
ရုရှားတိုက်ခိုက်မှုကို ထောက်လှမ်း သက်သေယူဖို့ရန် ယူကရိန်းစစ်တပ်အတွက် ထိုင်ဝမ်က ဒရုန်းစနစ်များလှူဒါန်း
၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် “ထိုင်ဝမ်သတင်း” ဝဘ်ဆိုဒ်မှ ထုတ်ဝေသည့် အချက်အလက်များအရ ထိုင်ဝမ်ကုမ္ပဏီ XDynamics သည် ရုရှားတပ်များအပေါ် တိုက်ခိုက်ရန်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅၀၀၀ တန်ဖိုးရှိ Evolve 2 ဒရုန်း ၁၀ စင်းအား ယူကရိန်းအား လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Evolve 2 စနစ်သည် ဝေဟင်မှ ရိုက်ကူးမှုများအတွက် ပရော်ဖက်ရှင်နယ်အဆင့် ရိုက်ကူးရေး စွမ်းရည်များကို ဆောင်ရွက်နိုင်ရန် အဆင့်မြင့်ပျံသန်းမှုကို ပံ့ပိုးပေးရန် ဒီဇိုင်း ထုတ်ထားခြင်း လည်းဖြစ်သည်။
၎င်းစနစ်သည် အသေးငယ်ဆုံးဒရုန်းစနစ်တစ်ခုဖြစ်သော်လည်း ၎င်းတွင် Micro Four Thirds ကင်မရာ စနစ်များကို တပ်ဆင်ထားသလို ပေါ့ပါးသည်ကိုယ်ထည်ဖြင့်တည်ဆောက်ထားခြင်းဖြစ်ရာ အလေးချိန်နည်းပါး မှုကြောင့် ကြာရှည်ပျံသန်းနိုင်မည်လည်းဖြစ်သည်။
တပ်ဆင်ထားသည့် မဂ္ဂနီဆီယမ်အလွိုင်းပြားများသည် ပျံသန်းစဉ်အတွင်း တုန်ခါမှုကို လျှော့ချပေးကာ အပူကို ပျံ့နှံ့စေပါသည်။ မော်တာများအနေဖြင့် စွမ်းအင်မြင့်မားသလို တစ်နာရီလျှင် ၅၅ မိုင်နှုန်းဖြင့် ပျံသန်းရိုက် ကူးနိုင်မည်ဖြစ်သည်။
ပျံသန်းမှုအကွာအဝေးသည် ၁၁ ကီလိုမီတာဖြစ်ပြီး ၃၃ မိနစ်ပျံသန်းနိုင်သည်။ ကုမ္ပဏီ XDynamics မှ ထုတ်ပြန်သည့် အချက်အလက်များအရ EVOLVE 2 ဒရုန်းသည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၉၀ အထိ ရောက်ရှိနိုင်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပေးဆောင်ရာတွင် အသုံးပြုနိုင်စွမ်းရှိရာ သေးငယ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို သယ်ဆောင်နိုင်သည်ဟုသိရှိရသည်။
Crd..khekcaih
Leave a Reply