အရုိးစည္းရုိးနဲ႔ မဲသဝေါ ခံစစ္အပိုင်း(၈)

Unicodeသွေးနှင့်ရင်းသောမဲသဝေါအပိုင်း(၈)ချိန်နှိုင်းစာသော်လွန်စွာကြီးမားဝတ္ထုများကိုပိုးမွှားပုရွက်ဆောင်ယူထွက်သို့တဘက်သူ့ရန်အင်မတန်အောင်နိုင်ဟန်မမြော်အားကြီးသော်လည်း၊ရဲဘော်ညီညွတ်အကုန်လွတ်မှရွပ်ရွပ်ချွံချွံသူ့ခံတပ်ကိုတိုက်လံသမျှခေါ်ဆိုကြသည်ကီဋကဗျူဟာ။(ဗျူဟစက္ကိပျို့)(ကီဋကဗျူဟာ။။ပိုးခြပုရွက်တို့သည်ကြီးမားသောဝတ္ထုများကိုသယ်ဆောင်သကဲ့သို့မိမိထက်အင်အားကြီးမားသောရန်သူကိုရွပ်ရွပ်ချွံချွံစစ်ဆင်ခြင်း။)ကျည်ဆန်အရင်ပေးပါ…ရိက္ခာကိုနောက်မှပေး..လောလောဆယ်ထမင်းမစားရတာအရေးမကြီးဘူး..ကျည်ဆန်ကအရေးကြီးတယ်ဗိုလ်မှူး…ရတခလရ(၇၆)မှစစ်သည်များ(မောရလီခံစစ်-မဲသဝေါတိုက်ပွဲ)၁၅.၁၀.၁၉၈၈အရိုးစည်းရိုးနဲ့ခံစစ်ကဆာနလီမှဆုတ်ခွာခဲ့ရသောခလရ(၇၆)နှင့်ခလရ(၇၅)မှစစ်ကြောင်းများသည်စစ်ကြောင်းမှူးဗိုလ်မှူးထွန်းမြင့်၊ဗိုလ်မှူးခင်စိုးတို့၏ဦးဆောင်မှုဖြင့်မောရလီနှင့်မဲသဝေါပင်မကုန်းများတွင်ခံစစ်ပြင်ဆင်ရန်ကြိုးစားရတော့သည်။သို့သော်လည်းရန်သူကပြင်ဆင်ချိန်မပေး။ဗိုလ်မှူးထွန်းမြင့်မှာအခြေအနေကိုသုံးသပ်၍နောက်တစ်ဆင့်ခွာစစ်ဆင်ရန်စီစဉ်ရတော့သည်။”ဒီစခန်းကနေဆက်ပြီးခံတိုက်လို့မဖြစ်ဘူးလားကိုထွန်းမြင့်..”ဗိုလ်မှူးခင်စိုးကမေးရာ..”ဘာဖြစ်လို့လဲကိုခင်စိုး..”ဗိုလ်မှူးထွန်းမြင့်ကမေးခွန်းကိုမေးခွန်းဖြင့်တုံ့ပြန်သည်။”ဒီစခန်းရဲ့အမည်ကမဲသဝေါပင်မစခန်းမဟုတ်လား၊မဲသဝေါကိုအကျခံလို့မဖြစ်ဘူးလေ..””မှန်တယ်..မဲသဝေါကိုအကျခံလို့မဖြစ်ဘူး။ဒါပေမယ့်ကျနော်တို့ဒီစခန်းကိုမကျအောင်ထိန်းထားနိုင်မလား..”ဗိုလ်မှူးခင်စိုးခေါင်းခါလိုက်သည်။”ကျနော်တို့အားလုံးတစ်ယောက်မကျန်အသက်စွန့်လိုက်ရတာပဲရှိမယ်..အဲဒါမှမောရလီပါကျသွားမှာ..”သို့သော်သူတို့နှစ်ယောက်သည်ရန်သူကိုအတတ်နိုင်ဆုံးခံစစ်ဆင်၍တိုက်ခိုက်ရန်ကိုတော့သဘောတူလိုက်ကြသည်။လူနာနှင့်အလေးအပင်ပစ္စည်းတွေကိုမောရလီသို့ဆက်လက်ဆုတ်ခွာစေပြီးတိုက်နိုင်သူမှန်သမျှဤမဲသဝေါပင်မစခန်းမှနေ၍ပြန်တိုက်သည်..