မြန်မာ့အရေးကုလဆုံးဖြတ်ချက်ရုရှားနဲ့တရုတ်ကန့်ကွက်

Unicodeမြန်မာ့အရေးကုလဆုံးဖြတ်ချက်ရုရှားနဲ့တရုတ်ကန့်ကွက်ရိုဟင်ဂျာမွတ်စလင်တွေနဲ့တခြားလူနည်းစုတိုင်းရင်းသားတွေအပေါ်မှာမြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂမှာတင်သွင်းခဲ့တဲ့ဆုံးဖြတ်ချက်မူကြမ်းကိုတရုတ်နဲ့ရုရှားနိုင်ငံတွေကကန့်ကွက်လိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာအဲဒီဆုံးဖြတ်ချက်မူကြမ်းကိုပြီးခဲ့တဲ့ကြာသပတေးနေ့ကမဲခွဲခဲ့ကြပြီးတော့ဘင်္ဂလားဒေ့ရှ်အပါအဝင်နိုင်ငံပေါင်း၁၃၀ကထောက်ခံပြီး၉နိုင်ငံကကန့်ကွက်ခဲ့ကြတာပါ။ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီမှာတင်သွင်းတဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ချက်ကို၇၅ကြိမ်မြောက်အထွေထွေညီလာခံရဲ့၄၈ကြိမ်မြောက်အစည်းအဝေးမှာမဲခွဲဆုံးဖြတ်ပြီးအတည်ပြုခဲ့ပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံတွေအပြင်ဘယ်လာရုစ်၊ကမ္ဘောဒီးယား၊လာအို၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ဇင်ဘာဘွေနဲ့မြန်မာနိုင်ငံတွေကဒီဆုံးဖြတ်ချက်မူကြမ်းကိုကန့်ကွက်ခဲ့ကြပါတယ်။အိန္ဒိယ၊ဂျပန်၊သီရိလင်္ကာနဲ့စင်ကာပူအပါအဝင်နိုင်ငံပေါင်း၂၆နိုင်ငံကမဲမပေးဘဲနေခဲ့ကြပါတယ်။မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)နဲ့ဥရောပသမဂ္ဂ(EU)တို့ကပူးတွဲကမကထလုပ်တင်သွင်းတဲ့ဒီဆုံးဖြတ်ချက်ဟာမမှန်မကန်ဖော်ပြပြီးတော့နိုင်ငံရေးသဘောတွေပါဝင်နေတယ်လို့ပြောပြီးပယ်ချလိုက်ပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ဒီဆုံးဖြတ်ချက်ကိုမဲခွဲဖို့နဲ့ကန့်ကွက်မဲပေးကြဖို့တောင်းဆိုခဲ့ပါတယ်။အခုလိုမဲပေးတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ကတော့အဲဒီလိုလုပ်ဖို့ကြိုးပမ်းနေမှုမှန်သမျှဟာလူ့အခွင့်အရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးကုလသမဂ္ဂရဲ့ယန္တရားအလွဲသုံးစားလုပ်တာလို့သတ်မှတ်သွားမှာဖြစ်ကြောင်းပြောပါတယ်။တရုတ်နိုင်ငံကတော့ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီးအဖြေရှာနိုင်ဖို့အတွက်မြန်မာအစိုးရနဲ့ရောဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပါ၃နိုင်ငံဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။၂၀၁၇ခုနှစ်သြဂုတ်လရခိုင်ပြည်နယ်ထဲမှာမြန်မာစစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်ရာကနေအဲဒီမှာရှိတဲ့ရိုဟင်ဂျာတွေသိန်းနဲ့ချီပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာအစိုးရဘက်ကတော့ဒုက္ခသည်တွေကိုပြန်လက်ခံဖို့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့၂နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးထားပြီးတော့ဒုက္ခသည်တွေကိုစိစစ်လက်ခံနေပေမယ့်ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့အသိအမှတ်ပြုထားခြင်းမရှိပါဘူး။VOA

