အာဏာမသိမ်းမှာကို စိုးရိမ်တယ်”လို့ ဦးစိုးသိန်းကပြော
unicode
အာဏာမသိမ်းမှာကို စိုးရိမ်တယ်”လို့ ဦးစိုးသိန်းကပြောသတဲ့။ သိပ်ရွံစရာကောင်းတဲ့သူပါပဲ။ သူ့သမီးရည်မွန်အေးကျ ၁၀ တန်းပြီးကတည်းက နိုင်ငံခြားမှာ အကောင်းဆုံးကျောင်းဆိုတာတွေကိုပို့၊ အတော်ဆုံးပညာရှင်ဖြစ်အောင်လုပ်ခဲ့တာ။ ဒီနိုင်ငံကိုကျ အာဏာမသိမ်းမှာစိုးရိမ်ပါသတဲ့။ ဒီနိုင်ငံက ကလေးတွေမှာရော အကောင်းဆုံးပညာရေးရယူပိုင်ခွင့်မရှိတော့ဘူးလား။ ပြည်တွင်းမှာလည်း စိတ်အေးလက်အေး ကျောင်းမတက်နိုင်၊ ကောင်းမွန်တဲ့ပညာရေးစနစ်လည်းမလည်ပတ်နိုင်၊ စာသင်ကျောင်းတွေဖျက်ဆီးခံရ၊ ကလေးတွေဗုံးခိုနေရ၊ နိုင်ငံခြားပညာသင်လုပ်ထားတဲ့ကလေးတွေလည်း ဗီဇာတွေမရ၊ ဒီနိုင်ငံက ကလေးတွေမှာ ပညာရေးကို ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ အတော်ခေါင်းခဲရတဲ့ကိစ္စဖြစ်နေချိန် သူ့သမီးကတော့ ဆုတွေတသီကြီးနဲ့ နိုင်ငံခြားက ပညာရှင်ဖြစ်နေပြီ။ အာဏာရှင်ဆိုတာဒါပဲသူတို့သားသမီးတော့ အကောင်းဆုံးပညာရေးပေးမယ်။ပြည်သူတွေကိုတော့ သင်းသတ်ထားတဲ့ပညာရေးနဲ့ ကျွန်ပညာရေးစနစ်ပဲပေးပြီး တသက်လုံး သူတို့ကို အာ,မခံနိုင်အောင်အုပ်ချုပ်တော့မှာ။ ဒီတိုက်ပွဲနိုင်ဖို့လိုတာဟာ ဒါကြောင့်ပါပဲ။ ဒါကြောင့် ဒီကာလမှာ ပြည်သူ့ကလေးတိုင်း ပညာရေးရယူပိုင်ခွင့်ရအောင်ဖန်တီးပေးကြရမယ်။ Personal development တွေလည်း လုပ်နေရမယ်။ အင်တာနက်လက်လှမ်းမီတဲ့နေရာကလည်း ကမ္ဘာနဲ့မျက်ခြည်မပြတ်အောင် ပညာရေးကိုရယူနေရမယ်။ ဒီနှိင်ငံက ကလေးတွေကြတော့ စာသင်ခန်းထဲကနေ သင်းချိုင်း, ထောင်,နဲ့တောထဲကိုပို့တယ် ။ စာသင်ခန်းထဲမှာ‌အေး‌အေးချမ်းချမ်းစာသင်နေရမဲ့ အစားတောထဲမှာ မိသားစုနဲ့ကွဲပြီး အ‌နေအစားဆင်းဆင်းရဲရဲနဲ့လက်နက်ကိုင်နေရတယ်။ နင်တို့သားသမီးတွေဒီနေရာရောက်ရင်နင်တို့ဘယ်လိုနေမလည်း စစ်ကြောရေးမှာ ရက်ရက်စက်စက်အနှိပ်စက်ခံရရင်ကော ငါ့သားသမီးသာဆို ပြီးတွေးကြည့်လိုက်စမ်းပါ။ ဒီပွဲမှာ ငါတို့ပြည်သူတွေရဲ့သားသမီးတွေဟာ အာဏာရှင်တွေရဲ့သားသမီးတွေနဲ့တင်သာမက ကမ္ဘာနဲ့ပါ အပြေးပြိုင်နေရတယ်ဆိုတာကို မမေ့ဖို့လိုတယ်။ ရပ်နေလို့မရဘူး။ ငေးနေလို့မရဘူး။ မပြေးနိုင်တဲ့သူ
zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*