
ယူနီကုဒ္
ရုရှား စစ်သည် တွေဆီကရတဲ့ AK 12 တွေနဲ့ ကြွယ်နေကြတဲ့ Ukraine service members များ
AK-12 ဆိုတာ Russia မြေပြင်စစ်သည်တွေ အတွက် ခေတ်အမှီဆုံး ချေမှုန်းရေး rifle ရိုယ်ဖယ် တွေပါ။ လောလောဆယ် မှာတော့ တပ်ဖွဲ့ဝင် အားလုံးကို AK-12 မတပ်ဆင်ပေးနိုင်သေးပဲ လက်ရွေးစင်/ အထူးတပ်ဖွဲ့ဝင်များကိုသာ ဦးစားပေး တပ်ဆင်ပေးနိုင်ပါသေးတယ်။
အဲ့လို AK 12 က ရှားပါးပစ္စည်းလို ဖြစ်နေတဲ့အတွက် Ukraine တပ်ဖွဲ့ဝင်တွေက စစ်မြေပြင် မှာ သိမ်းဆည်းရမိတဲ့ AK 12 တွေကို Trophy တခုလို ကိုင်ထားပီး ဂိုက်ပေးကြမ်း နေကြတာပါ။ မြေပြင်တပ်ဖွဲ့ဝင်တွေသာမက အထက်တန်း အရာရှိတွေပါ AK-12 နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံတွေ တွေ့ရမှာ ဖြစ်ပါတယ်။
ခေတ်မှီ လက်နက်တခု ဖြစ်လို့ လက်နက်အင်အားနည်းတဲ့ Ukraine တပ်ဖွဲ့ဝင်တွေအတွက် မက်လောက် စရာ ဖြစ်သလို Russia ရဲ့ Elite တပ်ဖွဲ့ဝင်တွေကို ချေမှုန်းပီး ရလာတာ ဆိုတဲ့ ဂုဏ် ကလဲရှိနေပါတယ်။
AK 12 ကြောင်း အနည်းငယ်
AK 12 ကို Russia စစ်တပ်အတွက် Kalashnikov Concern ဆိုတဲ့ လက်နက်ထုတ်လုပ်ရေးအုပ်စုကြီးနေကနေ ဒီဇိုင်းဆွဲ ထုတ်လုပ်ပေးထားတာပါ။ 2011 လောက်မှာ စတင် ဒီဇိုင်းစမ်းသပ်ခဲ့ပီး 2018 မှာ စစ်တပ်မှာ စတင် အသုံးပြုပါတယ်။
Russia စစ်တပ် စံပြု ကျည် 5.45x39mm သုံး AK-12, 7.62x39mm သုံး AK-15 ဆိုပီး လာတဲ့အပြင် နိုင်ငံတကာ ဈေးကွက် အတွက် NATO standard ဖြစ်တဲ့ 5.56x45mm (AK-19), 7.62×51 (AK-308) ဆိုပီး မျိုးကွဲတွေလဲရှိပါတယ်။
Russia အနေနဲ့ အနောက်နိုင်ငံတွေနဲ့ ယှဉ်တဲ့အခါ နောက်မကျရအောင် သူ့စစ်သည်တွေကို ခေတ်မှီ ရိုင်ဖယ် တစ်လက် တပ်ဆင်ပေးဖို့ ဆောင်ရွက် နေတာပါ။နောက်ပိုင်းမှာ standard ဖြစ်လာတဲ့ ဘယ်သန် ညာသန် မရွေး သေနတ်ကို ကိုယ်တွယ်နိုင်အောင်
ambidextrous control၊ ခေတ်မှီ စစ်တပ်တိုင်း အသုံးပြုကြတဲ့ optic တွေ IR laser လို accessoriesတွေ အလွယ်တကူတပ်ဆင်ဖို့ rail တွေ စသည့် အချက်တွေကို AK-12 က ဖြည့်ဆည်းပေးမှာပါ။
သို့ပေမယ့်လည်း ယခု Ukraine အပေါ် ကျူးကျော်စစ်ပွဲမှာ AK-12 ကို ပွဲထုတ်လာတဲ့အခါ Elite တပ်ဖွဲ့ဝင်တွေ အတွက် ဖြစ်နေပေမယ့်လဲ အများစုမှာ ခေတ်မှီ optic တွေ accessoriesတွေတပ်ဆင်ထားတာ မတွေ့ရလို့ လေ့လာသူတွေကြားမှာ ထောက်ပြစရာ ဖြစ်နေပြန်ပါတယ်
ခုခံနေတဲ့ Ukraine တပ်ဖွဲ့ဝင်တွေမှာ optic တွေ IR laser လို accessories တပ်ဆင်ထားတာ ပိုတွေ့မြင်ရပါတယ်။
Crd..Raptorone
Tactical Raptor
Leave a Reply