
အကောင်အထည်ပြလာပြီဖြစ်တဲ့ ရုရှား၏ ကော်ဗက်စစ်ရေယာဉ်သစ်
—————————————————–
အင်တာနက်စာမျက်နှာများပေါ်တွင် ရုရှား၏ ကော်ဗက်စစ်ရေယာဉ်သစ်၏ ပုံထွက်ပေါ်လာခဲ့သည်။
ရုရှားသည် ခေတ်မီပြီး တိုက်စွမ်းရည်မြင့်မားသည့် ကော်ဗက်စစ်ရေယာဉ်သစ် တည်ဆောက်ရေး စီမံကိန်းအား ၂၀၁၆ ခုနှစ်ကတည်းစတင်ခဲ့သည်။ အဆိုပါ ကော်ဗက်စစ်ရေယာဉ်သစ် စီမံကိန်းအား Project 20386 ဟု အမည်ပေးထားပြီး ရုရှားရေယာဉ်တည်ဆောက်ရေး သင်္ဘောကျင်းတစ်ခုဖြစ်သည့် Severnaya Verf မှတည်ဆောက်ပေးခြင်းဖြစ်သည်။
Project 20386 ၏ ပထမဆုံးသောအစီးတည်ဆောက်ရေးအား ၂၀၁၆ ခုနှစ်ကတည်းစတင်ခဲ့ပြီး ယခုနှစ်တွင် တပ်တော်ဝင်နိုင်ရန် စီစဉ်ထားသည်။ Project 20386 အား Gremyashchiy ကော်ဗက်အမျိုးအစားပေါ် အခြေခံတည်ဆောက်ထားခြင်းဖြစ်ပြီး အရွယ်အစားပိုမိုကြီးမားကာ ကိုယ်ပျောက်စွမ်းရည် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ Project 20386 ကော်ဗက်စစ်ရေယာဉ်သည် အလျား ၁၀၉ မီတာ၊ ဗျက် ၁၃ မီတာ၊ တန်ချိန် ၃၄၀၀ ရှိမည်ဖြစ်ပြီး အမြန်နှုန်းသည် တစ်နာရီ ရေမိုင် ၃၀ ထိ မောင်းနှင်နိုင်မည်ဖြစ်သည်။ ကော်ဗက်စစ်ရေယာဉ်ဟု သတ်မှတ်ထားသော်လည်း တန်ချိန်နှင့် လက်နက်တပ်ဆင်မှုအပိုင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် အသုံးပြုနေသည့် ဖရီဂိတ်စစ်ရေယာဉ်များနှင့် နှိုင်းယှဉ်နိုင်သည်။ လက်နက်တပ်ဆင်မှုအဖြစ်


1 × 100 mm A-190 Arsenal

2 × 30 mm AK-630M CIWS
2 × 14.5 mm MTPU machine guns
8 (2 × 4) VLS cells for Kalibr or Oniks anti-ship/cruise missiles
16 (2 ×
Redut VLS cells for surface-to-air missiles

Torpedoes
8 (2 × 4) launchers for Paket-NK anti-torpedo/anti-submarine torpedoes များတပ်ဆင်ထားသည်။ ရုရှားရေတပ်အနေဖြင့် အဆိုပါ Project 20386 အတန်းစား ကော်ဗက်စစ်ရေယာဉ် အနည်းဆုံး ၁၀ ထိ အသုံးပြုသွားရန် စီစဉ်ထားသည်။
Leave a Reply