သဲနှင့်ဆားငံရေမှအစာအဟာရဖြစ်ထွန်းအောင်အစ္စရေးတို့သုံးခဲ့သောနည်းစနစ်များ

Unicode🌿သဲနှင့်ဆားငံရေမှအစာအဟာရဖြစ်ထွန်းအောင်အစ္စရေးတို့သုံးခဲ့သောနည်းစနစ်များ🌿💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭သဲနှင့်ဆားငံရေမှအစာအဟာရဖြစ်ထွန်းအောင်လုပ်နိုင်သည်မှာအစ္စရေးနိုင်ငံပင်ဖြစ်ပါသည်။သဲကန္တာရဆိုသည်မှာစိုက်ပျိုးမြေမဟုတ်သလိုလူနေအပ်သောအရပ်လည်းမဟုတ်ပါ။သို့သော်အစ္စရေးနိုင်ငံသည်ထိုကန္တာရမြေပေါ်တွင်လူသန်းပေါင်းများစွာစည်ကားသိုက်မြိုက်စွာနေထိုင်လျှက်ရှိပြီးလယ်ဧကပေါင်းများစွာထွန်ယက်စိုက်ပျိုးနေကြပါသည်။အစ္စရေးနိုင်ငံသည်သဲကန္တာရစိုက်ပျိုးရေးနည်းသစ်ကိုတီထွင်ပြီးသီးနှံစိုက်ပျိုးပင်များကိုဆားငံရေလောင်းကြပါသည်။ထိုဆားငံရည်သည်ရေချိုထက်ဆားဓါတ်အဆ(၂၀)ပိုမိုပါ၀င်သည်သာမကကန္တာရမြေပေါ်တွင်ဆားငံရေလောင်း၍စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာမယုံနိုင်စရာပင်ဖြစ်ပါသည်။သို့သော်အစ္စရေးနိုင်ငံတွင်ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။အစ္စရေးနိုင်ငံတွင်လယ်သမားများ၊စိုက်ပျိုးရေးသမားများ၊တစ်နှစ်သုံးသီးစိုက်ပျိုးကြပြီးဖရဲ၊အာလူး၊ခရမ်း၊ငရုတ်၊စွန်ပလွန်၊ဘူးသီးနွယ်နှင့်ထောပတ်သီးများသာမကအခြားသစ်သီးဝလံများဥရောပစျေးကွက်သို့တင်ပို့ရောင်းချကြပါသည်။တစ်ဧကလျှင်အသီးအနှံတန်(၆၀)မျှထွက်ရှိပါသည်။အမေရိကန်သည်အစ္စရေးသဲကန္တာရမြေ၏စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကိုအားရသဘောကျ၍လိုက်လုပ်ကြည့်သော်လည်းမအောင်မြင်ပါ။အစ္စရေးနိုင်ငံတွင်မက်မုံသီး၊ဆီးသီး၊တရုပ်ဆီးသီး၊နတ်သြဇာ၊ချယ်ရီသီးအစရှိသည့်ရာသီသီးနှံများဖြစ်ထွန်းအောင်မြင်ပြီးဥရောပစျေးကွက်သို့လက်မလည်အောင်တင်ပို့လျတ်ရှိပါသည်။ဂျာမဏီ၊အင်္ဂလန်၊ပြင်သစ်နှင့်ဟော်လန်တိုင်းပြည်များကဲ့သို့ပန်းပေါသောတိုင်းပြည်များသို့လဲအစ္စရေးပန်းများစျေးကွက်ဖောက်ဝင်ပြီးအောင်မြင်လျက်ရှိပါသည်။အစ္စရေးနိုင်ငံသည်ဟင်းသီးဟင်းရွက်သစ်သီး၀လံတို့ကိုထုတ်လုပ်နိုင်သည်သာမကလယ်သမားများမှာတနှစ်လျင်သီးထပ်(၇)ထပ်မြောက်မျိုးစေ့ကြဲနိုင်သည်အထိဖြစ်သည်မှာကမ္ဘာကအံ့ဩအတုယူစရာပင်ဖြစ်ပါသည်။အစာရေစာရှားပါးသည်ကိုအစ္စရေးနိုင်ငံကအံ့ဩဖွယ်ရာဖြေရှင်းသည့်နည်းလမ်းများအနက်ထင်ရှားကျော်ကြားသောနည်းလမ်းများမှာ(၁)Drip irrigation💭💭💭💭💭💭💭စိုက်ပျိုးရေးလုပ်ငန်းများတွင်ရေဆုံးရှုံးမှုလျော့နည်းလာစေရန်အတွက်စနစ်တကျတွက်ချက်၍အစက်ချရေပေးနည်းစနစ်အသုံးပြုခြင်းကိုဆန်းသစ်တီထွင်ပြီးလုပ်ဆောင်ခဲ့သည့်အစ္စရေးနိုင်ငံ၏စိုက်ပျိုးနည်းပညာပင်ဖြစ်ပါသည်။အစ္စရေးနိုင်ငံ၏စိုက်ပျိုးနည်းပညာအောင်မြင်မှုသည်ကမ္ဘာအနှံ့လျင်မြန်စွာပြန့်နှံသွားပြီးထင်ရှားသည့်သာဓကမှာအာဖရိက၏စိုက်ပျိုးအောင်မြင်မှုနှုန်းအင်မတန်နည်းပါးသည့်ဒေသတွင်းရှိတောင်သူလယ်သမားများ၏တစ်နှစ်တွင်သုံးကြိမ်သီးထပ်စိုက်ပျိုးနိုင်ခဲ့ခြင်းကထင်ရှားစွာသက်သေထူလျက်ရှိပါသည်။(၂)Grain cocoons💭💭💭💭💭💭💭ရိတ်သိမ်းပြီးသားစပါး၊ပြောင်းအစရှိသည်တို့ကိုမှိုတက်ခြင်း၊ပိုးမွှားကြောင့်ပျက်စီးခြင်းမှကာကွယ်ဖို့ရန်သိုလှောင်မှုနည်းလမ်းသစ်ကိုတီထွင်ခဲ့ခြင်းဖြစ်ပြီးသိုလှောင်မှုကုန်ကျစရိတ်သက်သာခြင်းကြောင့်အာရှနိုင်ငံများတွင်သာမကအာဖရိကအစရှိသည့်လယ်ယာစိုက်ပျိုးမှုပြုလုပ်သည့်နိုင်ငံများတွင်တောင်သူလယ်သမားများအတွက်လွယ်ကူသက်သာစွာသုံးဆွဲနိုင်ခြင်းကြောင့်အင်မတန်အကျိုးရှိလှသောနည်းလမ်းပင်ဖြစ်ပါသည်။(၃)Biological pest control💭💭💭💭💭💭💭💭💭💭သဘာဝနည်းလမ်းဖြင့်အသီးအနှံများပိုးမွားကျရောက်ခြင်းမှကာကွယ်သည့်နည်းလမ်းဖြစ်ပြီးယခုအခါတွင်Bio-Beeကုမ္ပဏီသည်ဂျပန်မှစ၍ချီလီအစရှိသည့်နိုင်ငံပေါင်း၃၂နိုင်ငံထိလူသားအကျိုးပြုပိုးမွားများ၊ပျားပိတုန်းများကိုဖြန့်ဝေပြီးဖြစ်ပါသည်။ထင်ရှားသည့်သာဓကမှာကယ်လီဖိုးနီးယားမှစတော်ဘယ်ရီသီးများ၏ပိုးမွားကျရောက်ခြင်းကိုတန်ပြန်လူသားအကျိုးပြုပိုးမွားများဖြင့်သစ်ပင်သီးနှံများကိုဆိုးကျိုးဖြစ်စေသည့်ပိုးမွားများ၏ရန်ကိုကာကွယ်ပေးခြင်းဖြစ်ပါသည်။ထိုနည်းလမ်းကြောင့်အစ္စရေးနိုင်ငံတွင်းငရုတ်ချိုစိုက်ပျိုးသည့်သူများ၏ပိုးမွားရန်ကာကွယ်ရန်ဓာတုဗေဒပစ္စည်းများထုတ်လုပ်ထားသည့်ပိုးသတ်ဆေးများအသုံးပြုခြင်း၇၅ရာခိုင်နှုန်းခန့်လျော့ချနိုင်ခဲ့ပါသည်။(၄)Dairy