ဦးဇော်ဇော်မှကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအစိုးရသို့ငွေကျပ်၂ဘီလျံလှူဒါန်း

Unicodeကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအစိုးရသို့ငွေကျပ်၂ဘီလျံဦးဇော်ဇော်လှူဒါန်း=====================Covid-19ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရေးအတွက်နိုင်ငံ‌တော်အစိုးရသို့ငွေကျပ်၂ဘီလျံကိုဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌဦးဇော်ဇော်ကလှူဒါန်းလိုက်ကြောင်းသိရသည်။ဦးဇော်ဇော်က၎င်း၏ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင်”Covid-19ကပ်ရောဂါကာကွယ်ကုသရေးအတွက်ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးCovid-19ကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီမှစီမံဆောင်ရွက်လျက်ရှိသောကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက်ကိုလည်းငွေကျပ်(၂)ဘီလီယံကိုလှူဒါန်းခဲ့ပါသည်”ဟုရေးသားအသိပေးထားသည်။ထို့ပြင်ဦးဇော်ဇော်ကဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်Covid-19ကပ်ရောဂါကိုကျော်လွှားနိုင်ရန်အတွက်နိုင်ငံတော်အစိုးရ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ဦးဆောင်မှုဖြင့်ကျရာနေရာမှအားလုံးနှင့်အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းပြောကြားထားကာကမ္ဘာသူကမ္ဘာသားများအနေဖြင့်ကပ်ရောဂါအမြန်ဆုံးကင်းစင်၍လူသားတို့၏ပုံမှန်ဘဝကိုပြန်လည်ရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းခဲ့သည်။ယနေ့မနက်ပိုင်းကလည်းမြန်မာ့ရှေ့ဆောင်ဘဏ်၏ဥက္ကဌလည်းဖြစ်နိုင်ငံ၏ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့်ဦးချစ်ခိုင်ကနိုင်ငံတော်အစိုးရ၏ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးလုပ်ငန်းစဉ်အတွက်အမေရိကန်ဒေါ်လာ၁သန်းခွဲထည့်ဝင်လှူဒါန်းခဲ့သေးသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီသည်ကိုဗစ်ကာကွယ်ဆေးများဝယ်ယူရရှိနိုင်ရေးအတွက်ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကိုဒီဇင်ဘာ၃၀ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။မြန်မာ့စီးပွားရေးဘဏ်၊နေပြည်တော်တွင်COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက်ငွေစာရင်းဖွင့်လှစ်ပြီး(နိုင်ငံခြားငွေစာရင်းအမှတ်EDC600012)တွင်နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ်၃၃၈ဘီလီယံခန့်နှင့်ညီမျှသောအမေရိကန်ဒေါ်လာသန်း၂၅၀၊COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ်OA013733)စာရင်းတွင်နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ်သန်း၁,၀၀၀ကိုစတင်ထည့်သွင်းထားသည်။ယင်းအပြင်ကာကွယ်ဆေးဝယ်ယူရေးအတွက်ပြည်တွင်း/ပြည်ပမှပါဝင်လှူဒါန်းလိုကြသောပြည်သူများ၊အဖွဲ့အစည်းများအတွက်မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိကိုဗစ်19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ်(EDC600012)သို့မည်သည့်နိုင်ငံခြားငွေအမျိုးအစားကိုမဆိုထည့်ဝင်လှူဒါန်းနိုင်ရန်နှင့်COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ်OA013733)သို့မြန်မာကျပ်ငွေဖြင့်ထည့်ဝင်လှူဒါန်းနိုင်ရန်ငွေစာရင်းအကောင့်များဖွင့်ပေးထားသည်။မောင်မောင်/Myanmar Harp

