ဝမ်းရေးအတွက် တစ်ပုံ ၁၀၀၀ ဖြင့်ပန်းချီဆွဲပြီးရောင်းနေတဲ့ အဖိုး
Unicode
ကြုံရဆုံရလူလောက သမုဒ္ဒရာ၀မ်းတစ်ထွာမို့သာတော်ကာကျပါရဲ့ ၀မ်းတတောင်ဆိုရင်လွယ်မယ်မထင်။လူအမျိုးမျိုးစိတ် အထွေထွေ အဲ့တာကြောင့်လည်း လူတွေလုပ်ကိုင်ရှာဖွေစားသောက်နေထိုင်ပုံတွေ မတူကွဲပြားနေကြတာ။တစ်ချို့ကလည်း အလွယ်နည်း တောင်ရမ်း စားဝတ်နေရေးဖြေရှင်းကြ၊တစ်ချို့ကလည်း ခိုး၊ဆိုး၊လုနှိုက်စာသောက်ကြတယ်၊အဲတစ်ချို့တော့လည်း ကိုယ်တက်ထားတဲ့ ပညာလေးနဲ့ လုပ်ကိုင်စားသောက်နေကြတယ်။အခုလည်း အသက်ကြီးနေပြီ‌ေပမယ့် သူတက်ထားတဲ့ ပန်ချီပညာလေးနဲ့ ပုံလေးတွေဆွဲပြီး ရိုးသားစွာ ရှာဖွေစားသောက်နေရှာတဲ့ အဘ တကယ့်ကိုလေးစားဖွယ်ပါ။စိတ်ကောင်းလည်းဖြစ်မိတယ်အဘရယ်…?
အဘ “ပုံတစ်ပုံ ဘယ်လောက်လည်း”မေးတော့ “တစ်ထောင်တဲ့ “သမီးကို ဒီပုံထက်လှတာဆွဲပေးမလား”မေးတော့“အဘလည်း ဒီလိုပုံတွေပဲဆွဲ တတ်တယ်တဲ့” ဟန်မဆောင်တတ်ပဲရိုးသားစွာပြန်ဖြေတယ်။သူတတ်တဲ့ပညာလေးနဲ့ ရှာဖွေစားသောက်နေတာအင်းစိန်ဈေးကြီးမှာပါ တွေ့ရင်အားပေးကြပါဦးနော်…တစ်ထောင်ဆိုတာ သာမန်လူတွေအတွက်ဘာမှမများပါဘူး။အဘအတွတော့၀ရေးအတွက် အဆင်ပြေစေမှာပါ…Writer>> TH (Bo Saw)
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*