အင်္ဂလိပ်ရက်၃ရက်၊၁၂ရက်၊၂၁ရက်၊၃၀ရက်မွေးဖွားသောမိတ်ဆွေများအတွက်၂၀၂၁ဗေဒင်ဟောစာတမ်း

December 29, 2020 ohkarlinn 0

Unicodeအင်္ဂလိပ်ရက်၃ရက်၊၁၂ရက်၊၂၁ရက်၊၃၀ရက်မွေးဖွားသောမိတ်ဆွေများသည်ခရစ်သက္ကရာဇ်၂၀၂၁ခုနှစ်မင်္ဂလာနှစ်သစ်တွင်….ရည်ရွယ်တာတွေဖြစ်လာတော့မယ်။စီးပွားရေး၊ငွေကြေး၊အလုပ်အကိုင်၊ဘဝအဆင့်အတန်း၊အခြေနေတွေတမဟုတ်ခြင်းမြင့်တက်သွားမယ်။.ဒီနှစ်ထဲမှာဘာကိုမှပူစရာမလိုတော့ပါ။ရှေ့ရေးအတွက်ပူစရာလုံးဝမလိုတော့တဲ့အချိန်ပါပဲ။ငါဖြစ်ချင်တာတွေဖြစ်ရပြီဟေ့…လို့လောကကြီးကိုကြွေးကြော်လိုက်စမ်းပါ။.ငြိမ်းချမ်းခြင်းနဲ့တရားဓမ္မကိုလိုခြင်သလား။တန်ခိုးသြဇာရှိခြင်းနဲ့ရာထူးဌာနန္တရကိုလိုခြင်သလား။ဘာကိုပဲလိုချင်လိုချင်မုချရရှိမယ့်နှစ်ကိုရောက်ရှိလာပါပြီ။စီးပွားဥစ္စာတွေတိုးတက်တော့မယ်။.အံံ့သြစရာကောင်းလောက်အောင်ကောင်းစားမယ့်နှစ်ကိုရောက်ပြီ။ဘယ်လိုပြဿနာတွေပဲတွေ့တွေ့ကိုယ်ကတောင်ဖြေရှင်းစရာမလိုဘူး။သူ့အလိုလိုပြီးသွားမယ်။.အလွန်ဝမ်းသာစရာကောင်းတဲ့နှစ်ဖြစ်ပါတယ်။မိတ်ဆွေမျှော်လင့်ထားတာထက်တောင်ပိုပြီးတော့အခြေအနေကကောင်းလာပါလိမ့်မယ်။ဝမ်းသာစရာ၊ပျော်ရွှင်စရာကြီးကြီးမားမားတွေပေါ်ပေါက်လာပါလိမ့်မယ်။အဖိုးတန်ပစ္စည်းနဲ့ပက်သက်တဲ့အောင်မြင်မှုတွေလည်းကြုံနိုင်ပါတယ်။.လုပ်ငန်းစီးပွားတွေကိုအရှိန်ဟုန်နဲ့တိုးချဲ့ပါ။အကြံအစည်ရည်ရွယ်ချက်တွေကိုလက်တွေ့မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ပါ။အဆက်သွယ်အသစ်တွေရှာပါ။ရည်ရွယ်ထားသမျှလုပ်ဖြစ်အောင်ရဲရဲလုပ်လိုက်စမ်းပါ။ကံတရားဟာမိမိဘက်မှာရာနှုန်းပြည့်ရှိနေပါပြီ။.ငွေရေးကြေးရေး-ထီပေါက်သလိုငွေအစုလိုက်အပုံလိုက်နှစ်ကြိမ်ရအံ့…။လက်ဖျားတွင်ငွေသီးနေအံ့…။အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီးငွေရအံ့…။အဝင်ကြမ်းအထွက်ကြမ်းနေအံ့…။ငွေကြေးအကြံအစည်များအောင်မြင်အံ့…။ငွေကြေးနှင့်ပက်သက်ပြီးစိတ်ပူစရာများအခက်အခဲများရှိနေပါကအမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီးပြေလည်အံ့…။ငွေဝင်ပြီးအကြွေးတင်နေတတ်တာကိုတော့သတိထားသင့်…။.အချစ်ရေး-အတိတ်ဘဝကရေစက်ရှိသောဆုတောင်းရှိသောပဌန်းဆက်ရှိသောဖူးစာရှင်နှင့်ဆုံရတတ်…။ချစ်သူမရှိသေးသူများချစ်သူအသစ်ရအံ့…။ချစ်သူနှင့်ရေနားနီးသောခရီးသွားရတတ်…။အချစ်၏သာယာပျော်ရွှင်ကြည်နူးမှုများကိုခံစားရလတ္တံ့…။အမျိုးသမီးတစ်ယောက်ကြားဝင်ရှုပ်တတ်တာကိုတော့သတိထားသင့်…။.အိမ်ထောင်ရေး-မိမိတို့နှစ်ဦး၏ရည်မှန်းချက်ရည်ရွယ်ချက်အချို့ပြည့်မြောက်အောင်မြင်အံ့…။သားသမီးမရှိသေးသူများသားကောင်းသမီးရတနာထွန်းကားအံ့…။ငွေအသုံးအဖြုန်းများနေအံ့…။အမျိုးသမီးတစ်ယောက်ကြားဝင်ရှုပ်တတ်တာကိုတော့သတိထားသင့်…။.အထူးသတိထားသင့်တဲ့အချက်တွေကတော့…အတိတ်ရဲ့ခြောက်လှန့်မှုတွေကြောင့်အနာဂါတ်ကိုမမြင်မစမ်းနဲ့လမ်းလျောက်နေရသလိုဖြစ်နေပြီးမလုပ်သင့်မလုပ်ထိုက်တာတွေအကောင်းထင်ပြီးလုပ်မိတတ်တာကိုတော့အထူးသတိထားရပါမယ်…။.မကြံစည်သင့်တာတွေကိုကြံမိတတ်တယ်။မပေါင်းသင့်တဲ့လူတွေနဲ့ပေါင်းမိတတ်တယ်။မိတ်ဆွေကိုရန်သူထင်နေတတ်တယ်။သင်ယုံကြည်နေတဲ့လူတွေကသစ္စာဖောက်တတ်ပါတယ်…။လိမ်ညာခံရခြင်း၊သူများရဲ့ဒုက္ခကိုယ့်ဒုက္ခဖြစ်လာခြင်း၊ပြသနာတွေတစ်ခုပြီးတစ်ခုဆက်တိုက်ရောက်လာခြင်းစတဲ့လောကကြီးရဲ့မာယာကွန်ယက်အောက်မှာစုံးစုံးနစ်မြှပ်သွားတတ်…။အဲဒါတွေကိုတော့သတိနဲ့ကြိုတင်ကာကွယ်တွန်းလှန်ပြီးဖြတ်သန်းသင့်ပါတယ်…။၁။အမျိုးသမီးတစ်ယောက်အကူအညီကြီးကြီးမားမားရတတ်…။၂။နာမည်ကြီးထမင်းငတ်ဖြစ်နေတတ်၃။လျှပ်စစ်ပစ္စည်းဒုက္ခပေးတတ်၄။အခွင့်အလမ်းအကူအညီအဆက်အသွယ်များနှစ်ခုနှစ်ခါနှစ်ကြိမ်ပြိုင်တူပေါ်လာတတ်…။၅။သွေးသားနှင့်ပတ်သက်တဲ့ရောဂါများသတိထားပါ၆။လူပွေလူရှုပ်များအိမ်ကိုရောက်လာတတ်၇။မိတ်ကောင်းဆွေကောင်းနှစ်ဦးတစ်ပြိုင်တည်းရတတ်၈။ထူးဆန်းသောပညာထူးအသိထူးရတတ်၉။စိတ်ညစ်စရာနှစ်ခါကြုံ၁၀။စိတ်မပါပဲခရီးနှစ်ခါသွားရတတ်၁၁။အလှူမင်္ဂလာကိစ္စများစကားပြောစီစဉ်ရတတ်၁၂။သတင်းကောင်းကြားကောင်းသောခရီးသွားရတတ်၁၃။နာမည်ဂုဏ်သတင်းကျော်ဇောထင်ရှား၁၄။မိသားစုကျန်းမာရေးညံ့တတ်၁၅။ဆေးရုံဆေးခန်းများနှင့်ပက်သက်ရတတ်ကျိုးပေးအဆောင်-ပုလဲနက်၊စိန်နက်၊ကျောက်မီးသွေးခဲပုပ်အကျိုးပေးအရောင်-အနက်၊အပြာရင့်၊ခရမ်းရင့်သင့်တော်သည့်ဓါတ်စာ-မုန်လာငှက်ပျောဂမုန်းသတိထားသင့်သည့်အန္တရာယ်=လေဘေးသတိထားသင့်သည့်ရောဂါ-အသည်း၊သည်းခြေ၊အစာဟောင်းအိမ်၊သွေး၊ထုံကျင်နေ့ကောင်း-စနေရက်သာ(ထီဂဏန်း)-၈၊၁၇၊၂၆ယတြာ။။သောက်တော်ရေ(၃)ခွက်၊ပန်းအဖြူ(၇)ပွင့်၊ဖယောင်းတိုင်(၃)တိုင်အိမ်ဘုရားမှာမကြာခဏလှူဒါန်းပြီးအလိုရှိရာများကိုဆုတောင်းပါ…။.အခိုက်အညံ့တွေပြေပျောက်ပြီးကံတွေကောင်းသထက်ကောင်းစေဖို့အတွက်ကန်နှစ်ကန်မှရေးကိုရောပြီးမကြာခဏရေချိုးရင်းဆုတောင်းပါ…။ရေနှင့်နီးသည့်နေရာများသို့မကြာခဏခရီးထွက်ပေးပါ…။ရေသန့်မကြာခဏလှူပေးပါ…။ပညာရေးအတွက်လှူဒါနမကြာခဏပြုလုပ်ပေးပါ…။… […]

အင်္ဂလိပ်ရက်၂ရက်၊၁၁ရက်၊၂၀ရက်၊၂၉ရက်မွေးဖွားသောမိတ်ဆွေများအတွက်၂၀၂၁ဗေဒင်ဟောစာတမ်း

December 29, 2020 ohkarlinn 0

Unicodeအင်္ဂလိပ်ရက်၂ရက်၊၁၁ရက်၊၂၀ရက်၊၂၉ရက်မွေးဖွားသောမိတ်ဆွေများသည်ခရစ်သက္ကရာဇ်၂၀၂၁ခုနှစ်မင်္ဂလာနှစ်သစ်တွင်….လူ့ဘဝဆိုတာစိတ်ညစ်စရာတွေကိုခါးစည်းခံပြီးပျော်မွေ့စရာတွေနဲ့တွေ့တဲ့အခါမှာယစ်မူးမေ့လျော့ပစ်ရတာမျိုးမဟုတ်လား။အတိတ်ကတင်ရှိခဲ့တဲ့ဝဋ်ကြွေးလိုသဘောထားလိုက်ပါ။.မမျှော်လင့်ဘဲအမှန်ဘက်ကနေစကားပြောငြင်းခုန်ရတတ်သလိုရုတ်တရက်ကျန်းမာရေးလည်းညံ့သွားတတ်ပါတယ်။.အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။အစစအရာရာအဖက်ဖက်ကနေတအားကောင်းနိုင်သလိုတအားလည်းဆိုးသွားအံ့။.စိတ်မကောင်းစရာတွေအားပျက်စရာတွေကိုကြိုတင်ပြီးမပြောချင်ပါဘူး။ဒါပေမယ့်မကောင်းတာတွေကိုမကောင်းဘူးလို့ပြောမှသစ္စာစကားဖြစ်လိမ့်မယ်။အထူးသတိထားပါ။.အဆုံးရှုံး၊အထိခိုက်၊အနစ်နာတွေကြုံရတတ်တဲ့နှစ်ဖြစ်ပါတယ်။ထိမိခိုက်မိတာ၊အပူလောင်တာ၊ခလုတ်တိုက်လဲတာတွေကိုလည်းသတိထားသင့်ပါတယ်။.