ပြန်စရာအိမ်မရှိတော့တဲ့အမွေဖြတ်စွန့်ခြင်းကိုခံလိုက်ရတဲ့ PDF လူငယ်လေး၏ရင်ဖွင့်စာ

Unicodeပရိတ်သတ်ကြီးရေ မိခင် ဖြစ်သူရဲ့ အမွေ ဖြတ် စွန့်လွှတ် ထားခြင်းကို ခံလိုက်ရတဲ့ PDF ရဲဘော်တစ်ဦးရေးတဲ့စာကို ပြန်လည်ဖော်ပြ ပေးလိုက် ပါတယ်။အရာအားလုံး ဆုံးရှုံး ရမယ် ဆိုတာ သိပြီးသားပါ အမေ ။အမေ့ကို စွန့်ခွာ ခဲ့တဲ့သား (လုံးဝ) ခွင့်မလွှတ်ပါနဲ့။ပြည်သူ အားလုံးအတွက် သားမှန်တဲ့ လမ်းရွေးခဲ့တာဖြစ်လို့ သား နောင်တ မရဘူး အဆုံးထိ ဆက် လျှောက်မယ်။သား စစ်ပညာတွေ အားလုံး တတ်မြောက် အောင် သင် ယူခွင့်ပေးပါ။ သား တော်လှန်ရေး ရဲဘော် တွေကို ကာကွယ်ခွင့် ပေးပါ။သား လက်တစ်စုပ်စာ အာဏာရှင်ကို အမြစ် ဖြတ် ခွင့် ပေးပါ။သား ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ် ကာကွယ်ခွင့်ပေးပါ။ တိုင်းရင်းသား အားလုံး ပါ ဝင် တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စု ကြီးကို သား ခြေ သား လက်နဲ့ တည် ဆောက်ခွင့် ပေးပါ အမေ။တစ်နိုင်ငံလုံး မတရားမှုကြီးအောက်က လွတ် မြောက်ဖို့ အရာအားလုံး စွန့်လွှတ်ပြီး တော်လှန် ပေးနေတဲ့သား နဲ့အတူ ရဲဘော်တွေ ထမင်းစားဖို့ သား အလှူခံ စားရ ပါတယ်။ ကိုယ့်ကျိုး အတွက် အလှူ ခံနေတာ မဟုတ် ကြောင်း ယုံကြည်အောင်သားရဲ့ စစ်မှန်တဲ့ ပြည်သူ့ စစ်သားဘဝကို ချပြ လိုက်ရတာပါ။ 5လလောက် မဆက်သွယ်ပဲ ပစ်ထား မိခဲ့တာ နားလည်ပေးပါ အမေ”မိဘကို မကြည့်ပဲ ပြည်သူကိုသာ ကြည့်မိခဲ့တယ်ဒီအတွက်‌ အမေ့မှာ အပြစ်မရှိပါဘူး။ အားလုံးသားအပစ်တွေပါ။မိဘကို စွန့်လွှတ် လိုက်ရတာထက် ဒီထက်ဆုံးရှုံးစရာ ဘာမှ မရှိတော့ပါဘူး။တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့နေ့ အသက်ရှင် နေသေးရင် အိမ်ပြန်စရာမရှိတဲ့သူတစ်ယောက် ဖြစ်ရုံကလွဲလို့ အဆင်ပြေပါတယ် အမေသား အမေ့ကို အရမ်း ချစ်ပါ တယ်။ (30.9.2021)

Zawပရိတ္သတ္ႀကီးေရ မိခင္ ျဖစ္သူရဲ႕ အေမြ ျဖတ္ စြန႔္လႊတ္ ထားျခင္းကို ခံလိုက္ရတဲ့ PDF ရဲေဘာ္တစ္ဦးေရးတဲ့စာကို ျပန္လည္ေဖာ္ျပ ေပးလိုက္ ပါတယ္။အရာအားလုံး ဆုံးရႈံး ရမယ္ ဆိုတာ သိၿပီးသားပါ အေမ ။အေမ့ကို စြန႔္ခြာ ခဲ့တဲ့သား (လုံးဝ) ခြင့္မလႊတ္ပါနဲ႔။ျပည္သူ အားလုံးအတြက္ သားမွန္တဲ့ လမ္းေ႐ြးခဲ့တာျဖစ္လို႔ သား ေနာင္တ မရဘူး အဆုံးထိ ဆက္ ေလွ်ာက္မယ္။သား စစ္ပညာေတြ အားလုံး တတ္ေျမာက္ ေအာင္ သင္ ယူခြင့္ေပးပါ။ သား ေတာ္လွန္ေရး ရဲေဘာ္ ေတြကို ကာကြယ္ခြင့္ ေပးပါ။သား လက္တစ္စုပ္စာ အာဏာရွင္ကို အျမစ္ ျဖတ္ ခြင့္ ေပးပါ။သား ျပည္သူလူထုရဲ႕ အသက္ အိုးအိမ္စည္းစိမ္ ကာကြယ္ခြင့္ေပးပါ။ တိုင္းရင္းသား အားလုံး ပါ ဝင္ တဲ့ ၿငိမ္းခ်မ္းေသာ ဖက္ဒရယ္ျပည္ေထာင္စု ႀကီးကို သား ေျခ သား လက္နဲ႔ တည္ ေဆာက္ခြင့္ ေပးပါ အေမ။တစ္ႏိုင္ငံလုံး မတရားမႈႀကီးေအာက္က လြတ္ ေျမာက္ဖို႔ အရာအားလုံး စြန႔္လႊတ္ၿပီး ေတာ္လွန္ ေပးေနတဲ့သား နဲ႔အတူ ရဲေဘာ္ေတြ ထမင္းစားဖို႔ သား အလႉခံ စားရ ပါတယ္။ ကိုယ့္က်ိဳး အတြက္ အလႉ ခံေနတာ မဟုတ္ ေၾကာင္း ယုံၾကည္ေအာင္သားရဲ႕ စစ္မွန္တဲ့ ျပည္သူ႔ စစ္သားဘဝကို ခ်ျပ လိုက္ရတာပါ။ 5လေလာက္ မဆက္သြယ္ပဲ ပစ္ထား မိခဲ့တာ နားလည္ေပးပါ အေမ”မိဘကို မၾကည့္ပဲ ျပည္သူကိုသာ ၾကည့္မိခဲ့တယ္ဒီအတြက္‌ အေမ့မွာ အျပစ္မရွိပါဘူး။ အားလုံးသားအပစ္ေတြပါ။မိဘကို စြန႔္လႊတ္ လိုက္ရတာထက္ ဒီထက္ဆုံးရႈံးစရာ ဘာမွ မရွိေတာ့ပါဘူး။ေတာ္လွန္ေရးေအာင္ျမင္ၿပီးဆုံးတဲ့ေန႔ အသက္ရွင္ ေနေသးရင္ အိမ္ျပန္စရာမရွိတဲ့သူတစ္ေယာက္ ျဖစ္႐ုံကလြဲလို႔ အဆင္ေျပပါတယ္ အေမသား အေမ့ကို အရမ္း ခ်စ္ပါ တယ္။ (30.9.2021)

Be the first to comment

Leave a Reply

Your email address will not be published.


*