အမှောင်ထုကချင်းနင်းဝင်ရောက်လာသည်။ရန်သူသည်မဲသဝေါပင်မစခန်းကိုမီးကုန်ယမ်းကုန်တိုက်နေသည်။စစ်သည်များမှာရန်သူကိုအတွဲလိုက်အော်တိုမက်တစ်ပင်မပစ်နိုင်၊ခလုတ်တစ်ခါဆွဲလျှင်ကျည်ဆန်၄,၅,၆တောင့်ပင်အကုန်မခံနိုင်။မောင်းပြောင်းခလုတ်များကိုတစ်တောင့်ချင်းတွင်သာထားကာတစ်ချက်ချင်းသာပစ်နိုင်သည်။ည၇နာရီမှစ၍ရန်သူသည်လူလှိုင်းစစ်ဆင်ရေးဖြင့်ချေမှုန်းရေးလုပ်လာပြန်သည်။ဘန်ကာအမိုးအချို့မီးစွဲလောင်သည်။မဲသဝေါပင်မကုန်းစခန်းသည်မြေနိမ့်ပိုင်းတွင်ရှိသည်။ခံစစ်အနေအထားအရေးမသာ၊အုပ်ချုပ်ထောက်ပံ့မှုစခန်းသာဖြစ်သည်။ဗိုလ်မှူးထွန်းမြင့်သည်အံကိုကြိတ်လိုက်သည်။”နေနှင့်ဦးပေါ့ကွာ”မကျေမနပ်နှင့်ပင်ဆုတ်မိန့်ပေးလိုက်ရသည်။ည၇နာရီမိနစ်၂၀တွင်မဲသဝေါပင်မစခန်းကိုစွန့်ခွာရတော့သည်။ရန်သူတွေမဲသဝေါပင်မစခန်းကိုတက်ရောက်သိမ်းပိုက်နေစဉ်စစ်သည်များမှာမောရလီတောင်ကြောပေါ်သို့ရောက်ရှိကာခံစစ်ပြင်ရပြန်လေသည်။အောက်တိုဘာ၁၃ရက်နေ့တွင်ရန်သူသည်မောရလီနှင့်မဲသဝေါအားလက်နက်ကြီးအလုံး(၃၀၀)ကျော်ပစ်သည်။ရန်သူအင်အားစုတွင်တပ်မဟာ(၇)တစ်ခုလုံး၊ဗဟိုလုံခြုံရေးတပ်ခွဲများ၊အထူးတပ်ရင်း(၁၀၁)(၁၀၂)ဒီအိုတပ်ရင်းများ၊တိုက်ခိုက်ရေးစစ်ကြောင်း(၁)(၂)……လွတ်မြောက်ရေးအင်အားစုများအပြင်မဒတမှကေအိုင်အေတပ်ရင်းအချို့ပါပါဝင်လာခဲ့သည်။ရန်သူ(၂၀၀)သည်နံနက်(၁၀)နာရီမှစတင်ကာမောရလီရှေ့ကာတပ်စုကိုတိုက်သည်၊တပြိုင်နက်တည်းမှာပင်အင်အား(၁၅၀)ကမဲသဝေါပင်မကုန်းကိုတိုက်သည်။ရန်သူသည်ကျည်ဆန်ကိုဖောချင်းသောချင်းအသုံးပြုပစ်ခတ်တိုက်ပွဲဝင်လျှက်ရှိသည်။ထိုနေ့၁၂၀၀ချိန်တွင်တိုက်လေယာဉ်များထပ်မံရောက်ရှိလာကာအံ့ကျော်ကုန်းပွိုင့်၆၅၁နှင့်ကဆာနလီကြောရှိရန်သူ့လက်နက်ကြီးနေရာများကိုဗုံးကြဲတိုက်ခိုက်သည်။စစ်သည်များလေယာဉ်သံကြောင့်စိတ်အားတက်ကြွလာသည်။ထိုနေ့တွင်ရန်သူ့လက်နက်ကြီးနေရာအချို့မှာချေမှုန်းခံလိုက်ရသည်။သို့သာ်လည်းအောက်တိုဘာ(၁၃)ရက်နေ့နှင့်(၁၄)ရက်နေ့နှစ်ရက်လုံးရန်သူသည်မောရလီခံစစ်ကိုအပြင်းထန်ဆုံးတိုက်သည်။မောရလီကိုရလျှင်မဲသဝေါဒေသကိုရပြီ..ဟုဆိုနိုင်ပေသည်။ထို့ကြောင့်ရန်သူသည်မောရလီအားဖိတိုက်သည်။နှစ်ရက်အတွင်းလံှစွပ်(၁၂)ကြိမ်ထိုးသည်။စစ်သည်များအထိခိုက်များလှသည်၊တပ်ရင်းနှစ်ရင်းစလုံးမှအရာရှိများအားလုံးဒဏ်ရာရထားသည်။ရိက္ခာ/ခဲယမ်းကားပြတ်လုနီးပေပြီ။”ကျည်ကိုချွေတာ..