လက်ပစ်ဗုံးကိုရင်နဲ့ဖိ၊တိုင်းပြည်အတွက်အသက်ကိုရင်းခဲ့သူတိုက်ပွဲကြားကသူရဲကောင်းတပ်ကြပ်သီဟသူရအောင်သိမ်း

Unicodeလက်ပစ်ဗုံးကိုရင်နဲ့ဖိ၊တိုင်းပြည်အတွက်အသက်ကိုရင်းခဲ့သူတိုက်ပွဲကြားကသူရဲကောင်း(သို့မဟုတ်)တပ်ကြပ်သီဟသူရအောင်သိမ်း’ဆရာကြီးသက်ဦးခင်ဗျားဆီကအခြေအနေကောင်းလား””ကောင်းပါတယ်ရင်းမှူးကျနော်ဘက်ကိုစိတ်ချပါရင်းမှူးရှေ့ဆက်တက်ဖို့အဆင့်သင့်ပါပဲ””ဆရာမောင်ဖြူခင်ဗျားကောရရဲ့လား””ရပါတယ်အဘဒီကောင်တွေလောက်တော့ကျနော်တောင့်ခံထားနိုင်ပါတယ်”လဂျားယန်ဒေသပွိုင့်၇၇၁စခန်းသိမ်းတိုက်ပွဲမှာခမရ(၃၁၇)ကတပ်ရင်းမှူးသူ့လက်အောက်ကရဲဘော်တွေကိုကွပ်ကဲနေတာပါ။ကျည်ဆံတွေလက်ပစ်ဗုံးတွေမိုးရွာသလိုတဝုန်းဝုန်းကျနေတဲ့အချိန်မှာသူ့အသံကဆူညံပေါက်ကွဲသံတွေကိုဖြတ်၍ရဲဘော်တွေကြားရအောင်အော်ပြောနေသည်။ဒီတိုက်ပွဲကအရေးကြီးသည်လဂျားယန်ဒေသမှာရှိတဲ့နယ်မြေအေးချမ်းရေးလုံခြုံရေးယူထားသည့်သူတို့တပ်မတော်သားများစခန်းကိုKIAတို့ကရိက္ခာပို့လို့မရအောင်ဝိုင်းပတ်ပိတ်ဆို့ထားသည်။အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့တပ်များရုတ်သိမ်းပေးဖို့KIAဘက်ကိုတောင်းဆိုသော်လည်းမဖယ်ပေးဘဲလဂျာယန်းမှာရှိတဲ့တပ်မတော်သားတွေကိုရိက္ခာပြတ်သေအောင်ပတ်ပတ်လည်ကိုပို၍ပိတ်ဆို့လာသည်။ဒီပွိုင့်၇၇၁တောင်ကုန်းကလဂျားယန်ဒေသမှာအမြင့်ဆုံးကုန်းဖြစ်၍ပတ်၀န်းကျင်ကိုစိုးမိုးထားသည်။ဒီတောင်ကုန်းပေါ်မှာနေ၍KIAတို့ကအနားကပ်လာသမျှမြန်မာ့တပ်မတော်မှတပ်တိုင်းကိုရိက္ခာပို့လို့မရအောင်ဒုက္ခပေးနေသည်။နယ်မြေလုံခြုံရေးယူထားသည့်တပ်များရိက္ခာပြတ်အောင်ပိတ်ဆို့ထားသည်။ဒီတိုက်ပွဲကိုအောင်နိုင်မှပိတ်မိနေသူတွေအသက်ရှင်မည်။KIAတို့၏ယုတ်မာသောအကြံကိုဖယ်ရှားနိုင်မှမိမိတပ်မတော်သားများကိုကယ်တင်နိုင်မည်။တပ်မတော်နှင့်KIAတို့ကြားတိုက်ပွဲကပိုမိုပြင်းထန်လာသည်။”ဟိုကောင်ရန်နိုင်လင်းမင်းသိပ်မတက်နဲ့ငါ့အမိန့်ရမှလုပ်””အောင်သိမ်းမင်းအတင့်မရဲနဲ့ဒီကောင်တွေဗုံးတွေအပေါ်ကပစ်ပစ်ချနေတယ်၀ပ်နေစမ်း”KIAတို့၏မိုးကဲ့သို