ဥဒ္ဒယဘဒ္ဒမင်းသမီးလေးရဲ့ သံဝေဂ တရား _______________________________ (ဖတ်ကြည့်ပါနော်)

unicode

တစ်ခုသော ညတစ်ညမှာ ဥဒ္ဒယဘဒ္ဒမင်းသမီး လေးသည် ပြဿ်ထက်မှာ စံနေတော်မူပါတယ် ။ အဲဒီအချိန်မှာ လုလင်တစ်ယောက်ဟာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်လျှက် မင်းသမီးလေးကို ပြောလိုက်ပါတယ် ။ အသင်မင်းသမီးလေး ဒီတစ်ညလောက်အသင်၏ နန်းပြသဒ်မှာ အသင်နှင့်အတူနေပါရစေ လို့ပြော ဆိုလိုက်ပါတယ် ။ မင်းသမီးလေးလည်း ထိတ်လန့်သွားပါတယ် သူနေတဲ့နေရာမှာ အစောင့်များစွာရှိနေရက်နဲ့ ဘယ်သို့တက်ရောက်လာသနည်းဟု မေးမြန်းပါတယ် ။ လုလင်ကလည်း ငါဟာနတ်သားတစ်ယောက်ဖြစ်ပါတယ် ။ အသင်မင်းသမီးကလေးကသာ ငါ့ကို ချစ်တယ်ဆိုရင်ပါလာတဲ့ရွှေခွက်နဲ့ရွှေအပြည့်ပေး ပါ့မယ် လို့ဖြေကြားလိုက်ပါတယ် ။ မင်းသမီးလေးက အသင်ဟာ နတ်သားဖြစ်စေ လူပင်ဖြစ်စေ ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်း ဟောင်းမင်းသားမှတစ်ပါး မည်သူ့ကိုမျှ မြတ်နိုး၍မရပါ ဟုပြောဆိုကာ နှင်းထုတ်လိုက်ပါတယ် ။ ဒုတိယညမှာတော့ လုလင်နတ်သားကငွေခွက်မှာ ရွှေအပြည့်ထည်ပြီး ထပ်မန်ပြောဆိုပြန်ပါတယ် ။ မင်းသမီးလေးလည်း ချက်ချင်းပဲနှင်ထုတ်ခဲ့ပါတယ် ။ တတိယနေ့မှာတော့ နတ်သားက ကြေးခွက်မှာ ရွှေအပြည့်ထည့်ပြီး ထပ်မံပြောဆိုပြန်ပါတယ် ။ ဒီအခါမှာတော့ မင်းသမီးလေးက စဉ်းစားပြီး ပထမနေ့ ရွှေခွက် ဒုတိယနေ့ ငွေခွက် တတိယနေ့ ကြေးခွက် နဲ့လာရချင်းကိုသိချင်၍ အသင်နတ်သား ယောက်င်္ကျားများဟာ မိန်းကလေးကိုချစ်ရေးဆိုရာမှာ ဥစ္စာပစ္စည်းကို တိုး၍တိုး၍ပေးရပါတယ် ။ အသင်က အဘယ့်ကြောင့် လျော့၍ ပေးပါသနည်း ဟုမေးတဲ့အခါ ဒီတော့မှ နတ်သားကလည်း မင်းသမီးရယ် အသင့်ရဲ့ အသက်နဲ့ရုပ်ရည် အဆင်းက တစ်နေ့ထက်တစ်နေ့ တိုး တိုး နုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုး၍ပေးမှာပေါ့ ခုတော့ မင်းသမီးရဲ့အသက်နဲ့ရုပ်ရည်က လျော့ လျော့ပြီး အိုလာတာပဲ ဒါ့ကြောင့်ငါက ပစ္စည်းကို လျော့ပေးတာပါ ။ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး ယခုသင့်ကိုငါကြည့်ဆဲမှာပဲ သင့် ရဲ့ရုပ်ရည်ဟာ တဖြုတ်ဖြုတ်နဲ့အိုလာတော့တာ တစ်နေ့ထက်တစ်နေ့ ပျိုလာတာမှ မဟုတ်တာလို့ ရှင်းပြလိုက်ပါတယ် ။ အဲဒီိနောက် နတ်သားက နတ်ပြည်ရောက်ကြောင်း ကုသိုလ် ကောင်းမှုတွေကို ဆက်ဟောပါတယ် ။ တကယ်တော့ လုလင်နတ်သားက အတိတ်လူ့ဘဝက ခင်ပွန်းဟောင်းပါ ။ လူ့ပြည်မှာကျန်ခဲ့သော ဇနီးဟောင်းကို သံဝေဂတရားလာဟောတာပါ ။ ဒါ့ကြောင့်တစ်ရက်ကုန်သွားတာနဲ့ သေဖို့တစ်ရက် နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင် ဆင်ခြင်ကြရင်း နုနယ် ရုပ်ဆင်း ပျိုမြစ်ခြင်းက အိုခြင်းနောက်ဆုံး ရှိချေ၏ ။ ။ Credit: 🔰🔰