တစ်တောင့်ချင်းပိုင်မှပစ်..””ရန်သူပစ်အားသိပ်များတယ်ဗိုလ်မှူး..””အဲဒါအရေးမကြီးဘူး၊အရေးကြီးတာစိတ်ဓာတ်ပဲ..ဒီလောက်များတဲ့ရန်သူကိုဒီအချိန်ထိငါတို့ခံချထားနိုင်တာကိုကြည့်။သူတို့ကငါတို့ကိုစိတ်ဓာတ်ကျနေပြီလို့ထင်နေလိမ့်မယ်၊မောရလီဟာငါတို့ရဲ့မဆုတ်တမ်းခံစစ်စည်းပဲ၊ငါတို့အားလုံးသေတဲ့ထိတိုက်ပွဲဝင်ရမယ်…”ဗိုလ်မှူးထွန်းမြင့်၏စကားကစစ်သည်များ၏နှလုံးအိမ်ဝယ်စိမ့်ဝင်သွားသည်။အောက်တိုဘာ၁၅ရက်နေ့ညတွင်ခံစစ်သမားအတွက်မျှော်လင့်ချက်ရောင်နီပြန်သန်းလာသည့်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။ထိုအခြေအနေကားအမှတ်(၆၆၂)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့သည်ခဲယမ်း၊ရိက္ခာများသယ်ဆောင်ကာဖြတ်တောက်ပိတ်ဆို့ထားသောရန်သူများကိုအတင်းပင်ဖောက်ထွက်ပြီးမဲသဝေါပင်မကုန်းသို့ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။”နဗဟ(၆၆၂)နဲ့အတူခဲယမ်း/ရိက္ခာတွေပါလာပြီတဲ့ဟေ့….”ထိုသတင်းမောရလီခံစစ်သို့ရောက်သည်နှင့်….”ကျည်ဆန်အရင်ပေးပါဗိုလ်မှူး…ရိက္ခာကိုနောက်မှပေး..လောလောဆယ်ထမင်းမစားရတာအရေးမကြီးဘူး..ကျည်ဆန်ကအရေးကြီးတယ်…”မောရလီခံစစ်ကခလရ(၇၆)တိုက်ပွဲဝင်စစ်သည်တို့၏တောင်းဆိုချက်ကသမိုင်းတွင်မော်ကွန်းရေးလောက်ပေသည်။အမှန်တကယ်လည်းခဲယမ်းကအရေးတကြီးလိုအပ်နေပြီမဟုတ်ပါလား….ခဲယမ်း/ရိက္ခာများပြန်လည်ဖြည့်တင်းလိုက်နိုင်သဖြင့်အခြေအနေမှာပြန်လည်တိုးတက်လာသည်ဟုဆိုရမည်ပင်။နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ၊လှံစွပ်ထိုးတိုက်ခိုက်မှုများကြားမှပင်ကြံ့ကြံ့ခံရင်းအောက်တိုဘာ(၂၃)ရက်နေ့သို့ရောက်ရှိလာခဲ့သည်။(၂၃)ရက်နေ့ညနေပိုင်းတွင်မဲလဒေသတွင်တာဝန်ယူထားသောခလရ(၇၅)စစ်ကြောင်း(၁)သည်မောရလီသို့ရောက်ရှိလာကာရှေ့တန်းခံစစ်နေရာများအားလဲလှယ်ပေးနိုင်ခဲ့သည်။လက်နက်ခဲယမ်းများ၊ရိက္ခာများပြန်လည်ဖြည့်တင်းနိုင်ခြင်းနှင့်အတူတပ်အသစ်များရောက်ရှိလာသဖြင့်တိုက်စွမ်းရည်တက်လာသည်။ထို့အတူရန်သူမှာလည်းလူအင်အား၊လက်နက်အင်အား၊ရိက္ခာများကိုအဆက်မပြတ်ဖြည့်တင်းလျှက်ရှိသည်။ရန်သူသည်မောရလီတောင်ခြမ်းနှင့်မြောက်ခြမ်းရှိရှေ့ကာတပ်များအားတပြိုင်နက်တည်းဝင်တိုက်သည်။ဗိုလ်ကြီးသိန်းဦးဦးဆောင်သောအရှေ့ခြမ်းအားအင်အား(၁၀၀)ခန့်ကဝိုင်းထားသည်။တောင်ဘက်ခြမ်းကိုလည်းအင်အား(၄၀၀)ခန့်ဖြင့်ဝိုင်းထားသည်။ဗိုလ်မှူးထွန်းမြင့်သည်မောရလီခံစစ်တစ်ခုလုံး၏ကွပ်ကဲမှုတာဝန်ယူထားရသူဖြစ်သည်။ဗိုလ်မှူးထွန်းမြင့်က..”ရန်သူဟာပြောက်ကျားစစ်မဟုတ်တော့ဘူး။လူအင်အားသုံးရတဲ့သမားရိုးကျစစ်ကိုဆင်နွှဲလာတာ။လက်နက်ကြီးတွေဖိပစ်မယ်၊ငါတို့ခေါင်းမဖော်နိုင်တုန်းလူအုပ်နဲ့အနားကပ်မယ်၊အတင်းတက်လုံးမယ်၊ဒါပဲ။မောရလီကိုမရမချင်းဒီကောင်တွေရေရှည်ထိုးစစ်ဆင်မှာပဲ၊မောရလီကျရင်မဲသဝေါဒေသတစ်ခုလုံးကိုရပြီလို့ပြောနိုင်တယ်။ဒါဆိုဒီကောင်တွေလွတ်မြောက်ဒေသကြေညာပြီးသူတို့ဘက်ကဝင်တိုက်နေတဲ့ကောင်တွေကလည်းသံရုံးတောင်လာဖွင့်မလားမသိဘူး။””လာပါစေဗိုလ်မှူး။သူတို့လည်းအသက်နဲ့ပဲ၊သံနဲ့လုပ်ထားတာမဟုတ်ပါဘူး။အခုလည်းဒီကောင်တွေသောက်သောက်လဲသေနေတာပဲ။”ဗိုလ်ကြီးသိန်းဦးကပြောလိုက်သည်။”ဒီလောက်အသေခံတိုက်ပြီးမှတော့သူတို့လက်လျှော့တော့မှာမဟုတ်ဘူး။ကျနော်တို့ကလည်းလက်လွှတ်လို့မဖြစ်တော့ဘူးကိုသိန်းဦး”နယ်မြေတစ်ခုလုံးကွပ်ကဲမှုဖြစ်သောခလရ(၇၆)မှဒုတပ်ရင်းမှူးဗိုလ်မှူးထွန်းမြင့်သည်ဗိုလ်သန်းနိုင်ထွဋ်ဦးစီးသောတပ်စုတစ်စုအားမောရလီတောင်ခြမ်းသို့အင်အားဖြည့်စေသည်။မောရလီ၏မြောက်ဘက်တောင်သုံးလုံး၊ပွိုင့်၁၇၇၈၊အံ့ကျော်ကုန်းများတွင်ရန်သူသည်အင်အား(၁၅၀၀)ဝန်းကျင်ခန့်ဖြင့်စစ်ဆင်လျက်ရှိသည်။အရှေ့တောင်ဘက်မှအနောက်မြောက်ဘက်သို့စီးဆင်းလျှက်ရှိသောသောင်ရင်းမြစ်သည်သံလွင်မြစ်ထဲစီးဝင်လျှက်ရှိရာမြစ်အရှေ့ဘက်ခြမ်းနေရာကွက်ကွက်လေးကိုမိမိတို့ခြေကုတ်ရယူထားနိုင်သည်။ဗိုလ်မှူးထွန်းမြင့်သည်၈၄မမကားလ်ဂူးစတပ်ရိုင်ဖယ်ကိုယူကာမောရလီရှေ့ခြမ်းဗိုလ်ကြီးသိန်းဦးထံသို့ကိုယ်တိုင်သွားရောက်အင်အားဖြည့်ကွပ်ကဲရတော့သည်

Be the first to comment

Leave a Reply

Your email address will not be published.


*