့သွန်ချနေသောကျည်ဆံတွေကိုခမရ(၃၁၇)တပ်ရင်းမှူးတစ်ယောက်ဂရုမစိုက်အား။သူ့တပည့်တွေကိုကြီးကြပ်ကွပ်ကဲနေသည်။ထိုစဉ်KIAမှပစ်လိုက်သောလက်ပစ်ဗုံးတစ်လုံးကြီးကြပ်ကွပ်ကဲနေသောတပ်ရင်းမှူးအနားသို့ကျလာသည်။အနားမှာကအရာရှိတွေရောအခြားစစ်သည်တွေလည်းရှိသည်။လက်ပစ်ဗုံးနှင့်အနီးဆုံးကဒုတပ်ကြပ်အောင်သိမ်း။လျှပ်တပြက်မို့သူ့မှာစဉ်းစားချိန်မရ။ရုတ်တရက်လက်ပစ်ဗုံးရှိရာသို့သူခုန်အုပ်လိုက်သည်။တပ်ရင်းမှူးကလှမ်းအော်သည်။”အားလုံး၀ပ်””ဂျိမ်း…”ကနဲလက်ပစ်ဗုံးပေါက်ကွဲသံကဆူညံသွားသည်။မြေစာများဖွာလန်ကျဲသွားသည်။မီးခိုးများကပတ်၀န်းကျင်ကိုဖုံးအုပ်သွားသည်။အဖြစ်အပျက်ကမြန်ဆန်လွန်းသည်။အရာအားလုံးက၄စက္ကန့်၀န်းကျင်အတွင်းဖြစ်ပျက်သွားသည်။မီးခိုးများကြားမှတပ်ရင်းမှူးသူ့တပည့်ရှိရာသို့လှမ်းကြည့်လိုက်သည်။ကျန်တဲ့သူများလက်ပစ်ဗုံးထိမှာစိုး၍ခန္ဓာကိုယ်ဖြင့်ဖိအုပ်ကာကွယ်ခဲ့သည့်ဒုတပ်ကြပ်အောင်သိမ်း၏ခန္ဓာကိုယ်ကမမြင်ဝံ့စရာသွေးအလူးလူးဖြင့်တစ်စစီ။တိုင်းပြည်အတွက်အသက်ကိုစွန့်သွားသည်။ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကအကောင်းမဖြစ်တော့သော်လည်းဒုတပ်ကြပ်အောင်သိမ်း၏မျက်၀န်းတစ်စုံကအကောင်းအတိုင်းရှိနေသေးသည်။မပိတ်သေးသောထိုမျက်၀န်းထဲတွင်တစ်စုံတစ်ခုကိုသူပြောချင်နေသည်။သို့သော်ဒုတပ်ကြပ်အောင်သိမ်းမပြောနိုင်ရှာတော့။တပ်ရင်းမှူးနှင့်အခြားသူတွေရဲ့မျက်၀န်းမှာမခံချင်စိတ်၊ယူကြုံးမရတဲ့စိတ်နှင့်အတူ၀မ်းနည်းကြေကွဲမှုများအတိုင်းသားပေါ်နေသည်။သူ့တပည့်ဘာပြောချင်ခဲ့သည်ကိုတပ်ရင်းမှူးကောင်းကောင်းသိလိုက်သည်။ကျန်သူများလည်းသိပေလိမ့်မည်။တပ်ရင်းမှူးသူ့တပည့်ကိုလှမ်းကြည့်ရင်းအံကိုတင်းတင်းကြိတ်ကာကတိတစ်ခုပေးလိုက်သည်။”ငါတို့နိုင်ကိုနိုင်ရမယ်အောင်သိမ်း…”မြန်ဆန်လွန်းသည့်အဖြစ်အပျက်များကြားတွင်တွေဝေမနေအား။ချက်ချင်းပင်ရန်သူကိုချေမှုန်းဖို့တပ်ရင်းမှူးအမိန့်ပေးသံကကျည်ဆံများကြားကဟိန်းထွက်လာသည်။”ပစ်…..