ရေမြှုပ်နေတဲ့စေတီတွေရှိရာစံကားမြို့ကြီးနှင့် ရေမြှုပ်နေရခြင်းရဲ့အ‌ကြောင်းအရင်း

Unicodeအင်းလေးကန်ထဲမှာရေမြှုပ်နေတဲ့မြို့နဲ့စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလားပုံစံအမျိုးမျိုးရှိတဲ့ရှေးဟောင်းစေတီတွေအင်းလေးရေပြင်ထဲမြှုပ်နေတာသိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့၊အဲ့ဒီမြို့လေးကတော့စံကားဆိုတဲ့မြို့လေးပါ။အင်္ဂလိပ်လိုဆိုရင်တော့SamKarလို့ပေါင်းပါတယ်။စံကားလို့ပေါင်းပေမဲ့စကားလို့အသံထွက်ပါတယ်။စံကားမြို့လေးကအင်းလေးကန်တောင်ဖက်ပိုင်းအင်းလေးကန်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိပါတယ်။လူဦးရေ၁၅၀၀လောက်ပဲရှိတဲ့မြို့သေးလေးတစ်မြို့ဖြစ်ပြီးရှမ်း၊ပအိုဝ့်၊အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ဟိုးတစ်ချိန်တုန်းကတော့ရှမ်းပြည်တောင်ပိုင်းမှာအချမ်းသာဆုံးဖြစ်ခဲ့ဖူးတယ်တဲ့လေ။ဘာလို့ရေမြှုပ်နေရသလဲ၁၉၇၀ခုနှစ်လောက်တုန်းကလောပိတရေအားလျှပ်စစ်စက်ရုံအတွက်မိုးဗြဲဆည်ကိုတည်ဆောက်ချိန်မှာရေမြှုပ်သွားခဲ့တာပါ။စံကား၊ဖယ်ခုံအပြင်အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ်ဘီလူးချောင်းတလျှောက်ကရွာတွေရယ်ရေမြုပ်သွားတယ်လို့သိရပါတယ်။ရွာမှာနေထိုင်သူတွေဟာမိမိအိုးအိမ်စည်းစိမ်တွေကိုစွန့်လွှတ်ပြီးရေလွတ်ရာကိုပြောင်းရွှေ့ကာရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့။အခုလက်ရှိစံကားမြို့ကတော့အသစ်တည်ထားတဲ့မြို့ကြီးပေါ့။မြန်မာတစ်နိုင်ငံလုံးကမြို့ကြီးတွေလျှပ်စစ်မီးရအောင်ရွာအမြှုပ်ခံကာစတေးခဲ့ရပေမဲ့သူတို့ကိုယ်တိုင်မှာတော့အခုထက်ထိလျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။စိတ်မကောင်းစရာပဲနော်။ဘာတွေလည်စရာရှိလဲစံကားလှေဆိပ်ရှိရာဘုန်းကြီးကျောင်းဝင်းမှာတင်ရှေးဟောင်းဘုရားတွေရယ်၊ရေထဲမြှုပ်နေတဲ့ဘုရားတွေရယ်တွေ့နေရပါပြီ။လှေဆိပ်မှာစားသောက်ဆိုင်ငယ်တွေရှိသလိုကမ်းနားကစားသောက်ဆိုင်ကနေအင်းလေးကန်ရှုခင်းကြည့်ပြီးလည်းစားသောက်နိုင်ပါတယ်။ကိုယ်တွေကတော့လှေဆိပ်ကနေလှေစီးလုံးငါးခ၂၀၀၀၀ကျပ်ပေးပြီးအင်းထဲကတာခေါင်မွေတော်ဘုရားနဲ့နတ်တာရိုးတို့ကိုလည်ပတ်ခဲ့ကြပါတယ်။တာခေါင်မွေတော်ဘုရားတာခေါင်မွေတော်ဘုရားကမွေတော်ကက္ကူဘုရားတွေလို၊ရွှေအင်းတိမ်ဘုရားတွေလိုပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ရှေးဟောင်းဘုရားတွေအများကြီးစီစီရီရီရှိနေတဲ့စေတီစုပါ။စေတီနားသို့လှေကပ်လာတဲ့အခါမှာတော့ရေထဲမြှုပ်နေတဲ့စေတီတချို့ကစီးကြိုလို့နေပါတယ်။ကန်စပ်မှာရှိတဲ့စေတီမုခ်ဦးဝကခြင်္သေ့ကြီး၂ကောင်ကလည်းအင်းလေးကန်ကြီးကိုလှမ်းမျှော်နေသယောင်မြင်ကွင်းကဆွေးစရာပါ။ရဲရဲနီအောင်ပွင့်နေတဲ့ပန်းခင်းတွေနောက်မှာတော့စေတီတွေ၊စေတီတွေအများကြီးလှမ်းမြင်နေရပါတယ်။စေတီပေါင်း၂၃၆ဆူတောင်ရှိပြီးစေတီအများစုကလွန်ခဲ့တဲ့နှစ်၆၀၀ကျော်ကတည်ထားခဲ့တာတဲ့လေ။အဲ့ဒီထဲကမှနှစ်ပေါင်း၂၀၀၀ကျော်ကတည်ထားခဲ့တဲ့စေတီကြီးကတော့ဗိသုကာလက်ရာကအစဆန်းကြယ်လို့နေပါတယ်။အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ရွှေရောင်စေတီကြီးကလည်းရှေးဟောင်းစေတီတွေအကြားသပ္ပါယ်စွာရှိလို့နေပါတယ်။နတ်တာရိုးနတ်တာရိုးကတော့အင်းလေးကန်အရှေ့နဲ့အနောက်ကိုကန့်လန့်ဖြတ်ထားတဲ့သဘာဝကျောက်တံတိုင်းကြီးပါ။လှေဆိပ်ကနေမိနစ်၂၀လောက်လှေစီးရပါတယ်။ဒီတာရိုးကြီးမှာပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ဒေသခံတွေကတော့နတ်တို့ဖန်ဆင်းထားတယ်လို့ပြောစမှတ်ပြုကြတာပေါ့။ဟိုးရှေးရှေးတုန်းကအင်းလေးကန်ရဲ့အရှေ့ရေထွက်ပေါက်နဲ့အနောက်ရေထွက်ပေါက်ကိုနတ်သား၂ပါးနဲ့နတ်သမီး၁ပါးတို့ကကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။နတ်သားထဲကတစ်ပါးကနတ်သမီးကိုချစ်ခင်စုံမက်လို့သွားကမ်းလှမ်းတဲ့အခါမိုးမလင်းခင်ရေထွက်ပေါက်၂ခုကိုတံတားတစ်စင်းအပြီးဆောက်ပေးရင်လက်ခံမယ်လို့ပြန်ပြောပါသတဲ့။နတ်သားလည်းအားကြိုးမာန်တက်နဲ့အပြီးဆောက်တာပေါ့။ဒါပေမဲ့နတ်သမီးလေးကလက်မဆက်ချင်တာကြောင့်ကြက်တစ်ကောင်ကိုမိုးမလင်းခင်တွန်ဖို့စေခိုင်းခဲ့သတဲ့လေ။ကြက်တွန်သံလည်းကြားရောမိုးလင်းပြီအမှတ်နဲ့နတ်သားလေးလက်လျှော့သွားတာကြောင့်တံတားကမပြီးမပြတ်ဖြစ်နေတာတဲ့လေ။ဒါကြောင့်လည်းတာရိုးကအနောက်ဘက်ကမ်းအထိမရောက်ဘဲအင်းလေးကန်အလည်မှာပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။ကိုယ်တွေရောက်တဲ့အချိန်ကရေတက်နေတဲ့အချိန်မို့လို့ရေပေါ်ပေါ်နေတဲ့တာရိုးပေါ်ထိတက်ကြည့်လို့ရပါတယ်။နောက်ပိုင်းမှာအသစ်အဆန်းအနေနဲ့တာရိုးတလျှောက်ဝါးဖောင်နဲ့နီးတော့တောင်ကြီးကလာမယ်ဆိုရင်ညောင်ရွှေဖြတ်စရာမလိုဘဲတောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်းလာလို့ရပါတယ်။တောင်ကြီးကနေတော့စံကားအထိ၂နာရီကျော်လောက်မောင်းရမှာပါ။အင်းလေးဟိုတယ်တွေကနေကားနဲ့သွားရင်အသွားတစ်နာရီ၊အပြန်တစ်နာရီ၊စံကားမှာလှေနဲ့သွားလည်တဲ့၂နာရီဆိုစုစုပေါင်း၄နာရီကျော်၅နာရီလောက်ပဲကြာတဲ့အတွက်နေ့ချင်းပြန်သွားလို့ရပါတယ်။အင်းလေးမကြာမကြာရောက်ဖူးသူတွေအနေနဲ့အသစ်အဆန်းနေရာအဖြစ်သွားလည်နိုင်ပါတယ်။သမိုင်းဝင်ရှေးဟောင်းစေတီတွေရေထဲမြှုပ်နေတဲ့တကယ်ထူးခြားလှတဲ့မြင်ကွင်းပါ။ဒါကြောင့်မို့လို့စံကားမြို့ကရှေးဟောင်းသမိုင်းဝင်စေတီတွေကိုအင်းလေးရောက်ရင်သွားရောက်ဖူးမြော်နိုင်အောင်ဖော်ပြလိုက်ပါတယ်နော်။အေးချမ်းလှတဲ့ဒီဇင်ဘာလလေးဖြစ်ပါစေချစ်ခင်လျှက်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသောပရိတ်သတ်ကြီးအားလုံးလည်းသာယာသောနေ့လေးဖြစ်ပါစေကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ခရက်ဒစ်မနုမြတ်

Zawgyiအင္းေလးကန္ထဲမွာေရျမႇဳပ္ေနတဲ့ၿမိဳ႕နဲ႔ေစတီပုထိုးေတြရွိတယ္ဆိုတာသိၾကလားပုံစံအမ်ိဳးမ်ိဳးရွိတဲ့ေရွးေဟာင္းေစတီေတြအင္းေလးေရျပင္ထဲျမႇဳပ္ေနတာသိပ္ကိုထူးဆန္းတဲ့ျမင္ကြင္းေပါ့၊အဲ့ဒီၿမိဳ႕ေလးကေတာ့စံကားဆိုတဲ့ၿမိဳ႕ေလးပါ။အဂၤလိပ္လိုဆိုရင္ေတာ့SamKarလို႔ေပါင္းပါတယ္။စံကားလို႔ေပါင္းေပမဲ့စကားလို႔အသံထြက္ပါတယ္။စံကားၿမိဳ႕ေလးကအင္းေလးကန္ေတာင္ဖက္ပိုင္းအင္းေလးကန္ရဲ႕အေရွ႕ဘက္ကမ္းမွာတည္ရွိပါတယ္။လူဦးေရ၁၅၀၀ေလာက္ပဲရွိတဲ့ၿမိဳ႕ေသးေလးတစ္ၿမိဳ႕ျဖစ္ၿပီးရွမ္း၊ပအိုဝ့္၊အင္းသားလူမ်ိဳးေတြေနထိုင္ၾကပါတယ္။ဟိုးတစ္ခ်ိန္တုန္းကေတာ့ရွမ္းျပည္ေတာင္ပိုင္းမွာအခ်မ္းသာဆုံးျဖစ္ခဲ့ဖူးတယ္တဲ့ေလ။ဘာလို႔ေရျမႇဳပ္ေနရသလဲ၁၉၇၀ခုႏွစ္ေလာက္တုန္းကေလာပိတေရအားလွ်ပ္စစ္စက္႐ုံအတြက္မိုးၿဗဲဆည္ကိုတည္ေဆာက္ခ်ိန္မွာေရျမႇဳပ္သြားခဲ့တာပါ။