farming💭💭💭💭💭💭💭မွေးမြူရေးလုပ်ငန်းနဲ့နို့ထွက်ပစ္စည်းအထွက်နှုန်းကောင်းအောင်လုပ်ဆောင်ခြင်းနည်းလမ်းဖြစ်ပြီးယခုအခါတွင်SAEAfikimကုမ္ပဏီသည်ကမ္ဘာပေါ်၌အကြီးဆုံးလို့ခေါ်ဆိုနိုင်သည့်နွားကောင်ရေပေါင်းသုံးသောင်းကိုခေတ်မှီကွန်ပြူတာနဲ့မွေးမြူရေးနည်းလမ်းများသုံးပြီးမွေးမြူနိုင်ဖို့အတွက်ဗီယက်နမ်မှာလုပ်ဆောင်နေပြီးဖြစ်ပါသည်။ထိုလုပ်ဆောင်မှုသည်ဗီယက်နမ်နိုင်ငံတွင်းရှိသည့်မွေးမြှူရေးလုပ်ငန်းကိုအထောက်အကူဖြစ်စေပြီးနို့ထွက်ပစ္စည်းအထွက်နှုန်းလည်းမြင့်တက်လာစေရန်အတွက်ဖြစ်ပါသည်။တရုတ်နိုင်ငံမှလည်းမွေးမြူရေးဆိုင်ရာလုပ်ငန်းအထွက်တိုးအောင်အစ္စရေးသို့ပညာတော်သင်များစွာကိုစေလွှတ်ပြီးဖြစ်ပါသည်။(၅)Fishing in the desert💭💭💭💭💭💭💭💭💭💭သဲကန္တာရတွင်ငါးမွေးမြှူခြင်းနည်းလမ်းဖြစ်ပါသည်။ငါးမွေးမြူရာတွင်ပြင်ပ၌မွေးမြူလျင်ရောဂါကျရောက်ခြင်း၊ရာသီဥတုဖောက်ပြန်မှုကြောင့်သဘာဝဘေးကြုံရခြင်းအစရှိသည်တို့ကြုံတွေ့နိုင်ပြီးတီထွင်ဆန်းသစ်သောနည်းလမ်းဖြင့်ယခုအခါတွင်တိုက်များအတွင်းထဲ၌မွေးမြူခြင်းသာမကမည်သည့်နေရာမဆိုငါးမွေးမြူနိုင်သည့်GFA(Grow Fish Any where)AdvancedSystemsကိုအသုံးပြုပြီးမွေးမြူမှုနည်းလမ်းပင်ဖြစ်ပါသည်။(၆)Squeezing every drop of water from the air💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭လေထုထဲမှရေညစ်ထုတ်ကာအပင်စိုက်ခြင်းနည်းလမ်းဖြစ်ပါသည်ရှေးခေတ်ကာလများတွင်ရေကိုကျောက်တုန်းများက ရယူအသုံးပြုသည့်နည်းလမ်းကိုအစ္စရေးလူမျိုးတို့အသုံးပြုခဲ့သော်လည်းယခုအခါတွင်သာ၍တိုးတက်သောနည်းလမ်းသစ်များဖြင့်မိုးခေါင်ရေရှားပါးဒေသများတွင်လေထုထဲမှရေကိုရအောင်ထုတ်ယူသည့်နည်းလမ်းကိုအသုံးပြုခြင်းဖြစ်ပါသည်။Tal-Yatrayဟုအမည်တွင်ပြီးစိုက်ပျိုးရေးအတွက်ပြန်လည်သုံးစွဲနိုင်သည့်ရေခံပလတ်စတစ်ခွက်လေးများဖြစ်ပါသည်။(၇)Growing