ရဲသော်မသေသေသော်ငရဲမလား…ပြည်သူ့တပ်မတော်သားကွ”ထိုတိုက်ပွဲကိုသူတို့အောင်မြင်ခဲ့ပါသည်။KIA၏လက်နက်တွေလည်းသိမ်းဆည်းရမိခဲ့သည်။ထောင်ချီသောဗုံးသီးများသောင်းချီသောကျည်ဆံများကိုKIAတို့စွန့်ခွာထွက်ပြေးခဲ့သည်။ထိုလက်နက်တွေကိုKIAဘယ်ကရသည်မသိ။ထိုလက်နက်တွေကြားမှာတပ်မတော်သားများတိုင်းပြည်အတွက်အသက်စွန့်လွှတ်ခဲ့ကြသည်။တရားသောစစ်အတွက်ရဲရင့်သူတို့အောင်နိုင်ခဲ့သည်။အသက်စွန့်သွားသောတပ်မတော်သားများတာ၀န်ကျေပွန်ခဲ့သည်ကသမိုင်း၀င်မည့်အမှန်တရားတစ်ခုဖြစ်သည်။ရဲသော်မသေသေသော်ငရဲမလားဆိုသလိုသေသည့်တိုင်ငရဲသို့ရောက်မည့်သူများမဟုတ်နိုင်ငံတော်ကလည်းသူရဲကောင်းများအတွက်ဘွဲ့တံဆိပ်များချီးမြှင့်ခဲ့သည်။ရုပ်ရှင်ထဲကလိုလက်ပစ်ဗုံးပေါ်ကိုတက်ဖိ၍မိမိအသက်ကိုစွန့်လွှတ်ပြီးအများအသက်ကိုကယ်တင်ခဲ့သည့်ဒရမ်မာဆန်ဆန်ပြကွက်တစ်ခုမဟုတ်။လဂျားယန်ဒေသပွိုင်၇၇၁စခန်းသိမ်းတိုက်ပွဲမှာတပ်ရင်းမှူးနှင့်အရာရှိစစ်သည်အများစုရှိနေတဲ့နေရာကိုကျရောက်လာတဲ့KIAရဲ့လက်ပစ်ဗုံးပေါ်သို့အချိန်၄စက္ကန့်လောက်အတွင်းမှာဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့်မိမိအသက်ကိုငဲ့မကွက်ဘဲမိမိခန္ဓာကိုယ်ကိုဖိ၍အခြားသူများဗုံးဆန်မထိအောင်ကာကွယ်ပေးခဲ့သည့်ဒုတပ်ကြပ်အောင်သိမ်း၏အဖြစ်အပျက်မှာအမှန်တကယ်ဖြစ်ပေါ်ခဲ့သည်။ရဲဝံ့ကိုယ်ကျိုးစွန့်သောထိုစိတ်ဓာတ်အတွက်နှစ်ပေါင်း၂၀ကျော်အတွင်းအမြင့်ဆုံးဘွဲ့ထူးဂုဏ်ထူးဖြစ်လာသောတပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဘွဲ့တစ်ခုဖြစ်သည့်သီဟသူရဘွဲ့ပေးအပ်ချီးမြှင့်ခြင်းဖြင့်ဂုဏ်ပြုခဲ့သည်။ထို့ပြင်ဒုတပ်ကြပ်မှတပ်ကြပ်သို့အဆင့်တိုးပေးခဲ့သည်။တိုင်းပြည်၏အနာဂတ်သည်လွတ်လပ်ရေးရပြီးတည်းကယမ်းခိုးယမ်းငွေ့များကြားထဲတွင်တောက်ပသင့်သလောက်မတောက်ပလာခဲ့။နယ်မြေရယူလိုမှု၊အာဏာရယူလိုမှု၊မဖြေရှင်းနိုင်သေးသောပြသနာပေါင်းစုံကြားထဲတွင်တိုင်းပြည်အတွက်အသက်၊သွေး၊ချွေးများပေးဆပ်သွားသူသူရဲကောင်းတွေမနည်း။ထိုသူများအားလုံးတူညီသောခံစားချက်တစ်ခုတော့ရှိပေလိမ့်မည်။မြင့်မြတ်သောသေဆုံးခြင်းကြောင့်နောင်တချိန်မှာငါတို့တိုင်းပြည်ကြီးအေးချမ်းသာယာတိုးတက်လာလိမ့်မယ်ဟူသတည်း။credit:

Zawgyiလက္ပစ္ဗုံးကိုရင္နဲ႔ဖိ၊တိုင္းျပည္အတြက္အသက္ကိုရင္းခဲ့သူတိုက္ပြဲၾကားကသူရဲေကာင္း(သို႔မဟုတ္)တပ္ၾကပ္သီဟသူရေအာင္သိမ္း’ဆရာႀကီးသက္ဦးခင္ဗ်ားဆီကအေျခအေနေကာင္းလား””ေကာင္းပါတယ္ရင္းမႉးက်ေနာ္ဘက္ကိုစိတ္ခ်ပါရင္းမႉးေရွ႕ဆက္တက္ဖို႔အဆင့္သင့္ပါပဲ””ဆရာေမာင္ျဖဴခင္ဗ်ားေကာရရဲ႕လား””ရပါတယ္အဘဒီေကာင္ေတြေလာက္ေတာ့က်ေနာ္ေတာင့္ခံထားႏိုင္ပါတယ္”လဂ်ားယန္ေဒသပြိဳင့္၇၇၁စခန္းသိမ္းတိုက္ပြဲမွာခမရ(၃၁၇)ကတပ္ရင္းမႉးသူ႔လက္ေအာက္ကရဲေဘာ္ေတြကိုကြပ္ကဲေနတာပါ။က်ည္ဆံေတြလက္ပစ္ဗုံးေတြမိုး႐ြာသလိုတဝုန္းဝုန္းက်ေနတဲ့အခ်ိန္မွာသူ႔အသံကဆူညံေပါက္ကြဲသံေတြကိုျဖတ္၍ရဲေဘာ္ေတြၾကားရေအာင္ေအာ္ေျပာေနသည္။ဒီတိုက္ပြဲကအေရးႀကီးသည္လဂ်ားယန္ေဒသမွာရွိတဲ့နယ္ေျမေအးခ်မ္းေရးလုံၿခဳံေရးယူထားသည့္သူတို႔တပ္မေတာ္သားမ်ားစခန္းကိုKIAတို႔ကရိကၡာပို႔လို႔မရေအာင္ဝိုင္းပတ္ပိတ္ဆို႔ထားသည္။အုပ္ခ်ဳပ္မႈကိစၥေဆာင္႐ြက္ဖို႔တပ္မ်ား႐ုတ္သိမ္းေပးဖို႔KIAဘက္ကိုေတာင္းဆိုေသာ္လည္းမဖယ္ေပးဘဲလဂ်ာယန္းမွာရွိတဲ့တပ္မေတာ္သားေတြကိုရိကၡာျပတ္ေသေအာင္ပတ္ပတ္လည္ကိုပို၍ပိတ္ဆို႔လာသည္။ဒီပြိဳင့္၇၇၁ေတာင္ကုန္းကလဂ်ားယန္ေဒသမွာအျမင့္ဆုံးကုန္းျဖစ္၍ပတ္၀န္းက်င္ကိုစိုးမိုးထားသည္။ဒီေတာင္ကုန္းေပၚမွာေန၍KIAတို႔ကအနားကပ္လာသမွ်ျမန္မာ့တပ္မေတာ္မွတပ္တိုင္းကိုရိကၡာပို႔လို႔မရေအာင္ဒုကၡေပးေနသည္။နယ္ေျမလုံၿခဳံေရးယူထားသည့္တပ္မ်ားရိကၡာျပတ္ေအာင္ပိတ္ဆို႔ထားသည္။ဒီတိုက္ပြဲကိုေအာင္ႏိုင္မွပိတ္မိေနသူေတြအသက္ရွင္မည္။KIAတို႔၏ယုတ္မာေသာအႀကံကိုဖယ္ရွားႏိုင္မွမိမိတပ္မေတာ္သားမ်ားကိုကယ္တင္ႏိုင္မည္။တပ္မေတာ္ႏွင့္KIAတို႔ၾကားတိုက္ပြဲကပိုမိုျပင္းထန္လာသည္။”ဟိုေကာင္ရန္ႏိုင္လင္းမင္းသိပ္မတက္နဲ႔ငါ့အမိန္႔ရမွလုပ္””ေအာင္သိမ္းမင္းအတင့္မရဲနဲ႔ဒီေကာင္ေတြဗုံးေတြအေပၚကပစ္ပစ္ခ်ေနတယ္၀ပ္ေနစမ္း”KIAတို႔၏မိုးကဲ့သို႔သြန္ခ်ေနေသာက်ည္ဆံေတြကိုခမရ(၃၁၇)တပ္ရင္းမႉးတစ္ေယာက္ဂ႐ုမစိုက္အား။သူ႔တပည့္ေတြကိုႀကီးၾကပ္ကြပ္ကဲေနသည္။ထိုစဥ္KIAမွပစ္လိုက္ေသာလက္ပစ္ဗုံးတစ္လုံးႀကီးၾကပ္ကြပ္ကဲေနေသာတပ္ရင္းမႉးအနားသို႔က်လာသည္။အနားမွာကအရာရွိေတြေရာအျခားစစ္သည္ေတြလည္းရွိသည္။လက္ပစ္ဗုံးႏွင့္အနီးဆုံးကဒုတပ္ၾကပ္ေအာင္သိမ္း။လွ်ပ္တျပက္မို႔သူ႔မွာစဥ္းစားခ်ိန္မရ။႐ုတ္တရက္လက္ပစ္ဗုံးရွိရာသို႔သူခုန္အုပ္လိုက္သည္။တပ္ရင္းမႉးကလွမ္းေအာ္သည္။”အားလုံး၀ပ္””ဂ်ိမ္း…”ကနဲလက္ပစ္ဗုံးေပါက္ကြဲသံကဆူညံသြားသည္။ေျမစာမ်ားဖြာလန္က်ဲသြားသည္။မီးခိုးမ်ားကပတ္၀န္းက်င္ကိုဖုံးအုပ္သြားသည္။အျဖစ္အပ်က္ကျမန္ဆန္လြန္းသည္။အရာအားလုံးက၄စကၠန္႔၀န္းက်င္အတြင္းျဖစ္ပ်က္သြားသည္။မီးခိုးမ်ားၾကားမွတပ္ရင္းမႉးသူ႔တပည့္ရွိရာသို႔လွမ္းၾကည့္လိုက္သည္။က်န္တဲ့သူမ်ားလက္ပစ္ဗုံးထိမွာစိုး၍ခႏၶာကိုယ္ျဖင့္ဖိအုပ္ကာကြယ္ခဲ့သည့္ဒုတပ္ၾကပ္ေအာင္သိမ္း၏ခႏၶာကိုယ္ကမျမင္ဝံ့စရာေသြးအလူးလူးျဖင့္တစ္စစီ။တိုင္းျပည္အတြက္အသက္ကိုစြန္႔သြားသည္။က်န္တဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြကအေကာင္းမျဖစ္ေတာ့ေသာ္လည္းဒုတပ္ၾကပ္ေအာင္သိမ္း၏မ်က္၀န္းတစ္စုံကအေကာင္းအတိုင္းရွိေနေသးသည္။မပိတ္ေသးေသာထိုမ်က္၀န္းထဲတြင္တစ္စုံတစ္ခုကိုသူေျပာခ်င္ေနသည္။သို႔ေသာ္ဒုတပ္ၾကပ္ေအာင္သိမ္းမေျပာႏိုင္ရွာေတာ့။တပ္ရင္းမႉးႏွင့္အျခားသူေတြရဲ႕မ်က္၀န္းမွာမခံခ်င္စိတ္၊ယူႀကဳံးမရတဲ့စိတ္ႏွင့္အတူ၀မ္းနည္းေၾကကြဲမႈမ်ားအတိုင္းသားေပၚေနသည္။သူ႔တပည့္ဘာေျပာခ်င္ခဲ့သည္ကိုတပ္ရင္းမႉးေကာင္းေကာင္းသိလိုက္သည္။က်န္သူမ်ားလည္းသိေပလိမ့္မည္။တပ္ရင္းမႉးသူ႔တပည့္ကိုလွမ္းၾကည့္ရင္းအံကိုတင္းတင္းႀကိတ္ကာကတိတစ္ခုေပးလိုက္သည္။”ငါတို႔ႏိုင္ကိုႏိုင္ရမယ္ေအာင္သိမ္း…”ျမန္ဆန္လြန္းသည့္အျဖစ္အပ်က္မ်ားၾကားတြင္ေတြေဝမေနအား။ခ်က္ခ်င္းပင္ရန္သူကိုေခ်မႈန္းဖို႔တပ္ရင္းမႉးအမိန္႔ေပးသံကက်ည္ဆံမ်ားၾကားကဟိန္းထြက္လာသည္။”ပစ္…..