ရေငုပ်သင်္ဘောတွေရဲ့သမိုင်းကြောင်း

Unicodeရေငုပ်သင်္ဘောတွေရဲ့သမိုင်းကြောင်း(⚓)=======================ပင်လယ်သမုဒ္ဒရာအောက်ကိုလှေသင်္ဘောတွေနဲ့ဆင်းသက်ခဲ့တယ်ဆိုတဲ့ဇာတ်လမ်းတွေဟာဘီစီ-၃၃၂လောက်ကတည်းကစတင်ခဲ့ကြပေမယ့်အေဒီ-၁၆၇၈ခုနှစ်လောက်ကိုရောက်ရှိတဲ့အခါကျမှခိုင်မာတိကျတဲ့အထောက်အထားမှတ်တမ်းတွေကိုစတင်တွေ့ရှိရပါတယ်။၁၇၇၅ခုနှစ်မတိုင်ခင်နှစ်ပေါင်း၂၀၀လောက်အတွင်းမှာရေငုပ်သင်္ဘောတီထွင်မှုပေါင်း၁၇ခုရှိခဲ့ပါတယ်။ဒါပေမယ့်တစ်ခုမှကောင်းကောင်းမွန်မွန်အောင်မြင်ခဲ့ခြင်းတော့မရှိပါဘူး။၁၈ရာစုကုန်ခါနီးလောက်ကျမှပဲအမှန်တကယ်လက်တွေ့လုပ်ဆောင်နိုင်တဲ့ပုံစံတွေပေါ်ထွက်လာခဲ့ပါတယ်။ဒေးဗစ်ဘွတ်ရှ်နဲလ်(David Bushnell)အမည်ရတဲ့အမေရိကန်ကျောင်းသားတစ်ယောက်ဟာရေအောက်မှာဖောက်ခွဲနိုင်တဲ့နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့လိုမျိုးသူတွေ့ရှိသောအချိန်မှာအမေရိကန်တွေကဗြိတိသျှတို့ကိုတိုက်ခိုက်နေရတဲ့အမေရိကန်လွတ်လပ်ရေးစစ်ပွဲကာလ(၁၇၇၅-၈၃)ဖြစ်ပါတယ်။ဒီအချိန်မှာဘွတ်ရှ်နဲလ်အနေနဲ့သူတီထွင်ထားတဲ့ဗုံးတွေကိုသယ်ဆောင်သွားနိုင်မယ့်ရေအောက်မှာမောင်းနိုင်တဲ့ရေယာဉ်တစ်စင်းကိုလိုအပ်လျက်ရှိနေပါတယ်။ဒါကြောင့်ဘွတ်ရှ်နဲလ်ဟာအဆိုပါသင်္ဘောမျိုးကိုတီထွင်တည်ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဘွတ်ရှ်နဲလ်ရဲ့အဆိုပါတီထွင်မှုကနေရရှိလာတဲ့ရေငုပ်နိုင်တဲ့ရေယာဉ်ကိုတော့ပင်လယ်လိပ်(Bushnell’s Turtle)လို့အမည်ပေးခဲ့ပါတယ်။ပင်လယ်လိပ်(Bushnell’s Turtle)ဟာဇောက်(စောက်)အနက်-၇ပေရှိပြီးအကျယ်-၅ပေခွဲရှိတဲ့သစ်သားလုံးကြီးတစ်လုံးပဲဖြစ်ပါတယ်။”ပင်လယ်လိပ်”(Bushnell’s Turtle)လို့အမည်တွင်ရခြင်းကတော့ဒီသင်္ဘောဟာပုံသဏ္ဍာန်အားဖြင့်လိပ်ကျောခုံးနှစ်ခုကိုဆက်စပ်ထားတဲ့ပုံစံနဲ့တူနေတာကြောင့်ဖြစ်ပါတယ်။၎င်းရေငုပ်သင်္ဘောမှာရေလုံတံခါးတစ်ခုနဲ့မှန်ပြူတင်းပေါက်ကလေးသုံးခုပါရှိပါတယ်။အထဲမှာတော့လူတစ်ယောက်သာလိုက်ပါနိုင်ပြီး၎င်းရဲ့အလုပ်တာဝန်တွေကတော့များပြားလွန်းလှပါတယ်။ရေအောက်ကိုနစ်မြှုပ်သွားစေဖို့အတွက်ရေလှောင်ကန်အဆို့ကိုခြေထောက်နဲ့တွန်းဖွင့်ရပြီးရေပေါ်ကိုပြန်ပေါ်လာစေဖို့အတွက်ရေလှောင်ကန်ထဲကရေတွေကိုလက်ဆွဲရေစုပ်စက်နဲ့စုပ်ထုတ်ပစ်ရပါတယ်။ရှေ့သို့သွားစေဖို့အတွက်တော့ပန်ကာကိုလည်စေမယ့်လက်ကိုင်တစ်ခုကိုလှည့်ပေးနေရပြီးတစ်ချိန်တည်းမှာပဲကိုယ်လိုရာကိုရောက်စေနိုင်ဖို့အတွက်တက်မကိုလည်းထိန်းကိုင်ပေးထားရပါသေးတယ်။ဒီနောက်မှန်ပြူတင်းပေါက်ကလေးတွေကနေပတ်ဝန်းကျင်ကိုတစ်ချိန်လုံးမျက်ခြေမပြတ်ကြည့်ရှုနေရပါသေးတယ်။ရေမြှုပ်ဗုံးကိုပင်လယ်လိပ်သင်္ဘော(Bushnell’s Turtle)ရဲ့နောက်ပိုင်းမှာချည်ထားပြီးမိနစ်၃၀ကြာတဲ့စနက်တံတစ်ခုနဲ့ရန်သူသင်္ဘောရဲ့ကိုယ်ထည်တွင်ထိုးစိုက်ထားနိုင်မယ့်သံချွန်တစ်ခုတို့ပါရှိပါတယ်။နောက်ပိုင်းမှာတော့အောင်မြင်မှုမရခြင်း၊အစိုးရအကူအညီနဲ့ငွေရေးကြေးရေးအခြေအနေနည်းပါးခြင်းတွေကြောင့်ဒေးဗစ်ဘွတ်ရှ်နဲလ်အနေနဲ့သူ့ရဲ့စမ်းသပ်မှုတွေကိုနောက်ဆုံးမှာလက်လျှော့လိုက်ရပါတော့တယ်။‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ဒေးဗစ်ဘွရှ်နဲလ်ရဲ့ရေငုပ်သင်္ဘောတွေကိုဆက်မလုပ်တော့တဲ့နောက်ပိုင်းနှစ်၂၀ဆယ်လောက်ကြာတဲ့အခါမှာတော့နောက်ထပ်အမေရိကန်လူမျိုးအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ရောဘတ်ဖူလ်တန်(Robert Fulton)ဆိုသူကရေငုပ်သင်္ဘောပုံစံသစ်တစ်ခုကိုတီထွင်ပြန်ပါတယ်။အမေရိကန်လွတ်လပ်ရေးစစ်ပွဲကြီးပြီးဆုံးသွားပြီဖြစ်လို့အမေရိကန်လူမျိုးတွေကတော့ရေငူပ်သင်္ဘောတွေကိုစိတ်မဝင်စားကြတော့တာကြောင့်ဖူလ်တန်ဟာသူ၏ပုံစံကိုဥရောပတိုက်မှာရောင်းချဖို့ကြိုးစားခဲ့ပါတယ်။၁၈၀၀ပြည့်နှစ်မှာတော့ပြင်သစ်နိုင်ငံကိုအုပ်စိုးလျက်ရှိတဲ့နပိုလီယံဘိုနာပတ်(Napoleon Bonaparte)ကဖူလတန်ရဲ့စိတ်ကူးကိုစိတ်ဝင်စားတာကြောင့်”နော့တီးလပ်စ်”(Nautilus)အမည်ရတဲ့ရေငုပ်သင်္ဘောတစ်စင်းတည်ဆောက်ဖို့အတွက်ဖူလတန်ကိုငွေကြေးလုံလောက်စွာထောက်ပံ့ခဲ့ပါတယ်။နော့တီးလပ်ရဲ့ကိုယ်ထည်ဟာဆေးပြင်းလိပ်ပုံသဏ္ဍာန်ဖြစ်ပြီးတော့အလျား-၂၃ပေ၄လက်မနဲ့အကျယ်-၅ပေရှိကာသင်္ဘောသား၃ဦးလိုက်ပါနိုင်မှာဖြစ်ပါတယ်။ကိုယ်ထည်ဖရိန်ကိုသံနဲ့ပြုလုပ်ထားပြီးသံချေးမတက်အောင်အပြင်ကနေကြေးနီပြားအုပ်ထားကာရေအောက်ပေ၂ဝအထိငုပ်လျှိုးနိုင်စွမ်းရှိပါတယ်။ဦးပိုင်းမှာတော့လူဝင်ပေါက်အဖြစ်လည်းအသုံးပြုရတဲ့ပေါင်းမိုးခုံးကြီးတစ်ခုရှိပြီးအဆိုပါပေါင်းမိုးမှာပတ်ဝန်းကျင်ကိုကြည့်ရှုနိုင်သောမှန်ပြူတင်းပေါက်တစ်ခုရှိသည်။ယနေ့ခေတ်ရေငုပ်သင်္ဘောတွေပေါ်ကအုပ်ဆောင်းပုံမျှော်စင်နဲ့ခပ်ဆင်ဆင်ပဲဖြစ်ပါတယ်။ဒါ့အပြင်ဖူလ်တန်ဟာနော့တီးလပ်ကိုရေပေါ်ယာဉ်တစ်စီးပုံစံရုပ်ဖျက်တဲ့အနေနဲ့ရွက်တိုင်တစ်ခုနဲ့ရွက်ငယ်တစ်ခုပါတပ်ဆင်ထားခဲ့ပါတယ်။၁၈၀၁ခုနှစ်မှာစိန့်မြစ်အတွင်းပထမဆုံးအကြိမ်စမ်းသပ်ခုတ်မောင်းခဲ့ပြီးနပိုလီယံကစိတ်ဝင်စားစွာကြည့်ရှုခဲ့ပါတယ်။ဖူလတန်နဲ့အဖော်နှစ်ယောက်တို့ဟာသိုလှောင်ကန်ကိုအလေးချိန်ပြည့်အောင်ရေဖြည့်ပြီးနောက်ရေအောက်၂၅ပေအနက်အထိငုပ်ဆင်းသွားကြပါတော့တယ်။သူတို့ဟာအဲ့ဒီ့ရေအနက်မှာမိနစ်၂၀လောက်နေကြပြီးအားကောင်းသောရေစီးကြောင်းက၎င်းတို့ကိုပင်လယ်ဘက်သို့တဖြည်းဖြည်းချင်းဆွဲယူသွားလျက်ရှိပါတယ်။ဒီ့နောက်မှာတော့၎င်းတို့ဟာရေပေါ်ကိုပြန်တက်