potatoes with salt water💭💭💭💭💭💭💭💭💭💭💭💭💭💭ဆားငံရေဖြင့်အာလူးစိုက်ပျိုးခြင်းနည်းလမ်းဖြစ်ပါသည်။အရှေ့အလယ်ပိုင်းကဲ့သို့ပူပြင်းသောဒေသများတွင်စိုက်ပျိုးရန်မဖြစ်ထွန်းနိုင်သည့်အာလူးစိုက်ခြင်းကိုနှစ်ပေါင်းသုံးဆယ်တိတိလေ့လာပြီးယခုအခါတွင်ရေရှားပါးရာဒေသတွင်ပင်ဆားငံရေဖြင့်အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကိုလုပ်ဆောင်နိုင်ရန်တီထွင်သောနည်းလမ်းဖြစ်ပါသည်။ယခုအခါရေရှားပါးသည့်ဒေသများ၊ခြောက်သွေ့သောအပူပိုင်းဒေသများတွင်ပါအာလူးကိုစီးပွါးဖြစ်စိုက်ပျိုးနိုင်ကြပြီဖြစ်ပါသည်။(မှတ်ချက်။။အစ္စရေးနိုင်ငံသည်စိုက်ပျိုးနည်းပညာမြင့်မားသောနိုင်ငံဖြစ်ပြီးစိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းလမ်းများကိုထိုနိုင်ငံမှစနစ်တကျသင်ယူနိုင်ပါကမြန်မာနိုင်ငံအတွက်အင်မတန်အကျိုးရှိနိုင်မည်ဖြစ်ပြီးအစာရေစာခေါင်းပါးမှုကိုဖြေရှင်းနိုင်ပါစေရန်အတွက်ရည်ရွယ်ပြီးဝေမျခြင်းဖြစ်ပါသည်။)Crd#OhnMarOoCreditမူရင်းတင်သူကိုလေးစာစွာcreditပေးပါသည်။

Zawgyi🌿သဲႏွင့္ဆားငံေရမွအစာအဟာရျဖစ္ထြန္းေအာင္အစၥေရးတို႔သုံးခဲ့ေသာနည္းစနစ္မ်ား🌿💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭သဲႏွင့္ဆားငံေရမွအစာအဟာရျဖစ္ထြန္းေအာင္လုပ္ႏိုင္သည္မွာအစၥေရးႏိုင္ငံပင္ျဖစ္ပါသည္။သဲကႏၲာရဆိုသည္မွာစိုက္ပ်ိဳးေျမမဟုတ္သလိုလူေနအပ္ေသာအရပ္လည္းမဟုတ္ပါ။သို႔ေသာ္အစၥေရးႏိုင္ငံသည္ထိုကႏၲာရေျမေပၚတြင္လူသန္းေပါင္းမ်ားစြာစည္ကားသိုက္ၿမိဳက္စြာေနထိုင္လွ်က္ရွိၿပီးလယ္ဧကေပါင္းမ်ားစြာထြန္ယက္စိုက္ပ်ိဳးေနၾကပါသည္။အစၥေရးႏိုင္ငံသည္သဲကႏၲာရစိုက္ပ်ိဳးေရးနည္းသစ္ကိုတီထြင္ၿပီးသီးႏွံစိုက္ပ်ိဳးပင္မ်ားကိုဆားငံေရေလာင္းၾကပါသည္။ထိုဆားငံရည္သည္ေရခ်ိဳထက္ဆားဓါတ္အဆ(၂၀)ပိုမိုပါ၀င္သည္သာမကကႏၲာရေျမေပၚတြင္ဆားငံေရေလာင္း၍စိုက္ပ်ိဳးသီႏွံျဖစ္ထြန္းေအာင္ျမင္ျခင္းမွာမယုံႏိုင္စရာပင္ျဖစ္ပါသည္။သို႔ေသာ္အစၥေရးႏိုင္ငံတြင္ဆားငံေရျဖင့္စိုက္ပ်ိဳးႏိုင္ပါသည္။အစၥေရးႏိုင္ငံတြင္လယ္သမားမ်ား၊စိုက္ပ်ိဳးေရးသမားမ်ား၊တစ္ႏွစ္သုံးသီးစိုက္ပ်ိဳးၾကၿပီးဖရဲ၊အာလူး၊ခရမ္း၊င႐ုတ္၊စြန္ပလြန္၊ဘူးသီးႏြယ္ႏွင့္ေထာပတ္သီးမ်ားသာမကအျခားသစ္သီးဝလံမ်ားဥေရာပေစ်းကြက္သို႔တင္ပို႔ေရာင္းခ်ၾကပါသည္။တစ္ဧကလွ်င္အသီးအႏွံတန္(၆၀)မွ်ထြက္ရွိပါသည္။အေမရိကန္သည္အစၥေရးသဲကႏၲာရေျမ၏စိုက္ပ်ိဳးသီးႏွံျဖစ္ထြန္းေအာင္ျမင္မႈကိုအားရသေဘာက်၍လိုက္လုပ္ၾကည့္ေသာ္လည္းမေအာင္ျမင္ပါ။အစၥေရးႏိုင္ငံတြင္မက္မုံသီး၊ဆီးသီး၊တ႐ုပ္ဆီးသီး၊နတ္ၾသဇာ၊ခ်ယ္ရီသီးအစရွိသည့္ရာသီသီးႏွံမ်ားျဖစ္ထြန္းေအာင္ျမင္ၿပီးဥေရာပေစ်းကြက္သို႔လက္မလည္ေအာင္တင္ပို႔လ်တ္ရွိပါသည္။ဂ်ာမဏီ၊အဂၤလန္၊ျပင္သစ္ႏွင့္ေဟာ္လန္တိုင္းျပည္မ်ားကဲ့သို႔ပန္းေပါေသာတိုင္းျပည္မ်ားသို႔လဲအစၥေရးပန္းမ်ားေစ်းကြက္ေဖာက္ဝင္ၿပီးေအာင္ျမင္လ်က္ရွိပါသည္။အစၥေရးႏိုင္ငံသည္ဟင္းသီးဟင္း႐ြက္သစ္သီး၀လံတို႔ကိုထုတ္လုပ္ႏိုင္သည္သာမကလယ္သမားမ်ားမွာတႏွစ္လ်င္သီးထပ္(၇)ထပ္ေျမာက္မ်ိဳးေစ့ႀကဲႏိုင္သည္အထိျဖစ္သည္မွာကမာၻကအံ့ဩအတုယူစရာပင္ျဖစ္ပါသည္။အစာေရစာရွားပါးသည္ကိုအစၥေရးႏိုင္ငံကအံ့ဩဖြယ္ရာေျဖရွင္းသည့္နည္းလမ္းမ်ားအနက္ထင္ရွားေက်ာ္ၾကားေသာနည္းလမ္းမ်ားမွာ(၁)Drip irrigation💭💭💭💭💭💭💭စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ေရဆုံးရႈံးမႈေလ်ာ့နည္းလာေစရန္အတြက္စနစ္တက်တြက္ခ်က္၍အစက္ခ်ေရေပးနည္းစနစ္အသုံးျပဳျခင္းကိုဆန္းသစ္တီထြင္ၿပီးလုပ္ေဆာင္ခဲ့သည့္အစၥေရးႏိုင္ငံ၏စိုက္ပ်ိဳးနည္းပညာပင္ျဖစ္ပါသည္။အစၥေရးႏိုင္ငံ၏စိုက္ပ်ိဳးနည္းပညာေအာင္ျမင္မႈသည္ကမာၻအႏွံ႔လ်င္ျမန္စြာျပန္႔ႏွံသြားၿပီးထင္ရွားသည့္သာဓကမွာအာဖရိက၏စိုက္ပ်ိဳးေအာင္ျမင္မႈႏႈန္းအင္မတန္နည္းပါးသည့္ေဒသတြင္းရွိေတာင္သူလယ္သမားမ်ား၏တစ္ႏွစ္တြင္သုံးႀကိမ္သီးထပ္စိုက္ပ်ိဳးႏိုင္ခဲ့ျခင္းကထင္ရွားစြာသက္ေသထူလ်က္ရွိပါသည္။(၂) Grain