zawgyi

တစ္ခုေသာ ညတစ္ညမွာ ဥဒၵယဘဒၵမင္းသမီး ေလးသည္ ျပႆ္ထက္မွာ စံေနေတာ္မူပါတယ္ ။ အဲဒီအခ်ိန္မွာ လုလင္တစ္ေယာက္ဟာ ေ႐ႊခြက္နဲ႔ ေ႐ႊအျပည့္ထည့္လွ်က္ မင္းသမီးေလးကို ေျပာလိုက္ပါတယ္ ။ အသင္မင္းသမီးေလး ဒီတစ္ညေလာက္အသင္၏ နန္းျပသဒ္မွာ အသင္ႏွင့္အတူေနပါရေစ လို႔ေျပာ ဆိုလိုက္ပါတယ္ ။ မင္းသမီးေလးလည္း ထိတ္လန္႔သြားပါတယ္ သူေနတဲ့ေနရာမွာ အေစာင့္မ်ားစြာရွိေနရက္နဲ႔ ဘယ္သို႔တက္ေရာက္လာသနည္းဟု ေမးျမန္းပါတယ္ ။ လုလင္ကလည္း ငါဟာနတ္သားတစ္ေယာက္ျဖစ္ပါတယ္ ။ အသင္မင္းသမီးကေလးကသာ ငါ့ကို ခ်စ္တယ္ဆိုရင္ပါလာတဲ့ေ႐ႊခြက္နဲ႔ေ႐ႊအျပည့္ေပး ပါ့မယ္ လို႔ေျဖၾကားလိုက္ပါတယ္ ။ မင္းသမီးေလးက အသင္ဟာ နတ္သားျဖစ္ေစ လူပင္ျဖစ္ေစ ကြယ္လြန္သြားတဲ့ ကြၽန္မခင္ပြန္း ေဟာင္းမင္းသားမွတစ္ပါး မည္သူ႔ကိုမွ် ျမတ္ႏိုး၍မရပါ ဟုေျပာဆိုကာ ႏွင္းထုတ္လိုက္ပါတယ္ ။ ဒုတိယညမွာေတာ့ လုလင္နတ္သားကေငြခြက္မွာ ေ႐ႊအျပည့္ထည္ၿပီး ထပ္မန္ေျပာဆိုျပန္ပါတယ္ ။ မင္းသမီးေလးလည္း ခ်က္ခ်င္းပဲႏွင္ထုတ္ခဲ့ပါတယ္ ။ တတိယေန႔မွာေတာ့ နတ္သားက ေၾကးခြက္မွာ ေ႐ႊအျပည့္ထည့္ၿပီး ထပ္မံေျပာဆိုျပန္ပါတယ္ ။ ဒီအခါမွာေတာ့ မင္းသမီးေလးက စဥ္းစားၿပီး ပထမေန႔ ေ႐ႊခြက္ ဒုတိယေန႔ ေငြခြက္ တတိယေန႔ ေၾကးခြက္ နဲ႔လာရခ်င္းကိုသိခ်င္၍ အသင္နတ္သား ေယာက္က်ၤားမ်ားဟာ မိန္းကေလးကိုခ်စ္ေရးဆိုရာမွာ ဥစၥာပစၥည္းကို တိုး၍တိုး၍ေပးရပါတယ္ ။ အသင္က အဘယ့္ေၾကာင့္ ေလ်ာ့၍ ေပးပါသနည္း ဟုေမးတဲ့အခါ ဒီေတာ့မွ နတ္သားကလည္း မင္းသမီးရယ္ အသင့္ရဲ႕ အသက္နဲ႔႐ုပ္ရည္ အဆင္းက တစ္ေန႔ထက္တစ္ေန႔ တိုး တိုး ႏုပ်ိဳလာတယ္ဆိုရင္ေတာ့ ဥစၥာပစၥည္းကို တိုး၍ေပးမွာေပါ့ ခုေတာ့ မင္းသမီးရဲ႕အသက္နဲ႔႐ုပ္ရည္က ေလ်ာ့ ေလ်ာ့ၿပီး အိုလာတာပဲ ဒါ့ေၾကာင့္ငါက ပစၥည္းကို ေလ်ာ့ေပးတာပါ ။ မင္းသမီးရယ္ တစ္ရက္ တစ္ည ကုန္လြန္တာကို ထားလိုက္ပါဦး ယခုသင့္ကိုငါၾကည့္ဆဲမွာပဲ သင့္ ရဲ႕႐ုပ္ရည္ဟာ တျဖဳတ္ျဖဳတ္နဲ႔အိုလာေတာ့တာ တစ္ေန႔ထက္တစ္ေန႔ ပ်ိဳလာတာမွ မဟုတ္တာလို႔ ရွင္းျပလိုက္ပါတယ္ ။ အဲဒီိေနာက္ နတ္သားက နတ္ျပည္ေရာက္ေၾကာင္း ကုသိုလ္ ေကာင္းမႈေတြကို ဆက္ေဟာပါတယ္ ။ တကယ္ေတာ့ လုလင္နတ္သားက အတိတ္လူ႔ဘဝက ခင္ပြန္းေဟာင္းပါ ။ လူ႔ျပည္မွာက်န္ခဲ့ေသာ ဇနီးေဟာင္းကို သံေဝဂတရားလာေဟာတာပါ ။ ဒါ့ေၾကာင့္တစ္ရက္ကုန္သြားတာနဲ႔ ေသဖို႔တစ္ရက္ နီးလာၿပီဆိုတာေလးကို သံေဝဂျဖစ္ေအာင္ ဆင္ျခင္ၾကရင္း ႏုနယ္ ႐ုပ္ဆင္း ပ်ိဳျမစ္ျခင္းက အိုျခင္းေနာက္ဆုံး ရွိေခ်၏ ။ ။ Credit: 🔰🔰

Be the first to comment

Leave a Reply

Your email address will not be published.


*