ဗုဒ္ဓဘာသာကို အနောက်နိုင်ံငံ သို့ပြန့်ပွားစေသူ (အရှင် အာနန္ဒာ မေတ္တေယျ)+

unicode

ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာသို့ပြန့်ပွားစေသူ (အရှင် အာနန္ဒာ မေတ္တေယျ) ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျဟု ကျော်ကြားခဲ့သူ၏ အမည်အရင်းမှာချားသ်ဟင်နရီအယ်လင်ဘင်းနက် (Charles Henry Allan Bennett) ဖြစ်ပါတယ်။ သူ့ကို ၁၈၇၂ ခု ဒီဇင်ဘာ ၈ရက်နေ့တွင် အဂ်လန်နိုင်ငံလန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူမှာ လျပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ မစ္စတာ ဘင်းနက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ကွယ်လွန်သွားသဖြင့် မစ္စတာ မက္ကာရီ (Mr.Mc Gregor)ကမွေးစားခဲ့ပါတယ်။ အယ်လင်ဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသူဖြစ်ပြီး ပန်းနာရောဂါ၏နှိပ်စက်မှုကိုအလွန်အမင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပညာရေးအနေနဲ့ ဟောလက်စလေ(Hollesley) ကောလိပ်နဲ့ အဂ်လန်နိုင်ငံဘက်သ်(Bath) မြို့တို့မှာသင်ကြားခဲ့ပါတယ် ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး ပညာရည်ထူးချွန်တာကြောင့် ကျောင်းပြီးနောက်မှာလဲ ဓာတုဗေဒပညာရှင်တစ်ယောက်အဖြစ် အောင်မြင်ခဲ့ပါတယ်။ သူဟာ ဓာတုဗေဒ ပညာရပ်အပြင်သခ်ျာနဲ့ရူပဗေဒပညာရပ်တွေကိုလည်း တစိုက်မတ်မတ်လေ့လာလိုက်စားခဲ့ပါတယ်။ သိပ္ပံပညာရပ်များနှင့်ရင်နိီှးကျွမ်းဝင်သူတစ်ယောက်ဖြစ်ပြီး လက်တွေ့အမြင်ရှိသူ တစ်ယောက်ဖြစ်တာကြောင့် ဘာသာရေးယုံကြည်မှုတွကို ငြင်းဆန်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်၊။ ဓာတ်ခွဲခန်းဆရာအဖြစ် အလုပ်လုပ်နေစဉ်အတွင်းမှာ ကဗျာရှည်ကြီးတစ်ပုဒ်ကို သူဖတ်ခဲ့ရပြီးနောကိ ဗုဒ္ဓဘာသာကို စတင်စိတ်ဝင်စားလာခဲ့ပါတယ်။ အဲ့ဒီကဗျာရှည်ကြီးကတော့ ဆာအက်ဒွင် အာနိုး ရေးဖွဲ့ခဲ့တဲ့ အာရှတိုက်ရဲ့ အလင်းရောင်(The Light of Asia)ဆိုတဲ့ကဗျာရှည်ကြီီးဖြစ်ပြီး ဗုဒ္ဓ၏ ဘဝဖြတ်သန်းပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ဒီကဗျာကို ဖတ်ခဲ့ရပြီးနောက် အယ်လင်ဟာဗုဒ္ဓကိုကြည်ညိုစိတ်ဖြစ်ပြီး ဗုဒ္ဓဘာသာနိုင်ငံများကို သွားရောက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့ရပါတယ်၊ ။ မိတ်ဆွေတစ်ယောက်ဖြစ်သူ ဂျော့စီဇီဂျ ုန်း(George Cecil Hones)နှင့် ဆကစပ်ပြီးနောက် လျို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ နံမည်က (Hermetic Order Of The Golden Dawn)ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးဟာ ၁၉ရာစုနှင့်၂ဝရာစု အတွင်းဂရိဗြိတိန်နိုင်ငံမှာ ကျော်ကြားခဲ့တဲ့ ရှေ့ဟောင်း အဂ္ဂိရတ်ပညာ၊ဂန္ဓာရီပညာနဲ့ လျို့ဝှက်ပညာရ်များကို လေ့လာလိုက်စားတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ အယ်လင်ဟာ ဒီအဖွဲ့ကြီးမှာ (White Magic)ခေါ် လျို့ဝှက်ကျင့်စဉ်တွေကို သင်ယူခွင့် ရထဲ့ပါတယ်။ သူ့ရဲ့ပန်းနာရောဂါဟာ တနေ့တခြားဆိုးရွားလာပြီးနောက် အပူပိုင်းဒေသတွင်နေထိုင်ရန် ဆရာဝန်က ညွှန်ကြားလာပြီးနောက် ဆေးခွင့်ယူပြီး အရှေ့တောင်အာရှသို့ ခရီးထွက်ခဲ့ပါတယ်၊ သီရိလက်ာနိုင်ငံကို ရွေးချယ်ဖြစ်တာကတော့ အပူပိုင်းဒေသဖြစ်တဲ့အပြင် သူလေ့လာလိုတဲ့ ဗုဒ္ဓဘာသာ ထွန်းကားရာနေရာလည်း ဖြစ်လို့ပါ။ အဲ့ဒီအချိန်က ၁၈၉၈ခုနှစ်ဖြစ်ပြီး သူ့အသက် ၂၆နှစ်အရွယ် ဖြစ်ပါတယ်။ ဒီလိုသွားရောက်ခဲ့ရာမှာ လျို့ဝှက်အဖွဲ့ကြီး၏ပံပိုးမှုနဲ့ သွားရောက်ခဲ့တာ ဖြစ်ပြီး အရှေ့တိုင်းက ဂန္ဓာရီပညာရပ်တွေကို လေ့လာရမယ့်တာဝန်လည်း သူနဲ့အတူ ပါလာခဲ့ပါတယ်။ ယောဂီကြီး သီရိပညာနန္ဒ(Sri Parananda)ရဲ့ ထံမှ ယောဂီပညာရပ်များကို သင်ယူရင်း သူ့ရဲ့ နံမည်ကို ဆွာမိ မေတ္တာနန္ဒ(Maitrananda)လို့ ပြောင်းလဲခဲ့ပါတယ်။ ယောဂ ပညာရပ်ကိုလေ့လာရင်း တစ်ဖက်ကလည်း ပါဠိဘာသာကိုသင်ကြားကာ သမထ အလုပ်တွေကို လက်တွေ့လုပ်ရင်း ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။ အလွန်နှစ်ထောင်းအားရလှတာကြောင့်ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာသလို ဉာဏ်ရည်ထက်မြက်သူဖြစ်တာကြောင့် နှစ်အနည်းငယ်အတွင်း မှာ ထိုပညာပ်တွေ၌ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၁၉၀၁ခုနှစ် ဖူလိုင်လမှာတော့ကိုလံဘိုမြို့ ဘီအိုဆိုဖီအသင်းတိုက်မှာဗုဒ္ဓ၏သစ္စာလေးပါး တရားတော်ကို ဟောပြောနိုင်ခဲ့ပါတယ်။ နွေးထွေးတဲ့ ရာသီဥတုကြောင့် သူ့ရဲ့ပန်းနာရောဂါဟာလည်းသက်သာလာခဲ့ပါတယ်။ သီဟိုဠ်မှာ ၃နှစ်နေပြီးနောက်မှာတော့မြန်မာနိုင်ငံသို့ ထွက်ခါခဲ့ပြီး စစ်တွေမြို့သို့ ရောက်ရှိခဲ့ပါတယ်။ သူ့အသက် ၂၉နှစ်တိတိပြည့်တဲ့အချိန် ၁၉၀၁နှစ် ဒီဇင်ဘာ ၈ရက်နေ့မှာ ရှင်သာမဏေဘဝ သို့ ကူးပြောင်းခဲ့ပါတယ်။အဲ့ဒီတုန်းကဘွဲ့အမည်က အာနန္ဒာမေတရိယပါ။ နောင်အခါထိုဘွဲ့အမည်ဟာပါဠိတော်နဲ့လည်း မကိုက်ညီ၊ပါဠိသဒ္ဒါနဲ့လည်း မကိုက်ညီဟုဆိုကာ အာနန္ဒာမေတ္တေယျဘွဲ့ကို ကူးပြောင်းခဲ့ပါတယ်။ ၂၉၀၂ခုနှစ် မေလ မှာတော့ ရွှေပြားဆရာတော်ကို ဥပဇ္စျာယ်ပြုကာရဟန်းဘောင်သို့ တကေ်ရာက်ခဲ့ပါတယ်။ရခိုင်ကနေတဆင့် ဗုဒ္ဓဘာသာကို ပြန့်ပွားတိုးတက်အောင်လုပချင်တာကြောင့် ရန်ကုန်မြို့သို့ ကြွချီခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာပြန့်ပွားရေးအဖွဲ့(Buddhasasana Samagana Society) ဗုဒ္ဓသာသနသမဂ္ဂအဖွဲ့ကိုစတင်ပြီးဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သလို တစ်ဖက်ကလည်း(Buddhism-Anillustrated Quarterly Review)အမည်ရ ၆ စောင်ကျမ်းကိုပြုစုခဲ့ရာ ၁၉၀၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ဆရာတော် ရေးသားတဲ့စာအုပ်တွေကို ဥရောပတစ်ခွင် စာကြည့်တိုက်တွေသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိတိုင်အောင်သြစတြီးယား၊မြန်မာ၊သီဟိုဠ်၊တရုတ်၊ဂျာမနီ၊အီတလီ၊အဂ်လန် နဲ့ အမေရိကန် စတဲ့နိုင်ငံတွေက စာကြည့်တိုက်တွေမှာ ျန်ရှိနေဆဲဖြစ်ပါတယ်။ ၁၉၀၇ ခုနှစ် ဂရိဗြိတိန်နဲ့ အိုင်ယာလန်တို့မှာ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်တာကြောင့် ဆရာတော်ကို ဖိတ်ကြားတဲ့အတွက် ၁၉၀၈ခု ဧပြီလမှာအဂ်လန်သို့ကြွပြီး တရားတော်များဟောပြောခဲ့ပါတယ်။ အဂ်လန်နေသူများဟာ အဂ်လိပ်လူမျိုး ဗုဒ္ဓဘာသာရဟန်းတော်တပါးကိုပထမဆုံးအကြိမ် ဖူးတွေ့ရခြင်း ဖြစ်ပါတယ်။ဗြိတိန်မှာ ၆လ ခန့်တရားလှည့်လည်ဟောပြောပြီး အဲ့ဒီနှစ် အောက်တိုဘာလမှာတော့ ရန်ကုန်မြို့သို့ ပြန်ခဲ့ပြီး ဗုဒ္ဓဘာသာတိုးတက်ရေးလုပ်ငန်းများကိုတစိုက်မတ်မတ်လုပ်ခဲ့သလို တစ်ဖက်ကလည်း ဗုဒ္ဓစာပေများကို ရေးသားခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်စတင်ဖြစ်ပွားချိန် ၁၉၁၄ခုနစ်မှာတော့ ဆရာတော်ရဲ့ ရောဂါဟာ အခြေအနေ ဆိုးရွားလာတာကြောင့် အဂ်လန်သို့ပြန်ပြီးကုရန် ဆရာဝန်တွေကအကြံပေးခဲ့ကြပါတယ်။ အဂ်လန်သို့ ပြန်ပြီးနောက် မိတ်ဆွေများရဲ့စောင့်ရှောက်မှုနဲ့ ပင်ပန်းဆင်းရဲစွာ အသက်ရှင်ခဲ့ရပါတယ်။ သူ့ရဲ့နောက်ပိုင်းအချိန်ဖြစ်စဉ်တွေကိုတော့ တိတိပပ မသိရပဲ မစ္စတာ အယ်လင်ဘင်းနက် ဟာ အသက် ၅၁ နှစ်အရွယ်မှာ အဂ်လန်နိုင်ငံ (Modern)စီရင်စုမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ အနောက်နိုင်ငံတွေကို ဗုဒ္ဓဘာသာပြန့်ပွားခဲ့ရာမှာ မစ္စတာ အယ်လင်ဘင်းနက်ရဲ့ ကြိုးစားမှုကလည်း တစိတ်တပိုင်း ပါဝင်ခဲ့ပါတယ်။ သူဟာ (The Wisdom Of The Aryas) နဲ့(The Religion Of Burma)ဆိုတဲ့ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ် ၂ အုပ်ကို ရေးသားခဲ့သေးပြီး သူရဲ့စာအုပ်တွေကို ယနေ့တိုင် ဖတ်ရှုကိုးကားနေကြရဆဲ ဖြစ်ပါတယ်။ By-သုတဇုံ

zawgyi

ဗုဒၶဘာသာကို အေနာက္ကမာၻသို႔ျပန႔္ပြားေစသူ (အရွင္ အာနႏၵာ ေမေတၱယ်) ဘုန္းေတာ္ႀကီး အရွင္အာနႏၵာေမေတၱယ်ဟု ေက်ာ္ၾကားခဲ့သူ၏ အမည္အရင္းမွာခ်ားသ္ဟင္နရီအယ္လင္ဘင္းနက္ (Charles Henry Allan Bennett) ျဖစ္ပါတယ္။ သူ႔ကို ၁၈၇၂ ခု ဒီဇင္ဘာ ၈ရက္ေန႔တြင္ အဂ္လန္ႏိုင္ငံလန္ဒန္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူမွာ လ်ပ္စစ္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္သူ မစၥတာ ဘင္းနက္ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ဖခင္ကြယ္လြန္သြားသျဖင့္ မစၥတာ မကၠာရီ (Mr.Mc Gregor)ကေမြးစားခဲ့ပါတယ္။ အယ္လင္ဟာ ငယ္စဥ္ကတည္းက က်န္းမာေရးခ်ဴခ်ာသူျဖစ္ၿပီး ပန္းနာေရာဂါ၏ႏွိပ္စက္မႈကိုအလြန္အမင္း ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ ပညာေရးအေနနဲ႔ ေဟာလက္စေလ(Hollesley) ေကာလိပ္နဲ႔ အဂ္လန္ႏိုင္ငံဘက္သ္(Bath) ၿမိဳ႕တို႔မွာသင္ၾကားခဲ့ပါတယ္ ဉာဏ္ရည္ထက္ျမက္သူျဖစ္ၿပီး ပညာရည္ထူးခြၽန္တာေၾကာင့္ ေက်ာင္းၿပီးေနာက္မွာလဲ ဓာတုေဗဒပညာရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ခဲ့ပါတယ္။ သူဟာ ဓာတုေဗဒ ပညာရပ္အျပင္သခ္်ာနဲ႔႐ူပေဗဒပညာရပ္ေတြကိုလည္း တစိုက္မတ္မတ္ေလ့လာလိုက္စားခဲ့ပါတယ္။ သိပၸံပညာရပ္မ်ားႏွင့္ရင္နိီွးကြၽမ္းဝင္သူတစ္ေယာက္ျဖစ္ၿပီး လက္ေတြ႕အျမင္ရွိသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ဘာသာေရးယုံၾကည္မႈတြကို ျငင္းဆန္ခဲ့သူ တစ္ေယာက္လည္းျဖစ္ပါတယ္၊။ ဓာတ္ခြဲခန္းဆရာအျဖစ္ အလုပ္လုပ္ေနစဥ္အတြင္းမွာ ကဗ်ာရွည္ႀကီးတစ္ပုဒ္ကို သူဖတ္ခဲ့ရၿပီးေနာကိ ဗုဒၶဘာသာကို စတင္စိတ္ဝင္စားလာခဲ့ပါတယ္။ အဲ့ဒီကဗ်ာရွည္ႀကီးကေတာ့ ဆာအက္ဒြင္ အာႏိုး ေရးဖြဲ႕ခဲ့တဲ့ အာရွတိုက္ရဲ႕ အလင္းေရာင္(The Light of Asia)ဆိုတဲ့ကဗ်ာရွည္ႀကီီးျဖစ္ၿပီး ဗုဒၶ၏ ဘဝျဖတ္သန္းပုံကို ေရးဖြဲ႕ထားျခင္း ျဖစ္သည္။ ဒီကဗ်ာကို ဖတ္ခဲ့ရၿပီးေနာက္ အယ္လင္ဟာဗုဒၶကိုၾကည္ညိဳစိတ္ျဖစ္ၿပီး ဗုဒၶဘာသာႏိုင္ငံမ်ားကို သြားေရာက္လိုစိတ္မ်ား တဖြားဖြား ေပၚေပါက္ခဲ့ရပါတယ္၊ ။ မိတ္ေဆြတစ္ေယာက္ျဖစ္သူ ေဂ်ာ့စီဇီဂ် ုန္း(George Cecil Hones)ႏွင့္ ဆကစပ္ၿပီးေနာက္ လ်ိဳ႕ဝွက္အဖြဲ႕အစည္းတစ္ခုနဲ႔ ဆုံေတြ႕ခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕ရဲ႕ နံမည္က (Hermetic Order Of The Golden Dawn)ျဖစ္ပါတယ္။ ဒီအဖြဲ႕ႀကီးဟာ ၁၉ရာစုႏွင့္၂ဝရာစု အတြင္းဂရိၿဗိတိန္ႏိုင္ငံမွာ ေက်ာ္ၾကားခဲ့တဲ့ ေရွ႕ေဟာင္း အဂၢိရတ္ပညာ၊ဂႏၶာရီပညာနဲ႔ လ်ိဳ႕ဝွက္ပညာရ္မ်ားကို ေလ့လာလိုက္စားတဲ့ အဖြဲ႕ႀကီး ျဖစ္ပါတယ္။ အယ္လင္ဟာ ဒီအဖြဲ႕ႀကီးမွာ (White Magic)ေခၚ လ်ိဳ႕ဝွက္က်င့္စဥ္ေတြကို သင္ယူခြင့္ ရထဲ့ပါတယ္။ သူ႔ရဲ႕ပန္းနာေရာဂါဟာ တေန႔တျခားဆိုး႐ြားလာၿပီးေနာက္ အပူပိုင္းေဒသတြင္ေနထိုင္ရန္ ဆရာဝန္က ၫႊန္ၾကားလာၿပီးေနာက္ ေဆးခြင့္ယူၿပီး အေရွ႕ေတာင္အာရွသို႔ ခရီးထြက္ခဲ့ပါတယ္၊ သီရိလက္ာႏိုင္ငံကို ေ႐ြးခ်ယ္ျဖစ္တာကေတာ့ အပူပိုင္းေဒသျဖစ္တဲ့အျပင္ သူေလ့လာလိုတဲ့ ဗုဒၶဘာသာ ထြန္းကားရာေနရာလည္း ျဖစ္လို႔ပါ။ အဲ့ဒီအခ်ိန္က ၁၈၉၈ခုႏွစ္ျဖစ္ၿပီး သူ႔အသက္ ၂၆ႏွစ္အ႐ြယ္ ျဖစ္ပါတယ္။ ဒီလိုသြားေရာက္ခဲ့ရာမွာ လ်ိဳ႕ဝွက္အဖြဲ႕ႀကီး၏ပံပိုးမႈနဲ႔ သြားေရာက္ခဲ့တာ ျဖစ္ၿပီး အေရွ႕တိုင္းက ဂႏၶာရီပညာရပ္ေတြကို ေလ့လာရမယ့္တာဝန္လည္း သူနဲ႔အတူ ပါလာခဲ့ပါတယ္။ ေယာဂီႀကီး သီရိပညာနႏၵ(Sri Parananda)ရဲ႕ ထံမွ ေယာဂီပညာရပ္မ်ားကို သင္ယူရင္း သူ႔ရဲ႕ နံမည္ကို ဆြာမိ ေမတၱာနႏၵ(Maitrananda)လို႔ ေျပာင္းလဲခဲ့ပါတယ္။ ေယာဂ ပညာရပ္ကိုေလ့လာရင္း တစ္ဖက္ကလည္း ပါဠိဘာသာကိုသင္ၾကားကာ သမထ အလုပ္ေတြကို လက္ေတြ႕လုပ္ရင္း ဗုဒၶဘာသာကို ေလ့လာခဲ့ပါတယ္။ အလြန္ႏွစ္ေထာင္းအားရလွတာေၾကာင့္ဗုဒၶဘာသာဝင္တစ္ေယာက္ ျဖစ္လာသလို ဉာဏ္ရည္ထက္ျမက္သူျဖစ္တာေၾကာင့္ ႏွစ္အနည္းငယ္အတြင္း မွာ ထိုပညာပ္ေတြ၌ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ၁၉၀၁ခုႏွစ္ ဖူလိုင္လမွာေတာ့ကိုလံဘိုၿမိဳ႕ ဘီအိုဆိုဖီအသင္းတိုက္မွာဗုဒၶ၏သစၥာေလးပါး တရားေတာ္ကို ေဟာေျပာႏိုင္ခဲ့ပါတယ္။ ေႏြးေထြးတဲ့ ရာသီဥတုေၾကာင့္ သူ႔ရဲ႕ပန္းနာေရာဂါဟာလည္းသက္သာလာခဲ့ပါတယ္။ သီဟိုဠ္မွာ ၃ႏွစ္ေနၿပီးေနာက္မွာေတာ့ျမန္မာႏိုင္ငံသို႔ ထြက္ခါခဲ့ၿပီး စစ္ေတြၿမိဳ႕သို႔ ေရာက္ရွိခဲ့ပါတယ္။ သူ႔အသက္ ၂၉ႏွစ္တိတိျပည့္တဲ့အခ်ိန္ ၁၉၀၁ႏွစ္ ဒီဇင္ဘာ ၈ရက္ေန႔မွာ ရွင္သာမေဏဘဝ သို႔ ကူးေျပာင္းခဲ့ပါတယ္။အဲ့ဒီတုန္းကဘြဲ႕အမည္က အာနႏၵာေမတရိယပါ။ ေနာင္အခါထိုဘြဲ႕အမည္ဟာပါဠိေတာ္နဲ႔လည္း မကိုက္ညီ၊ပါဠိသဒၵါနဲ႔လည္း မကိုက္ညီဟုဆိုကာ အာနႏၵာေမေတၱယ်ဘြဲ႕ကို ကူးေျပာင္းခဲ့ပါတယ္။ ၂၉၀၂ခုႏွစ္ ေမလ မွာေတာ့ ေ႐ႊျပားဆရာေတာ္ကို ဥပဇၥ်ာယ္ျပဳကာရဟန္းေဘာင္သို႔ တေက္ရာက္ခဲ့ပါတယ္။ရခိုင္ကေနတဆင့္ ဗုဒၶဘာသာကို ျပန႔္ပြားတိုးတက္ေအာင္လုပခ်င္တာေၾကာင့္ ရန္ကုန္ၿမိဳ႕သို႔ ႂကြခ်ီခဲ့ျပန္ပါတယ္။ ဗုဒၶဘာသာျပန႔္ပြားေရးအဖြဲ႕(Buddhasasana Samagana Society) ဗုဒၶသာသနသမဂၢအဖြဲ႕ကိုစတင္ၿပီးဗုဒၶသာသနာျပန႔္ပြားေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သလို