လာပြီးတစ်နာရီကိုရေမိုင်၂၀နှုန်းနဲ့ခုတ်မောင်းပြီးပြန်လာခဲ့ကြပါတယ်။ဒီတော့နပိုလီယံကနော့တီးလပ်စ်သင်္ဘောပင်လယ်ရေအောက်မှာကြာကြာခုတ်မောင်းတာကိုမြင်တွေ့ချင်တာကြောင့်ပြူတင်းပေါက်မှန်ထူထူများတပ်ဆင်နိုင်ရန်ထောက်ပံ့ကြေးငွေအနည်းငယ်ထပ်ပေးခဲ့ပါတယ်။ဒါမှပဲအလင်းရောင်အတွက်ဖယောင်းတိုင်တွေမထွန်းရတော့ပဲတန်ဖိုးရှိတဲ့အောက်စီဂျင်ဓာတ်ပိုမိုလုံလောက်လာမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဓာတ်ငွေ့တွေကိုဖိသိပ်ထည့်သွင်းထားနိုင်တဲ့လေသိုလှောင်ကန်တစ်ခုကိုလည်းတပ်ဆင်လိုက်တာကြောင့်သင်္ဘောဟာရေအောက်ထဲမှာ၄နာရီလောက်ကြာအောင်ငုပ်လျှိုးနေနိုင်စွမ်းရှိလာပါတော့တယ်။ရောဘတ်ဖူလ်တန်ဟာဘွတ်ရှ်နဲလ်ပြုလုပ်ခဲ့တဲ့ရေမြှုပ်ဗုံးနဲ့ခပ်ဆင်ဆင်တူတဲ့ဗုံးအသစ်တစ်မျိုးကိုလည်းတီထွင်ပြုလုပ်ခဲ့ပြီးဒီဗုံးအမျိုးအစားကိုတော့”တော်ပီဒို”(Torpedo)လို့၎င်းကခေါ်ဝေါ်ခဲ့ပါတယ်။အမြီးခပ်သွယ်သွယ်၊ကိုယ်ထည်လုံးလုံးရှိတဲ့ရန်သူကိုလျှပ်စစ်ဓာတ်လိုက်စေတတ်တဲ့ငါးလိပ်ကျောက်တစ်မျိုးရဲ့အမည်ကိုအစွဲပြုကာမှည့်ခေါ်ထားခြင်းပဲဖြစ်ပါတယ်။ဖူလတန်ရဲ့ပစ်မှတ်ကတော့ကမ်းခြေနဲ့ခပ်လှမ်းလှမ်းမှာကျောက်ချထားတဲ့သင်္ဘောဟောင်းကြီးတစ်စီးပဲဖြစ်ပါတယ်။နော့တီးလပ်စ်သင်္ဘောဟာအဲ့ဒီ့သင်္ဘောဟောင်းကြီးအနီးကိုချဉ်းကပ်သွားကာရေအောက်ကိုငုပ်ဝင်လိုက်ပြီးပစ်မှတ်သင်္ဘောမှာတော်ပီဒိုဗုံးကိုတပ်ဆင်ထားခဲ့လိုက်ပါတယ်။ဒီ့နောက်မှာတော့သူတို့တပ်ဆင်ထားခဲ့တဲ့တော်ပီဒိုဗုံးဟာအောင်မြင်စွာပေါက်ကွဲသွားခဲ့ပြီးသင်္ဘောကြီးတစ်စင်းလုံးလည်းအစိတ်စိတ်အမြွာမြွာဖြစ်သွားခဲ့ပါတော့တယ်။ဒီလက်နက်အမျိုးအစားဟာဗြိတိသျှရေတပ်မတော်ကိုတိုက်ခိုက်ဖို့အကောင်းဆုံးလက်နက်ပဲဖြစ်တာကြောင့်နပိုလီယံအနေနဲ့ဒီသင်္ဘောကိုအထူးပဲစိတ်ဝင်စားသွားခဲ့ပါတော့တယ်။ပြင်သစ်ကသိပ္ပံပညာရှင်အများအပြားကလည်းနပိုလီယံရဲ့ဆန္ဒကိုသဘောတူညီကြပြီးအမှန်တကယ်အသုံးပြုနိုင်တဲ့ရေငုပ်သင်္ဘောကြီးတစ်စင်းတည်ဆောက်နိုင်ရန်ဖူလတန်ကိုငွေကြေးအလုံအလောက်ထောက်ပံ့ဖို့လည်းသဘောတူညီခဲ့ကြပါတယ်။ဒါပေမယ့်လည်းနပိုလီယံရဲ့ရေတပ်ဗိုလ်ချုပ်ကြီးတွေတချို့ကတော့ဒီကိစ္စကိုသိပ်ပြီးစိတ်ပါဝင်စားခြင်းမရှိခဲ့ကြပါဘူး။အကြောင်းကတာ့ဒါမျိုးလက်နက်ဟာစစ်ရဲ့ကျင့်ဝတ်နဲ့မညီညွတ်ပဲလူတစ်ယောက်ရဲ့နောက်ကျောကိုသေနတ်နဲ့ပစ်တဲ့သဘောသာဖြစ်တာကြောင့်သူရဲဘောကြောင်ရာကျတယ်လို့သူတို့ကယူဆနေကြလို့ဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးတွေဒီကိစ္စနဲ့ပတ်သက်ပြီးအငြင်းအခုံလုပ်နေကြစဉ်ကာလတွေမှာပဲဖူလ်တန်ဟာနော့တီးလပ်စ်သင်္ဘောရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်တဲ့အနေနဲ့ဗြိတိသျှရေတပ်မတော်ကသင်္ဘောတွေကိုတိုက်ခိုက်ဖို့အားထုတ်ကြံစည်နေခဲ့ပါတော့တယ်။နော့တီးလပ်စပ်သင်္ဘောဟာညအမှောင်ကိုအကာအကွယ်ယူပြီးရန်သူဗြိတိသျှသင်္ဘောတွေအနီးကိုနှစ်ကြိမ်တိုင်တိုင်ချဉ်ကပ်ခဲ့ပေမယ့်နော့တီးလပ်စ်သင်္ဘောရဲ့ရေအောက်မှာသွားတဲ့အမြန်နှုန်းဟာနှေးကွေးလှတာကြောင့်တိုက်ခိုက်နိုင်တဲ့အကွာအဝေးကိုမရောက်ရှိခင်မှာတင်ရန်သူသင်္ဘောတွေကအဝေးကိုထွက်ခွာသွားကြနှင့်ပြီးဖြစ်နေပါတော့တယ်။နောက်ဆုံးမှာတော့နပိုလီယံကဖူလ်တန်ရဲ့တီထွင်မှုကိုဆက်လက်ထောက်ပံ့ခြင်းမပြုလုပ်တော့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီအချိန်မှာနော့တီးလပ်စ်သင်္ဘောရဲ့သက်တမ်းဟာလည်း၁နှစ်ကျော်နေပြီဖြစ်တာကြောင့်ဆားငန်ရည်တွေစားပြီးရေတွေစိမ့်ဝင်လျှက်ရှိတော့သည်။နောက်ဆုံးမှာတော့ဖူလ်တန်ဟာလည်းသူ့ရဲ့ရေငုပ်သင်္ဘောကိုတစ်စစီဖျက်ကာသံတိုသံစတွေအဖြစ်ရောင်းစားလိုက်ပါတော့တယ်တယ်။‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗နောက်ထပ်နှစ်ပေါင်း၆၀လောက်အကြာအမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားနေချိန်အခါမှာတော့ရေအောက်သင်္ဘောစိတ်ကူးကတဖန်ပြန်လည်ပေါ်ပေါက်လာပြန်ပါတော့တယ်။မြောက်ပိုင်းကပြည်ထောင်စုတပ်ဖွဲ့(Union)တွေဟာအစစအရာရာပြည့်စုံလျက်ရှိကာအထူးသဖြင့်ပင်လယ်ပြင်မှာဖြစ်ပါတယ်။တောင်ပိုင်းကပြည်နယ်တချို့စုပေါင်းဖွဲ့စည်းထားတဲ့ညွန့်ပေါင်းတပ်ဖွဲ့(Confederate)တွေကတော့လက်နက်ဝယ်ဖို့ငွေကြေးမလုံလောက်ဖြစ်နေကြပါတယ်။ဒီတော့ညွန့်ပေါင်းတပ်ဖွဲ့ဟာငွေကြေးအလုံအလောက်ရရှိနိုင်ရန်အတွက်ဆိပ်ကမ်းမှာစုပုံနေတဲ့ဝါဂွမ်းတွေကိုသင်္ဘောတွေနဲ့အမြန်ဆုံးတင်ပို့နိုင်ဖို့လိုအပ်နေကြပါတယ်။ပြည်ထောင်စုသင်္ဘောတွေကဆိပ်ကမ်းတိုင်းမှာစောင့်ကြပ်လျက်ရှိပြီးထွက်ခွာသွားတဲ့ဝါဂွမ်းသင်္ဘောတွေကိုလည်းတိုက်ခိုက်ကြပါတယ်။ဝင်ရောက်လာတဲ့လက်နက်သင်္ဘောတွေကိုလည်းတိုက်ခိုက်ကြပါတယ်။ဒါကြောင့်တောင်ပိုင်းညွန့်ပေါင်းတပ်ဖွဲ့ဟာ၎င်းတို့တည်တံ့ရေးအတွက်ပိတ်ဆို့ထားကြတဲ့ရန်သူသင်္ဘောများကိုတိုက်ခိုက်ရှင်းလင်းပစ်ဖို့လိုအပ်လာပါတော့တယ်။ဒီတော့အဲ့သလိုရှင်းလင်းတိုက်ခိုက်နိုင်ဖို့အတွက်ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကိုကြံဆအားထုတ်ကြပါတော့တယ်။၁၈၆၄ခုနှစ်မှာတော့သီအိုဒေါစတန်နီ(Theodore