cocoons💭💭💭💭💭💭💭ရိတ္သိမ္းၿပီးသားစပါး၊ေျပာင္းအစရွိသည္တို႔ကိုမႈိတက္ျခင္း၊ပိုးမႊားေၾကာင့္ပ်က္စီးျခင္းမွကာကြယ္ဖို႔ရန္သိုေလွာင္မႈနည္းလမ္းသစ္ကိုတီထြင္ခဲ့ျခင္းျဖစ္ၿပီးသိုေလွာင္မႈကုန္က်စရိတ္သက္သာျခင္းေၾကာင့္အာရွႏိုင္ငံမ်ားတြင္သာမကအာဖရိကအစရွိသည့္လယ္ယာစိုက္ပ်ိဳးမႈျပဳလုပ္သည့္ႏိုင္ငံမ်ားတြင္ေတာင္သူလယ္သမားမ်ားအတြက္လြယ္ကူသက္သာစြာသုံးဆြဲႏိုင္ျခင္းေၾကာင့္အင္မတန္အက်ိဳးရွိလွေသာနည္းလမ္းပင္ျဖစ္ပါသည္။(၃)💭💭💭💭💭💭💭💭သဘာဝနည္းလမ္းျဖင့္အသီးအႏွံမ်ားပိုးမြားက်ေရာက္ျခင္းမွကာကြယ္သည့္နည္းလမ္းျဖစ္ၿပီးယခုအခါတြင္Bio-Beeကုမၸဏီသည္ဂ်ပန္မွစ၍ခ်ီလီအစရွိသည့္ႏိုင္ငံေပါင္း၃၂ႏိုင္ငံထိလူသားအက်ိဳးျပဳပိုးမြားမ်ား၊ပ်ားပိတုန္းမ်ားကိုျဖန္႔ေဝၿပီးျဖစ္ပါသည္။ထင္ရွားသည့္သာဓကမွာကယ္လီဖိုးနီးယားမွစေတာ္ဘယ္ရီသီးမ်ား၏ပိုးမြားက်ေရာက္ျခင္းကိုတန္ျပန္လူသားအက်ိဳးျပဳပိုးမြားမ်ားျဖင့္သစ္ပင္သီးႏွံမ်ားကိုဆိုးက်ိဳးျဖစ္ေစသည့္ပိုးမြားမ်ား၏ရန္ကိုကာကြယ္ေပးျခင္းျဖစ္ပါသည္။ထိုနည္းလမ္းေၾကာင့္အစၥေရးႏိုင္ငံတြင္းင႐ုတ္ခ်ိဳစိုက္ပ်ိဳးသည့္သူမ်ား၏ပိုးမြားရန္ကာကြယ္ရန္ဓာတုေဗဒပစၥည္းမ်ားထုတ္လုပ္ထားသည့္ပိုးသတ္ေဆးမ်ားအသုံးျပဳျခင္း၇၅ရာခိုင္ႏႈန္းခန္႔ေလ်ာ့ခ်ႏိုင္ခဲ့ပါသည္။(၄)g💭💭💭💭💭💭💭ေမြးျမဴေရးလုပ္ငန္းနဲ႔ႏို႔ထြက္ပစၥည္းအထြက္ႏႈန္းေကာင္းေအာင္လုပ္ေဆာင္ျခင္းနည္းလမ္းျဖစ္ၿပီးယခုအခါတြင္SAEAfikimကုမၸဏီသည္ကမာၻေပၚ၌အႀကီးဆုံးလို႔ေခၚဆိုႏိုင္သည့္ႏြားေကာင္ေရေပါင္းသုံးေသာင္းကိုေခတ္မွီကြန္ျပဴတာနဲ႔ေမြးျမဴေရးနည္းလမ္းမ်ားသုံးၿပီးေမြးျမဴႏိုင္ဖို႔အတြက္ဗီယက္နမ္မွာလုပ္ေဆာင္ေနၿပီးျဖစ္ပါသည္။ထိုလုပ္ေဆာင္မႈသည္ဗီယက္နမ္ႏိုင္ငံတြင္းရွိသည့္ေမြးျမႇဴေရးလုပ္ငန္းကိုအေထာက္အကူျဖစ္ေစၿပီးႏို႔ထြက္ပစၥည္းအထြက္ႏႈန္းလည္းျမင့္တက္လာေစရန္အတြက္ျဖစ္ပါသည္။တ႐ုတ္ႏိုင္ငံမွလည္းေမြးျမဴေရးဆိုင္ရာလုပ္ငန္းအထြက္တိုးေအာင္အစၥေရးသို႔ပညာေတာ္သင္မ်ားစြာကိုေစလႊတ္ၿပီးျဖစ္ပါသည္။(၅)💭💭💭💭💭💭💭💭💭💭သဲကႏၲာရတြင္ငါးေမြးျမႇဴျခင္းနည္းလမ္းျဖစ္ပါသည္