စိတ်ညစ်စရာတွေတခုပြီးတခုလာပါလိမ့်မယ်။ဘုရင့်မကိုဠ်တစ်ခုလုံးဆန်ဆေးပလုံးဖြစ်သွားရတယ်ဆိုတာဒီလိုကိန်းမျိုးပါပဲ။ဒါပေမယ့်အားမလျော့စေချင်ဘူး။ကြောက်စရာလည်းမလိုဘူး။သတိထားပြီးဖြတ်သန်းနိုင်ဖို့အရေးကြီးပါတယ်။.သင့်အဖို့ဒီအချိန်ဟာတောမျောက်အုပ်ဝင်ပြီးအဖျင်ခံရတဲ့ငှက်ပျောပင်လိုပဲ။အခြေနေတွေအားလုံးဖရိုဖရဲဖြစ်သွားလိမ့်မယ်။အကြံစည်တွေအားလုံးလွဲချော်ကုန်မယ်။မျှော်လင့်ချက်တွေမှုန်ရီဝေသွားလိမ့်မယ်။.ရှေ့တိုးလို့လဲမရနောက်ဆုတ်လို့လဲမဖြစ်ဆိုတဲ့အချိန်မျိုးပဲ။ဘေးကြပ်နံကြပ်အခက်ခဲတွေတွေ့ရလိမ့်မယ်။ဘဝတစ်ခုလုံးအရှုံးပေးချင်လောက်အောင်စိတ်ပျက်စရာတွေတွေ့လိမ့်မယ်။.ငွေတွေပစ္စည်းတွေမကုန်သင့်ဘဲကုန်မထွက်သင့်ဘဲထွက်နေလိမ့်မယ်။အစစအရာရာအလေအလွင့်အပျက်အစီးများနေတတ်ပါတယ်။.ဒါပေမယ့်စိတ်ကိုတင်းထားပါ။သန်းခေါင်ကျော်ရင်မိုးလင်းတတ်မြဲမဟုတ်ပါလား။ဒီဒုက္ခတွေခံစားပြီးချမ်းသာကြွယ်ဝမှုတွေမုချရလာမှာပါ။အဲ့ဒီအတွက်လည်းပြုလုပ်ရမယ့်ယတြာတွေဖော်ပြထားပါတယ်။.လောလောဆယ်မှာတော့ပေါင်းသင်းဆက်ဆံနေသူတွေကိုလည်းသတိထားပါ။မထင်သူတွေကဒုက္ခပေးသွားလိမ့်မယ်။လုပ်ငန်းတွေလည်းအလွဲလွဲအချော်ချော်ဖြစ်နေလိမ့်မယ်။.ငွေရေးကြေးရေး-တောင်းကိုမှောက်ပြီးသွန်လိုက်သလိုကုန်းကောက်စရာမရှိအောင်ဖြစ်သွားတတ်ပါတယ်…။(ယတြာတွေသေချာချေပါ)အိတ်ပေါက်နဲ့ဖားကောက်သလိုဝင်သမျှငွေတွေဟာမမြဲပဲပြန်ထွက်နေတတ်ပါတယ်…။ငွေကြေးကိစ္စတွေမစွန့်စားသင့်ပါဘူး…။သေချာမှပိုင်မှလုပ်ပါ…။.အချစ်ရေး-ဆိုးနေတဲ့သူများကောင်းလာနိုင်သလို…ကောင်းနေတဲ့သူများလည်းဆိုးသွားတတ်တဲ့အတွက်သတိထားသင့်ပါတယ်…။အဲ့လိုပဲဆိုးနေတဲ့သူများဆိုးသထက်ဆိုးသွားနိုင်သလို…ကောင်းနေတဲ့သူများလည်းကောင်းသထက်ကောင်းသွားနိုင်ပါတယ်…။အမှိုက်ကစပြဿာဒ်မီးလောင်ဆိုသလိုအသေးအဖွဲကိစ္စလေးတွေကနေစပြီးကြီးကြီးမားမားဒုက္ခပေးတတ်ပါတယ်….။နှစ်ဦးစလုံးကရင်ချင်းအပ်ကျောခင်းကပ်ပြီးစိတ်တူကိုယ်တူနဲ့အစစအရာရာသတိကြီးစွားဖြတ်သန်းသင့်ပါတယ်…။.