၾကလို႔ျဖစ္ပါတယ္။အခ်ိန္ကာလအားျဖင့္ဆိုရင္(၁၉၃၃)ခုႏွစ္မတိုင္ခင္ကာလေတြကေတာ့ေဆး႐ုံေတြဟာလမေစ့ပဲေမြးဖြားလာတဲ့ကေလးေတြဆက္လက္ရွင္သန္ႏိုင္ဖို႔တာဝန္ယူကုသႏိုင္စြမ္းမရွိၾကေသးပါဘူး။ဒါေၾကာင့္လမေစ့ပဲေမြးလာတဲ့ကေလးအားလုံးနီးပါးဟာေသဆုံးရဖို႔အေျခအေနကိုသာႀကဳံ႕ေတြ႕ရမွာျဖစ္ပါတယ္။ယင္းအေျခအေနမွာပဲMartinArthurCouneyအမည္ရတဲ့တဲ့အေမရိကန္ႏိုင္ငံသား၊ဂ်ာမန္ဂ်ဴးလူမ်ိဳးတစ္ေယာက္ဟာSavingBabiesလို႔အမည္ရတဲ့လုပ္ငန္းစဥ္တစ္ခုနဲ႔လမေစ့ပဲေမြးဖြာလာတဲ့ကေလးငယ္ေတြကိုထိန္းသိမ္းေစာင့္ေရွာက္တဲ့လုပ္ငန္းကိုစတင္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ေဆးပညာရပ္မွာဆိုရင္ေတာ့ဒါဟာneonatologyပညာရပ္လို႔ဆိုရမွာျဖစ္ၿပီးထူးျခားတာကေတာ့ယင္းကုထုံးကိုအေကာင္အထည္ေဖာ္ခဲ့သူMartinဟာဆရာဝန္တစ္ေယာက္မဟုတ္ခဲ့ပါဘူး။အရပ္ထဲကဘိန္းေႏွာဆရာလိုပုံစံေတြနဲ႔ကေလးငယ္မ်ားစြာရဲ႕အသက္ကိုကယ္တင္ခဲ့တာျဖစ္ပါတယ္။ပုံမွာပါဝင္တဲ့ေရွးယခင္ကာလေတြကအသုံးျပဳတဲ့incubator(လမေစ့ဘဲေမြးေသာကေလးငယ္မ်ားအတြက္အေႏြးဓာတ္ေသတၱာ)ဟာဆိုရင္MartinA.Couneyရဲ႕ဖန္တီးမႈျဖစ္ၿပီးကေလး(၁)ဦးကေန(၂၅)ေယာက္ေလာက္ထည့္သြင္းႏိုင္တဲ့ဆိုဒ္အႀကီးစားေတြလည္းရွိေနပါတယ္။ေဆးပညာကိုစနစ္တက်ေလ့လာသင္ယူဖူးသူမဟုတ္တဲ့MartinArthurCouneyရဲ႕မိခင္ဘက္ကသာဆရာဝန္မ်ိဳး႐ိုးရွိၿပီးသူအတြက္ေဆးပညာနဲ႔ပတ္သက္တဲ့ဗဟုသုတဆိုတာျပင္သစ္လူမ်ိဳးဆရာဝန္Pierre-ConstantBudinဆီမွာပညာသင္ၾကားဖူးတယ္လို႔သာသိရပါတယ္။Budinကေတာ့အျခားေတာ့မဟုတ္ပါဘူးေမြးကင္းစကေလးထားတဲ့အေႏြးဓာတ္ေသတၱာကိုဖန္တီးမႈနည္းပညာကိုစမ္းသပ္ခဲ့တဲ့ပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။Neonatalincubatorေတြကို(၁၈၈၀)ျပည့္ႏွစ္ေလာက္ကတည္းကပညာရွင္ေတြဘက္ကျပင္သစ္ႏိုင္ငံ၊ပဲရစ္မွာစတင္တည္ေဆာက္ခဲ့ၾကတယ္လို႔မွတ္တမ္းေတြရွိၾကေပမယ့္တကယ္လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ခဲ့သူကေတာ့ပရာ္ဖက္ရွင္နယ္ေဆးပညာရွင္တစ္ေယာက္မဟုတ္တဲ့MartinArthurCouneyျဖစ္ၿပီး(၁၈၉၆)ခုႏွစ္ကဘာလင္ၿမိဳ႕ျပပြဲတစ္ခုမွာလူထုကိုစတင္မိတ္ဆက္ေပးခဲ့ပါတယ္။ယင္းကေနစၿပီးMartinဟာဥေရာပတစ္လႊားလိုက္လံမိတ္ဆက္ျပသခဲ့ၿပီး(၁၉၀၃)ခုႏွစ္မွာေတာ့အေမရိကန္မွာပဲအေျခခ်ၿပီးလမျပည့္ပဲေမြးဖြားတဲ့ကေလးငယ္ေစာင့္ေရွာက္မႈလုပ္ငန္းကိုစတင္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။သူဟာဒီလုပ္ငန္းကိုအားလုံကလက္ခံခဲ့တဲ့(၁၉၄၀)အေစာပိုင္းကာလအထိလုပ္ကိုင္ခဲ့ပါတယ္။MartinArthurCouneyဟာကေလးငယ္တစ္ဦးအတြက္ကုသစရိတ္အျဖစ္(၂၅)ဆင့္ရယူၿပီးမၾကာခင္မွာပဲIncubatorဆရာဝန္အျဖစ္စတင္နာမည္ရလာပါတယ္။ဒီေငြေၾကးဟာသူအတြက္အျမတ္မက်န္ပဲသူ႔တီထြင္မႈနဲ႔အလုပ္သမားစရိတ္သာသာသာရွိခဲ့ပါတယ္။ဒါေပမဲ့တစ္ကမာၻလုံးကလမျပည့္ပဲေမြးဖြားလာတဲ့ကေလးငယ္ေတြအတြက္MartinArthurCouneyရဲ႕ေဆးခန္းဟာအေကာင္းဆုံးထိန္းသိမ္းေစာင့္ေရွာက္ရာေနရာျဖစ္ခဲ့ၿပီးလူစိတ္ဝင္စားမႈလည္းမ်ားျပားလြန္းလာခဲ့ပါတယ္။ယင္းအခ်ိန္ကေဆးပညာေလာကမွာလမျပည့္ပဲေမြးလာခဲ့တဲ့ကေလးေတြဟာမ်ိဳး႐ိုးဗီဇဆိုင္ရာသမ႐ိုးက်မဟုတ္တဲ့ျဖစ္ရပ္တစ္ခုအျဖစ္သတ္မွတ္ထားၿပီးေသဆုံးဖို႔ရာခိုင္ႏႈန္းမ်ားတဲ့လူနာအျဖစ္သတ္မွတ္ထားပါတယ္။MartinArthurCouneyကေတာ့ဒီသတ္မွတ္ခ်က္ကိုလက္မခံတဲ့စိတ္ကိုအရင္းတည္ၿပီးယင္းကာလရဲ႕ေခတ္လြန္ေဆးပညာရပ္ဆိုင္ရာမွတ္တမ္းတစ္ခုကိုေရးထိုးဖို႔ဦးတည္ခဲ့ပါတယ္။ဒီေနရာမွာသူႀကဳံေတြ႕ရတာကေတာ့အဲဒီအခ်ိန္ကဆရာဝန္ေဆးသမားေတာ္ေတြရဲ႕မ်က္မုန္းက်ိဳးျခင္းပဲျဖစ္ပါတယ္။အေစာပိုင္းကေဆးပညာနယ္ပယ္ကသမားေတာ္ေတြဟာMartinArthurCouneyနဲ႔ပူးေပါင္းလုပ္ေဆာင္မႈမ်ိဳးကိုမလုပ္ခဲ့ၾကပဲဆရာဝန္မဟုတ္ဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔တင္သူရဲ႕ဖန္တီးမႈကိုေဆးပညာသမိုင္းေၾကာင္းထဲထည့္သြင္းဖို႔ျငင္းဆန္ခဲ့ၾကပါတယ္။ဒီအတြက္လည္းMartinArthurCouneyဟာသူရဲ႕ဖန္တီးမႈေတြဟာေဆးပညာေလာကအတြက္အေထာက္အကူျဖစ္ေစဖို႔သာအဓိကထားၿပီးကိုယ္ရည္ေသြးလိုျခင္းမရွိေၾကာင္းမီဒီယာထက္ကေနထုတ္ေဖာ္ေျပာၾကားမႈေတြလည္းရွိခဲ့ပါတယ္။အမွန္လည္းေဆးပညာရႈေထာင့္ကေနၾကည့္မယ္ဆိုရင္MartinArthurCouneyရဲ႕Neonatalincubatorေတြဟာေခတ္လြန္ကုသေရးစက္ေတြလိုျဖစ္ေနခဲ့ၿပီးသူရဲ႕အသက္ကယ္ေသတၱာေတြဟာစတီးနဲ႔ဖန္ေတြကိုအသုံးျပဳတည္ေဆာက္ထားၿပီးေျခေထာက္ေတြပါဝင္ကာ(၅)ေပေလာက္အျမင့္ရွိပါတယ္။ေသတၱာရဲ႕အျပင္မွာေတာ့ဘြိဳင္လာတစ္ခုကိုအသုံးျပဳၿပီးေရပူစမ္းတစ္ခုဖန္တီးထားၿပီးကေလးငယ္ထားရွိတဲ့ေသတၱာတြင္းကကုတင္နဲ႔ဇာျခင္ေထာင္ကိုအၿမဲေႏြးေနရန္ဖန္တီးထားပါတယ္။ဒါအျပင္ကေလးငယ္ကိုႏို႔ခ်ိဳတိုက္ေကြၽးမဲ့မိခင္ေတြ၊ေဝယ်ေဝစၥျပဳလုပ္မဲ့သူနာျပဳေတြကိုေဆးလိပ္၊အရက္ေသာက္စားၿပီးယင္းNeonatalincubatorအတြင္းသို႔အနီးကိုမလာရန္တားျမစ္ထားတဲ့အျပင္အဝတ္အားကအစအစြန္းအထင္းကင္းတဲ့သတ္မွတ္အျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ရမယ္လို႔ကန႔္သတ္ခဲ့တာကိုေတြ႕ရပါတယ္။လူအမ်ားစုကေတာ့ဂ်ာမန္ဂ်ဴးတစ္ေယာက္ျဖစ္တဲ့MartinArthurCouneyရဲ႕ဖန္တီးမႈNeonatalincubatorဟာအေမရိကန္ရဲ႕ေဆးပညာသမိုင္းေၾကာင္းကိုေတာင္အေျပာင္းအလဲျဖစ္စခဲ့တယ္လို႔သတ္မွတ္ထားၾကၿပီးလမျပည့္ပဲေမြးဖြားခဲ့တဲ့ကေလးငယ္(၆၅၀၀)ကေန(၇၀၀၀)အၾကားရွိအသက္မ်ားစြာကိုကယ္တင္ႏိုင္ခဲ့တယ္လို႔မွတ္တမ္းေတြအရသိရပါတယ္။(၁၉၄၀)ေရာက္ခ်ိန္မွာေတာ့အေမရိကန္ေဆးေလာကတစ္ခုလုံးကCouneyရဲ႕ဖန္တီးခ်က္ကိုႁခြင္းခ်က္မရွိေထာက္ခံလာၾကၿပီးႏိုင္ငံပိုင္နဲ႔ပုဂၢလိကေဆး႐ုံေတြမွာထိထိေရာက္ေရာက္အသုံးျပဳလာခဲ့ၾကပါတယ္။ဒီေျပာင္းလဲမႈဟာNeonatalincubatorေတြကိုမူလဖန္တီးသူMartinArthurCouneyရဲ႕ကေလးေစာင့္ေရွာက္ေရးဝန္ေဆာင္မႈေတြကိုရပ္နားသြားေစေပမယ့္ဒီလိုနည္းစဥ္ကိုေဆး႐ုံအားလုံးက်င့္သုံးၿပီးလူအသက္မ်ားစြာကိုဆထက္တစ္ပိုးတိုးၿပီးေစာင့္ေရွာက္ႏိုင္ဖို႔ဟာကာယကံရွင္MartinArthurCouneyရဲ႕အိမ္မက္ျဖစ္ပါတယ္။MartinArthurCouneyဟာဒီလိုသမိုင္းဝင္ဖန္တီးမႈႀကီးကိုျပဳလုပ္ႏိုင္ၿပီးလူေပါင္းမ်ားစြာရဲ႕အသက္ကိုကယ္တင္ႏိုင္ခဲ့တယ္ဆိုေပမဲ့သူအတြက္ဘာအက်ိဳးအျမတ္မွမရရွိခဲ့ရွာပါဘူး။ဒီအတြက္လည္းသူဟာဘယ္ေတာ့မွေတာင္းဆိုမႈေတြကိုျပဳလုပ္ျခင္းလည္းမရွိပဲသူအသက္(၈၀)အ႐ြယ္၊(၁၉၅၀)မွာေတာ့ကြယ္လြန္သြားခဲ့ပါတယ္။ဒါေပမဲ့သူခ်န္ထားခဲ့တဲ့အေမြကေတာ့ယေန႔တိုင္ေဆးပညာေလာကရဲ႕အေရးပါတဲ့ေနရာမွာဆက္လက္ရွင္သန္ေနဆဲျဖစ္တာကိုေတာ့မျဖစ္မေနအသိအမွတ္ျပဳရပါမယ္။#Thutazonewww.thutazone.net

Be the first to comment

Leave a Reply

Your email address will not be published.


*