ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သည့် မတော်တဆ တီထွင်မှုများ

ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည့်မတော်တဆတီထွင်မှုများမတော်တဆတွေ့ရှိချက်ကနေတီထွင်မှုများဖြစ်စေပြီးလူသားအကျိုးပြုစေခဲ့တာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။စတိန်းလက်စ်စတီး(StainlessSteel)သင့်ရဲ့အိမ်မှာ၊စားသောက်ဆိုင်တွေ၊ဟိုတယ်တွေမှာအစားအသောက်တွေတည်ခင်းဧည့်ခံရာမှာသုံးတဲ့ဇွန်း၊ခက်ရင်း၊ဓားတွေဟာစတိန်းလက်စ်စတီးနဲ့လုပ်ထားတာတွေ့ရပါလိမ့်မယ်။အဲဒီစတိန်းလက်စ်စတီးတွေကိုမူလအစ၂၀ရာစုတုန်းကဇွန်း၊ခက်ရင်းတွေအတွက်ရည်ရွယ်တီထွင်ထုတ်လုပ်ခဲ့တာမဟုတ်ပါဘူး။၂၀ရာစုထဲမှာလက်နက်ထုတ်လုပ်တဲ့သူတွေကနေအင်္ဂလိပ်လူမျိုးသတ္တုဗေဒပညာရှင်ဟာရီဘယ်ရာရီ(HarryBrealy)ကိုသံချေး၊အညစ်အကြေးမတက်တဲ့သေနတ်ပြောင်းတီထွင်ဖို့ငှားရမ်းခဲ့ပါတယ်။သိပ်မကြာခင်မှာသတ္တုတွေကိုစားတတ်တဲ့အရာအမျိုးမျိုး၊သံပုရာရည်လိုအက်ဆစ်တွေနဲ့ပါဓာတ်မပြု၊မစားတဲ့သတ္တုဓာတ်တမျိုးဖြစ်တဲ့စတိန်းလက်စ်စတီးကိုတီထွင်နိုင်ခဲ့ပါတယ်။သူဟာအစားအသောက်တွေတည်ခင်းဧည့်ခံရာမှာသုံးတဲ့ဇွန်း၊ခက်ရင်း၊ဓားတွေထုတ်လုပ်ဖို့စိတ်ကူးရခဲ့ပြီးစတိန်းလက်စ်စတီးဇွန်း၊ခက်ရင်း၊ဓားတွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ဒီအချိန်မှာတော့အစားအသောက်ထည့်တဲ့ပစ္စည်းတွေ၊မီးဖိုချောင်ပရိဘောဂတွေနဲ့၊စားသောက်ကုန်လုပ်ငန်းစက်ရုံတွေမှာစတိန်းလက်စ်စတီးကိုအမြောက်အများကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီဖြစ်ပါတယ်။၂။လုံခြုံစိတ်ချရတဲ့မှန်(SafetyGlass)ပြင်သစ်ဓာတုဗေဒပညာရှင်အက်ဒဝပ်ဘီနီဒစ်တုစ်(EdouardBenedictus)ဟာသူ့စားပွဲပေါ်ကဓာတ်ခွဲခန်းသုံးဖန်ပုလင်းကိုမတော်တဆတိုက်မိသွားပါတယ်။အဲဒီပုလင်းဟာအောက်ကျပြီးအစိတ်စိတ်အမွှာမွှာကွဲသွားရမယ့်အစားအက်သွားတာကိုတွေ့ရပါတယ်။အဲဒီအခြေအနေဟာထူးဆန်းနေတာကြောင့်အသေးစိတ်လေ့လာကြည့်တဲ့အခါမှာအဲဒီပုလင်းဟာသိပ်မကြာခင်ကပဲပလပ်စတစ်ဆဲလ်လူလို့စ်နိုက်ထရိတ်(PlasticCelluloseNitrate)ထည့်ထားတဲ့အတွက်ဖန်ပုလင်းရဲ့အတွင်းဘက်ကိုအဲဒီဓာတုပစ္စည်းသုတ်ထားသလိုဖြစ်နေလို့အစိတ်စိတ်အမွှာမွှာကွဲမသွားတာကိုသတိပြုမိပြီးလုံခြုံစိတ်ချရတဲ့မှန်တွေကိုတီထွင်ခဲ့တာဖြစ်ပါတယ်။သူဟာလုံခြုံစိတ်ချရတဲ့မှန်ကို၁၉၀၉မှာလုံခြုံစိတ်ချအန္တရာယ်ကင်းတဲ့ကားတွေထုတ်လုပ်ရာမှာကားမှန်အနေနဲ့သုံးဖို့မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပေမယ့်၊ကားထုတ်လုပ်သူတွေကကုန်ကျစရိတ်လျော့ချနိုင်အောင်အဲဒီမှန်တွေမသုံးခဲ့ပါဘူး။ပထမကမ္ဘာစစ်မှာတော့စစ်ပွဲတွေမှာသုံးဖို့ဓာတ်ငွေ့ကာမျက်နှာဖုံးအတွက်အဲဒီမှန်တွေသုံးခဲ့ပါတယ်။မော်တော်ကားတွေမှာတော့၁၉၃၀လောက်ကစပြီးတပ်ဆင်သုံးခဲ့ပြီးနောက်ပိုင်းကားတိုင်းမှာသုံးဖြစ်ပါတယ်။၃။စူပါဂလူးကော်(SuperGlue)သေနတ်တွေအတွက်ချိန်သီးမှန်ကိုပလပ်စတစ်နဲ့လုပ်ဖို့ကြိုးပမ်းရင်းစူပါဂလူးကော်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ကိုဒတ်(Kodak)သုတေသနဓာတ်ခွဲခန်းကသုတေသီဟာရီကူးဗား(HarryCoover)ကဆိုင်ယန်နိုအခရိုက်လိတ်(Cyano-acrylate)ကနေအရာဝတ္ထုတော်တော်များများကပ်နိုင်စေတဲ့စူပါဂလူးကော်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကော်ရည်တွေဟာအရမ်းစေးကပ်နေတဲ့အတွက်သူရည်ရွယ်တီထွင်တဲ့ပလပ်စတစ်မှန်အတွက်အသုံးမဝင်ဘူး၊အဆင်မပြေဘူးဆိုပြီးမသုံးဘဲပယ်ခဲ့ပါတယ်။နှစ်တော်တော်ကြာခဲ့ပြီးမှအဲဒါကိုပြန်သတိထားမိပြီးဒီနေ့ဈေးကွက်တင်ရောင်းချနေတဲ့စူပါဂလူးကော်တွေအဖြစ်ရောင်းချခဲ့တာဖြစ်ပါတယ်။၄။ရောင်စုံရွှံ့စေးတု(PlayDoh)ကလေးတွေအရုပ်တွေလုပ်ကစားဖို့ရောင်စုံရွှံ့စေးလိုရောင်စုံအတုံးလေးတွေရောင်းချတာသတိထားမိမှာပါ။အလွယ်တကူခြောက်မသွားဘဲရွှံ့စေးလို၊ဂျုံလုံးတွေလိုပျော့တွဲနေပြီးကလေးတွေအရုပ်မျိုးစုံလုပ်ကစားဖို့ရောင်းချထားပါတယ်။အဲဒီရွှံ့စေးလိုအတုံးလေးတွေကိုမူလအစ၂၀ရာစုတုန်းကနံရံကပ်စက္ကူတွေသန့်ရှင်းရေးလုပ်ဖို့ကလီယိုမက်ဗစ်ကာ(CleoMcVicker)ကရည်ရွယ်တီထွင်ခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်ကအေးတဲ့ဒေသတွေမှာအခန်းကိုအပူပေးဖို့မီးသွေးတွေသုံးခဲ့တဲ့အတွက်အခန်းတွေရဲ့နံရံကစက္ကူတွေသန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။အဲဒီသန့်ရှင်းရေးလုပ်ဖို့ထွင်ထားတဲ့ရွှံ့စေးတုတွေကိုသူ့သားကအရုပ်လုပ်ဆော့တာကိုတွေ့ပြီးအရုပ်လုပ်ဆော့ဖို့ရွှံ့စေးတု(ModelingClay)တွေဈေးကွက်တင်ရောင်းခဲ့တာအခုထိရောင်းချနေဆဲဖြစ်ပါတယ်။၅။ပစ်တိုင်းထောင်စပရိန်(Slinky)ဒုတိယကမ္ဘာစစ်အတွင်းမှာရေတပ်အင်ဂျင်နီယာရစ်ချတ်ဂျိမ်းစ်(RichardJames)ကနေစစ်သင်္ဘောတွေမှာသုံးတဲ့အထိအခိုက်မခံတဲ့ပစ္စည်းကိရိယာတွေအတွက်စပရိန်တွေကိုတီထွင်ခဲ့ပါတယ်။အဲဒီစပရိန်တခုကိုစမ်းသပ်ရင်းမတော်တဆလက်ထဲကလွတ်ကျသွားပါတယ်။အဲဒီစပရိန်ဟာသူ့ဖာသာသူပြန်မတ်သွားတာတွေ့ခဲ့ရပါတယ်။အဲဒီစပရိန်တွေကိုကလေးတွေဆော့ဖို့ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။၆။ဓာတုဆိုးဆေး(Syntheticdye)၁၈၅၆မှာ၁၈နှစ်သားဓာတုဗေဒပညာရှင်ဝီလီယံပါကင်(WilliamPerkin)ဟာငှက်ဖျားရောဂါကုသဖို့ဆေးထုတ်လုပ်နိုင်ဖို့အပတ်တကုတ်ကြိုးပမ်းခဲ့ပါတယ်။သူ့ရဲ့စမ်းသပ်ကြိုးပမ်းမှုတခုဟာလုံးဝလွဲနေပြီး၊ဘာမှအလုပ်မဖြစ်ခဲ့ပါဘူး။ဒါပေမယ့်သူ့ရဲ့ဓာတ်ခွဲခန်းသုံးဖန်ပန်းကန်အဝိုင်းပြားလေးထဲမှာလှပတဲ့မရမ်းစေ့ရောင်နုတောက်နေတာတွေ့ရပြီးဓာတုဆိုးဆေးကိုတီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ငှက်ဖျားရောဂါကုသတဲ့ဆေးတီထွင်ဖို့ကြံတာဓာတုဆိုးဆေးပေါ်ပေါက်လာခဲ့တာဆိုတော့အလွဲကောင်းလို့ပဲပြောရမှာပါ။၇။မိုက်ခရိုဝေ့ဖ်မီးဖို(MicrowaveOven)ချက်ပြုတ်ကျွေးမွေးမယ့်သူမရှိ၊ချက်ပြုတ်လည်းမစားချင်တဲ့တကိုယ်တည်းလူပျိုကြီးတွေကျေးဇူးတင်ရမယ့်တီထွင်မှုဖြစ်ပါတယ်။အသင့်ချက်ပြုတ်ထားတဲ့အထုတ်တွေဝယ်လာပြီးရေခဲသေတ္တာထဲထည့်ထားတဲ့စားစရာတွေကိုအလွယ်တကူနွှေးစားနိုင်တဲ့မိုက်ခရိုဝေ့ဖ်မီးဖိုကိုတီထွင်ထားလို့ဖြစ်ပါတယ်။အဲဒီမီးဖိုကလည်းမတော်တဆတွေ့ရှိခဲ့တဲ့တီထွင်မှုဖြစ်ပါတယ်။၁၉၄၅ဒုတိယကမ္ဘာစစ်အတွင်းမှာရေတပ်ရေဒါအထူးကျွမ်းကျင်သူပါစီစပင်န်ဆာ(PercySpancer)ဟာမိုက်ခရိုဝေ့ဖ်တွေထုတ်လွှတ်တဲ့ပစ္စည်းရှေ့မှာဟိုဟိုဒီဒီသွားလာလုပ်ကိုင်ရင်းသူ့ရဲ့အိပ်ကပ်ထဲကချောကလက်တွေအရည်ပျော်သွားတာသတိပြုမိခဲ့ပါတယ်။ဒါပေမယ့်တခြားတဘက်ကချောကလက်တွေကတော့အရည်မပျော်တာတွေ့ရပါတယ်။အဲဒီအခြေအနေကိုသူပြန်သုံးသပ်ကြည့်ခဲ့တဲ့အခါမှာမိုက်ခရိုဝေ့တွေဟာစားအသောက်တွေကိုအပူပေးနိုင်ကြောင်းသတိထားမိပြီးတခြားအစားအသောက်တွေကိုစမ်းသပ်ခဲ့ပါတယ်။သူနောက်ထပ်စမ်းသပ်တာကပြောင်းစေ့တွေဖြစ်ပြီးပြောင်းဖူးပေါက်ပေါက်(Popcorn)ဖောက်ကြည့်တာပါ။တခြားအစားအသောက်တွေစမ်းသပ်ရာမှာလည်းအောင်မြင်ခဲ့ပါတယ်။အဲဒီအခါမှာသူဟာမိုက်ခရိုဝေ့သုံးပြီးအစားအသောက်ချက်ပြုတ်၊အပူပေးနိုင်တဲ့စက်ကိုတီထွင်ခဲ့ပါတယ်။၁၉၄၇မှာရေသီယွန်(Raytheon)ကနေပထမဦးဆုံးမိုက်ခရိုဝေ့ဖ်မီးဖိုကိုတည်ဆောက်ခဲ့ပါတယ်။အဲဒီမီးဖိုဟာပေါင်၇၅၀လေးပြီး၊၅ပေခွဲမြင့်ကာကုန်ကျစားရိတ်ဒေါ်လာ၅၀၀၀လောက်ရှိပါတယ်။အိမ်သုံးအနေနဲ့ကတော့၁၉၅၀လောက်ရောက်ရှိလာပေမယ့်အရွယ်အစားနဲ့ဈေးနှုန်းကြောင့်ရေပန်းမစားခဲ့ပါဘူး။၁၉၆၇မှာတော့စားပွဲတင်အရွယ်အစားထုတ်လုပ်နိုင်ခဲ့ပြီးဈေးနှုန်းကလည်း၄၉၅ဒေါ်လာဖြစ်လာပါတယ်။အဲဒီနောက်ပိုင်းမှာတော့အများမြင်တွေ့နေကြရတဲ့မိုက်ခရိုဝေ့ဖ်မီးဖိုတွေဖြစ်လာ၊ထုတ်လုပ်ရောင်းချလာပါတယ်။၁၉၄၅ခုနှစ်မှာစတင်ခဲ့တဲ့တီထွင်ထုတ်လုပ်မှုဟာနှစ်ပေါင်း၆၅နှစ်ကျော်လောက်ကြာပြီးခဲ့တဲ့အချိန်မှာတော့အမေရိကန်နိုင်ငံအိမ်တွေရဲ့၉၀ရာခိုင်နှုန်းလောက်မိုက်ခရိုဝေ့ဖ်မီးဖိုတွေသုံးစွဲနေကြပြီဖြစ်ပါတယ်။မိုက်ခရိုဝေ့ဖ်တွေဟာအစားအသောက်တွေကိုအပူပေးနိုင်ကြောင်းသတိထားမိပြီးမိုက်ခရိုဝေ့ဖ်မီးဖို(MicrowaveOven)တွေဖြစ်လာတာပါ။၈။ကပ်ခွာမှတ်စုစာရွက်(Post-itNotes)အိမ်ကမိသားစုတယောက်ကို၊အခန်းဖော်သူငယ်ချင်းတယောက်ယောက်ကို၊သင်ကိုယ်တိုင်မမေ့အောင်၊စာအုပ်တအုပ်မှာစာမျက်နှာမှတ်ထားနိုင်အောင်ကော်သုတ်ပြီးသားစက္ကူလေးတွေသုံးကြပါတယ်။မလိုအပ်ရင်အလွယ်တကူခွာလိုက်နိုင်ပြီးကော်တွေစက္ကူတွေလည်းကပ်ပြီးကျန်မနေလို့အဆင်ပြေပါတယ်။အဲဒီတီထွင်မှုကို