အိမ်ထောင်ရေး-အိမ်ထောင်ဖက်အပေါ်စိတ်တိုင်းမကျအားမရဖြစ်နေတတ်ပါတယ်…။အမြင်တွေအယူအဆဆွေကွဲလွဲနေမယ်…။အသေးအဖွဲပြဿနာလေးတွေကနေစပြီးကြီးကြီးမားမားပြဿနာတွေဖြစ်လာတတ်တဲ့အတွက်နှစ်ဦးစလုံးကတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုအပြည့်နဲ့အထူးသတိထားဖြတ်သန်းသင့်တဲ့နှစ်ဖြစ်ပါတယ်…။အနှစ်ချုပ်ခြုံပြီးဟောရပါမူငြိမ်ငြိမ်နေလျှင်ညံ့သောအပြောင်းအလဲများဖြစ်အံ့။လှုပ်လှုပ်ရှားရှားနေလျှင်ကောင်းသောအပြောင်းအလဲဖြစ်အံ့။ဒါကြောင့်မကြာခဏအိပ်ယာပြောင်းအိပ်ပေးပါ။မရောက်ဖူးသေးတဲ့နေရာဒေသတွေကိုခရီးခဏခဏထွက်ပေးပါ။အဝတ်အစားအသစ်တွေများများဝတ်ပါ။အရင်ကထက်ဘာသာရေးပိုလုပ်ပေးပါ။ဒါဆိုရင်တော့ကောင်းသောအပြောင်းအလဲများတွေ့ကြုံခံစားရပါလိမ့်မယ်။၁။ခရီးစဉ်အချို့ပျက်သွားတတ်၂။ဆရာအတုအယောင်များနှင့်တွေ့ရတတ်၃။အိမ်တွင်းရေးမသာမယာဖြစ်တတ်၄။ဆွေမျိုးဧည့်သည်များညအိပ်ရောက်လာပြီးနောက်စီးပွားတတ်အံ့၅။အပေါက်ရှာပြီးငွေကုန်စရာများပေါ်လာတတ်၆။ရုတ်တရက်ခါးမျက်ခါးနာဖြစ်တတ်၇။မိတ်ဆွေတစ်ဦးကမိမိအပေါ်အထင်လွဲတတ်၈။မုတ်ဆိုးဖိုမုတ်ဆိုးမတစ်ဦးဦးအိမ်သို့လာရောက်တည်းခိုပြီးနောက်စိတ်ညစ်စရာစကားပြောငြင်းခုန်ရတာကြုံတတ်၉။အလုပ်နဲ့ပတ်သက်ပြီးရန်အတိုက်အခံများမကြာခဏပေါ်တတ်၁၀။အိမ်အနီနားဝန်းကျင်မှာမီးလန့်ရှော့ဖြစ်ကြုံရတတ်ကျိုးပေးအဆောင်-ကြောင်ကျောက်၊ပုလဲ၊ငွေအကျိုးပေးအရောင်-အစိမ်းအဖြူအဝါအရောင်မှိုင်းသင့်တော်သည့်ဓါတ်စာ-သခွါးမှိုပန်းသီးစပျစ်သတိထားသင့်သည့်အန္တရာယ်-ရေဘေးသတိထားသင့်သည့်ရောဂါ-အရေပြားအားအင်ကုန်ခမ်းခြင်းနေ့ကောင်း-တနင်္ဂနွေ၊တနင်္လာရက်သာ(ထီဂဏန်း)-၁၊၁၀၊၁၉၊၂၈၊၄၊၁၃၊၂၂၊၃၁၊၂၊၁၁၊၂၀၊၂၉၊၇၊၁၆၊၂၅ယတြာ။။အခိုက်အညံ့တွေပြေပျောက်ပြီးကံတွေကောင်းသထက်ကောင်းစေဖို့အတွက်အိပ်ယာ၊နေရာ၊အလုပ်လုပ်တဲ့နေရ၊ပစ္စည်းတွေကိုမကြာခဏအပြောင်းအလဲလုပ်လိုက်ပါ။.ကံတအားညံ့ရင်မိမိမွေးနေ့ညဝတ်အိပ်ထားတဲ့အဝတ်အစားတစ်စုံလုံးကိုနောက်နေ့မနက်စီးနေတဲ့ရေထဲသွားမျှောလိုက်ပါ။ငါ့မှာရှိတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံးပါသွားပါစေလို့ဆုတောင်းပါ။.. […]