ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းကျင်းပသည့်လွတ်လပ်ရေးနေ့အခမ်းအနား

Unicodeကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းကျင်းပသည့်လွတ်လပ်ရေးနေ့အခမ်းအနား==================================ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းကျရောက်သည့်၇၃နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကိုမန္တလေးတွင်ကျင်းပခဲ့သည်။ယခင်နှစ်များကမန္တလာသီရိအားကစားကွင်းအတွင်းတွင်ကျင်းပလေ့ရှိသော်လည်းယခုနှစ်တွင်ဗထူးအားကစားကွင်းအတွင်းကျင်းပခဲ့သည်။အခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကနိုင်ငံတော်သမ္မတပေးပို့သည့်လွတ်လပ်ရေးနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ယခင်နှစ်များကအများပြည်သူများကိုတက်ရောက်ခွင့်ပြုလေ့ရှိသော်လည်းယခုနှစ်တွင်မူဌာနဆိုင်ရာဝန်ထမ်းများ၊နိုင်ငံရေးပါတီများနှင့်ပြည်သူအနည်းငယ်သာတက်ရောက်ခွင့်ပြုခဲ့သည်။လွတ်လပ်ရေးနေ့အခမ်းအနားများတွင်အပြေးပြိုင်ပွဲများနှင့်အခြားအားကစားပြိုင်ပွဲများကိုထည့်သွင်းကျင်းပလေ့ရှိသော်လည်းယခုနှစ်တွင်အလံတင်ခြင်းနှင့်အလေးပြုခြင်းကိုသာပြုလုပ်သည်ကိုတွေ့ရသည်။အများပြည်သူတို့ကရပ်ကွက်များအတွင်းကျင်းပလေ့ရှိသည့်အားကစားပြိုင်ပွဲများကိုလည်းကျင်းပခွင့်မပြုကြောင်းတရားဝင်တားမြစ်ထားခြင်းမရှိသော်လည်းလူစုလူဝေးဖြစ်စေမည့်တိုင်းဒေသကြီးအစိုးရကပွဲလမ်းသဘင်များကိုမကျင်းပကြဖို့တိုက်တွန်းထားသည်။(သတင်းနှင့်ဓာတ်ပုံ-ရန်မိုးနိုင်/Myammar Now)

Zawgyiကိုဗစ္ႏိုင္တင္းကပ္ေရာဂါကာလအတြင္းက်င္းပသည့္လြတ္လပ္ေရးေန႔အခမ္းအနား==================================ကိုဗစ္ႏိုင္တင္းကပ္ေရာဂါကာလအတြင္းက်ေရာက္သည့္၇၃ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အခမ္းအနားကိုမႏၲေလးတြင္က်င္းပခဲ့သည္။ယခင္ႏွစ္မ်ားကမႏၲလာသီရိအားကစားကြင္းအတြင္းတြင္က်င္းပေလ့ရွိေသာ္လည္းယခုႏွစ္တြင္ဗထူးအားကစားကြင္းအတြင္းက်င္းပခဲ့သည္။အခမ္းအနားတြင္မႏၲေလးတိုင္းေဒသႀကီးအစိုးရဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ကႏိုင္ငံေတာ္သမၼတေပးပို႔သည့္လြတ္လပ္ေရးေန႔သဝဏ္လႊာကိုဖတ္ၾကားခဲ့သည္။ယခင္ႏွစ္မ်ားကအမ်ားျပည္သူမ်ားကိုတက္ေရာက္ခြင့္ျပဳေလ့ရွိေသာ္လည္းယခုႏွစ္တြင္မူဌာနဆိုင္ရာဝန္ထမ္းမ်ား၊ႏိုင္ငံေရးပါတီမ်ားႏွင့္ျပည္သူအနည္းငယ္သာတက္ေရာက္ခြင့္ျပဳခဲ့သည္။လြတ္လပ္ေရးေန႔အခမ္းအနားမ်ားတြင္အေျပးၿပိဳင္ပြဲမ်ားႏွင့္အျခားအားကစားၿပိဳင္ပြဲမ်ားကိုထည့္သြင္းက်င္းပေလ့ရွိေသာ္လည္းယခုႏွစ္တြင္အလံတင္ျခင္းႏွင့္အေလးျပဳျခင္းကိုသာျပဳလုပ္သည္ကိုေတြ႕ရသည္။အမ်ားျပည္သူတို႔ကရပ္ကြက္မ်ားအတြင္းက်င္းပေလ့ရွိသည့္အားကစားၿပိဳင္ပြဲမ်ားကိုလည္းက်င္းပခြင့္မျပဳေၾကာင္းတရားဝင္တားျမစ္ထားျခင္းမရွိေသာ္လည္းလူစုလူေဝးျဖစ္ေစမည့္တိုင္းေဒသႀကီးအစိုးရကပြဲလမ္းသဘင္မ်ားကိုမက်င္းပၾကဖို႔တိုက္တြန္းထားသည္။(သတင္းႏွင့္ဓာတ္ပုံ-ရန္မိုးႏိုင္/MyammarNow)

Be the first to comment

Leave a Reply

Your email address will not be published.


*