Stoney)အမည်ရှိတီထွင်သူတစ်ဦးဟာစစ်သင်္ဘောအဟောင်းတစ်စင်းရဲ့အပေါ်ပိုင်းကိုရေပြင်ညီလောက်အထိဖြတ်ပစ်လိုက်ပြီးအပေါ်ကနေသံပြားတွေနဲ့ပြန်လည်ပိတ်မိုးကာအလုံပိတ်လိုက်ပါတယ်။ဒီ့နောက်မှာတော့ဒလက်၂ခုပါရှိတဲ့ပန်ကာကိုရေနွေးငွေ့အင်ဂျင်အသေးလေးတစ်လုံးနဲ့တွဲစပ်တပ်ဆင်လိုက်ပါတယ်။ရေနွေးငွေ့အင်ဂျင်နဲ့အလုပ်လုပ်တာဖြစ်တာကြောင့်ရေနွေးငွေ့တွေကိုပိုက်တစ်ခုနဲ့အပြင်ကိုထုတ်ပစ်ဖို့လိုတာကြောင့်ဒီသင်္ဘောဟာရေအောက်ကိုတစ်စင်းလုံးငုပ်လျှိုးနိုင်စွမ်းမရှိခဲ့ပါဘူး။သူ့ရဲ့အဆိုပါသင်္ဘောကိုတော့ဒေးဗစ်(David)လို့အမည်ပေးထားခဲ့ပါတယ်။သင်္ဘောတစ်စီးနဲ့နည်းနည်းလေးတောင်မတူတဲ့ဒေးဗစ်သင်္ဘောဟာချာလတ်စ်တန်မြို့အနီးမှာဆိုက်ကပ်ထားတဲ့ပြည်ထောင်စုသင်္ဘောကြီးUSSNewIronsidesကိုတိုက်ခိုက်ဖို့ထွက်ခွာသွားချိန်မှာတော့တစ်ဝက်တပြတ်ပေါ်နေခဲ့တဲ့ဒေးဗစ်သင်္ဘောကိုNewIronsidesသင်္ဘောပေါ်ကသင်္ဘောသားတစ်ဦးကတွေ့မြင်သွားခဲ့ပြီးပစ်ခတ်တိုက်ခိုက်ကြပါတော့တယ်။ဒါပေမယ့်လည်းဒေးဗစ်သင်္ဘောဟာNewIronsidesသင်္ဘောကို၎င်းမှာပါတဲ့တော်ပီဒိုနဲ့ထိုးစိုက်တိုက်ခိုက်ခွင့်ရရှိသွားခဲ့ပြီးNewIronsidesသင်္ဘောကြီးကိုအတော်ကြီးလေးထိခိုက်ပျက်စီးသွားစေခဲ့ပါတယ်။ပေါက်ကွဲမှုအရှိန်ကြောင့်ဒေးဗစ်သင်္ဘောဟာလည်းအလားတူပျက်စီးထိခိုက်ရသည်။ဒီလိုတိုက်ခိုက်ခံလိုက်ရမှုကြောင့်ပြည်ထောင်စုတပ်ဖွဲ့တွေဟာအလွန်အမင်းပဲတုန်လှုပ်ခြောက်ခြားကုန်ကြပါတော့တယ်။USSNewIronsidesသင်္ဘောကြီးနစ်မြှုပ်မသွားခဲ့ပေမယ့်လည်းရုတ်တရက်တိုက်ခိုက်ခံလိုက်ကြရတဲ့အဖြစ်ကိုအလွန်ပဲစိုးရိမ်ကြောင့်ကြနေခဲ့ကြခြင်းဖြစ်ပါတယ်။ထူးဆန်းတဲ့ဒီသင်္ဘောဟာဘယ်အချိန်၊ဘယ်နေရာကနေထပ်မံတိုက်ခိုက်လာဦးမလဲဆိုတာမသိတာကြောင့်အစောင့်ကင်းတပ်ဖွဲ့တွေကိုနှစ်ဆတို့ချထားခဲ့ပြီး၎င်းတို့ရဲ့စစ်သင်္ဘောတွေကိုအချိန်မရွေးထွက်ခွာနိုင်စေဖို့အသင့်ပြင်ဆင်ထားကြပါတော့တယ်။အမှန်တကယ်လည်းတောင်ပိုင်းညွန့်ပေါင်းတပ်ဖွဲ့တွေဟာဒေးဗစ်သင်္ဘောပုံစံသင်္ဘောတွေကိုထပ်မံတည်ဆောက်ပြီးအလစ်မှညဝင်ရောက်တိုက်ခိုက်နိုင်ဖို့ကြိုးစားခဲ့ကြပါတာ်။ဒါပေမယ့်လည်းသတိဝီရိယကြီးစွာစောင့်ကြည့်နေကြတဲ့ပြည်ထောင်စုတပ်ဖွဲ့ရေတပ်သားတွေဟာရေပေါ်မှာထိုးထွက်နေတဲ့ရေနွေးငွေ့ခေါင်းတိုင်တွေကိုတွေ့ရှိသွားကြတာတွေကြောင့်ဝင်ရောက်တိုက်ခိုက်ဖို့အခွင့်မသာပဲရှိနေခဲ့ကြပါတော့တယ်။အဲ့တော့သည့်ထက်ပိုကောင်းမွန်တဲ့ရေငုပ်သင်္ဘောမျိုးကိုလိုအပ်လာခဲ့တာကြောင့်အင်ဂျင်မပါတဲ့”ဟန်လီ”(Hunley)ဆိုတဲ့ရေငုပ်သင်္ဘောကိုထပ်မံတည်ဆောက်ကြပါတော့တယ်။ဒီသင်္ဘောမှာသင်္ဘောသား၉ယောက်လောက်လိုက်ပါနိုင်ပြီးသင်္ဘောသား၈ယောက်ကပန်ကာလည်စေမယ့်ဝင်ရိုးရှည်ကြီးကိုလက်နဲ့လှည့်ကြရမှာဖြစ်ပြီးကပ္ပတိန်ကတော့ပဲ့ထိန်းလက်ကိုင်ဘီးကိုကိုင်တွယ်ထိမ်းချုပ်နေရမှာဖြစ်ပါတယ်။ဒီလိုပဲ့ကိုင်နေရတဲ့တစ်ချိန်တည်းမှာပဲရေအောက်ငုပ်ဖို့ကိစ္စနဲ့တော်ပီဒိုဗုံးနဲ့တိုက်ခိုက်ဖို့ကိစ္စတွေအားလုံးကိုတစ်ဦးတည်းတာဝန်ယူရတာဖြစ်ပါတယ်။သင်္ဘောသားတွေရဲ့အလုပ်ကလည်းမသက်သာလှပဲလူနေရာချင်းတောင်လဲထိုင်လို့မရလောက်အောင်ကျဉ်းကျပ်လွန်းတဲ့သင်္ဘောဝမ်းဗိုက်ထဲကနေသင်္ဘောပန်ကာဝင်ရိုးကိုဆက်တိုက်ထိုင်လှည့်နေကြရတာဖြစ်ပါတယ်။၂၅ပေအရှည်ရှိတဲ့အဆိုပါဟန်လီသင်္ဘောရဲ့စမ်းသပ်မှုတွေဟာဘေးဒုက္ခတွေမတော်တဆဖြစ်မှုတွေနဲ့ပဲကြုံတွေ့ခဲ့ကြရပါတယ်။ဟန်လီသင်္ဘောရဲ့ပထမဆုံးအကြိမ်စမ်းသပ်မှုမှာသင်္ဘောရဲ့ဦးချွန်ကရွှံ့ထဲကိုသွားစိုက်နေခဲ့တာကြောင့်ရေပေါ်ကိုပြန်မပေါ်လာနိုင်တော့ပဲသင်္ဘောသားတွေအားလုံးသေဆုံးသွားခဲ့ကြရပါတော့တယ်။ဒုတိယတစ်ကြိမ်မှာတော့အနားကနေသင်္ဘောတစ်စင်းဖြတ်သွားတာကြောင့်သင်္ဘောတစ်စင်းလုံးရေတွေဖုံးလွှမ်းပြီးနစ်မြုပ်သွားခဲ့ပြန်ပါတော့တယ်။ဒီတစ်ကြိမ်မှာတော့သင်္ဘောသားတွေအားလုံးမသေဆုံးခဲ့ပေမယ့်လည်း၃ယောက်သာအသက်ရှင်ခဲ့ပါတယ်။တတိယတစ်ကြိမ်မှာလည်းတခြားသင်္ဘောကကျောက်ဆူးကြိုးနဲ့ငြိမိသွားတာကြောင့်သင်္ဘောပေါ်ပါသမျှလူတွေအားလုံးအသက်ဆုံးရှုံးခဲ့ကြရပါတော့တယ်။၁၈၆၄ခုနှစ်၊ဖေဖော်ဝါရီလ၁၇ရက်နေ့မှာတော့စတုတ္ထအကြိမ်မြောက်အဖြစ်ဟန်လီသင်္ဘောကိုစမ်းသပ်ခဲ့ပြီးပြည်ထောင်စုအစိုးရတပ်ဖွဲ့ရဲ့Housatonicသင်္ဘောအသစ်ကြီးကိုသွားရောက်တိုက်ခိုက်ရာမှာတော့အောင်မြင်စွာဖောက်ခွဲနိုင်ခဲ့တာကြောင့်သင်္ဘောကြီးတစ်စီးလုံးတစ်စစီဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့်လည်းဟန်လီသင်္ဘောဟာလက်နဲ့လှည့်ရတဲ့သင်္ဘောမျိုးဖြစ်နေတာကြောင့်ဘေးလွတ်ရာကိုအချိန်မီမဆုတ်ခွာနိုင်ခဲ့ပဲပေါက်ကွဲမှုအတွင်းမှာသူပါအတူတကွပျက်စီးသွားခဲ့ကာသင်္ဘောထဲကလူအားလုံးလည်းအစရှာမရတော့ပါဘူး။ဒါကြောင့်သင်္ဘောပန်ကာကိုလက်နဲ့လှည့်ရတဲ့ကိစ္စဟာရေငုပ်သင်္ဘောတွေအတွက်အဓိကပြသနာကြီးဖြစ်နေခဲ့တယ်ဆိုတာကတော့အထူးတလည်ပြောနေစရာတောင်မလိုတော့ပါဘူး။‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗မည်သိူ့ပင်ဖြစ်စေကာမူပထမဆုံးအကြိမ်ရေငုပ်သင်္ဘောနဲ့တိုက်ခိုက်ခြင်းကိုအမေရိကန်ပြည်တွင်းစစ်ကာလကရေနွေးငွေ့သုံးစက်နဲ့မောင်းနှင်ရပြီးခေါင်းတိုင်ကလွဲရင်တစ်ကိုယ်လုံးရေငုပ်နိုင်တဲ့တောင်ပိုင်းညွှန့်ပေါင်းတပ်ဖွဲ့ပိုင်ဒေးဗစ်(David)ရေငုပ်သင်္ဘောကအမေရိကန်အစိုးရရဲ့”USSNewIronsides”ဆိုတဲ့သံထည်သင်္ဘောကြီးကိုတော်ပီဒိုနဲ့အလစ်ဝင်တိုက်ခိုက်ခဲ့ရာကနေစတင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ရေအောက်ထဲကနေအဲ့သလိုမျိုးတိုက်ခိုက်ခဲ့တဲ့ရေနွေးငွေ့စွမ်းအင်သုံးရေငုပ်သင်္ဘောလေးဟာနောင်တစ်ချိန်မှာတော့အလွန်ကြီးမားပြီးအစွမ်းထက်လွန်းတဲ့အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောကြီးတွေရဲ့ရှေ့ပြေးဖြစ်နေခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။အဲ့လိုမျိုးရေနွေးငွေ့တွေ၊လူအင်အားတွေသုံးရတဲ့ရှေ့ပြေးရေငုပ်သင်္ဘောတွေဟာအားနည်းချက်ကိုယ်စီတွေရှိနေခဲ့ပြီးလုပ်ငန်းမတွင်ကျယ်ခဲ့ပေမယ့်လည်းလျှပ်စစ်စွမ်းအင်နဲ့လောင်စာဆီစွမ်းအင်တွေကိုအသုံးပြုကြတဲ့ရေငုပ်သင်္ဘောတွေကတော့ရေထဲကိုလက်တွေ့ကျကျအစွမ်းကုန်ငုပ်နိုင်ကြပြီးအောင်မြင်မှုတွေလည်းအတန်အသင့်ရရှိလာခဲ့ကြပါတော့တယ်။၁၈၈၆ခုနှစ်မှာဆော့စပိန်ကအိုင်းဆက်ပီရလ်(Isaac