Zawgyiကိုဗစ္ကာကြယ္ေဆးဝယ္ယူေရးအစိုးရသို႔ေငြက်ပ္၂ဘီလ်ံဦးေဇာ္ေဇာ္လႉဒါန္း=====================Covid-19ကပ္ေရာဂါကာကြယ္ေဆးဝယ္ယူေရးအတြက္ႏိုင္ငံ‌ေတာ္အစိုးရသို႔ေငြက်ပ္၂ဘီလ်ံကိုဧရာဝတီေဖာင္ေဒးရွင္းဥကၠ႒ဦးေဇာ္ေဇာ္ကလႉဒါန္းလိုက္ေၾကာင္းသိရသည္။ဦးေဇာ္ေဇာ္က၎၏ေဖ့စ္ဘုတ္လူမႈကြန္ယက္စာမ်က္ႏွာတြင္”Covid-19ကပ္ေရာဂါကာကြယ္ကုသေရးအတြက္ဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္အတတ္ႏိုင္ဆုံးႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီးCovid-19ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးဗဟိုေကာ္မတီမွစီမံေဆာင္႐ြက္လ်က္ရွိေသာကာကြယ္ေဆးဝယ္ယူႏိုင္ရန္အတြက္ကိုလည္းေငြက်ပ္(၂)ဘီလီယံကိုလႉဒါန္းခဲ့ပါသည္”ဟုေရးသားအသိေပးထားသည္။ထို႔ျပင္ဦးေဇာ္ေဇာ္ကဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္Covid-19ကပ္ေရာဂါကိုေက်ာ္လႊားႏိုင္ရန္အတြက္ႏိုင္ငံေတာ္အစိုးရ၊က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔၏ဦးေဆာင္မႈျဖင့္က်ရာေနရာမွအားလုံးႏွင့္အတူပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္းေျပာၾကားထားကာကမာၻသူကမာၻသားမ်ားအေနျဖင့္ကပ္ေရာဂါအျမန္ဆုံးကင္းစင္၍လူသားတို႔၏ပုံမွန္ဘဝကိုျပန္လည္ရရွိပါေစေၾကာင္းဆုမြန္ေကာင္းေတာင္းခဲ့သည္။ယေန႔မနက္ပိုင္းကလည္းျမန္မာ့ေရွ႕ေဆာင္ဘဏ္၏ဥကၠဌလည္းျဖစ္ႏိုင္ငံ၏ထိပ္သီးစီးပြားေရးလုပ္ငန္းရွင္တစ္ဦးလည္းျဖစ္သည့္ဦးခ်စ္ခိုင္ကႏိုင္ငံေတာ္အစိုးရ၏ကိုဗစ္ကာကြယ္ေဆးဝယ္ယူေရးလုပ္ငန္းစဥ္အတြက္အေမရိကန္ေဒၚလာ၁သန္းခြဲထည့္ဝင္လႉဒါန္းခဲ့ေသးသည္။ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္ေသာကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးဗဟိုေကာ္မတီသည္ကိုဗစ္ကာကြယ္ေဆးမ်ားဝယ္ယူရရွိႏိုင္ေရးအတြက္ကိုဗစ္ကာကြယ္ေဆးဝယ္ယူရရွိေရးရန္ပုံေငြစီမံခန႔္ခြဲမႈဆပ္ေကာ္မတီကိုဒီဇင္ဘာ၃၀ရက္ေန႔တြင္ဖြဲ႕စည္းခဲ့သည္။ျမန္မာ့စီးပြားေရးဘဏ္၊ေနျပည္ေတာ္တြင္COVID-19ကာကြယ္ေဆးဝယ္ယူရရွိေရးရန္ပုံေငြအတြက္ေငြစာရင္းဖြင့္လွစ္ၿပီး(ႏိုင္ငံျခားေငြစာရင္းအမွတ္EDC600012)တြင္ႏိုင္ငံေတာ္မွမတည္ရန္ပုံေငြက်ပ္၃၃၈ဘီလီယံခန႔္ႏွင့္ညီမွ်ေသာအေမရိကန္ေဒၚလာသန္း၂၅၀၊COVID-19ကာကြယ္ေဆးဝယ္ယူရရွိေရးရန္ပုံေငြ(ျမန္မာက်ပ္ေငြစာရင္းအမွတ္OA013733)စာရင္းတြင္ႏိုင္ငံေတာ္မွမတည္ရန္ပုံေငြက်ပ္သန္း၁,၀၀၀ကိုစတင္ထည့္သြင္းထားသည္။ယင္းအျပင္ကာကြယ္ေဆးဝယ္ယူေရးအတြက္ျပည္တြင္း/ျပည္ပမွပါဝင္လႉဒါန္းလိုၾကေသာျပည္သူမ်ား၊အဖြဲ႕အစည္းမ်ားအတြက္ျမန္မာ့စီးပြားေရးဘဏ္(ေနျပည္ေတာ္)ရွိကိုဗစ္19ကာကြယ္ေဆးဝယ္ယူရရွိေရးရန္ပုံေငြ(ႏိုင္ငံျခားေငြစာရင္းအမွတ္(EDC600012)သို႔မည္သည့္ႏိုင္ငံျခားေငြအမ်ိဳးအစားကိုမဆိုထည့္ဝင္လႉဒါန္းႏိုင္ရန္ႏွင့္COVID-19ကာကြယ္ေဆးဝယ္ယူရရွိေရးရန္ပုံေငြ(ျမန္မာက်ပ္ေငြစာရင္းအမွတ္OA013733)သို႔ျမန္မာက်ပ္ေငြျဖင့္ထည့္ဝင္လႉဒါန္းႏိုင္ရန္ေငြစာရင္းအေကာင့္မ်ားဖြင့္ေပးထားသည္။ေမာင္ေမာင္/MyanmarHarp

Be the first to comment

Leave a Reply

Your email address will not be published.


*