မပုပ်မသိုးသော လယ်ကိုင်းဆရာတော်ကြီး

သာသနာပြု သက်တော် လယကင်း တော်ကြီးသည် ၁၃၇၆-ခုနှစ် ကဆုန်လဆုတ် ၁၁-ရက် (၂၄-၅-၂၀၁၄)နေ့က ပျံလွန်တော်မူခဲ့ သည်။ ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် ၁၀၂-နှစ်ရှိပေပြီ။ ဆရာတော်ကြီး ပျံလွန်တော်မမူမီ သက်တော် ၁၀၀ ၁ဝ-ပြည့်တွင် ဆရာတော်ကြီးအား ကိုယ်တိုင်သွားရောက် ဖူးတွေ့ကာ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိနှင့် သာသနာပြုဆောင်ရွက်မှုများကို ၂၀၁၄-ခုနှစ်၊ ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်၌ ကျွန်တော် ရေးသားပူဇော်ခဲ့ပါသည်။ ဆရာတော်ကြီး၏ ဘွဲ့တော်မှာ ဘဒ္ဒန္တဣန္ဒက ဖြစ်သည်။ ရွှေမျက် မှန်ကိုယ်တော် လယ်ကိုင်းဆရာတော်ဟု ထင်ရှား ကျော်ကြားခဲ့သော သာသနာပြု ဆရာတော်ကြီး ဖြစ်သည်။

 

ယခုဆိုလျှင် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ သည်မှာ ၁-နှစ်ကျော်ကြာမြင့်ခဲ့ပေပြီ။ ဆရာ တော်ကြီး ပျံလွန်တော်မူပြီးနောက် ဆရာတော် ကြီး၏ရုပ်ကလာပ်တော်ကို တပည့်ဒါယကာ၊ ဒါယိကာမများက မီးသင်္ဂြိုဟ်ခြင်းမပြုဘဲ ဆရာ တော်ကြီးသီတင်းသုံးခဲ့ရာ မအူပင်မြို့နယ်၊ လယ် ကိုင်းကျေးရွာရှိ လယ်ကိုင်းကျောင်းတိုက်ဝင်း အတွင်းမှာပင် မှန်ကျောင်းဆောင်တွင်းသွင်း၍ ပူဇော်ထားရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ပူဇော် ထားရှိရာတွင် ဝမ်းဗိုက်တော်ခွဲ၍ ကလီစာများ ထုတ်ခြင်းဆေးဝါးများဖြင့် မပုပ်မသိုးအောင် စီမံ ခြင်းများ လုံးဝမပြုလုပ်ခဲ့ကြပေ။ ပကတိ ရုပ်ကလာပ်တော်အတိုင်းသာ မှန်ကျောင်းဆောင် တွင်းသွင်း၍ ပူဇော်ထားရှိခဲ့ကြခြင်း ဖြစ်သည်

 

ထူးခြားသည်မှာ ယင်းသို့ အစီအမံများ ပြုလု ထားခြင်းမရှိပါဘဲနှင့် ပျံလွန်တော်ပြီး၍ ၁-နှစ် ကျော်ကြာမြင့်သည့် ယနေ့အချိန်ထိ ဆရာတော် ကြီး၏ ရုပ်ကလာပ်တော်မှာ လုံးဝပုပ်သိုးသွား ခြင်းမရှိဘဲ ကျောက်သားကဲ့သို့ မာကျောကျစ် လျစ်နေသည်ကို တပည့်ဒါယကာ၊ ဒါယိကာမများ အံ့ဖွယ်ဖူးတွေ့ကြရသည်။ ထိုအကြောင်းကို ကြားသိရသော ဆရာတော်ကြီး၏ ဒကာရင်းဖြစ် သူ ကျွန်တော့်မိတ်ဆွေ ဦးသောင်းဝင်း (မ/ ဥက္ကလာ)က တစ်ဆင့်စကား ကျွန်တော့်ကို ပြော ကြားသည်။

သို့ဖြင့် ကျွန်တော်တို့နှစ်ဦးသည် ရန်ကုန်မှ မအူပင်မြို့နယ်၊ လယ်ကိုင်းကျောင်းတိုက်သို့ သွားရောက်ခဲ့ကြသည်။ ကြားသိရသည့်အတိုင်း ပင် ထူးခြားသော ဆရာတော်ကြီး၏ ရုပ် ကလာပ်တော်ကို မျက်မြင်ကိုယ်တွေ့ ကျွန်တော် တို့ ဖူးမြင်ကြရသည်။ ယခုအချိန်ထိ မပုပ်မသိုး၊ အရိုးမကျသေးဘဲ အသားတော်များမှာ ကျောက် သားကဲ့သို့ မာကျောကျစ်လျစ်နေသည်။ လက်ဝဲ ဘက်နားရွက်တော်အတွင်း၌ ပေါက်နေသည့် မွေးညင်းအဖြူလေးများမှာလည်း ယနေ့အချိန် ထိ မကျွတ်၊ မကြွေသေးဘဲ သက်တော်ထင်ရှား ရှိစဉ်ကအတိုင်းပင် ထိုးထိုးထောင်ထောင်ဖြင့် ရှိနေသည်ကို အံ့ဖွယ်ဖူးတွေ့ ရသည်။

လယ်ကိုင်းဆရာတော်ကြီးသည် သက်တော် ထင်ရှားရှိစဉ်က ဘာသာ၊ သာသနာ အကျိုးပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရင်း တစ်ဖက်ကလည်း ဝိပဿနာ ဘာဝနာအလုပ်ကို သက်တော် ၃၅-နှစ်အရွယ် စ၍ ပျံလွန်တော်မူသည့်တိုင် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သည်။ ဆရာတော်ကြီးကိုယ် တိုင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ထူးခြားသော ဖြစ်စဉ်ပေါင်းများစွာ ဖြစ် ပေါ်ခဲ့သည်ကို တပည့် ဒါယကာ၊ ဒါယိကာမများ မျက်မြင်ကိုယ်တွေ့ဖူးမြင်ခဲ့ကြရသည်။ ယခု

ပျံလွန်တော်မူသည့်အခါတွင်လည်း ထူးခြားစွာ ပင် မပုပ်မသိုးရှိနေသည်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြင်ရသဖြင့် မြတ်မင်္ဂလာပရိသတ်များ သဒ္ဓါ တရားတိုးပွားစေရန် ရေးသား ဖော်ပြလိုက်ရပါ သည်။အကယ်၍ စာရှုသူများ ကိုယ်တိုင်သွား ရောက် ဖူးမြော်လိုပါက ရန်ကုန်-မအူပင်ကား များကိုစီး၍ သွားရောက်နိုင်ပါသည်။ မအူပင် မရောက်ခင် စိုက်ပျိုးရေးကွေ့မှတ်တိုင်တွင် ဆင်း ပါ။ ထိုမှ လယ်ကိုင်းကျောင်းတိုက်သို့ ဆိုင်ကယ် ကယ်ရီစီးသွားလျှင် ရောက်ရှိပါကြောင်း လမ်းညွှန် ဖော်ပြလိုက်ပါသည်။

 

မောင်အောင်ဝင်း (ထူးကြီး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*