Zawgyiျမန္မာ့အေရးကုလဆုံးျဖတ္ခ်က္႐ုရွားနဲ႔တ႐ုတ္ကန႔္ကြက္႐ိုဟင္ဂ်ာမြတ္စလင္ေတြနဲ႔တျခားလူနည္းစုတိုင္းရင္းသားေတြအေပၚမွာျမန္မာႏိုင္ငံကလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီးကုလသမဂၢမွာတင္သြင္းခဲ့တဲ့ဆုံးျဖတ္ခ်က္မူၾကမ္းကိုတ႐ုတ္နဲ႔႐ုရွားႏိုင္ငံေတြကကန႔္ကြက္လိုက္ပါတယ္။ကုလသမဂၢအေထြေထြညီလာခံမွာအဲဒီဆုံးျဖတ္ခ်က္မူၾကမ္းကိုၿပီးခဲ့တဲ့ၾကာသပေတးေန႔ကမဲခြဲခဲ့ၾကၿပီးေတာ့ဘဂၤလားေဒ့ရွ္အပါအဝင္ႏိုင္ငံေပါင္း၁၃၀ကေထာက္ခံၿပီး၉ႏိုင္ငံကကန႔္ကြက္ခဲ့ၾကတာပါ။ကုလသမဂၢအေထြေထြညီလာခံတတိယေကာ္မတီမွာတင္သြင္းတဲ့ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာဆုံးျဖတ္ခ်က္ကို၇၅ႀကိမ္ေျမာက္အေထြေထြညီလာခံရဲ႕၄၈ႀကိမ္ေျမာက္အစည္းအေဝးမွာမဲခြဲဆုံးျဖတ္ၿပီးအတည္ျပဳခဲ့ပါတယ္။႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံေတြအျပင္ဘယ္လာ႐ုစ္၊ကေမာၻဒီးယား၊လာအို၊ဖိလစ္ပိုင္၊ဗီယက္နမ္၊ဇင္ဘာေဘြနဲ႔ျမန္မာႏိုင္ငံေတြကဒီဆုံးျဖတ္ခ်က္မူၾကမ္းကိုကန႔္ကြက္ခဲ့ၾကပါတယ္။အိႏၵိယ၊ဂ်ပန္၊သီရိလကၤာနဲ႔စင္ကာပူအပါအဝင္ႏိုင္ငံေပါင္း၂၆ႏိုင္ငံကမဲမေပးဘဲေနခဲ့ၾကပါတယ္။ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့အစၥလာမၼစ္ႏိုင္ငံမ်ားပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(OIC)နဲ႔ဥေရာပသမဂၢ(EU)တို႔ကပူးတြဲကမကထလုပ္တင္သြင္းတဲ့ဒီဆုံးျဖတ္ခ်က္ဟာမမွန္မကန္ေဖာ္ျပၿပီးေတာ့ႏိုင္ငံေရးသေဘာေတြပါဝင္ေနတယ္လို႔ေျပာၿပီးပယ္ခ်လိုက္ပါတယ္။ျမန္မာကိုယ္စားလွယ္အဖြဲ႕ကေတာ့ဒီဆုံးျဖတ္ခ်က္ကိုမဲခြဲဖို႔နဲ႔ကန႔္ကြက္မဲေပးၾကဖို႔ေတာင္းဆိုခဲ့ပါတယ္။အခုလိုမဲေပးတာနဲ႔ပတ္သက္ၿပီးကုလသမဂၢရဲ႕ျမန္မာႏိုင္ငံဆိုင္ရာအၿမဲတမ္းကိုယ္စားလွယ္ကေတာ့အဲဒီလိုလုပ္ဖို႔ႀကိဳးပမ္းေနမႈမွန္သမွ်ဟာလူ႔အခြင့္အေရးဆိုတဲ့ေခါင္းစဥ္ေအာက္ကေနၿပီးကုလသမဂၢရဲ႕ယႏၲရားအလြဲသုံးစားလုပ္တာလို႔သတ္မွတ္သြားမွာျဖစ္ေၾကာင္းေျပာပါတယ္။တ႐ုတ္ႏိုင္ငံကေတာ့႐ိုဟင္ဂ်ာအေရးကိစၥနဲ႔ပတ္သက္ၿပီးအေျဖရွာႏိုင္ဖို႔အတြက္ျမန္မာအစိုးရနဲ႔ေရာဘဂၤလားေဒ့ရွ္အစိုးရနဲ႔ပါ၃ႏိုင္ငံေဆြးေႏြးမႈေတြလုပ္ေဆာင္ေနပါတယ္။၂၀၁၇ခုႏွစ္ၾသဂုတ္လရခိုင္ျပည္နယ္ထဲမွာျမန္မာစစ္တပ္ကနယ္ေျမရွင္းလင္းေရးလုပ္ရာကေနအဲဒီမွာရွိတဲ့႐ိုဟင္ဂ်ာေတြသိန္းနဲ႔ခ်ီၿပီးဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကိုထြက္ေျပးခဲ့ၾကတာျဖစ္ပါတယ္။ျမန္မာအစိုးရဘက္ကေတာ့ဒုကၡသည္ေတြကိုျပန္လက္ခံဖို႔အတြက္ဘဂၤလားေဒ့ရွ္အစိုးရနဲ႔၂ႏိုင္ငံနားလည္မႈစာခြၽန္လႊာလက္မွတ္ထိုးထားၿပီးေတာ့ဒုကၡသည္ေတြကိုစိစစ္လက္ခံေနေပမယ့္႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကိုေတာ့အသိအမွတ္ျပဳထားျခင္းမရွိပါဘူး။VOA

Be the first to comment

Leave a Reply

Your email address will not be published.


*