Bulimia Nervosa (ခေါ)ဝလာမှာ ကြောက်တဲ့ ရောဂါ
unicode
ဝလာမှာ ကြောက်တဲ့ ရောဂါ ( Bulimia Nervosa) အစားအသောက်ကို လိုတာထက် ပိုစားတယ်။ စားပြီးပြီးချင်း အစာတွေကို ပြန်အန်ထုတ်ချင်တဲ့ စိတ်တွေ ပေါက်လာတယ်။ ဘာကြောင့် ငါဒီလောက် စားမိနေပါလိမ့်လို့ ကိုယ့်ကိုယ်ကို အပြစ်တွေ တင်တယ်။ ဒါ‌ဟာ Bulimia Nervosa ရောဂါ လို့ ပြောရပါမယ်။ ဒီရောဂါဟာ အမျိုးသမီး တွေမှာသာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ဒီရောဂါ ရှိသူ အများစုဟာ ကိုယ် ခန္ဓာ အလေးချိန်ကို အလွန်အာရုံစူးစိုက်ကြပြီး အလေးချိန်နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ့်ကိုယ် အမြဲ မကျေမနပ် ဖြစ်ကြပါတယ်။ Bulimia က ဘယ်လို ရောဂါမျိုးလဲ…..?? Bulimia Nervosa ဆိုတာမျိုးရိုးလိုက်တတ်ပြီး ပုံမှန်မဟုတ်တဲ့ နည်းတွေနဲ့ ဝိတ်ချဖို့ ကြိုးစားနေတဲ့ စိတ်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ Bulimia Nervosa ရောဂါ လက္ခဏာများ 📖 အစာစားခြင်းကို မုန်းတီးခြင်း 📖 အစာစားပြီးတာနဲ့ မိမိကိုယ်ကို ဒေါသထွက်ခြင်း 📖 ထမင်းစားပြီးပြီးချင်း လက်ထိုးအန်ခြင်း 📖 ထမင်းစားပြီးပြီးချင်း အိမ်သာသွားခြင်း 📖 မကြာခဏ အလေးချိန်တိုင်းခြင်း 📖 အဆီကျဆေးမျိုးစုံကို သောက်သုံးခြင်း 📖 အစာစားခြင်းကို မကျေမနပ် ဖြစ်ခြင်း 📖 အချိန်အကြာကြီး ဝိတ်တက်မှာကို ကြောက်ရွံ့ခြင်း 📖 အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်း Bulimia က ဘယ်လို လူတွေမှာ အဖြစ်များသလဲ….?? 📖 ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု လျော့နည်းသူများ 📖 ကိုယ်ကိုယ့်ကို ရုပ်ဆိုးတယ်လို့ ခံယူထားသူများ 📖 အလွန်အကျွံ အလှကြိုက်သူများ 📖 အစားအစာ မက်မောသူများ 📖 Bulimia မျိုးရိုးရှိသူများ 📖 ကိုယ့်ကိုယ်ကို ဝတယ်ထင်သူများ 📖 အလွန်အကျွံ ဝသူများ Bulimia ရောဂါ၏ နောက်ဆက်တွဲပြဿနာများ – ကျောက်ကပ်ပျက်စီးခြင်း။ – အစာခြေမှုတွင်ပြဿနာဖြစ်ခြင်း – ဝမ်းချုပ်ခြင်း။ – ရေဓာတ်ခန်းခြောက်ခြင်း။ – အာဟာရချို့တဲ့ခြင်း။ – စိတ်ဓာတ်ကျ လွယ်လာခြင်း။ Bulimia Nervosaရောဂါဟာ အစာစားခြင်းအလေ့အထကို ထိန်းချုပ်ဖို့နဲ့ ပိန်ချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် အသက်အန္တရာယ်ရှိတဲ့‌ ရောဂါဖြစ်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ကဲ……. ဒီစာကို ဖတ်ပြီးပြီဆိုတော့ သင့်မှာ Bulimia ရှိနေသလား မရှိဘူးလား ‌ဆိုတာ သိလောက်ပါပြီ။ သင်နဲ့ အမြဲ အနီးကပ် ရှိနေတဲ့ သူငယ်ချင်းမှာလည်း Bulimia Nervosaရှိမရှိ ခန့်မှန်းလို့ ရပါပြီ။ ကိုယ့်မှာပဲ ရှိရှိ သူငယ်ချင်းမှာပဲ ရှိရှိ ကျွန်တော် မှာချင်တာလေးက ဝလာမှာကို အရမ်း မကြောက်ပါနဲ့။ မကျန်းမာမှာကိုပဲ ကြောက်ပါနော်။ အကယ်၍ Bulimia Nervosa ရောဂါဟာ ကိုယ့်မှာ မဟုတ်ဘဲ ကိုယ့်သူငယ်ချင်း မှာရှိတယ် ဆိုရင် သူငယ်ချင်းကို Tag တွဲပြီး Caption လန်းလန်းလေးနဲ့ သတိပေးလိုက်ကြရအောင်နော်
zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*