“အဖန်ငါးရာ ငါးကမ္ဘာ ဆိုသည်မှာ

unicode

“အဖန်ငါးရာ ငါးကမ္ဘာ ဆိုသည်မှာ ဘုရားဟော မဟုတ်” “ဗုဒ္ဓဘာသာ မြန်မာအများ”ရဲ့ “လွဲနေတတ်တဲ့ အလွဲတွေအကြောင်း”-စာတွေရေးပေးနေတာသိတော့ “ဒကာတစ်ယောက်”က…. “အရှင်ဘုရား … တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီးသေရတယ်-ဆိုတာ ဟုတ်ပါသလားဘုရား” “ဟုတ်တယ်”ဆိုရင်, တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ- ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကို ကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ “ရဟန္တာ” ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်။ “ရဟန္တာ”ဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင်, ဒီ အဖန်ငါးရာ ငါးကမ္ဘာ ခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”… လို့ မေးဖူးပါတယ်။ “ဟုတ်ပါတယ်။ ဒီ “ဒကာ”ပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ, ဒီ”အဖန်ငါးရာငါးကမ္ဘာ ကိစ္စ”နဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း- “ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်း”ကို “လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ်” အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။ တကယ်တော့, အဲဒီလို- “ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝ တွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီး သေရတယ်”ဆိုတဲ့ အယူအဆဟာ အတော့်ကို လွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟော မဟုတ်သလို… ကျမ်းဂန်မှာပါတဲ့အချက်လည်း မဟုတ်ပါဘူး။ “ပိဋကတ်တော်”မှာလာတဲ့ “ဇာတ်တော်တစ်ခု”တော့ ရှိပါတယ်။ အဲဒီ”ဇာတ်တော်”က- ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီ”ဇာတ်တော်”မှာ “ဒိသာပါမောက္ခ ဆရာကြီးတစ်ဦး”ဟာ, “သေသူ”ကို ရည်စူးပြီး “ဆိတ်တစ်ကောင်”ကို သတ်ဖို့ ရေချိုးပေးချိန်မှာ အဲဒီ”ဆိတ်”ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး၊ ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ “ဆရာကြီး”က… “ဘာကြောင့် ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲ?” လို့ မေးတော့ “ဆိတ်”က, ကျွန်ုပ်လည်း အတိတ်ဘဝတစ်ခုမှာ… အခု ဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီ…”အကုသိုလ်ဝဋ်ကြွေး”ဟာ ဒီဘဝ အထိ “ဘဝပေါင်း (၄၉၉)ဘဝ” တိုင်တိုင် လည်ဖြတ် အသတ်ခံခဲ့ရကြောင်း။ ဒီလိုဝဋ်ကြွေးကို နောက် တစ်ဘဝပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ… ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့။ ငိုတာကတော့- အခု အကျွန်ုပ်ကို သတ်မယ့် “ဆရာကြီး”လည်း ကျွန်ုပ်လိုပဲ “ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလား”လို့ တွေးပြီး စိတ်မကောင်း ဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီတော့မှ “ဆရာကြီး”ဟာ ကြောက်လန့်ပြီး “ဆိတ်”ကို မသတ်တော့ပဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့်… “အကုသိုလ် ဝဋ်ကြွေး”ရှိတဲ့ “ဆိတ်”ဟာ တစ်နေရာမှာ “မိုးကြိုး”ထိလွင့်လာတဲ့ “ကျောက်ချပ်”ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ “ဝဋ်ကြွေး”ပါလာတော့ တစ်ဦး မသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီ”ဇာတ်တော်လာ အကြောင်းအရာ”ကိုကြည့်ရင်- “ဆိတ်”ဟာ အတိတ်ဘဝ လူဖြစ်စဉ်က “ဆိတ်တစ်ကောင်”ကို သတ်ခဲ့မိတဲ့ “ဝဋ်ကြွေး”ကြောင့် “ဘဝပေါင်းငါးရာ”တိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ… ကိုယ့်ကိုယ်ကို သတ်သေလို့ “အဖန်ငါးရာ၊ ဘဝငါးရာ” ခံရတာ မဟုတ်ဘဲ, သူများကို သတ်မိတဲ့ “အကုသိုလ် ဝဋ်ကြွေး”ကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီ”ဇာတ်တော်”လာ အကြောင်းကို “နားစွန်နားဖျား” ကြားမိရာက “ကိုယ့်ကိုယ်ကိုယ် သတ်သေရင် အဖန်ငါးရာ ၊ငါးကမ္ဘာ ခံရတယ်”ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့… “ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာငါး ငါးကမ္ဘာ အထိ အဲဒီလို ထပ်တူသတ်သေရမယ်”ဆိုတဲ့ အယူအဆဟာ “လွဲနေတယ်”ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့- “ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်ငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူး”ဆိုပြီး စိတ်ညစ်ညစ်နဲ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက… အဲဒီလို စိတ်ညစ်လို့ “ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်”ရဲ့ “သေခါနီး စိတ်အစဉ်”ဟာ, ဘယ်လိုမှ “ကောင်းတဲ့စိတ်အတွေး” မဖြစ်နိုင်တဲ့အတွက်၊ ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ “သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်”ဟာ နောက်”ဘဝ”မှာ အရင် အကျိုးပေးတာ ဖြစ်တဲ့အတွက် “သေခါနီးစိတ်အစဉ်”ဟာ “အထူးသတိပြုရမယ့် အချက်”ဖြစ်ပါတယ်။ ဒီတော့ကား “သတ်သေမှု”နဲ့ ပတ်သက်ပြီး, ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာ မှာ “ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန် ငါးခါ အဲဒီလိုပဲ သတ်ပြီးသေရတယ်”ဆိုတာ… အခြေအမြစ်မရှိတဲ့ စကားဖြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်က သတ်တာဆိုရင်တော့, သတ်တဲ့ “စိတ်စေတနာ” အတိုင်း ဒီ”အကုသိုလ် ဝဋ်ကြွေး”ကို ပြန်လည် ပေးဆပ်ရတတ်ပြီး,”အကုသိုလ်”အပြစ် သိပ်ကြီးရင် “ဘဝပေါင်း ငါးရာ”အထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။ “ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်း”မှာလည်း- “ခန္ဓာကိုယ်ရဲ့အပြစ်”ကိုမြင်ပြီး “ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်း”မှာ “အပြစ်မရှိ”ပေမယ့်။ “ဒေါသအလျောက် သတ်မိရင်”တော့ အပြစ်ဖြစ်တတ်ပါတယ်။ “အပြစ်ဖြစ်တတ်တယ်”ဆိုတာ ခုနပြောသလို “သေခါနီး စိတ်အစဉ်”ဟာ မကောင်းနိုင်တဲ့အတွက်, “သေပြီးနောက် အပါယ်ဘုံဘဝ”တွေအထိ ရောက်စေနိုင်တာဖြစ်လို့ “အပြစ်ဖြစ်တတ်တယ်”လို့ ဆိုခြင်းဖြစ်ပါတယ်။ “ဗုဒ္ဓ”လက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ “မထေရ်တစ်ပါး”ဟာ”ခန္ဓာကိုယ်”ကို ငြီးငွေ့ပြီး “ခန္ဓာကိုယ်ရဲ့ အပြစ်”ကို မြင်တဲ့အတွက် “ကိုယ့်လည်ပင်းကို ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်”လို့ ဆိုပါတယ်။ ဒါပေမယ့်, အဲဒီ”မထေရ်”ဟာ ဒီအခိုက်မှာ “ဝေဒနာ”ကို ရှု လိုက်တဲ့အတွက် “ရဟန္တာဖြစ်သွားတယ်”-လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉) မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်- “ခန္ဓာကိုယ်ရဲ့ အပြစ်”ကိုမြင်ပြီး “ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်း”မှာ ဒီလိုသတ်သေလိုက်တဲ့အတွက် “အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူး”ဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက- မြန်မာအများ အမှတ်မှားနေကြတဲ့ “ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်”ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ “ကိုယ့်ကိုယ်ကို သတ်တဲ့ကံ”မဟုတ်ဘဲ “သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံ”မျိုးကသာ “ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေး”ကိုလိုက်ပြီး တစ်ခါတစ်လေ “ဘဝ ပေါင်းငါးရာ”အထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ “ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ “ပါဏာတိပါတကံ မမြောက်”တဲ့အတွက် “ပါဏာတိပါတကံ ကို ကျူးလွန်တဲ့အပြစ်”အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့်, “လောကဓံ”ကို မခံနိုင်လို့ “ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်”ဟာ အသေ မကောင်းတဲ့အတွက် “ဘဝကူး” လည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာလည်း လွဲနေတဲ့ အလွဲတစ်ခုဖြစ်ကြောင်း” သိစေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်- “လွဲနေကြတဲ့ အလွဲ”တွေထဲမှာ- “ကိုယ့်ကိုယ်ကို သတ်သေရင် အဖန် ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သတ်သေရတတ်တယ်”ဆိုတဲ့ မြန်မာတွေရဲ့ “အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် “အများကြီးကို လွဲနေတဲ့ အလွဲတစ်ခု”သာ ဖြစ်တဲ့အတွက်။ ဒီလိုအလွဲမျိုးကို… အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ် သတ်ချင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း…. လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။ ဖတ်ဖူး မှတ်သားဖူးသော စာစုများကို ဓမ္မဒါန ပြန်လည်မျှဝေပူဇော်ပါသည်။ #credit 🙏 #အရှင်သုစိတ္တ

zawgyi

“အဖန္ငါးရာ ငါးကမာၻ ဆိုသည္မွာ ဘုရားေဟာ မဟုတ္” “ဗုဒၶဘာသာ ျမန္မာအမ်ား”ရဲ႕ “လြဲေနတတ္တဲ့ အလြဲေတြအေၾကာင္း”-စာေတြေရးေပးေနတာသိေတာ့ “ဒကာတစ္ေယာက္”က…. “အရွင္ဘုရား … တပည့္ေတာ္တို႔ ျမန္မာေတြမွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသရင္ အဖန္ငါးရာ ငါးကမာၻမွာ အဲဒီလိုပဲ သတ္ေသၿပီးေသရတယ္-ဆိုတာ ဟုတ္ပါသလားဘုရား” “ဟုတ္တယ္”ဆိုရင္, တပည့္ေတာ္ ဖတ္ဖူးတဲ့ စာအုပ္ထဲမွာ- ရဟန္းတစ္ပါးဟာ ကိုယ့္လည္ပင္းကို ကိုယ္ ဓားနဲ႔လွီးၿပီး သတ္ေသသြားေပမယ့္ အဲဒီအခိုက္မွာ “ရဟႏၲာ” ျဖစ္သြားတယ္လို႔လည္း ဖတ္ဖူးပါတယ္။ “ရဟႏၲာ”ျဖစ္သြားရင္ ေနာင္ဘဝ မရွိေတာ့ဘူး မဟုတ္လားဘုရား၊ ဒါဆိုရင္, ဒီ အဖန္ငါးရာ ငါးကမာၻ ခံရတဲ့ကိစၥ တပည့္ေတာ္ ဘယ္လိုနားလည္ရမလဲ ဘုရား”… လို႔ ေမးဖူးပါတယ္။ “ဟုတ္ပါတယ္။ ဒီ “ဒကာ”ေျပာမွပဲ ဘုန္းဘုန္းအေတြးထဲမွာ, ဒီ”အဖန္ငါးရာငါးကမာၻ ကိစၥ”နဲ႔ ပတ္သက္ၿပီး လြဲေနတဲ့ ျမန္မာေတြရဲ႕ အလြဲကို တင္ျပေပးဖို႔ စိတ္ကူးရခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း- “ကိုယ့္ကိုယ္ကို