ယူကရိန်းစစ်တပ် အတွက် ဘရောင်နင် ပွိုင့် ၅ စက်သေနတ်ကြီးများ လက်ခံရရှိ

ယူကရိန်းစစ်တပ် အတွက် ဘရောင်နင် ပွိုင့် ၅ စက်သေနတ်ကြီးများ လက်ခံရရှိ

ယူကရိန်းကြည်း တပ်အနေဖြင့် Browning .50 အကြီးစားစက်သေနတ်များနှင့် ခဲယမ်းများကို လက်ခံရရှိခဲ့ ကြောင်းသိရှိရသည်။ ရုရှား၏ မြေပြင်ကျူးကျော်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ အပြီးတွင် ယူကရိန်းအား အကူအညီ ဒေါ်လာ ၁၃.၆ ဘီလီယံကို အမေရိကန်က ပြီးခဲ့သည့် သီတင်းပတ်က မဲခွဲဆုံးဖြတ်ခဲ့၍ အတည်ပြုခဲ့ပြီး လည်းဖြစ်သည်။

ယူကရိန်းနိုင်ငံသို့ ရုရှားကျူးကျော်ချိန်မှစတင်၍ ယခုအချိန်အထိ ရရှိသည့် ထင်ရှားသော အထောက်အပံ့ များမှာ အဓိကအားဖြင့် လေယာဉ်ဖျက်ဒုံးကျည်စနစ်များ၊ တင့်ဖျက်လက်နက်စနစ်များ၊ ထောင်ပေါင်းများစွာ ခဲယမ်းများ၊ ကျည်ကာများ၊ ဗုံးများ၊ ဦးထုပ်များ၊ ဆေးပစ္စည်းများ အစရှိသည်တို့ဖြစ်သည်။

021108-N-4374S-063 – Central Command AOR – LCpl. Paul Rodas assigned to 22 Weapons Company, 24th Marine Expeditionary Unit (Special Operations Capable), mans a .50 caliber machine gun as part of the security force during an exercise in the Central Command AOR. The 24th MEU is on their six-month deployment in support of Operation Enduring Freedom.
Official U.S. Navy Photograph by PH2(SW) Michael Sandberg; Fleet Combat Camera, Atlantic.
Photograph cleared for release by CDR. Jeff Alderson, COMUSNAVCENT/ 5TH Fleet PAO.

ထို့အပြင် ယူကရိန်းအနေဖြင့် နေတိုးအုပ်စုအပေါ် မပျံသန်းရဇုန် သတ်မှတ်ပေးရန် ဆက်လက် တိုက်တွန်း ထားသလို ပိုလန်အနေဖြင့် MiG-29 တိုက်လေယာဉ်များကို ကူညီရန်အတွက်လည်း တောင်းဆိုထားသည်။

Browning .50 အကြီးစားစက်သေနတ်များသည် ယနေ့ခေတ်၌ အသုံးပြုနေရဆဲ လက်နက်ကြီးစနစ်တစ် ခုဖြစ်ပြီး ပထမ ကမ္ဘာစစ်ကတည်းက Jhon Browning က စတင် တီထွင်ထုတ်လုပ် ခဲ့ခြင်းလည်းဖြစ်သည်။ သမိုင်း ကြောင်းစစ်ပွဲများ၌ ပါဝင်အသုံးပြုခဲ့သည့် စက်သေနတ်ကြီးများဖြစ်ပြီး နာမည်ကျော်လက်နက်စနစ်လည်း ဖြစ်ပေသည်။

Crd..khekcaih

Be the first to comment

Leave a Reply

Your email address will not be published.


*