ရဲေသာ္မေသေသေသာ္ငရဲမလား…ျပည္သူ႔တပ္မေတာ္သားကြ”ထိုတိုက္ပြဲကိုသူတို႔ေအာင္ျမင္ခဲ့ပါသည္။KIA၏လက္နက္ေတြလည္းသိမ္းဆည္းရမိခဲ့သည္။ေထာင္ခ်ီေသာဗုံးသီးမ်ားေသာင္းခ်ီေသာက်ည္ဆံမ်ားကိုKIAတို႔စြန္႔ခြာထြက္ေျပးခဲ့သည္။ထိုလက္နက္ေတြကိုKIAဘယ္ကရသည္မသိ။ထိုလက္နက္ေတြၾကားမွာတပ္မေတာ္သားမ်ားတိုင္းျပည္အတြက္အသက္စြန္႔လႊတ္ခဲ့ၾကသည္။တရားေသာစစ္အတြက္ရဲရင့္သူတို႔ေအာင္ႏိုင္ခဲ့သည္။အသက္စြန္႔သြားေသာတပ္မေတာ္သားမ်ားတာ၀န္ေက်ပြန္ခဲ့သည္ကသမိုင္း၀င္မည့္အမွန္တရားတစ္ခုျဖစ္သည္။ရဲေသာ္မေသေသေသာ္ငရဲမလားဆိုသလိုေသသည့္တိုင္ငရဲသို႔ေရာက္မည့္သူမ်ားမဟုတ္ႏိုင္ငံေတာ္ကလည္းသူရဲေကာင္းမ်ားအတြက္ဘြဲ႕တံဆိပ္မ်ားခ်ီးျမႇင့္ခဲ့သည္။႐ုပ္ရွင္ထဲကလိုလက္ပစ္ဗုံးေပၚကိုတက္ဖိ၍မိမိအသက္ကိုစြန္႔လႊတ္ၿပီးအမ်ားအသက္ကိုကယ္တင္ခဲ့သည့္ဒရမ္မာဆန္ဆန္ျပကြက္တစ္ခုမဟုတ္။လဂ်ားယန္ေဒသပြိဳင္၇၇၁စခန္းသိမ္းတိုက္ပြဲမွာတပ္ရင္းမႉးႏွင့္အရာရွိစစ္သည္အမ်ားစုရွိေနတဲ့ေနရာကိုက်ေရာက္လာတဲ့KIAရဲ႕လက္ပစ္ဗုံးေပၚသို႔အခ်ိန္၄စကၠန္႔ေလာက္အတြင္းမွာဆုံးျဖတ္ခ်က္ခိုင္ခိုင္မာမာႏွင့္မိမိအသက္ကိုငဲ့မကြက္ဘဲမိမိခႏၶာကိုယ္ကိုဖိ၍အျခားသူမ်ားဗုံးဆန္မထိေအာင္ကာကြယ္ေပးခဲ့သည့္ဒုတပ္ၾကပ္ေအာင္သိမ္း၏အျဖစ္အပ်က္မွာအမွန္တကယ္ျဖစ္ေပၚခဲ့သည္။ရဲဝံ့ကိုယ္က်ိဳးစြန္႔ေသာထိုစိတ္ဓာတ္အတြက္ႏွစ္ေပါင္း၂၀ေက်ာ္အတြင္းအျမင့္ဆုံးဘြဲ႕ထူးဂုဏ္ထူးျဖစ္လာေသာတပ္မေတာ္ဆိုင္ရာစြမ္းရည္သတၱိဘြဲ႕တစ္ခုျဖစ္သည့္သီဟသူရဘြဲ႕ေပးအပ္ခ်ီးျမႇင့္ျခင္းျဖင့္ဂုဏ္ျပဳခဲ့သည္။ထို႔ျပင္ဒုတပ္ၾကပ္မွတပ္ၾကပ္သို႔အဆင့္တိုးေပးခဲ့သည္။တိုင္းျပည္၏အနာဂတ္သည္လြတ္လပ္ေရးရၿပီးတည္းကယမ္းခိုးယမ္းေငြ႕မ်ားၾကားထဲတြင္ေတာက္ပသင့္သေလာက္မေတာက္ပလာခဲ့။နယ္ေျမရယူလိုမႈ၊အာဏာရယူလိုမႈ၊မေျဖရွင္းႏိုင္ေသးေသာျပသနာေပါင္းစုံၾကားထဲတြင္တိုင္းျပည္အတြက္အသက္၊ေသြး၊ေခြၽးမ်ားေပးဆပ္သြားသူသူရဲေကာင္းေတြမနည္း။ထိုသူမ်ားအားလုံးတူညီေသာခံစားခ်က္တစ္ခုေတာ့ရွိေပလိမ့္မည္။ျမင့္ျမတ္ေသာေသဆုံးျခင္းေၾကာင့္ေနာင္တခ်ိန္မွာငါတို႔တိုင္းျပည္ႀကီးေအးခ်မ္းသာယာတိုးတက္လာလိမ့္မယ္ဟူသတည္း။credit:

Be the first to comment

Leave a Reply

Your email address will not be published.


*