၁၉၆၈မှာစပင်ဆာဆီးလ်ဗား(SpencerSilver)ကနေသရီးအမ်(3M)အတွက်သိပ်မကပ်တဲ့ကော်တွေကိုတီထွင်ရင်း၊သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အာသာဖရိုင်း(ArthorFry)ကနေဈေးကွက်တင်ရောင်းချဖို့သတိထားမိခဲ့ပြီးဈေးကွက်တင်ရောင်းချခဲ့လို့စာရွက်မှတ်ဖို့မှတ်စုတွေ၊မမေ့အောင်ရေးမှတ်ဖို့သုံးတဲ့ကပ်ခွာစက္ကူလေးတွေ(Post-itNotes)တွေဒီနေ့သုံးနေကြရတာဖြစ်ပါတယ်။၉။ပလပ်စတစ်(Plastic)၁၉၀၀ပြည့်နှစ်အစောပိုင်းလောက်မှာလျှပ်ကာ၊အပူကာပစ္စည်းတခုရှဲလ်လက်(Shellac)ကိုအရှေ့တောင်အာရှကပိုးတောင်မာ(beetle)ကနေထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်အဲဒီကုန်ကြမ်းပစ္စည်းကိုတင်သွင်းထုတ်လုပ်ဖို့မလွယ်ကူဖြစ်နေပါတယ်။အဲဒီအတွက်ဓာတုဗေဒပညာရှင်လီယိုဟင်းန်ဒရစ်ဘိတ်ကီလန်င်း(LeoHendrikBackeland)ကနေအဲဒီပစ္စည်းဝယ်သုံးမယ့်ပိုက်ဆံတချို့ကိုအစားထိုးသုံးနိုင်မယ့်ပစ္စည်းတခုတီထွင်ဖို့သုံးခဲ့ပါတယ်။သူ့ရဲ့တီထွင်မှုကနေမိုလောင်းပြီးသုံးနိုင်တဲ့အပြင်အပူချိန်တော်တော်များများပေးတဲ့အထိပုံပြောင်းမသွားတဲ့ပစ္စည်းတခုဖြစ်တဲ့ပလပ်စတစ်ကိုတီထွင်နိုင်ခဲ့ပါတယ်။၁၀။တက်ဖလွန်(Teflon)တက်ဖလွန်(Teflon)သုတ်ထားတဲ့ဒယ်အိုးတွေ၊ခွက်တွေကအိုးမကပ်အောင်ကာကွယ်ပေးပါတယ်။ကြက်ဥမွှေကြော်လိုအိုးကပ်တတ်တဲ့အစားအသောက်တွေကြော်ချက်ရာမှာဆီအများကြီးထည့်စရာမလိုတော့ပါဘူး။ဆီလျှော့စားနေတဲ့ဒီနေ့ခေတ်မှာတော်တော်အဆင်ပြေပါတယ်။အဲဒီတက်ဖလွန်ကိုတွေ့ရှိခဲ့တာကလည်းစိတ်ဝင်စားစရာပါ။ဓာတုဗေဒပညာရှင်ရွိုင်းပလန်းကက်(RoyPlunkett)ဟာ၂၀ရာစုအစပိုင်းလောက်ကဒူးပွန့်(DuPont)ကုမ္ပဏီမှာအလုပ်လုပ်နေခဲ့ပါတယ်။အဲဒီမှာရေခဲစေတဲ့အရာဓာတုပစ္စည်းတခုကိုစမ်းသပ်ရင်းဓာတ်ပြုမှုကင်းပြီးအိုးမကပ်တဲ့ဓာတုပစ္စည်းအသစ်တခုကိုတွေ့ရှိခဲ့ပါတယ်။ဒူးပွန့်ကအဲဒီဓာတုပစ္စည်းကိုမြန်မြန်ဆန်ဆန်ပဲမှတ်ပုံတင်မူပိုင်ခွင့်ရယူခဲ့ပါတယ်။အဲဒီဓာတုပစ္စည်းကအခုလူအများသိနေ၊သုံးနေကြတဲ့တက်ဖလွန်(Teflon)ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*