သတ္ေသျခင္းနဲ႔ အဖန္ငါးရာငါးကမာၻအေၾကာင္း”ကို “လြဲေနတတ္တဲ့ အလြဲတစ္ခုအျဖစ္” အခုလို တင္ျပျဖစ္တာ ျဖစ္ပါတယ္။ တကယ္ေတာ့, အဲဒီလို- “ကိုယ့္ကိုယ္ကို သတ္ေသရင္ ေနာင္ဘဝ ေတြမွာလည္း ဘဝေပါင္းငါးရာ တိုင္ေအာင္ အခုလိုပဲ သတ္ၿပီး ေသရတယ္”ဆိုတဲ့ အယူအဆဟာ အေတာ့္ကို လြဲေနတဲ့ အယူအဆ ျဖစ္ပါတယ္။ ဘုရားေဟာ မဟုတ္သလို… က်မ္းဂန္မွာပါတဲ့အခ်က္လည္း မဟုတ္ပါဘူး။ “ပိဋကတ္ေတာ္”မွာလာတဲ့ “ဇာတ္ေတာ္တစ္ခု”ေတာ့ ရွိပါတယ္။ အဲဒီ”ဇာတ္ေတာ္”က- ဧကနိပါတ္ ၊ မတကဘတၱဇာတ္ ျဖစ္ပါတယ္။ ဒီ”ဇာတ္ေတာ္”မွာ “ဒိသာပါေမာကၡ ဆရာႀကီးတစ္ဦး”ဟာ, “ေသသူ”ကို ရည္စူးၿပီး “ဆိတ္တစ္ေကာင္”ကို သတ္ဖို႔ ေရခ်ိဳးေပးခ်ိန္မွာ အဲဒီ”ဆိတ္”ဟာ တစ္ၿပိဳင္တည္းမွာ ရယ္လည္းရယ္ၿပီး၊ ငိုလည္းငိုတယ္လို႔ ဆိုပါတယ္။ ဒါနဲ႔ “ဆရာႀကီး”က… “ဘာေၾကာင့္ ရယ္လည္းရယ္၊ ငိုလည္းငိုတာလဲ?” လို႔ ေမးေတာ့ “ဆိတ္”က, ကြၽႏ္ုပ္လည္း အတိတ္ဘဝတစ္ခုမွာ… အခု ဆရာႀကီးလိုပဲ ဆိတ္တစ္ေကာင္ကို လည္ျဖတ္သတ္ခဲ့မိလို႔ အဲဒီ…”အကုသိုလ္ဝဋ္ေႂကြး”ဟာ ဒီဘဝ အထိ “ဘဝေပါင္း (၄၉၉)ဘဝ” တိုင္တိုင္ လည္ျဖတ္ အသတ္ခံခဲ့ရေၾကာင္း။ ဒီလိုဝဋ္ေႂကြးကို ေနာက္ တစ္ဘဝပဲ ခံၿပီးရင္ ကုန္ဆုံးေတာ့မွာ… ျဖစ္တာကိုေတြးၿပီး ဝမ္းသာလို႔ ရယ္ျခင္းျဖစ္ေၾကာင္းနဲ႔။ ငိုတာကေတာ့- အခု အကြၽႏ္ုပ္ကို သတ္မယ့္ “ဆရာႀကီး”လည္း ကြၽႏ္ုပ္လိုပဲ “ဘဝေပါင္းငါးရာ အသတ္ခံရေတာ့မွာပါလား”လို႔ ေတြးၿပီး စိတ္မေကာင္း ျဖစ္မိတဲ့အတြက္ ငိုျခင္းျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ဒီေတာ့မွ “ဆရာႀကီး”ဟာ ေၾကာက္လန္႔ၿပီး “ဆိတ္”ကို မသတ္ေတာ့ပဲ လႊတ္လိုက္ပါတယ္။ ဒါေပမယ့္… “အကုသိုလ္ ဝဋ္ေႂကြး”ရွိတဲ့ “ဆိတ္”ဟာ တစ္ေနရာမွာ “မိုးႀကိဳး”ထိလြင့္လာတဲ့ “ေက်ာက္ခ်ပ္”ထိၿပီး လည္ပင္းျပတ္ကာ ေသသြားခဲ့ရပါတယ္။ “ဝဋ္ေႂကြး”ပါလာေတာ့ တစ္ဦး မသတ္လည္း တစ္ခုခုနဲ႔ ေသသြားရတဲ့ သေဘာပဲ ျဖစ္ပါတယ္။ ဒီ”ဇာတ္ေတာ္လာ အေၾကာင္းအရာ”ကိုၾကည့္ရင္- “ဆိတ္”ဟာ အတိတ္ဘဝ လူျဖစ္စဥ္က “ဆိတ္တစ္ေကာင္”ကို သတ္ခဲ့မိတဲ့ “ဝဋ္ေႂကြး”ေၾကာင့္ “ဘဝေပါင္းငါးရာ”တိုင္ေအာင္ အသတ္ခံၿပီး ေသခဲ့ရတဲ့အျဖစ္ကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါဟာ… ကိုယ့္ကိုယ္ကို သတ္ေသလို႔ “အဖန္ငါးရာ၊ ဘဝငါးရာ” ခံရတာ မဟုတ္ဘဲ, သူမ်ားကို သတ္မိတဲ့ “အကုသိုလ္ ဝဋ္ေႂကြး”ေၾကာင့္ ဘဝေပါင္းမ်ားစြာ အသတ္ခံရတဲ့ ဇာတ္ေတာ္လာ အေၾကာင္းအရာပဲ ျဖစ္ပါတယ္။ ဒီ”ဇာတ္ေတာ္”လာ အေၾကာင္းကို “နားစြန္နားဖ်ား” ၾကားမိရာက “ကိုယ့္ကိုယ္ကိုယ္ သတ္ေသရင္ အဖန္ငါးရာ ၊ငါးကမာၻ ခံရတယ္”ဆိုၿပီး ျမန္မာမ်ား အမွတ္လြဲေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေသခ်ာတာကေတာ့… “ကိုယ့္ကိုယ္ကို သတ္ေသတဲ့အတြက္ အဖန္ငါးရာငါး ငါးကမာၻ အထိ အဲဒီလို ထပ္တူသတ္ေသရမယ္”ဆိုတဲ့ အယူအဆဟာ “လြဲေနတယ္”ဆိုတာ အေသအခ်ာပဲ ျဖစ္ပါတယ္။ ဒီလိုေျပာေတာ့- “ကိုယ့္ကိုယ္ကို သတ္ေသတာ အဖန္ငါးရာ ငါးကမာၻ ခံရတာမဟုတ္ဘူး”ဆိုၿပီး စိတ္ညစ္ညစ္နဲ႔၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာလည္း မလုပ္မိၾကဖို႔ လိုပါတယ္။ လူအေတာ္မ်ားမ်ားက မဟုတ္တာဆို သိပ္ၿပီးအတုယူတတ္တာ ဆိုေတာ့ သူမ်ားသတ္ေသတာေတြၾကည့္ၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ေသမိမွာစိုးလို႔ ေျပာရတာပါ။ ေသခ်ာစဥ္းစားရမွာက… အဲဒီလို စိတ္ညစ္လို႔ “ကိုယ့္ကိုယ္ကို သတ္ေသတဲ့ သူတစ္ေယာက္”ရဲ႕ “ေသခါနီး စိတ္အစဥ္”ဟာ, ဘယ္လိုမွ “ေကာင္းတဲ့စိတ္အေတြး” မျဖစ္ႏိုင္တဲ့အတြက္၊ ဒီစိတ္နဲ႔ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္လိုက္မယ္ဆိုရင္ ေကာင္းတဲ့ဘုံဘဝမွာ ျဖစ္ဖို႔ဆိုတာ မလြယ္လွပါဘူး။ “ေသခါနီးမွာျဖစ္တဲ့ စိတ္အစဥ္”ဟာ ေနာက္”ဘဝ”မွာ အရင္ အက်ိဳးေပးတာ ျဖစ္တဲ့အတြက္ “ေသခါနီးစိတ္အစဥ္”ဟာ “အထူးသတိျပဳရမယ့္ အခ်က္”ျဖစ္ပါတယ္။ ဒီေတာ့ကား “သတ္ေသမႈ”နဲ႔ ပတ္သက္ၿပီး, ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာနဲ႔ သူတပါးကို သတ္လိုက္တာ မွာ “ကိုယ့္ကိုယ္ကို သတ္ေသတဲ့အတြက္ ဘဝငါးရာ အဖန္ ငါးခါ အဲဒီလိုပဲ သတ္ၿပီးေသရတယ္”ဆိုတာ… အေျခအျမစ္မရွိတဲ့ စကားျဖစ္ေၾကာင္းနဲ႔၊ သူတပါးကို ကိုယ္က သတ္တာဆိုရင္ေတာ့, သတ္တဲ့ “စိတ္ေစတနာ” အတိုင္း ဒီ”အကုသိုလ္ ဝဋ္ေႂကြး”ကို ျပန္လည္ ေပးဆပ္ရတတ္ၿပီး,”အကုသိုလ္”အျပစ္ သိပ္ႀကီးရင္ “ဘဝေပါင္း ငါးရာ”အထိေတာင္ ခံရတတ္ေၾကာင္း သတိျပဳၾကရမွာ ျဖစ္ပါတယ္။ “ကိုယ့္ကိုယ္ကို သတ္ေသမႈအပိုင္း”မွာလည္း- “ခႏၶာကိုယ္ရဲ႕အျပစ္”ကိုျမင္ၿပီး “ခႏၶာကိုယ္ကို ၿငီးေငြ႕လို႔ သတ္လိုက္တဲ့ အပိုင္း”မွာ “အျပစ္မရွိ”ေပမယ့္။ “ေဒါသအေလ်ာက္ သတ္မိရင္”ေတာ့ အျပစ္ျဖစ္တတ္ပါတယ္။ “အျပစ္ျဖစ္တတ္တယ္”ဆိုတာ ခုနေျပာသလို “ေသခါနီး စိတ္အစဥ္”ဟာ မေကာင္းႏိုင္တဲ့အတြက္, “ေသၿပီးေနာက္ အပါယ္ဘုံဘဝ”ေတြအထိ ေရာက္ေစႏိုင္တာျဖစ္လို႔ “အျပစ္ျဖစ္တတ္တယ္”လို႔ ဆိုျခင္းျဖစ္ပါတယ္။ “ဗုဒၶ”လက္ထက္က ဝဂၢလိ အမည္ရွိတဲ့ “မေထရ္တစ္ပါး”ဟာ”ခႏၶာကိုယ္”ကို