Peral)ဆိုသူကလျှပ်စစ်စွမ်းအားသုံးရေငုပ်သင်္ဘောတစ်စီးကိုတည်ဆောက်ခဲ့ပါတယ်။အဲ့ဒီ့နှစ်မှာပဲရုရှားတွေကလည်းတော်ပီဒို၄လုံးတပ်ဆင်ထားတဲ့ရေငုပ်သင်္ဘောတစ်စင်းကိုတည်ဆောက်ခဲ့ကြပြန်ပါတယ်။၁၈၉၅ခုနှစ်အရောက်မှာတော့အမေရိကန်နိုင်ငံကဂျွန်ဟော်လန်(John Holland)ဆိုသူကပလန်ဂါ(Plunger)လို့အအမည်ရတဲ့သေးသွယ်ရှည်လျားတဲ့ရေငုပ်သင်္ဘောကိုတည်ဆောက်ခဲ့ပါတယ်။ဒီရေငုပ်သင်္ဘောဟာရေပြင်မျက်နှာပြင်ပေါ်မှာသွားလာနေတဲ့အခါမှာတော့အင်ဂျင်စက်ကိုအသုံးပြုပြီးဒိုင်နမိုကတစ်ဆင့်ဘက်ထရီအိုးတွေကိုလျှပ်စစ်ဓာတ်အားသွင်းပေးထားနိုင်ပါတယ်။ရေငုပ်တဲ့အခါမှာတော့ဘက်ထရီအိုးကဓာတ်အားကိုမော်တာကိုလည်စေဖို့အသုံးပြုပါတယ်။ပထမကမ္ဘာစစ်အတွင်းမှာဂျာမန်တို့ရဲ့ယူဘုတ်(U-Boat)ရေငုပ်သင်္ဘောတွေဟာရန်သူရဲ့ကုန်တင်စစ်ရေယာဉ်တွေကိုကြားဖြတ်ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိခဲ့သလိုရန်သူရဲ့တိုက်သင်္ဘောတွေကိုလည်းနည်းဗျူဟာအရအသာစီးရယူကာတိုက်ခိုက်နိုင်စွမ်းရှိကြောင်းပြသနိုင်ခဲ့ကြပါတယ်။၁၉၁၄ခုနှစ်၊သြဂုတ်လ၈ရက်နေ့မှာတော့ဂျာမန်တို့ရဲ့U-15ရေငုပ်သင်္ဘောကဗြိတိသျှတိုက်သင်္ဘောHMS.Monarchကိုတော်ပီဒိုနဲ့ပစ်ခတ်ခဲ့ရာမှာထိမှန်မှုမရှိပဲလွဲချော်သွားခဲ့သော်လည်းဒီလိုတိုက်ခိုက်မှုဖြစ်စဉ်ဟာပထမဆုံးအကြိမ်သူ့အလိုအလျောက်သွားနိုင်တဲ့တော်ပီဒိုနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။(အရင်ကတော်ပီဒိုတွေကကိုယ်တိုက်ခိုက်ချင်တဲ့နေရာမှာသွားကပ်ပြီးမှအဝေးကိုပြန်ထွက်ပြေးပြီးဖောက်ခွဲရတာဆိုတော့အန္တရာယ်စက်ကွင်းထဲကနေမလွတ်တာကများနေပါတယ်၊အခုလိုသူ့အလိုအလျောက်သွားနိုင်တဲ့တော်ပီဒိုနဲ့အဝေးကနေလှမ်းပစ်လို့ရတဲ့အတွက်ရေငုပ်သင်္ဘောကအန္တရာယ်ဇုန်ရဲ့အပြင်ဘက်ကနေလှမ်းပစ်ထုတ်လိုက်ရုံပါပဲ)။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဂျာမန်တွေဟာအခုဖြစ်စဉ်ကိုသင်ခန်းစာယူပြီးတော့အတွေ့အကြုံအရရေငုပ်သင်္ဘောတွေကိုအုပ်စုအနေနဲ့စုဖွဲ့ပြီးဝံပုလွေအုပ်စုတွေကသားကောင်ကိုလိုက်တဲ့နည်းဗျူဟာမျိုးကိုသုံးကာမြောက်အတ္တလန္တိတ်သမုဒ္ဒရာဒေသမှာဗြိတိသျှသင်္ဘောအုပ်စုတွေကိုတိုက်ခိုက်ဖို့အာရုံစူးစိုက်ပြီးဆောင်ရွက်ခဲ့ကြပါတယ်။ဒါပေမယ့်အလန်တူရင်(Alan Turing)ရဲ့ကောင်းမှုကြောင့်မဟာမိတ်ရေတပ်များဟာဂျာမန်တို့ရဲ့ကြိုးမဲ့ကြေးနန်းပေးပို့ရာမှာအသုံးပြုတဲ့ဝှက်စာတွေကိုကြားဖြတ်ဖော်ထုတ်နိုင်ခဲ့တဲ့တာကြောင့်အန္တရာယ်ကနေရှောင်တိမ်းနိုင်ခဲ့ကြတယ်။အမေရိကန်ရေတပ်ကတော့ပစိဖိတ်သမုဒ္ဒရာဒေသမှာရေငုပ်သင်္ဘောတွေသုံးကာထိရောက်တဲ့ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ပြီးဂျပန်တို့ရဲ့ကုန်သွယ်ရေကြောင်းသင်္ဘောတွေနဲ့စစ်သင်္ဘောတွေကိုတိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။စစ်ပြီးခေတ်နောက်ပိုင်းကိုရောက်လာတဲ့အခါမှာတော့ရေငုပ်သင်္ဘောတွေကိုအဏုမြူစွမ်းအင်နဲ့လည်ပတ်စေခဲ့ကြပါတော့တယ်။အဲ့လိုမျိုးအဏုမြူစွမ်းအင်အသုံးပြုတဲ့ရေငုပ်သင်္ဘောတွေဟာ၁၀စုနှစ်များစွာကြာတဲ့အထိလောင်စာမကုန်ခမ်းနိုင်တာကြောင့်ရေအောက်ထဲမှာအချိန်အတိုင်းအဆမရှိငုပ်လျှိုးနေနိုင်စွမ်းရှိကြပါတယ်။အမေရိကန်နိုင်ငံရဲ့ပထမဆုံးအဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောကတော့USS.Nautilusသင်္ဘောဖြစ်ပြီး၁၉၅၄ခုနှစ်မှာရေချကာရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာရေအောက်ကိုမီတာ၂၀ဝကျော်(ပေ၆၀၀ကျော်)အထိငုပ်လျှိုးနိုင်စွမ်းရှိပါတယ်။၁၉၅၉ခုနှစ်မှာတော့USS.GeorgeWashingtonသင်္ဘောကိုရေချလိုက်တဲ့အချိန်မှာတော့အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့လက်နက်ဆန်းကြီးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒီရေငုပ်သင်္ဘောမှာနျူကလီးယားထိပ်ဖူးတပ်ပဲ့ထိန်းဒုံးကျည်တွေတပ်ဆင်ထားရှိပြီးဒီဒုံးကျည်တွေကိုရေအောက်ငုပ်လျှိုးနေရာကနေတောင်အပေါ်ကိုပစ်ထုတ်လိုက်နိုင်စွမ်းရှိကြပါတယ်။၁၉၈၂ခုနှစ်မေလ၂ရက်နေ့မှာတော့ဖောက်ကလန်ကျွန်းကမ်းလွန်ပင်လယ်ပြင်မှာဗြိတိသျှတို့ရဲ့ရေငုပ်သင်္ဘောဖြစ်တဲ့”HMS.Conquerer”သင်္ဘောကအာဂျင်တီးနားရေတပ်ရဲ့ခရူရှာတိုက်ရေယာဉ်ကြီးတစ်စင်းဖြစ်တဲ့”GeneralBelgrano”သင်္ဘောကိုတော်ပီဒိုနဲ့ပစ်ခတ်ကာနှစ်မြုပ်နိုင်ခဲ့ပါတယ်။ရေငုပ်သင်္ဘောတွေကိုရှာဖွေချေမှုန်းနိုင်တဲ့နည်းပညာတွေရှိနေပေမယ့်လည်းရေငုပ်သင်္ဘောတွေဟာသူတို့ရဲ့လျှို့ဝှက်စွာစစ်ဆင်လှုပ်ရှားနိုင်စွမ်းရှိမှုတွေကြောင့်ယနေ့ထက်တိုင်တန်ခိုးထွားနေကြဆဲပင်ဖြစ်ပါတော့တယ်။ယနေ့ခေတ်မှာတော့ရေငုပ်သင်္ဘောတွေကိုအပေိာ်စီးအပန်းဖြေဇိမ်ခံသင်္ဘောတွေအဖြစ်ပါအသုံးပြုလာကြပြီလည်းဖြစ်ပါတယ်။💢လက်ရှိမှာတော့ကျွန်တော်တို့ရဲ့မြန်မာ့တပ်မတော်ကြီးဟာလည်းရေငုပ်သင်္ဘောစတင်တီထွင်ခဲ့ချိန်ကနေဆိုရင်နှစ်ပေါင်း၂၅၀လောက်ကြာမြင့်ပြီးချိန်မှာတော့တစ်ပတ်ရစ်ရေငုပ်သင်္ဘောလေးတစ်စင်းကိုပထမဆုံးအကြိမ်ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တာကြောင့်အလွန်တရာမှကိုဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောရင်းနဲ့ပဲနိဂုံးချုပ်ပါရစေခင်ဗျာ။အဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲကောင်းသောညလေးဖြစ်ကြပါစေခင်ဗျာ💢