။ငါးေမြးျမဴရာတြင္ျပင္ပ၌ေမြးျမဴလ်င္ေရာဂါက်ေရာက္ျခင္း၊ရာသီဥတုေဖာက္ျပန္မႈေၾကာင့္သဘာဝေဘးႀကဳံရျခင္းအစရွိသည္တို႔ႀကဳံေတြ႕ႏိုင္ၿပီးတီထြင္ဆန္းသစ္ေသာနည္းလမ္းျဖင့္ယခုအခါတြင္တိုက္မ်ားအတြင္းထဲ၌ေမြးျမဴျခင္းသာမကမည္သည့္ေနရာမဆိုငါးေမြးျမဴႏိုင္သည့္GFA(e)AdvancedSystemsကိုအသုံးျပဳၿပီးေမြးျမဴမႈနည္းလမ္းပင္ျဖစ္ပါသည္။(၆)Sr💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭ေလထုထဲမွေရညစ္ထုတ္ကာအပင္စိုက္ျခင္းနည္းလမ္းျဖစ္ပါသည္ေရွးေခတ္ကာလမ်ားတြင္ေရကိုေက်ာက္တုန္းမ်ားကရယူအသုံးျပဳသည့္နည္းလမ္းကိုအစၥေရးလူမ်ိဳးတို႔အသုံးျပဳခဲ့ေသာ္လည္းယခုအခါတြင္သာ၍တိုးတက္ေသာနည္းလမ္းသစ္မ်ားျဖင့္မိုးေခါင္ေရရွားပါးေဒသမ်ားတြင္ေလထုထဲမွေရကိုရေအာင္ထုတ္ယူသည့္နည္းလမ္းကိုအသုံးျပဳျခင္းျဖစ္ပါသည္။Tal-Yatrayဟုအမည္တြင္ၿပီးစိုက္ပ်ိဳးေရးအတြက္ျပန္လည္သုံးစြဲႏိုင္သည့္ေရခံပလတ္စတစ္ခြက္ေလးမ်ားျဖစ္ပါသည္။(၇)💭💭💭💭💭💭💭💭💭💭💭💭💭💭ဆားငံေရျဖင့္အာလူးစိုက္ပ်ိဳးျခင္းနည္းလမ္းျဖစ္ပါသည္။အေရွ႕အလယ္ပိုင္းကဲ့သို႔ပူျပင္းေသာေဒသမ်ားတြင္စိုက္ပ်ိဳးရန္မျဖစ္ထြန္းႏိုင္သည့္အာလူးစိုက္ျခင္းကိုႏွစ္ေပါင္းသုံးဆယ္တိတိေလ့လာၿပီးယခုအခါတြင္ေရရွားပါးရာေဒသတြင္ပင္ဆားငံေရျဖင့္အာလူးစိုက္ပ်ိဳးျခင္းလုပ္ငန္းကိုလုပ္ေဆာင္ႏိုင္ရန္တီထြင္ေသာနည္းလမ္းျဖစ္ပါသည္။ယခုအခါေရရွားပါးသည့္ေဒသမ်ား၊ေျခာက္ေသြ႕ေသာအပူပိုင္းေဒသမ်ားတြင္ပါအာလူးကိုစီးပြါးျဖစ္စိုက္ပ်ိဳးႏိုင္ၾကၿပီျဖစ္ပါသည္။(မွတ္ခ်က္။။အစၥေရးႏိုင္ငံသည္စိုက္ပ်ိဳးနည္းပညာျမင့္မားေသာႏိုင္ငံျဖစ္ၿပီးစိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာနည္းလမ္းမ်ားကိုထိုႏိုင္ငံမွစနစ္တက်သင္ယူႏိုင္ပါကျမန္မာႏိုင္ငံအတြက္အင္မတန္အက်ိဳးရွိႏိုင္မည္ျဖစ္ၿပီးအစာေရစာေခါင္းပါးမႈကိုေျဖရွင္းႏိုင္ပါေစရန္အတြက္ရည္႐ြယ္ၿပီးေဝမ်ျခင္းျဖစ္ပါသည္။)Crd#OhnMarOoCreditမူရင္းတင္သူကိုေလးစာစြာcreditေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*