ၿငီးေငြ႕ၿပီး “ခႏၶာကိုယ္ရဲ႕ အျပစ္”ကို ျမင္တဲ့အတြက္ “ကိုယ့္လည္ပင္းကို ဓားနဲ႔ျဖတ္ၿပီး သတ္ခဲ့တယ္”လို႔ ဆိုပါတယ္။ ဒါေပမယ့္, အဲဒီ”မေထရ္”ဟာ ဒီအခိုက္မွာ “ေဝဒနာ”ကို ရႈ လိုက္တဲ့အတြက္ “ရဟႏၲာျဖစ္သြားတယ္”-လို႔ ခႏၶဝဂၢသံယုတ္ ပါဠိေတာ္ (၄၉) မွာ ေဖာ္ျပပါရွိပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္- “ခႏၶာကိုယ္ရဲ႕ အျပစ္”ကိုျမင္ၿပီး “ကိုယ့္ကိုယ္ကို သတ္ေသတဲ့အပိုင္း”မွာ ဒီလိုသတ္ေသလိုက္တဲ့အတြက္ “အဖန္ငါးရာ ငါးကမာၻ ခံစရာမရွိေတာ့ဘူး”ဆိုတာ သတိျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဆိုလိုတာက- ျမန္မာအမ်ား အမွတ္မွားေနၾကတဲ့ “ကိုယ့္ကိုယ္ကို သတ္ေသရင္ အဖန္ငါးရာ ငါးကမာၻ အဲဒီလိုပဲ ေသရတယ္”ဆိုတဲ့ အယူအဆဟာ လြဲေနတဲ့ အယူအဆျဖစ္ေၾကာင္း၊ “ကိုယ့္ကိုယ္ကို သတ္တဲ့ကံ”မဟုတ္ဘဲ “သူမ်ားကို သတ္ခဲ့တဲ့ ပါဏာတိပါတ ကံ”မ်ိဳးကသာ “ကိုယ္လုပ္ခဲ့တဲ့ အကုသိုလ္ကံ အႀကီးအေသး”ကိုလိုက္ၿပီး တစ္ခါတစ္ေလ “ဘဝ ေပါင္းငါးရာ”အထိ ျပန္လည္ အသတ္ခံရတတ္ေၾကာင္း ဆိုလိုတာ ျဖစ္ပါတယ္။ “ကိုယ့္ကိုယ္ကို သတ္ေသတဲ့အပိုင္းမွာ “ပါဏာတိပါတကံ မေျမာက္”တဲ့အတြက္ “ပါဏာတိပါတကံ ကို က်ဴးလြန္တဲ့အျပစ္”အတိုင္း ျပန္ခံရတာေတြ မရွိေပမယ့္, “ေလာကဓံ”ကို မခံႏိုင္လို႔ “ကိုယ့္ကိုယ္ကို သတ္ေသတဲ့ သူတစ္ေယာက္”ဟာ အေသ မေကာင္းတဲ့အတြက္ “ဘဝကူး” လည္း မေကာင္းႏိုင္တာျဖစ္လို႔ ဒီလိုနည္းနဲ႔ ကိုယ့္ကိုယ္ကို သတ္ေသတာလည္း လြဲေနတဲ့ အလြဲတစ္ခုျဖစ္ေၾကာင္း” သိေစခ်င္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္- “လြဲေနၾကတဲ့ အလြဲ”ေတြထဲမွာ- “ကိုယ့္ကိုယ္ကို သတ္ေသရင္ အဖန္ ငါးရာ ငါးကမာၻ အဲဒီလိုပဲ သတ္ေသရတတ္တယ္”ဆိုတဲ့ ျမန္မာေတြရဲ႕ “အေျခအျမစ္မရွိတဲ့ အလြဲဟာလည္း နည္းနည္းေလးမဟုတ္ “အမ်ားႀကီးကို လြဲေနတဲ့ အလြဲတစ္ခု”သာ ျဖစ္တဲ့အတြက္။ ဒီလိုအလြဲမ်ိဳးကို… အစဥ္အဆက္ အ႐ိုးစြဲေနေအာင္ မလြဲမိၾကဖို႔နဲ႔ တကယ္ သတ္ခ်င္တယ္ဆိုရင္ ကိုယ့္သႏၲာန္မွာ ရွိေနတဲ့ ကိေလသာေတြကိုသာ အၿပီးသတ္ႏိုင္ေအာင္ ႀကိဳးစားၾကဖို႔ အသိေပးတိုက္တြန္းရင္း…. လြဲေနတတ္တဲ့ အလြဲတစ္ခုအျဖစ္ အသိဝင္ကာ ျပဳျပင္ႏိုင္ဖို႔ ေစတနာထား ေမတၱာအားျဖင့္ အသိစကား ပါးလိုက္ရပါတယ္။ ဖတ္ဖူး မွတ္သားဖူးေသာ စာစုမ်ားကို ဓမၼဒါန ျပန္လည္မွ်ေဝပူေဇာ္ပါသည္။ #credit 🙏 #အရွင္သုစိတၱ

Be the first to comment

Leave a Reply

Your email address will not be published.


*