Zawgyiေရငုပ္သေဘၤာေတြရဲ့သမိုင္းေၾကာင္း(⚓)=======================ပင္လယ္သမုဒၵရာေအာက္ကိုေလွသေဘၤာေတြနဲ႔ဆင္းသက္ခဲ့တယ္ဆိုတဲ့ဇာတ္လမ္းေတြဟာဘီစီ-၃၃၂ေလာက္ကတည္းကစတင္ခဲ့ၾကေပမယ့္ေအဒီ-၁၆၇၈ခုႏွစ္ေလာက္ကိုေရာက္ရွိတဲ့အခါက်မွခိုင္မာတိက်တဲ့အေထာက္အထားမွတ္တမ္းေတြကိုစတင္ေတြ႕ရွိရပါတယ္။၁၇၇၅ခုႏွစ္မတိုင္ခင္ႏွစ္ေပါင္း၂၀၀ေလာက္အတြင္းမွာေရငုပ္သေဘၤာတီထြင္မွုေပါင္း၁၇ခုရွိခဲ့ပါတယ္။ဒါေပမယ့္တစ္ခုမွေကာင္းေကာင္းမြန္မြန္ေအာင္ျမင္ခဲ့ျခင္းေတာ့မရွိပါဘူး။၁၈ရာစုကုန္ခါနီးေလာက္က်မွပဲအမွန္တကယ္လက္ေတြ႕လုပ္ေဆာင္နိုင္တဲ့ပုံစံေတြေပၚထြက္လာခဲ့ပါတယ္။ေဒးဗစ္ဘြတ္ရွ္နဲလ္(David Bushnell)အမည္ရတဲ့အေမရိကန္ေက်ာင္းသားတစ္ေယာက္ဟာေရေအာက္မွာေဖာက္ခြဲနိုင္တဲ့နည္းလမ္းတစ္ခုကိုရွာေဖြေတြ႕ရွိခဲ့ပါတယ္။အဲ့လိုမ်ိဳးသူေတြ႕ရွိေသာအခ်ိန္မွာအေမရိကန္ေတြကၿဗိတိသၽွတို့ကိုတိုက္ခိုက္ေနရတဲ့အေမရိကန္လြတ္လပ္ေရးစစ္ပြဲကာလ(၁၇၇၅-၈၃)ျဖစ္ပါတယ္။ဒီအခ်ိန္မွာဘြတ္ရွ္နဲလ္အေနနဲ႔သူတီထြင္ထားတဲ့ဗုံးေတြကိုသယ္ေဆာင္သြားနိုင္မယ့္ေရေအာက္မွာေမာင္းနိုင္တဲ့ေရယာဥ္တစ္စင္းကိုလိုအပ္လ်က္ရွိေနပါတယ္။ဒါေၾကာင့္ဘြတ္ရွ္နဲလ္ဟာအဆိုပါသေဘၤာမ်ိဳးကိုတီထြင္တည္ေဆာက္ဖို့ဆုံးျဖတ္လိုက္ပါေတာ့တယ္။ဘြတ္ရွ္နဲလ္ရဲ့အဆိုပါတီထြင္မွုကေနရရွိလာတဲ့ေရငုပ္နိုင္တဲ့ေရယာဥ္ကိုေတာ့ပင္လယ္လိပ္(Bushnell’s Turtle)လို့အမည္ေပးခဲ့ပါတယ္။ပင္လယ္လိပ္(Bushnell’s Turtle)ဟာေဇာက္(ေစာက္)အနက္-၇ေပရွိၿပီးအက်ယ္-၅ေပခြဲရွိတဲ့သစ္သားလုံးႀကီးတစ္လုံးပဲျဖစ္ပါတယ္။”ပင္လယ္လိပ္”(Bushnell’s Turtle)လို့အမည္တြင္ရျခင္းကေတာ့ဒီသေဘၤာဟာပုံသ႑ာန္အားျဖင့္လိပ္ေက်ာခုံးႏွစ္ခုကိုဆက္စပ္ထားတဲ့ပုံစံနဲ႔တူေနတာေၾကာင့္ျဖစ္ပါတယ္။၎ေရငုပ္သေဘၤာမွာေရလုံတံခါးတစ္ခုနဲ႔မွန္ျပဴတင္းေပါက္ကေလးသုံးခုပါရွိပါတယ္။အထဲမွာေတာ့လူတစ္ေယာက္သာလိုက္ပါနိုင္ၿပီး၎ရဲ့အလုပ္တာဝန္ေတြကေတာ့မ်ားျပားလြန္းလွပါတယ္။ေရေအာက္ကိုနစ္ျမႇုပ္သြားေစဖို့အတြက္ေရေလွာင္ကန္အဆို့ကိုေျခေထာက္နဲ႔တြန္းဖြင့္ရၿပီးေရေပၚကိုျပန္ေပၚလာေစဖို့အတြက္ေရေလွာင္ကန္ထဲကေရေတြကိုလက္ဆြဲေရစုပ္စက္နဲ႔စုပ္ထုတ္ပစ္ရပါတယ္။ေရွ႕သို့သြားေစဖို့အတြက္ေတာ့ပန္ကာကိုလည္ေစမယ့္လက္ကိုင္တစ္ခုကိုလွည့္ေပးေနရၿပီးတစ္ခ်ိန္တည္းမွာပဲကိုယ္လိုရာကိုေရာက္ေစနိုင္ဖို့အတြက္တက္မကိုလည္းထိန္းကိုင္ေပးထားရပါေသးတယ္။ဒီေနာက္မွန္ျပဴတင္းေပါက္ကေလးေတြကေနပတ္ဝန္းက်င္ကိုတစ္ခ်ိန္လုံးမ်က္ေျခမျပတ္ၾကည့္ရွုေနရပါေသးတယ္။ေရျမႇုပ္ဗုံးကိုပင္လယ္လိပ္သေဘၤာ(Bushnell’s Turtle)ရဲ့ေနာက္ပိုင္းမွာခ်ည္ထားၿပီးမိနစ္၃၀ၾကာတဲ့စနက္တံတစ္ခုနဲ႔ရန္သူသေဘၤာရဲ့ကိုယ္ထည္တြင္ထိုးစိုက္ထားနိုင္မယ့္သံခၽြန္တစ္ခုတို့ပါရွိပါတယ္။ေနာက္ပိုင္းမွာေတာ့ေအာင္ျမင္မွုမရျခင္း၊အစိုးရအကူအညီနဲ႔ေငြေရးေၾကးေရးအေျခအေနနည္းပါးျခင္းေတြေၾကာင့္ေဒးဗစ္ဘြတ္ရွ္နဲလ္အေနနဲ႔သူ႔ရဲ့စမ္းသပ္မွုေတြကိုေနာက္ဆုံးမွာလက္ေလၽွာ့လိုက္ရပါေတာ့တယ္။‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ေဒးဗစ္ဘြရွ္နဲလ္ရဲ့ေရငုပ္သေဘၤာေတြကိုဆက္မလုပ္ေတာ့တဲ့ေနာက္ပိုင္းႏွစ္၂၀ဆယ္ေလာက္ၾကာတဲ့အခါမွာေတာ့ေနာက္ထပ္အေမရိကန္လူမ်ိဳးအင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ေရာဘတ္ဖူလ္တန္(Robert Fulton)ဆိုသူကေရငုပ္သေဘၤာပုံစံသစ္တစ္ခုကိုတီထြင္ျပန္ပါတယ္။အေမရိကန္လြတ္လပ္ေရးစစ္ပြဲႀကီးၿပီးဆုံးသြားၿပီျဖစ္လို့အေမရိကန္လူမ်ိဳးေတြကေတာ့ေရငူပ္သေဘၤာေတြကိုစိတ္မဝင္စားၾကေတာ့တာေၾကာင့္ဖူလ္တန္ဟာသူ၏ပုံစံကိုဥေရာပတိုက္မွာေရာင္းခ်ဖို့ႀကိဳးစားခဲ့ပါတယ္။၁၈၀၀ျပည့္ႏွစ္မွာေတာ့ျပင္သစ္နိုင္ငံကိုအုပ္စိုးလ်က္ရွိတဲ့နပိုလီယံဘိုနာပတ္(Napoleon Bonaparte)ကဖူလတန္ရဲ့စိတ္ကူးကိုစိတ္ဝင္စားတာေၾကာင့္”ေနာ့တီးလပ္စ္”(Nautilus)အမည္ရတဲ့ေရငုပ္သေဘၤာတစ္စင္းတည္ေဆာက္ဖို့အတြက္ဖူလတန္ကိုေငြေၾကးလုံေလာက္စြာေထာက္ပံ့ခဲ့ပါတယ္။ေနာ့တီးလပ္ရဲ့ကိုယ္ထည္ဟာေဆးျပင္းလိပ္ပုံသ႑ာန္ျဖစ္ၿပီးေတာ့အလ်ား-၂၃ေပ၄လက္မနဲ႔အက်ယ္-၅ေပရွိကာသေဘၤာသား၃ဦးလိုက္ပါနိုင္မွာျဖစ္ပါတယ္။ကိုယ္ထည္ဖရိန္ကိုသံနဲ႔ျပဳလုပ္ထားၿပီးသံေခ်းမတက္ေအာင္အျပင္ကေနေၾကးနီျပားအုပ္ထားကာေရေအာက္ေပ၂ဝအထိငုပ္လၽွိုးနိုင္စြမ္းရွိပါတယ္။ဦးပိုင္းမွာေတာ့လူဝင္ေပါက္အျဖစ္လည္းအသုံးျပဳရတဲ့ေပါင္းမိုးခုံးႀကီးတစ္ခုရွိၿပီးအဆိုပါေပါင္းမိုးမွာပတ္ဝန္းက်င္ကိုၾကည့္ရွုနိုင္ေသာမွန္ျပဴတင္းေပါက္တစ္ခုရွိသည္။ယေန႔ေခတ္ေရငုပ္သေဘၤာေတြေပၚကအုပ္ေဆာင္းပုံေမၽွာ္စင္နဲ႔ခပ္ဆင္ဆင္ပဲျဖစ္ပါတယ္။ဒါ့အျပင္ဖူလ္တန္ဟာေနာ့တီးလပ္ကိုေရေပၚယာဥ္တစ္စီးပုံစံ႐ုပ္ဖ်က္တဲ့အေနနဲ႔ရြက္တိုင္တစ္ခုနဲ႔ရြက္ငယ္တစ္ခုပါတပ္ဆင္ထားခဲ့ပါတယ္။၁၈၀၁ခုႏွစ္မွာစိန္႔ျမစ္အတြင္းပထမဆုံးအႀကိမ္စမ္းသပ္ခုတ္ေမာင္းခဲ့ၿပီးနပိုလီယံကစိတ္ဝင္စားစြာၾကည့္ရွုခဲ့ပါတယ္။ဖူလတန္နဲ႔အေဖာ္ႏွစ္ေယာက္တို့ဟာသိုေလွာင္ကန္ကိုအေလးခ်ိန္ျပည့္ေအာင္ေရျဖည့္ၿပီးေနာက္ေရေအာက္၂၅ေပအနက္အထိငုပ္ဆင္းသြားၾကပါေတာ့တယ္။သူတို့ဟာအဲ့ဒီ့ေရအနက္မွာမိနစ္၂၀ေလာက္ေနၾကၿပီးအားေကာင္းေသာေရစီးေၾကာင္းက၎တို့ကိုပင္လယ္ဘက္သို့တျဖည္းျဖည္းခ်င္းဆြဲယူသြားလ်က္ရွိပါတယ္။ဒီ့ေနာက္မွာေတာ့၎တို့ဟာေရေပၚကိုျပန္တက္လာၿပီးတစ္နာရီကိုေရမိုင္၂၀ႏွုန္းနဲ႔ခုတ္ေမာင္းၿပီးျပန္လာခဲ့ၾကပါတယ္။ဒီေတာ့နပိုလီယံကေနာ့တီးလပ္စ္သေဘၤာပင္လယ္ေရေအာက္မွာၾကာၾကာခုတ္ေမာင္းတာကိုျမင္ေတြ႕ခ်င္တာေၾကာင့္ျပဴတင္းေပါက္မွန္ထူထူမ်ားတပ္ဆင္နိုင္ရန္ေထာက္ပံ့ေၾကးေငြအနည္းငယ္ထပ္ေပးခဲ့ပါတယ္။ဒါမွပဲအလင္းေရာင္အတြက္ဖေယာင္းတိုင္ေတြမထြန္းရေတာ့ပဲတန္ဖိုးရွိတဲ့ေအာက္စီဂ်င္ဓာတ္ပိုမိုလုံေလာက္လာမွာျဖစ္ပါတယ္။တစ္ခ်ိန္တည္းမွာပဲဓာတ္ေငြ႕ေတြကိုဖိသိပ္ထည့္သြင္းထားနိုင္တဲ့ေလသိုေလွာင္ကန္တစ္ခုကိုလည္းတပ္ဆင္လိုက္တာေၾကာင့္သေဘၤာဟာေရေအာက္ထဲမွာ၄နာရီေလာက္ၾကာေအာင္ငုပ္လၽွိုးေနနိုင္စြမ္းရွိလာပါေတာ့တယ္။ေရာဘတ္ဖူလ္တန္ဟာဘြတ္ရွ္နဲလ္ျပဳလုပ္ခဲ့တဲ့ေရျမႇုပ္ဗုံးနဲ႔ခပ္ဆင္ဆင္တူတဲ့ဗုံးအသစ္တစ္မ်ိဳးကိုလည္းတီထြင္ျပဳလုပ္ခဲ့ၿပီးဒီဗုံးအမ်ိဳးအစားကိုေတာ့”ေတာ္ပီဒို”(Torpedo)လို့၎ကေခၚေဝၚခဲ့ပါတယ္။အၿမီးခပ္သြယ္သြယ္၊ကိုယ္ထည္လုံးလုံးရွိတဲ့ရန္သူကိုလၽွပ္စစ္ဓာတ္လိုက္ေစတတ္တဲ့ငါးလိပ္ေက်ာက္တစ္မ်ိဳးရဲ့အမည္ကိုအစြဲျပဳကာမွည့္ေခၚထားျခင္းပဲျဖစ္ပါတယ္။ဖူလတန္ရဲ့ပစ္မွတ္ကေတာ့ကမ္းေျခနဲ႔ခပ္လွမ္းလွမ္းမွာေက်ာက္ခ်ထားတဲ့သေဘၤာေဟာင္းႀကီးတစ္စီးပဲျဖစ္ပါတယ္။ေနာ့တီးလပ္စ္သေဘၤာဟာအဲ့ဒီ့သေဘၤာေဟာင္းႀကီးအနီးကိုခ်ဥ္းကပ္သြားကာေရေအာက္ကိုငုပ္ဝင္လိုက္ၿပီးပစ္မွတ္သေဘၤာမွာေတာ္ပီဒိုဗုံးကိုတပ္ဆင္ထားခဲ့လိုက္ပါတယ္။ဒီ့ေနာက္မွာေတာ့သူတို့တပ္ဆင္ထားခဲ့တဲ့ေတာ္ပီဒိုဗုံးဟာေအာင္ျမင္စြာေပါက္ကြဲသြားခဲ့ၿပီးသေဘၤာႀကီးတစ္စင္းလုံးလည္းအစိတ္စိတ္အႁမြာႁမြာျဖစ္သြားခဲ့ပါေတာ့တယ္။ဒီလက္နက္အမ်ိဳးအစားဟာၿဗိတိသၽွေရတပ္မေတာ္ကိုတိုက္ခိုက္ဖို့အေကာင္းဆုံးလက္နက္ပဲျဖစ္တာေၾကာင့္နပိုလီယံအေနနဲ႔ဒီသေဘၤာကိုအထူးပဲစိတ္ဝင္စားသြားခဲ့ပါေတာ့တယ္။ျပင္သစ္ကသိပၸံပညာရွင္အမ်ားအျပားကလည္းနပိုလီယံရဲ့ဆႏၵကိုသေဘာတူညီၾကၿပီးအမွန္တကယ္အသုံးျပဳနိုင္တဲ့ေရငုပ္သေဘၤာႀကီးတစ္စင္းတည္ေဆာက္နိုင္ရန္ဖူလတန္ကိုေငြေၾကးအလုံအေလာက္ေထာက္ပံ့ဖို့လည္းသေဘာတူညီခဲ့ၾကပါတယ္။ဒါေပမယ့္လည္းနပိုလီယံရဲ့ေရတပ္ဗိုလ္ခ်ဳပ္ႀကီးေတြတခ်ိဳ့ကေတာ့ဒီကိစၥကိုသိပ္ၿပီးစိတ္ပါဝင္စားျခင္းမရွိခဲ့ၾကပါဘူး။အေၾကာင္းကတာ့ဒါမ်ိဳးလက္နက္ဟာစစ္ရဲ့က်င့္ဝတ္နဲ႔မညီညြတ္ပဲလူတစ္ေယာက္ရဲ့ေနာက္ေက်ာကိုေသနတ္နဲ႔ပစ္တဲ့သေဘာသာျဖစ္တာေၾကာင့္သူရဲေဘာေၾကာင္ရာက်တယ္လို့သူတို့ကယူဆေနၾကလို့ျဖစ္ပါတယ္။ဗိုလ္ခ်ဳပ္ႀကီးေတြဒီကိစၥနဲ႔ပတ္သက္ၿပီးအျငင္းအခုံလုပ္ေနၾကစဥ္ကာလေတြမွာပဲဖူလ္တန္ဟာ​ေနာ့တီးလပ္စ္သေဘၤာရဲ့စြမ္းေဆာင္ရည္ကိုစမ္းသပ္တဲ့အေနနဲ႔ၿဗိတိသၽွေရတပ္မေတာ္ကသေဘၤာေတြကိုတိုက္ခိုက္ဖို့အားထုတ္ႀကံစည္ေနခဲ့ပါေတာ့တယ္။ေနာ့တီးလပ္စပ္သေဘၤာဟာညအေမွာင္ကိုအကာအကြယ္ယူၿပီးရန္သူ​ၿဗိတိသၽွသေဘၤာေတြအနီးကိုႏွစ္ႀကိမ္တိုင္တိုင္ခ်ဥ္ကပ္ခဲ့ေပမယ့္ေနာ့တီးလပ္စ္သေဘၤာရဲ့ေရေအာက္မွာသြားတဲ့အျမန္ႏွုန္းဟာေႏွးေကြးလွတာေၾကာင့္တိုက္ခိုက္နိုင္တဲ့အကြာအေဝးကိုမေရာက္ရွိခင္မွာတင္ရန္သူသေဘၤာေတြကအေဝးကိုထြက္ခြာသြားၾကႏွင့္ၿပီးျဖစ္ေနပါေတာ့တယ္။ေနာက္ဆုံးမွာေတာ့နပိုလီယံကဖူလ္တန္ရဲ့တီထြင္မွုကိုဆက္လက္ေထာက္ပံ့ျခင္းမျပဳလုပ္ေတာ့ဖို့ဆုံးျဖတ္လိုက္ပါေတာ့တယ္။ဒီအခ်ိန္မွာေနာ့တီးလပ္စ္သေဘၤာရဲ့သက္တမ္းဟာလည္း၁ႏွစ္ေက်ာ္ေနၿပီျဖစ္တာေၾကာင့္ဆားငန္ရည္ေတြစားၿပီးေရေတြစိမ့္ဝင္လၽွက္ရွိေတာ့သည္။ေနာက္ဆုံးမွာေတာ့ဖူလ္တန္ဟာလည္းသူ႔ရဲ့ေရငုပ္သေဘၤာကိုတစ္စစီဖ်က္ကာသံတိုသံစေတြအျဖစ္ေရာင္းစားလိုက္ပါေတာ့တယ္တယ္။‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ေနာက္ထပ္ႏွစ္ေပါင္း၆၀ေလာက္အၾကာအေမရိကန္ျပည္တြင္းစစ္ျဖစ္ပြားေနခ်ိန္အခါမွာေတာ့ေရေအာက္သေဘၤာစိတ္ကူးကတဖန္ျပန္လည္ေပၚေပါက္လာျပန္ပါေတာ့တယ္။ေျမာက္ပိုင္းကျပည္ေထာင္စုတပ္ဖြဲ႕(Union)ေတြဟာအစစအရာရာျပည့္စုံလ်က္ရွိကာအထူးသျဖင့္ပင္လယ္ျပင္မွာျဖစ္ပါတယ္။ေတာင္ပိုင္းကျပည္နယ္တခ်ိဳ့စုေပါင္းဖြဲ႕စည္းထားတဲ့ညြန္႔ေပါင္းတပ္ဖြဲ႕(Confederate)ေတြကေတာ့လက္နက္ဝယ္ဖို့ေငြေၾကးမလုံေလာက္ျဖစ္ေနၾကပါတယ္။ဒီေတာ့ညြန္႔ေပါင္းတပ္ဖြဲ႕ဟာေငြေၾကးအလုံအေလာက္ရရွိနိုင္ရန္အတြက္ဆိပ္ကမ္းမွာစုပုံေနတဲ့ဝါဂြမ္းေတြကိုသေဘၤာေတြနဲ႔အျမန္ဆုံးတင္ပို့နိုင္ဖို့လိုအပ္ေနၾကပါတယ္။ျပည္ေထာင္စုသေဘၤာေတြကဆိပ္ကမ္းတိုင္းမွာေစာင့္ၾကပ္လ်က္ရွိၿပီးထြက္ခြာသြားတဲ့ဝါဂြမ္းသေဘၤာေတြကိုလည္းတိုက္ခိုက္ၾက​ပါတယ္။ဝင္ေရာက္လာတဲ့လက္နက္သေဘၤာေတြကိုလည္းတိုက္ခိုက္ၾကပါတယ္။ဒါေၾကာင့္ေတာင္ပိုင္းညြန္႔ေပါင္းတပ္ဖြဲ႕ဟာ၎တို့တည္တံ့ေရးအတြက္ပိတ္ဆို့ထားၾကတဲ့ရန္သူသေဘၤာမ်ားကိုတိုက္ခိုက္ရွင္းလင္းပစ္ဖို့လိုအပ္လာပါေတာ့တယ္။ဒီေတာ့အဲ့သလိုရွင္းလင္းတိုက္ခိုက္နိုင္ဖို့အတြက္ျဖစ္နိုင္တဲ့နည္းလမ္းအားလုံးကိုႀကံဆအားထုတ္ၾကပါေတာ့တယ္။၁၈၆၄ခုႏွစ္မွာေတာ့သီအိုေဒါစတန္နီ(Theodore Stoney)အမည္ရွိတီထြင္သူတစ္ဦးဟာစစ္သေဘၤာအေဟာင္းတစ္စင္းရဲ့အေပၚပိုင္းကိုေရျပင္ညီေလာက္အထိျဖတ္ပစ္လိုက္ၿပီးအေပၚကေနသံျပားေတြနဲ႔ျပန္လည္ပိတ္မိုးကာအလုံပိတ္လိုက္ပါတယ္။ဒီ့ေနာက္မွာေတာ့ဒလက္၂ခုပါရွိတဲ့ပန္ကာကိုေရေႏြးေငြ႕အင္ဂ်င္အေသးေလးတစ္လုံးနဲ႔တြဲစပ္တပ္ဆင္လိုက္ပါတယ္။ေရေႏြးေငြ႕အင္ဂ်င္နဲ႔အလုပ္လုပ္တာျဖစ္တာေၾကာင့္ေရေႏြးေငြ႕ေတြကိုပိုက္တစ္ခုနဲ႔အျပင္ကိုထုတ္ပစ္ဖို့လိုတာေၾကာင့္ဒီသေဘၤာဟာေရေအာက္ကိုတစ္စင္းလုံးငုပ္လၽွိုးနိုင္စြမ္းမရွိခဲ့ပါဘူး။သူ႔ရဲ့အဆိုပါသေဘၤာကိုေတာ့ေဒးဗစ္(David)လို့အမည္ေပးထားခဲ့ပါတယ္။သေဘၤာတစ္စီးနဲ႔နည္းနည္းေလးေတာင္မတူတဲ့ေဒးဗစ္သေဘၤာဟာခ်ာလတ္စ္တန္ၿမိဳ့အနီးမွာဆိုက္ကပ္ထားတဲ့ျပည္ေထာင္စုသေဘၤာႀကီး​USSNewIronsidesကိုတိုက္ခိုက္ဖို့ထြက္ခြာသြားခ်ိန္မွာေတာ့တစ္ဝက္တျပတ္ေပၚေနခဲ့တဲ့ေဒးဗစ္သေဘၤာကိုNewIronsidesသေဘၤာေပၚကသေဘၤာသားတစ္ဦးကေတြ႕ျမင္သြားခဲ့ၿပီးပစ္ခတ္တိုက္ခိုက္ၾကပါေတာ့တယ္။ဒါေပမယ့္လည္းေဒးဗစ္သေဘၤာဟာNewIronsidesသေဘၤာကို၎မွာပါတဲ့ေတာ္ပီဒိုနဲ႔ထိုးစိုက္တိုက္ခိုက္ခြင့္ရရွိသြားခဲ့ၿပီးNewIronsidesသေဘၤာႀကီးကိုအေတာ္ႀကီးေလးထိခိုက္ပ်က္စီးသြားေစခဲ့ပါတယ္။ေပါက္ကြဲမွုအရွိန္​ေၾကာင့္ေဒးဗစ္သေဘၤာဟာလည္းအလားတူပ်က္စီးထိခိုက္ရသည္။ဒီလိုတိုက္ခိုက္ခံလိုက္ရမွုေၾကာင့္ျပည္ေထာင္စုတပ္ဖြဲ႕ေတြဟာအလြန္အမင္းပဲတုန္လွုပ္ေျခာက္ျခားကုန္ၾကပါေတာ့တယ္။USSNewIronsidesသေဘၤာႀကီးနစ္ျမႇုပ္မသြားခဲ့ေပမယ့္လည္း႐ုတ္တရက္တိုက္ခိုက္ခံလိုက္ၾကရတဲ့အျဖစ္ကိုအလြန္ပဲစိုးရိမ္ေၾကာင့္ၾကေနခဲ့ၾကျခင္းျဖစ္ပါတယ္။ထူးဆန္းတဲ့ဒီသေဘၤာဟာဘယ္အခ်ိန္၊ဘယ္ေနရာကေနထပ္မံတိုက္ခိုက္လာဦးမလဲဆိုတာမသိတာေၾကာင့္အေစာင့္ကင္းတပ္ဖြဲ႕ေတြကိုႏွစ္ဆတို့ခ်ထားခဲ့ၿပီး၎တို့ရဲ့စစ္သေဘၤာေတြကိုအခ်ိန္မေရြးထြက္ခြာနိုင္ေစဖို့အသင့္ျပင္ဆင္ထားၾကပါေတာ့တယ္။အမွန္တကယ္လည္းေတာင္ပိုင္းညြန္႔ေပါင္းတပ္ဖြဲ႕ေတြဟာေဒးဗစ္သေဘၤာပုံစံသေဘၤာေတြကိုထပ္မံတည္ေဆာက္ၿပီးအလစ္မွညဝင္ေရာက္တိုက္ခိုက္နိုင္ဖို့ႀကိဳးစားခဲ့ၾကပါတာ္။ဒါေပမယ့္လည္းသတိဝီရိယႀကီးစြာေစာင့္ၾကည့္ေနၾကတဲ့ျပည္ေထာင္စုတပ္ဖြဲ႕ေရတပ္သားေတြဟာေရေပၚမွာထိုးထြက္ေနတဲ့ေရေႏြးေငြ႕ေခါင္းတိုင္ေတြကိုေတြ႕ရွိသြားၾကတာေတြေၾကာင့္ဝင္ေရာက္တိုက္ခိုက္ဖို့အခြင့္မသာပဲရွိေနခဲ့ၾကပါေတာ့တယ္။အဲ့ေတာ့သည့္ထက္ပိုေကာင္းမြန္တဲ့ေရငုပ္သေဘၤာမ်ိဳးကိုလိုအပ္လာခဲ့တာေၾကာင့္အင္ဂ်င္မပါတဲ့”ဟန္လီ”(Hunley)ဆိုတဲ့ေရငုပ္သေဘၤာကိုထပ္မံတည္ေဆာက္ၾကပါေတာ့တယ္။ဒီသေဘၤာမွာသေဘၤာသား၉ေယာက္ေလာက္လိုက္ပါနိုင္ၿပီးသေဘၤာသား၈ေယာက္ကပန္ကာလည္ေစမယ့္ဝင္ရိုးရွည္ႀကီးကိုလက္နဲ႔လွည့္ၾကရမွာျဖစ္ၿပီးကပၸတိန္ကေတာ့ပဲ့ထိန္းလက္ကိုင္ဘီးကိုကိုင္တြယ္ထိမ္းခ်ဳပ္ေနရမွာျဖစ္ပါတယ္။ဒီလိုပဲ့ကိုင္ေနရတဲ့တစ္ခ်ိန္တည္းမွာပဲေရေအာက္ငုပ္ဖို့ကိစၥနဲ႔ေတာ္ပီဒိုဗုံးနဲ႔တိုက္ခိုက္ဖို့ကိစၥေတြအားလုံးကိုတစ္ဦးတည္းတာဝန္ယူရတာျဖစ္ပါတယ္။သေဘၤာ​သားေတြရဲ့အလုပ္ကလည္းမသက္သာလွပဲလူေနရာခ်င္းေတာင္လဲထိုင္လို့မရေလာက္ေအာင္က်ဥ္းက်ပ္လြန္းတဲ့သေဘၤာဝမ္းဗိုက္ထဲကေနသေဘၤာပန္ကာဝင္ရိုးကိုဆက္တိုက္ထိုင္လွည့္ေနၾကရတာျဖစ္ပါတယ္။၂၅ေပအရွည္ရွိတဲ့အဆိုပါဟန္လီသေဘၤာရဲ့စမ္းသပ္မွုေတြဟာေဘးဒုကၡေတြမေတာ္တဆျဖစ္မွုေတြနဲ႔ပဲၾကဳံေတြ႕ခဲ့ၾကရပါတယ္။ဟန္လီသေဘၤာရဲ့ပထမဆုံးအႀကိမ္စမ္းသပ္မွုမွာသေဘၤာရဲ့ဦးခၽြန္ကရႊံ့ထဲကိုသြားစိုက္ေနခဲ့တာေၾကာင့္ေရေပၚကိုျပန္မေပၚလာနိုင္ေတာ့ပဲသေဘၤာသားေတြအားလုံးေသဆုံးသြားခဲ့ၾကရပါေတာ့တယ္။ဒုတိယတစ္ႀကိမ္မွာေတာ့အနားကေနသေဘၤာတစ္စင္းျဖတ္သြားတာေၾကာင့္သေဘၤာတစ္စင္းလုံးေရေတြဖုံးလႊမ္းၿပီးနစ္ျမဳပ္သြားခဲ့ျပန္ပါေတာ့တယ္။ဒီတစ္ႀကိမ္မွာေတာ့သေဘၤာသားေတြအားလုံးမေသဆုံးခဲ့ေပမယ့္လည္း၃ေယာက္သာအသက္ရွင္ခဲ့ပါတယ္။တတိယတစ္ႀကိမ္မွာလည္းတျခားသေဘၤာကေက်ာက္ဆူးႀကိဳးနဲ႔ၿငိမိသြားတာေၾကာင့္သေဘၤာေပၚပါသမၽွလူေတြအားလုံးအသက္ဆုံးရွုံးခဲ့ၾကရပါေတာ့တယ္။၁၈၆၄ခုႏွစ္၊ေဖေဖာ္ဝါရီလ၁၇ရက္ေန႔မွာေတာ့စတုတၳအႀကိမ္ေျမာက္အျဖစ္ဟန္လီ​သေဘၤာကိုစမ္းသပ္ခဲ့ၿပီးျပည္ေထာင္စုအစိုးရတပ္ဖြဲ႕ရဲ့Housatonicသေဘၤာအသစ္ႀကီးကိုသြားေရာက္တိုက္ခိုက္ရာမွာေတာ့ေအာင္ျမင္စြာေဖာက္ခြဲနိုင္ခဲ့တာေၾကာင့္သေဘၤာႀကီးတစ္စီးလုံးတစ္စစီျဖစ္သြားခဲ့ပါတယ္။ဒါေပမယ့္လည္းဟန္လီသေဘၤာဟာလက္နဲ႔လွည့္ရတဲ့သေဘၤာမ်ိဳးျဖစ္ေနတာေၾကာင့္ေဘးလြတ္ရာကိုအခ်ိန္မီမဆုတ္ခြာနိုင္ခဲ့ပဲေပါက္ကြဲမွုအတြင္းမွာသူပါအတူတကြပ်က္စီးသြားခဲ့ကာသေဘၤာထဲကလူအားလုံးလည္းအစရွာမရေတာ့ပါဘူး။ဒါေၾကာင့္သေဘၤာပန္ကာကိုလက္နဲ႔လွည့္ရတဲ့ကိစၥဟာ​ေရငုပ္သေဘၤာေတြအတြက္အဓိကျပသနာႀကီးျဖစ္ေနခဲ့တယ္ဆိုတာကေတာ့အထူးတလည္ေျပာေနစရာေတာင္မလိုေတာ့ပါဘူး။‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗မည္သိူ႔ပင္ျဖစ္ေစကာမူပထမဆုံးအႀကိမ္ေရငုပ္သေဘၤာနဲ႔တိုက္ခိုက္ျခင္းကိုအေမရိကန္ျပည္တြင္းစစ္ကာလကေရေႏြးေငြ႕သုံးစက္နဲ႔ေမာင္းႏွင္ရၿပီးေခါင္းတိုင္ကလြဲရင္တစ္ကိုယ္လုံးေရငုပ္နိုင္တဲ့ေတာင္ပိုင္းညႊန္႔ေပါင္းတပ္ဖြဲ႕ပိုင္ေဒးဗစ္(David)ေရငုပ္သေဘၤာကအေမရိကန္အစိုးရရဲ့”USSNewIronsides”ဆိုတဲ့သံထည္သေဘၤာႀကီးကိုေတာ္ပီဒိုနဲ႔အလစ္ဝင္တိုက္ခိုက္ခဲ့ရာကေနစတင္ခဲ့တယ္လို့ေျပာလို့ရပါတယ္။ေရေအာက္ထဲကေနအဲ့သလိုမ်ိဳးတိုက္ခိုက္ခဲ့တဲ့ေရေႏြးေငြ႕စြမ္းအင္သုံးေရငုပ္သေဘၤာေလးဟာေနာင္တစ္ခ်ိန္မွာေတာ့အလြန္ႀကီးမားၿပီးအစြမ္းထက္လြန္းတဲ့အဏုျမဴစြမ္းအင္သုံးေရငုပ္သေဘၤာႀကီးေတြရဲ့ေရွ႕ေျပးျဖစ္ေနခဲ့တယ္လို့ပဲဆိုရမွာျဖစ္ပါတယ္။အဲ့လိုမ်ိဳးေရေႏြးေငြ႕ေတြ၊လူအင္အားေတြသုံးရတဲ့ေရွ႕ေျပးေရငုပ္သေဘၤာေတြဟာအားနည္းခ်က္ကိုယ္စီေတြရွိေနခဲ့ၿပီးလုပ္ငန္းမတြင္က်ယ္ခဲ့ေပမယ့္လည္းလၽွပ္စစ္စြမ္းအင္နဲ႔ေလာင္စာဆီစြမ္းအင္ေတြကိုအသုံးျပဳၾကတဲ့ေရငုပ္သေဘၤာေတြကေတာ့ေရထဲကိုလက္ေတြ႕က်က်အစြမ္းကုန္ငုပ္နိုင္ၾကၿပီးေအာင္ျမင္မွုေတြလည္းအတန္အသင့္ရရွိလာခဲ့ၾကပါေတာ့တယ္။၁၈၈၆ခုႏွစ္မွာေဆာ့စပိန္ကအိုင္းဆက္ပီရလ္(Isaac