အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး စစ်ကြောရေးတွင် လက်လွန်သေဆုံးဟု သတင်းထွက်ပေါ်

Unicodeအနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး စစ်ကြောရေးတွင် လက်လွန်သေဆုံးဟု သတင်းထွက်ပေါ် | 6 October, 2021 စီမံခန့်ခွဲမှုညံ့ဖျင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအကျယ်ချုပ်ကျခံနေရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ဟာ စစ်ကြောရေးမှာ လက်လွန်ပြီး သေဆုံးသွားခဲ့ပြီလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။ အနောက်မြောက်စစ်‌ဒေသမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို စစ်တပ်က နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားပြီး သူနေရာမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိ ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စေလွှတ်ကာ ကိုင်တွယ်ခိုင်းလိုက်တယ်လို့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။ တပ်တွင်းသတင်းအရင်းအမြစ်တစ်ယောက်ကတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့် သေဆုံးသွားပြီဆိုတာကို သူနဲ့နီးစပ်သူတွေအသိုင်းအဝိုင်းက ပြောဆိုနေကြပေမဲ့ သူ့အနေနဲ့ သေ၊ မသေဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွင်းမှာ မြန််မာစစ်တပ်က ထိခိုက်သေဆုံးမှုများပြားခဲ့တာတွေကို ဖြေရှင်းကိုင်တွယ်ဖို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို ဖမ်းဆီးလိုက်ပြီး အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် ယာယီတိုင်းမှူးအဖြစ် တာဝန်ပေးလိုက်တာလို့ ပြောပါတယ်။ လက်ရှိမှာ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ တိုင်းစစ်ဌာနချုပ် ဖြစ်တဲ့ မုံရွာမြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ဗိုလ်မှူးချုပ်ဖြိုးသန့် နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိတစ်ယောက်က “အခုကြားနေတဲ့အတိုင်းသာ ဗိုလ်မှူးချုပ်ဖြိုးသန့် သေတာ မှန်ခဲ့ရင် တပ်တွင်းပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ ဗိုလ်မှူးချုပ်ဖြိုးသန့်က အရင် စကခ ၄ က သူတပည့်တွေလည်း ဒါကိုသိရင် ကျေနပ်ကြမှာမဟုတ်ဘူး။ စောင့်သာကြည့်ကြပါတော့လို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ဟာ တေဇ ၂၃ ကဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စကခ ၄ တပ်မမှူးတာဝန်နဲ့ ရန်ကုန်တိုင်းထဲက အရေးကြီးတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့နေရာမှာ ပါဝင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ပြီး မကြာခင်မှာပဲ ဗိုလ်မှူးချုပ်ဖြိုးသန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုးပေးခဲ့တာပါ။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူချိန်မှာ ဗိုလ်မှူးချုပ်ဖြိုးသန့်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြန်လည်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းနိုင်ခြင်းမရှိဘဲ BDA အကြမ်းဖက်စစ်အုပ်စုက ထိခိုက်သေဆုံးမှု များလာတာတွေ၊ စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်အင်အားအဆမ တန်များပြားလာတာတွေကြောင့် စီမံခန့်ခွဲ့မှုညံ့ဖျင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ထိန်းသိမ်းခံလိုက်ရတာလို့ တပ်အတွင်း သတင်းအရင်းအမြစ်တစ်ယောက်က ပြောဆိုပါတယ်။ အခု အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ယာယီတာဝန်ယူမယ့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်တက္ကသိုလ်အမှတ်စဉ် ၂၉ ကျောင်းဆင်းဖြစ်ပြီး BDA အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် တာဝန်စယူချိန်က ဖွင့်လှစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ BDA အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးမကြာခင်မှာ နေပြည်တော်ကို ကွပ်ကဲရတဲ့ အမှတ် ၆ စစ်ဆင် ရေးအထူးအဖွဲ့မှူး ရာထူးတိုးပေးခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်တာဝန်‌တွေကို ပူးတွဲပေးအပ်ခံခဲ့ရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူလူထုကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ဖို့ အနီးကပ်စေခိုင်းခဲ့တဲ့သူဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့က ပဲခူးမြို့ ပဲခူးမြစ်ဖျား တိုက်ကြီးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုစိုးမိုးလှိုင်(ခ) မဲကြီးဟာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။ ကိုစိုးမိုးလှိုင် စစ်ကြောရေးမှာ နှိပ်စက်ခံဒဏ်ရာတွေနဲ့ မေလ ၂၄ ရက်နေ့မှာ သေဆုံးခဲ့ပြီး ရဲချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ ညီဖြစ်သူသေဆုံးခဲ့တာကို နုတ်ဆိတ်နေခဲ့ပြီး BDA အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ထပ်မံပြသခဲ့သူဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုယ်တိုင် ကိုင်တွယ်မယ့် အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ထက် အရင် တိုက်ရိုက်ကွပ်ကဲဖို့ ရောက်ရှိနေခဲ့တာပါ။ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ OTS 73 ကဖြစ်ပြီး အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူးမဖြစ်ခင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ နမခ ကို စက်တင်ဘာလလယ်က ရောက်လာခဲ့ပြီး မကြာခင်မှာပဲ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတွေနဲ့ အလှမ်းဝေးတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွေကိုသွားပြီး စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့သလို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ဆင်ရေး ချေမှုန်းရှင်းလင်းရေးလုပ်ငန်းတွေကို တိုက်ရိုက်ညွှန်ကြားနေတာလို့ တပ်တွင်းသတင်း အရင်းမြစ်တွေက ပြောပါတယ်။ တိုင်းစစ်ဌာနချုပ်တစ်ခုကို ကစထမှူး ၂ ယောက် အတူကွပ်ကဲခိုင်းတာဟာ တပ်မ‌တော်သမိုင်းမှာ ထူးခြားဖြစ်ဆင်ဖြစ်ပြီး BDA အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်က အနောက်မြောက်စစ်ဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိန်းချုပ်နိုင်ဖို့ဆိုတာထက် ပိုတဲ့ အချက်တွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ (မပခ) ကချင်ပြည်နယ်တိုင်းမှူးအဖြစ် တာဝန်ယူချိန်က ကချင်ပြည်နယ်အတွင်း ကချင်လွတ်‌မြောက်ရေးတပ်မတော် (KIA) နဲ့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တိုက်ရိုက်ညွှန်ကြားမှုတွေ လုပ်ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမြေပြင်မှာရောက်နေတဲ့ နယ်မြေခံတပ်တွေ တပ်မတွေနဲ့ မစိမ်းတဲ့သူဖြစ်တာကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ တပ်မတော်ထိပ်ပိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ BDA အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ဖွဲ့တွေဟာ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် အထိအခိုက်အကျဆုံးများနေပြီး လေကြောင်းပစ်ကူ ရေကြောင်းပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေရတဲ့ စစ်ဒေသတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အနောက်မြောက်စစ်ဒေသကို ကစထမှူး ၂ ယောက်ကို စေလွှတ်လိုက်ရုံတင်မဟုတ်ဘဲ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးနဲ့ သံချပ်ကာယန္တရား တပ်ဖွဲ့ ညွှန်ကြားရေးမှူးတွေကိုပါ စေလွှတ်လိုက်တာပါ။ လက်နက်ကြီးပစ်ကူနိုင်ဖို့အတွက် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်ဝင်း သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိနေပြီး သူတို့ဟာ သက်ဆိုင်ရာဌာနတွေရဲ့ အကြီးအကဲတွေဖြစ်တာကြောင့် အနီးကပ်ညွှန်ကြားနိုင်ဖို့ ရောက်နေတာလို့ တပ်တွင်းသတင်းအရစ်အမြစ်တွေကဆိုပါတယ်။ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမဟုတ်ဘဲ အာဏာသိမ်း ပြီးမှပေါ်ပေါက်လာတဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အခုလို စစ်ဆင်ရေးဗျူဟာ အရေးတကြီး လုပ်တာဟာ အဲဒီနေရာကို လက်လွှတ်လိုက်ရမှာကို BDA အကြမ်းဖက်စစ်အုပ်စုက စိုးရိမ်နေပုံရတယ်လို့ CDM ပြုလုပ်ထားသော တပ်မတော်သားတစ်ယောက်က မှတ်ချက်ပြုပြောပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ယာယီတိုင်းမှူး အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ လုံခြုံရေးရဲတပ်ရင်းတွေ တိုင်းရဲတပ်ဖွဲ့တွေကို တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားသွားမှာဖြစ်ပြီး BDA အကြမ်းဖက်စစ်အုပ်စု စိုးရိမ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကစထမှူး ၂ ယောက်က ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

Zawgyiအေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး စစ္ေၾကာေရးတြင္ လက္လြန္ေသဆုံးဟု သတင္းထြက္ေပၚ | 6 October, 2021 စီမံခန႔္ခြဲမႈညံ့ဖ်င္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖမ္းဆီးအက်ယ္ခ်ဳပ္က်ခံေနရတဲ့ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန႔္ဟာ စစ္ေၾကာေရးမွာ လက္လြန္ၿပီး ေသဆုံးသြားခဲ့ၿပီလို႔ မိသားစုနဲ႔နီးစပ္သူက ေျပာပါတယ္။ အေနာက္ေျမာက္စစ္‌ေဒသမွာ စစ္ေကာင္စီတပ္သားေတြ ထိခိုက္ေသဆုံးမႈမ်ားေနတာေၾကာင့္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန႔္ကို စစ္တပ္က ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထားၿပီး သူေနရာမွာ အာဏာသိမ္း စစ္ေခါင္းေဆာင္က စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေတဇေက်ာ္နဲ႔ အမွတ္ ၆ စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိ ဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ကို ေစလႊတ္ကာ ကိုင္တြယ္ခိုင္းလိုက္တယ္လို႔ စစ္တပ္ထိပ္ပိုင္း ေခါင္းေဆာင္ေတြနဲ႔ နီးစပ္သူေတြက ဒီဗြီဘီကို ေျပာပါတယ္။ တပ္တြင္းသတင္းအရင္းအျမစ္တစ္ေယာက္ကေတာ့ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန႔္ ေသဆုံးသြားၿပီဆိုတာကို သူနဲ႔နီးစပ္သူေတြအသိုင္းအဝိုင္းက ေျပာဆိုေနၾကေပမဲ့ သူ႔အေနနဲ႔ ေသ၊ မေသဆိုတာကို အတည္မျပဳႏိုင္ေသးဘူးလို႔ ဆိုပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ေတြက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြအတြင္းမွာ ျမန္္မာစစ္တပ္က ထိခိုက္ေသဆုံးမႈမ်ားျပားခဲ့တာေတြကို ေျဖရွင္းကိုင္တြယ္ဖို႔ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ကို ဖမ္းဆီးလိုက္ၿပီး အမွတ္ ၆ စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ ကို အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ယာယီတိုင္းမႉးအျဖစ္ တာဝန္ေပးလိုက္တာလို႔ ေျပာပါတယ္။ လက္ရွိမွာ အမွတ္ ၆ စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ဟာ တိုင္းစစ္ဌာနခ်ဳပ္ ျဖစ္တဲ့ မုံ႐ြာၿမိဳ႕ကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ ေရာက္ရွိေနၿပီလို႔ ဆိုပါတယ္။ ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ နဲ႔နီးစပ္တဲ့ တပ္မေတာ္ အရာရွိတစ္ေယာက္က “အခုၾကားေနတဲ့အတိုင္းသာ ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ ေသတာ မွန္ခဲ့ရင္ တပ္တြင္းေျပာင္းလဲမႈ ႀကီးႀကီးမားမား ျဖစ္လာႏိုင္တယ္။ ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္က အရင္ စကခ ၄ က သူတပည့္ေတြလည္း ဒါကိုသိရင္ ေက်နပ္ၾကမွာမဟုတ္ဘူး။ ေစာင့္သာၾကည့္ၾကပါေတာ့လို႔ပဲ ေျပာခ်င္တယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးခံလိုက္ရတဲ့ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ဟာ ေတဇ ၂၃ ကျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းတဲ့အခ်ိန္မွာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ စကခ ၄ တပ္မမႉးတာဝန္နဲ႔ ရန္ကုန္တိုင္းထဲက အေရးႀကီးတဲ့သူေတြကို ဖမ္းဆီးထိန္းသိမ္းတဲ့ေနရာမွာ ပါဝင္ခဲ့တဲ့သူ ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း အာဏာသိမ္းစစ္ေကာင္စီက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဖြဲ႕ၿပီး မၾကာခင္မွာပဲ ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ကို အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးအျဖစ္ ရာထူးတိုးေပးခဲ့တာပါ။ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးအျဖစ္ တာဝန္ယူခ်ိန္မွာ ဗိုလ္မႉးခ်ဳပ္ၿဖိဳးသန႔္ဟာ အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ျပန္လည္တိုက္ခိုက္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ေခ်မႈန္းႏိုင္ျခင္းမရွိဘဲ BDA အၾကမ္းဖက္စစ္အုပ္စုက ထိခိုက္ေသဆုံးမႈ မ်ားလာတာေတြ၊ စစ္ကိုင္းတိုင္းအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ မွ တပ္ဖြဲ႕ဝင္အင္အားအဆမ တန္မ်ားျပားလာတာေတြေၾကာင့္ စီမံခန႔္ခြဲ႕မႈညံ့ဖ်င္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အခုလို ထိန္းသိမ္းခံလိုက္ရတာလို႔ တပ္အတြင္း သတင္းအရင္းအျမစ္တစ္ေယာက္က ေျပာဆိုပါတယ္။ အခု အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးအျဖစ္ ယာယီတာဝန္ယူမယ့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ စစ္တကၠသိုလ္အမွတ္စဥ္ ၂၉ ေက်ာင္းဆင္းျဖစ္ၿပီး BDA အၾကမ္းဖက္စစ္အုပ္စုေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တပ္မ‌ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္စယူခ်ိန္က ဖြင့္လွစ္ခဲ့တဲ့ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (ရလခ) တိုင္းမႉးတာဝန္ယူခဲ့သူျဖစ္ပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ BDA အၾကမ္းဖက္စစ္အုပ္စုေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ယုံၾကည္ရတဲ့သူေတြထဲက တစ္ေယာက္ျဖစ္ၿပီး အာဏာသိမ္းၿပီးမၾကာခင္မွာ ေနျပည္ေတာ္ကို ကြပ္ကဲရတဲ့ အမွတ္ ၆ စစ္ဆင္ ေရးအထူးအဖြဲ႕မႉး ရာထူးတိုးေပးခဲ့သလို ျပည္ထဲေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး နဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္တာဝန္‌ေတြကို ပူးတြဲေပးအပ္ခံခဲ့ရပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ျပည္သူလူထုကို အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္ဖို႔ အနီးကပ္ေစခိုင္းခဲ့တဲ့သူျဖစ္ပါတယ္။ ေမလ ၂၂ ရက္ေန႔က ပဲခူးၿမိဳ႕ ပဲခူးျမစ္ဖ်ား တိုက္ႀကီးေက်း႐ြာမွာ ဖမ္းဆီးခံခဲ့ရတဲ့ ကိုစိုးမိုးလႈိင္(ခ) မဲႀကီးဟာ ဒုတိယဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ရဲ႕ ညီအရင္းျဖစ္ပါတယ္။ ကိုစိုးမိုးလႈိင္ စစ္ေၾကာေရးမွာ ႏွိပ္စက္ခံဒဏ္ရာေတြနဲ႔ ေမလ ၂၄ ရက္ေန႔မွာ ေသဆုံးခဲ့ၿပီး ရဲခ်ဳပ္တာဝန္ယူထားတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ဟာ ညီျဖစ္သူေသဆုံးခဲ့တာကို ႏုတ္ဆိတ္ေနခဲ့ၿပီး BDA အၾကမ္းဖက္စစ္အုပ္စုေခါင္းေဆာင္ရဲ႕ ယုံၾကည္မႈကို ထပ္မံျပသခဲ့သူျဖစ္ပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္နဲ႔အတူ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို ကိုယ္တိုင္ ကိုင္တြယ္မယ့္ အမွတ္ ၁ စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေတဇေက်ာ္ဟာ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) ကို ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ထက္ အရင္ တိုက္႐ိုက္ကြပ္ကဲဖို႔ ေရာက္ရွိေနခဲ့တာပါ။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ဟာ OTS 73 ကျဖစ္ၿပီး အမွတ္ ၁ စစ္ဆင္ေရးအထူးအဖြဲ႕မႉးမျဖစ္ခင္က ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ဟာ နမခ ကို စက္တင္ဘာလလယ္က ေရာက္လာခဲ့ၿပီး မၾကာခင္မွာပဲ တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံတပ္ရင္းေတြနဲ႔ အလွမ္းေဝးတဲ့ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (ဒကစ) ေတြကိုသြားၿပီး စည္း႐ုံးမႈေတြ လုပ္ေဆာင္ခဲ့သလို အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကေန စစ္ဆင္ေရး ေခ်မႈန္းရွင္းလင္းေရးလုပ္ငန္းေတြကို တိုက္႐ိုက္ၫႊန္ၾကားေနတာလို႔ တပ္တြင္းသတင္း အရင္းျမစ္ေတြက ေျပာပါတယ္။ တိုင္းစစ္ဌာနခ်ဳပ္တစ္ခုကို ကစထမႉး ၂ ေယာက္ အတူကြပ္ကဲခိုင္းတာဟာ တပ္မ‌ေတာ္သမိုင္းမွာ ထူးျခားျဖစ္ဆင္ျဖစ္ၿပီး BDA အၾကမ္းဖက္စစ္အုပ္စုေခါင္းေဆာင္က အေနာက္ေျမာက္စစ္ေဒသကို ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးပမ္းမႈက ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုတာထက္ ပိုတဲ့ အခ်က္ေတြ ရွိေနႏိုင္တယ္လို႔ ဆိုပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ဟာ (မပခ) ကခ်င္ျပည္နယ္တိုင္းမႉးအျဖစ္ တာဝန္ယူခ်ိန္က ကခ်င္ျပည္နယ္အတြင္း ကခ်င္လြတ္‌ေျမာက္ေရးတပ္မေတာ္ (KIA) နဲ႔ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြမွာ တိုက္႐ိုက္ၫႊန္ၾကားမႈေတြ လုပ္ေဆာင္ခဲ့သူျဖစ္ၿပီး လက္ရွိေျမျပင္မွာေရာက္ေနတဲ့ နယ္ေျမခံတပ္ေတြ တပ္မေတြနဲ႔ မစိမ္းတဲ့သူျဖစ္တာေၾကာင့္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို ေစလႊတ္လိုက္တာ ျဖစ္ႏိုင္တယ္လို႔ တပ္မေတာ္ထိပ္ပိုင္းနဲ႔ နီးစပ္သူက ေျပာပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွာ BDA အၾကမ္းဖက္စစ္အုပ္စုရဲ႕ တပ္ဖြဲ႕ေတြဟာ နယ္ေျမခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ ေျပာက္က်ားစစ္ဆင္ေရးေတြ မိုင္းဆြဲတိုက္ခိုက္မႈေတြေၾကာင့္ အထိအခိုက္အက်ဆုံးမ်ားေနၿပီး ေလေၾကာင္းပစ္ကူ ေရေၾကာင္းပစ္ကူေတြနဲ႔ပါ တိုက္ခိုက္ေနရတဲ့ စစ္ေဒသတစ္ခုျဖစ္ပါတယ္။ အဲဒီအတြက္ အာဏာသိမ္းစစ္ေခါင္းေဆာင္ဟာ အေနာက္ေျမာက္စစ္ေဒသကို ကစထမႉး ၂ ေယာက္ကို ေစလႊတ္လိုက္႐ုံတင္မဟုတ္ဘဲ အေျမာက္တပ္ဖြဲ႕ၫႊန္ၾကားေရးမႉးနဲ႔ သံခ်ပ္ကာယႏၲရား တပ္ဖြဲ႕ ၫႊန္ၾကားေရးမႉးေတြကိုပါ ေစလႊတ္လိုက္တာပါ။ လက္နက္ႀကီးပစ္ကူႏိုင္ဖို႔အတြက္ အေျမာက္တပ္ဖြဲ႕ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္ဝင္း သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္လြင္ဦးတို႔ပါ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို ေရာက္ရွိေနၿပီး သူတို႔ဟာ သက္ဆိုင္ရာဌာနေတြရဲ႕ အႀကီးအကဲေတြျဖစ္တာေၾကာင့္ အနီးကပ္ၫႊန္ၾကားႏိုင္ဖို႔ ေရာက္ေနတာလို႔ တပ္တြင္းသတင္းအရစ္အျမစ္ေတြကဆိုပါတယ္။ တိုင္းရင္းသားေတာ္လွန္ေရးလက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ ထိန္းခ်ဳပ္နယ္ေျမမဟုတ္ဘဲ အာဏာသိမ္း ၿပီးမွေပၚေပါက္လာတဲ့ နယ္ေျမခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို အခုလို စစ္ဆင္ေရးဗ်ဴဟာ အေရးတႀကီး လုပ္တာဟာ အဲဒီေနရာကို လက္လႊတ္လိုက္ရမွာကို BDA အၾကမ္းဖက္စစ္အုပ္စုက စိုးရိမ္ေနပုံရတယ္လို႔ CDM ျပဳလုပ္ထားေသာ တပ္မေတာ္သားတစ္ေယာက္က မွတ္ခ်က္ျပဳေျပာပါတယ္။ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ယာယီတိုင္းမႉး အမွတ္ ၆ စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ လုံၿခဳံေရးရဲတပ္ရင္းေတြ တိုင္းရဲတပ္ဖြဲ႕ေတြကို တိုက္႐ိုက္ကိုင္တြယ္ ၫႊန္ၾကားသြားမွာျဖစ္ၿပီး BDA အၾကမ္းဖက္စစ္အုပ္စု စိုးရိမ္ေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီးကို အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံ ကစထမႉး ၂ ေယာက္က ထိန္းခ်ဳပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမယ္လို႔ ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*