တစ္ဖက္ကလည္း(Buddhism-Anillustrated Quarterly Review)အမည္ရ ၆ ေစာင္က်မ္းကိုျပဳစုခဲ့ရာ ၁၉၀၈ ခုႏွစ္မွာ ၿပီးစီးခဲ့ပါတယ္။ ဆရာေတာ္ ေရးသားတဲ့စာအုပ္ေတြကို ဥေရာပတစ္ခြင္ စာၾကည့္တိုက္ေတြသို႔ ပို႔ေဆာင္ခဲ့ၿပီး လက္ရွိတိုင္ေအာင္ၾသစႀတီးယား၊ျမန္မာ၊သီဟိုဠ္၊တ႐ုတ္၊ဂ်ာမနီ၊အီတလီ၊အဂ္လန္ နဲ႔ အေမရိကန္ စတဲ့ႏိုင္ငံေတြက စာၾကည့္တိုက္ေတြမွာ ်န္ရွိေနဆဲျဖစ္ပါတယ္။ ၁၉၀၇ ခုႏွစ္ ဂရိၿဗိတိန္နဲ႔ အိုင္ယာလန္တို႔မွာ ဗုဒၶဘာသာအသင္းအဖြဲ႕မ်ား ဖြဲ႕စည္းၿပီးျဖစ္တာေၾကာင့္ ဆရာေတာ္ကို ဖိတ္ၾကားတဲ့အတြက္ ၁၉၀၈ခု ဧၿပီလမွာအဂ္လန္သို႔ႂကြၿပီး တရားေတာ္မ်ားေဟာေျပာခဲ့ပါတယ္။ အဂ္လန္ေနသူမ်ားဟာ အဂ္လိပ္လူမ်ိဳး ဗုဒၶဘာသာရဟန္းေတာ္တပါးကိုပထမဆုံးအႀကိမ္ ဖူးေတြ႕ရျခင္း ျဖစ္ပါတယ္။ၿဗိတိန္မွာ ၆လ ခန႔္တရားလွည့္လည္ေဟာေျပာၿပီး အဲ့ဒီႏွစ္ ေအာက္တိုဘာလမွာေတာ့ ရန္ကုန္ၿမိဳ႕သို႔ ျပန္ခဲ့ၿပီး ဗုဒၶဘာသာတိုးတက္ေရးလုပ္ငန္းမ်ားကိုတစိုက္မတ္မတ္လုပ္ခဲ့သလို တစ္ဖက္ကလည္း ဗုဒၶစာေပမ်ားကို ေရးသားခဲ့ပါတယ္။ ပထမ ကမာၻစစ္စတင္ျဖစ္ပြားခ်ိန္ ၁၉၁၄ခုနစ္မွာေတာ့ ဆရာေတာ္ရဲ႕ ေရာဂါဟာ အေျခအေန ဆိုး႐ြားလာတာေၾကာင့္ အဂ္လန္သို႔ျပန္ၿပီးကုရန္ ဆရာဝန္ေတြကအႀကံေပးခဲ့ၾကပါတယ္။ အဂ္လန္သို႔ ျပန္ၿပီးေနာက္ မိတ္ေဆြမ်ားရဲ႕ေစာင့္ေရွာက္မႈနဲ႔ ပင္ပန္းဆင္းရဲစြာ အသက္ရွင္ခဲ့ရပါတယ္။ သူ႔ရဲ႕ေနာက္ပိုင္းအခ်ိန္ျဖစ္စဥ္ေတြကိုေတာ့ တိတိပပ မသိရပဲ မစၥတာ အယ္လင္ဘင္းနက္ ဟာ အသက္ ၅၁ ႏွစ္အ႐ြယ္မွာ အဂ္လန္ႏိုင္ငံ (Modern)စီရင္စုမွာ ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။ အေနာက္ႏိုင္ငံေတြကို ဗုဒၶဘာသာျပန႔္ပြားခဲ့ရာမွာ မစၥတာ အယ္လင္ဘင္းနက္ရဲ႕ ႀကိဳးစားမႈကလည္း တစိတ္တပိုင္း ပါဝင္ခဲ့ပါတယ္။ သူဟာ (The Wisdom Of The Aryas) နဲ႔(The Religion Of Burma)ဆိုတဲ့ဗုဒၶဘာသာဆိုင္ရာ စာအုပ္ ၂ အုပ္ကို ေရးသားခဲ့ေသးၿပီး သူရဲ႕စာအုပ္ေတြကို ယေန႔တိုင္ ဖတ္ရႈကိုးကားေနၾကရဆဲ ျဖစ္ပါတယ္။ By-သုတဇုံ

Be the first to comment

Leave a Reply

Your email address will not be published.


*