Peral)ဆိုသူကလၽွပ္စစ္စြမ္းအားသုံးေရငုပ္သေဘၤာတစ္စီးကိုတည္ေဆာက္ခဲ့ပါတယ္။အဲ့ဒီ့ႏွစ္မွာပဲ႐ုရွားေတြကလည္းေတာ္ပီဒို၄လုံးတပ္ဆင္ထားတဲ့ေရငုပ္သေဘၤာတစ္စင္းကိုတည္ေဆာက္ခဲ့ၾကျပန္ပါတယ္။၁၈၉၅ခုႏွစ္အေရာက္မွာေတာ့အေမရိကန္နိုင္ငံကဂၽြန္ေဟာ္လန္(John Holland)ဆိုသူကပလန္ဂါ(Plunger)လို႔အအမည္ရတဲ့ေသးသြယ္ရွည္လ်ားတဲ့ေရငုပ္သေဘၤာကိုတည္ေဆာက္ခဲ့ပါတယ္။ဒီေရငုပ္သေဘၤာဟာေရျပင္မ်က္ႏွာျပင္ေပၚမွာသြားလာေနတဲ့အခါမွာေတာ့အင္ဂ်င္စက္ကိုအသုံးျပဳၿပီးဒိုင္နမိုကတစ္ဆင့္ဘက္ထရီအိုးေတြကိုလၽွပ္စစ္ဓာတ္အားသြင္းေပးထားနိုင္ပါတယ္။ေရငုပ္တဲ့အခါမွာေတာ့ဘက္ထရီအိုးကဓာတ္အားကိုေမာ္တာကိုလည္ေစဖို့အသုံးျပဳပါတယ္။ပထမကမၻာစစ္အတြင္းမွာဂ်ာမန္တို့ရဲ့ယူဘုတ္(U-Boat)ေရငုပ္သေဘၤာေတြဟာရန္သူရဲ့ကုန္တင္စစ္ေရယာဥ္ေတြကိုၾကားျဖတ္ဝင္ေရာက္တိုက္ခိုက္ဖ်က္ဆီးနိုင္စြမ္းရွိခဲ့သလိုရန္သူရဲ့တိုက္သေဘၤာေတြကိုလည္းနည္းဗ်ဴဟာအရအသာစီးရယူကာတိုက္ခိုက္နိုင္စြမ္းရွိေၾကာင္းျပသနိုင္ခဲ့ၾကပါတယ္။၁၉၁၄ခုႏွစ္၊ၾသဂုတ္လ၈ရက္ေန႔မွာေတာ့ဂ်ာမန္တို့ရဲ့U-15ေရငုပ္သေဘၤာကၿဗိတိသၽွတိုက္သေဘၤာHMS.Monarchကိုေတာ္ပီဒိုနဲ႔ပစ္ခတ္ခဲ့ရာမွာထိမွန္မွုမရွိပဲလြဲေခ်ာ္သြားခဲ့ေသာ္လည္းဒီလိုတိုက္ခိုက္မွုျဖစ္စဥ္ဟာပထမဆုံးအႀကိမ္သူ႔အလိုအေလ်ာက္သြားနိုင္တဲ့ေတာ္ပီဒိုနဲ႔တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။(အရင္ကေတာ္ပီဒိုေတြကကိုယ္တိုက္ခိုက္ခ်င္တဲ့ေနရာမွာသြားကပ္ၿပီးမွအေဝးကိုျပန္ထြက္​ေျပးၿပီးေဖာက္ခြဲရတာဆိုေတာ့အႏၲရာယ္စက္ကြင္းထဲကေနမလြတ္တာကမ်ားေနပါတယ္၊အခုလိုသူ႔အလိုအေလ်ာက္သြားနိုင္တဲ့ေတာ္ပီဒိုနဲ႔အေဝးကေနလွမ္းပစ္လို့ရတဲ့အတြက္ေရငုပ္သေဘၤာကအႏၲရာယ္ဇုန္ရဲ့အျပင္ဘက္ကေနလွမ္းပစ္ထုတ္လိုက္႐ုံပါပဲ)။ဒုတိယကမၻာစစ္အတြင္းမွာေတာ့ဂ်ာမန္ေတြဟာအခုျဖစ္စဥ္ကိုသင္ခန္းစာယူၿပီးေတာ့အေတြ႕အၾကဳံအရေရငုပ္သေဘၤာေတြကိုအုပ္စုအေနနဲ႔စုဖြဲ႕ၿပီးဝံပုေလြအုပ္စုေတြကသားေကာင္ကိုလိုက္တဲ့နည္းဗ်ဴဟာမ်ိဳးကိုသုံးကာေျမာက္အတၱလႏၲိတ္သမုဒၵရာေဒသမွာၿဗိတိသၽွသေဘၤာအုပ္စုေတြကိုတိုက္ခိုက္ဖို့အာ႐ုံစူးစိုက္ၿပီးေဆာင္ရြက္ခဲ့ၾကပါတယ္။ဒါေပမယ့္အလန္တူရင္(AlanTuring)ရဲ့ေကာင္းမွုေၾကာင့္မဟာမိတ္ေရတပ္မ်ားဟာဂ်ာမန္တို့ရဲ့ႀကိဳးမဲ့ေၾကးနန္းေပးပို့ရာမွာအသုံးျပဳတဲ့ဝွက္စာေတြကိုၾကားျဖတ္ေဖာ္ထုတ္နိုင္ခဲ့တဲ့တာေၾကာင့္အႏၲရာယ္ကေနေရွာင္တိမ္းနိုင္ခဲ့ၾကတယ္။အေမရိကန္ေရတပ္ကေတာ့ပစိဖိတ္သမုဒၵရာေဒသမွာေရငုပ္သေဘၤာေတြသုံးကာထိေရာက္တဲ့ၾကားျဖတ္တိုက္ခိုက္မွုေတြျပဳလုပ္ၿပီးဂ်ပန္တို့ရဲ့ကုန္သြယ္ေရေၾကာင္းသေဘၤာေတြနဲ႔စစ္သေဘၤာေတြကိုတိုက္ခိုက္ေခ်မွုန္းခဲ့ၾကပါတယ္။စစ္ၿပီးေခတ္ေနာက္ပိုင္းကိုေရာက္လာတဲ့အခါမွာေတာ့ေရငုပ္သေဘၤာေတြကိုအဏုျမဴစြမ္းအင္နဲ႔လည္ပတ္ေစခဲ့ၾကပါေတာ့တယ္။အဲ့လိုမ်ိဳးအဏုျမဴစြမ္းအင္အသုံးျပဳတဲ့ေရငုပ္သေဘၤာေတြဟာ၁၀စုႏွစ္မ်ားစြာၾကာတဲ့အထိေလာင္စာမကုန္ခမ္းနိုင္တာေၾကာင့္ေရေအာက္ထဲမွာအခ်ိန္အတိုင္းအဆမရွိငုပ္လၽွိုးေနနိုင္စြမ္းရွိၾကပါတယ္။အေမရိကန္နိုင္ငံရဲ့ပထမဆုံးအဏုျမဴစြမ္းအင္သုံးေရငုပ္သေဘၤာကေတာ့USS.Nautilusသေဘၤာျဖစ္ၿပီး၁၉၅၄ခုႏွစ္မွာေရခ်ကာေရတပ္မွာတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။သူဟာေရေအာက္ကိုမီတာ၂၀ဝေက်ာ္(ေပ၆၀၀ေက်ာ္)အထိငုပ္လၽွိုးနိုင္စြမ္းရွိပါတယ္။၁၉၅၉ခုႏွစ္မွာေတာ့USS.GeorgeWashingtonသေဘၤာကိုေရခ်လိုက္တဲ့အခ်ိန္မွာေတာ့အလြန္ေၾကာက္မက္ဖြယ္ရာေကာင္းတဲ့လက္နက္ဆန္းႀကီးတစ္ခုျဖစ္လာခဲ့ပါေတာ့တယ္။ဒီေရငုပ္သေဘၤာမွာန်ဴကလီးယားထိပ္ဖူးတပ္ပဲ့ထိန္းဒုံးက်ည္ေတြတပ္ဆင္ထားရွိၿပီးဒီဒုံးက်ည္ေတြကိုေရေအာက္ငုပ္လၽွိုးေနရာကေနေတာင္အေပၚကိုပစ္ထုတ္လိုက္နိုင္စြမ္းရွိၾကပါတယ္။၁၉၈၂ခုႏွစ္ေမလ၂ရက္ေန႔မွာေတာ့ေဖာက္ကလန္ကၽြန္းကမ္းလြန္ပင္လယ္ျပင္မွာၿဗိတိသၽွတို့ရဲ့ေရငုပ္သေဘၤာျဖစ္တဲ့”HMS.Conquerer”သေဘၤာကအာဂ်င္တီးနားေရတပ္ရဲ့ခ႐ူရွာတိုက္ေရယာဥ္ႀကီးတစ္စင္းျဖစ္တဲ့”GeneralBelgrano”သေဘၤာကိုေတာ္ပီဒိုနဲ႔ပစ္ခတ္ကာႏွစ္ျမဳပ္နိုင္ခဲ့ပါတယ္။ေရငုပ္သေဘၤာေတြကိုရွာေဖြေခ်မွုန္းနိုင္တဲ့နည္းပညာေတြရွိေနေပမယ့္လည္းေရငုပ္သေဘၤာေတြဟာသူတို့ရဲ့လၽွို့ဝွက္စြာစစ္ဆင္လွုပ္ရွားနိုင္စြမ္းရွိမွုေတြေၾကာင့္ယေန႔ထက္တိုင္တန္ခိုးထြားေနၾကဆဲပင္ျဖစ္ပါေတာ့တယ္။ယေန႔ေခတ္မွာေတာ့ေရငုပ္သေဘၤာေတြကိုအေပိာ္စီးအပန္းေျဖဇိမ္ခံသေဘၤာေတြအျဖစ္ပါအသုံးျပဳလာၾကၿပီလည္းျဖစ္ပါတယ္။💢လက္ရွိမွာေတာ့ကၽြန္ေတာ္တို့ရဲ့ျမန္မာ့တပ္မေတာ္ႀကီးဟာလည္းေရငုပ္သေဘၤာစတင္တီထြင္ခဲ့ခ်ိန္ကေနဆိုရင္ႏွစ္ေပါင္း၂၅၀ေလာက္ၾကာျမင့္ၿပီးခ်ိန္မွာေတာ့တစ္ပတ္ရစ္ေရငုပ္သေဘၤာေလးတစ္စင္းကိုပထမဆုံးအႀကိမ္ပိုင္ဆိုင္နိုင္ခဲ့ၿပီျဖစ္တာေၾကာင့္အလြန္တရာမွကိုဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္းေျပာရင္းနဲ႔ပဲနိဂုံးခ်ဳပ္ပါရေစခင္ဗ်ာ။အဆုံးထိဖတ္ရွုေပးတဲ့အတြက္ေက်းဇူးအမ်ားႀကီးတင္ပါတယ္။အားလုံးပဲေကာင္းေသာညေလးျဖစ္ၾကပါေစခင္ဗ်ာ💢

Be the first to comment

Leave a Reply

Your email address will not be published.


*