စံကား၊ဖယ္ခုံအျပင္အင္းေလးေတာင္ပိုင္းက႐ြာေပါင္းမ်ားစြာရယ္ဘီလူးေခ်ာင္းတေလွ်ာက္က႐ြာေတြရယ္ေရျမဳပ္သြားတယ္လို႔သိရပါတယ္။႐ြာမွာေနထိုင္သူေတြဟာမိမိအိုးအိမ္စည္းစိမ္ေတြကိုစြန႔္လႊတ္ၿပီးေရလြတ္ရာကိုေျပာင္းေ႐ႊ႕ကာ႐ြာတည္ေနထိုင္ခဲ့ၾကရတယ္တဲ့။အခုလက္ရွိစံကားၿမိဳ႕ကေတာ့အသစ္တည္ထားတဲ့ၿမိဳ႕ႀကီးေပါ့။ျမန္မာတစ္ႏိုင္ငံလုံးကၿမိဳ႕ႀကီးေတြလွ်ပ္စစ္မီးရေအာင္႐ြာအျမႇဳပ္ခံကာစေတးခဲ့ရေပမဲ့သူတို႔ကိုယ္တိုင္မွာေတာ့အခုထက္ထိလွ်ပ္စစ္မီးမရရွိေသးဘူးတဲ့ေလ။စိတ္မေကာင္းစရာပဲေနာ္။ဘာေတြလည္စရာရွိလဲစံကားေလွဆိပ္ရွိရာဘုန္းႀကီးေက်ာင္းဝင္းမွာတင္ေရွးေဟာင္းဘုရားေတြရယ္၊ေရထဲျမႇဳပ္ေနတဲ့ဘုရားေတြရယ္ေတြ႕ေနရပါၿပီ။ေလွဆိပ္မွာစားေသာက္ဆိုင္ငယ္ေတြရွိသလိုကမ္းနားကစားေသာက္ဆိုင္ကေနအင္းေလးကန္ရႈခင္းၾကည့္ၿပီးလည္းစားေသာက္ႏိုင္ပါတယ္။ကိုယ္ေတြကေတာ့ေလွဆိပ္ကေနေလွစီးလုံးငါးခ၂၀၀၀၀က်ပ္ေပးၿပီးအင္းထဲကတာေခါင္ေမြေတာ္ဘုရားနဲ႔နတ္တာ႐ိုးတို႔ကိုလည္ပတ္ခဲ့ၾကပါတယ္။တာေခါင္ေမြေတာ္ဘုရားတာေခါင္ေမြေတာ္ဘုရားကေမြေတာ္ကကၠဴဘုရားေတြလို၊ေ႐ႊအင္းတိမ္ဘုရားေတြလိုပုံသဏၰာန္အမ်ိဳးမ်ိဳးရွိတဲ့ေရွးေဟာင္းဘုရားေတြအမ်ားႀကီးစီစီရီရီရွိေနတဲ့ေစတီစုပါ။ေစတီနားသို႔ေလွကပ္လာတဲ့အခါမွာေတာ့ေရထဲျမႇဳပ္ေနတဲ့ေစတီတခ်ိဳ႕ကစီးႀကိဳလို႔ေနပါတယ္။ကန္စပ္မွာရွိတဲ့ေစတီမုခ္ဦးဝကျခေသၤ့ႀကီး၂ေကာင္ကလည္းအင္းေလးကန္ႀကီးကိုလွမ္းေမွ်ာ္ေနသေယာင္ျမင္ကြင္းကေဆြးစရာပါ။ရဲရဲနီေအာင္ပြင့္ေနတဲ့ပန္းခင္းေတြေနာက္မွာေတာ့ေစတီေတြ၊ေစတီေတြအမ်ားႀကီးလွမ္းျမင္ေနရပါတယ္။ေစတီေပါင္း၂၃၆ဆူေတာင္ရွိၿပီးေစတီအမ်ားစုကလြန္ခဲ့တဲ့ႏွစ္၆၀၀ေက်ာ္ကတည္ထားခဲ့တာတဲ့ေလ။အဲ့ဒီထဲကမွႏွစ္ေပါင္း၂၀၀၀ေက်ာ္ကတည္ထားခဲ့တဲ့ေစတီႀကီးကေတာ့ဗိသုကာလက္ရာကအစဆန္းၾကယ္လို႔ေနပါတယ္။အေလာင္းစည္သူမင္းႀကီးတည္ထားခဲ့တဲ့ေ႐ႊေရာင္ေစတီႀကီးကလည္းေရွးေဟာင္းေစတီေတြအၾကားသပၸါယ္စြာရွိလို႔ေနပါတယ္။နတ္တာ႐ိုးနတ္တာ႐ိုးကေတာ့အင္းေလးကန္အေရွ႕နဲ႔အေနာက္ကိုကန႔္လန႔္ျဖတ္ထားတဲ့သဘာဝေက်ာက္တံတိုင္းႀကီးပါ။ေလွဆိပ္ကေနမိနစ္၂၀ေလာက္ေလွစီးရပါတယ္။ဒီတာ႐ိုးႀကီးမွာပါးစပ္ရာဇဝင္တစ္ခုရွိပါတယ္။ေဒသခံေတြကေတာ့နတ္တို႔ဖန္ဆင္းထားတယ္လို႔ေျပာစမွတ္ျပဳၾကတာေပါ့။ဟိုးေရွးေရွးတုန္းကအင္းေလးကန္ရဲ႕အေရွ႕ေရထြက္ေပါက္နဲ႔အေနာက္ေရထြက္ေပါက္ကိုနတ္သား၂ပါးနဲ႔နတ္သမီး၁ပါးတို႔ကကိုယ္စီေစာင့္ေရွာက္ထားၾကပါတယ္တဲ့။နတ္သားထဲကတစ္ပါးကနတ္သမီးကိုခ်စ္ခင္စုံမက္လို႔သြားကမ္းလွမ္းတဲ့အခါမိုးမလင္းခင္ေရထြက္ေပါက္၂ခုကိုတံတားတစ္စင္းအၿပီးေဆာက္ေပးရင္လက္ခံမယ္လို႔ျပန္ေျပာပါသတဲ့။နတ္သားလည္းအားႀကိဳးမာန္တက္နဲ႔အၿပီးေဆာက္တာေပါ့။ဒါေပမဲ့နတ္သမီးေလးကလက္မဆက္ခ်င္တာေၾကာင့္ၾကက္တစ္ေကာင္ကိုမိုးမလင္းခင္တြန္ဖို႔ေစခိုင္းခဲ့သတဲ့ေလ။ၾကက္တြန္သံလည္းၾကားေရာမိုးလင္းၿပီအမွတ္နဲ႔နတ္သားေလးလက္ေလွ်ာ့သြားတာေၾကာင့္တံတားကမၿပီးမျပတ္ျဖစ္ေနတာတဲ့ေလ။ဒါေၾကာင့္လည္းတာ႐ိုးကအေနာက္ဘက္ကမ္းအထိမေရာက္ဘဲအင္းေလးကန္အလည္မွာျပတ္သြားတာကိုေတြ႕ခဲ့ရပါတယ္။ကိုယ္ေတြေရာက္တဲ့အခ်ိန္ကေရတက္ေနတဲ့အခ်ိန္မို႔လို႔ေရေပၚေပၚေနတဲ့တာ႐ိုးေပၚထိတက္ၾကည့္လို႔ရပါတယ္။ေနာက္ပိုင္းမွာအသစ္အဆန္းအေနနဲ႔တာ႐ိုးတေလွ်ာက္ဝါးေဖာင္နဲ႔နီးေတာ့ေတာင္ႀကီးကလာမယ္ဆိုရင္ေညာင္ေ႐ႊျဖတ္စရာမလိုဘဲေတာင္ႀကီး-ကကၠဴ-ေက်ာက္တစ္လုံးလမ္းအတိုင္းလာလို႔ရပါတယ္။ေတာင္ႀကီးကေနေတာ့စံကားအထိ၂နာရီေက်ာ္ေလာက္ေမာင္းရမွာပါ။အင္းေလးဟိုတယ္ေတြကေနကားနဲ႔သြားရင္အသြားတစ္နာရီ၊အျပန္တစ္နာရီ၊စံကားမွာေလွနဲ႔သြားလည္တဲ့၂နာရီဆိုစုစုေပါင္း၄နာရီေက်ာ္၅နာရီေလာက္ပဲၾကာတဲ့အတြက္ေန႔ခ်င္းျပန္သြားလို႔ရပါတယ္။အင္းေလးမၾကာမၾကာေရာက္ဖူးသူေတြအေနနဲ႔အသစ္အဆန္းေနရာအျဖစ္သြားလည္ႏိုင္ပါတယ္။သမိုင္းဝင္ေရွးေဟာင္းေစတီေတြေရထဲျမႇဳပ္ေနတဲ့တကယ္ထူးျခားလွတဲ့ျမင္ကြင္းပါ။ဒါေၾကာင့္မို႔လို႔စံကားၿမိဳ႕ကေရွးေဟာင္းသမိုင္းဝင္ေစတီေတြကိုအင္းေလးေရာက္ရင္သြားေရာက္ဖူးေျမာ္ႏိုင္ေအာင္ေဖာ္ျပလိုက္ပါတယ္ေနာ္။ေအးခ်မ္းလွတဲ့ဒီဇင္ဘာလေလးျဖစ္ပါေစခ်စ္ခင္လွ်က္။အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာပရိတ္သတ္ႀကီးအားလုံးလည္းသာယာေသာေန႔ေလးျဖစ္ပါေစေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။ခရက္ဒစ္မႏုျမတ္

Be the first to comment

Leave a Reply

Your email address will not be published.


*