မြန်မာ့ရေတပ်ပိုင်တိုက်လေယာဥ်မဟုတ်သောရေတပ်အတွက်တိုက်လေယာဥ်JF-17ThunderJF-17BlockIII

December 31, 2020 ohkarlinn 0

Unicodeရေတပ်ပိုင်တိုက်လေယာဥ်မဟုတ်သောရေတပ်အတွက်တိုက်လေယာဥ်JF-17ThunderJF-17BlockIII၏MaidenFlightပုံရိပ်များထွက်ပေါ်လာခဲ့ပြီးနောက်JF-17BlockIIIတွင်တရုတ်တို့၏ပဥ္စမမျိုးဆက်J-20stealthfighterတွင်တပ်ဆင်အသုံးပြုသည့်HUD(Head […]

ခလရ၄၅မှငရဲပွတ်သံများ

December 31, 2020 ohkarlinn 0

Unicodeခလရ၄၅မှငရဲပွတ်သံများ••••••••••••••••••••••••••••၁၉၆၇ခုနှစ်မြန်မာနိုင်ငံတွင်ဦးနေဝင်းလက်ထက်ကတရုတ်-ဗမာအရေးအခင်းစတင်ဖြစ်ပွားခဲ့ရသည်။ထိုအချိန်ကမြန်မာတနိုင်ငံလုံးရောင်စုံသူပုန်များဆူပူနေရုံမျှမကတပ်မတော်ကလည်းတပ်မ၇၇တပ်မ၈၈တပ်မ၉၉စသောတပ်မကြီး၃ခုသာရှိခဲ့သည်။ပဲခူးရိုးမကြီးတစ်ခုလုံးကိုဗကဘသူပုန်များလွှမ်းမိုးထားရုံမျှမကဗကပများသည်အခြားသောတိုင်းရင်းသားလက်နက်ကိုင်များကိုလည်းစည်းရုံးမြှောက်ပေးနေသောကာလဖြစ်နေလေသည်။၁၉၆၇ဇွန်လတရုတ်-ဗမာပဋိပက္ခကြီးဖြစ်ပွားပြီးနောက်မြန်မာပြည်ပေါက်တရုတ်လူမျိုးအတော်များများမြန်မာပြည်ကနေစွန့်ခွာထွက်ပြေးကြပါတယ်။တရုတ်နိုင်ငံထဲ၀င်ရောက်ခိုလှုံနေတဲ့ကချင်စစ်ဗိုလ်နော်ဆိုင်း၊ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်းအပါအ၀င်အင်အားစုတစ်ချို့ကိုဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)အလံအောက်မှာစုစည်းပြီး၁၉၆၈ခုနှစ်ဇန်နဝါရီ၁ရက်နေ့မှာရှမ်းပြည်နယ်ကိုလက်နက်လူသူအင်အားအလုံးအရင်းနဲ့၀င်ရောက်တိုက်ခိုက်ပါတော့တယ်။ဇန်နဝါရီ(၁)ရက်နေ့မှာတရုတ်တပ်ဖွဲ့၊နော်ဆိုင်းတပ်ဖွဲ့နဲ့ဗကပကိုယ်စားလှယ်တွေပါ၀င်တဲ့ပူးပေါင်းတပ်ဖွဲ့ဟာကိုးကန့်ဒေသမုန်းကိုးကအစိုးရတပ်ခလရ၄၅စခန်းကို၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ထိုအချိန်ကတစ်နိုင်ငံလုံးတပ်တွေဖြန့်ထားရတဲ့အတွက်ခလရ၄၅မှာကံကြမ္မာငင်ခဲ့ရပါတယ်။သူပုန်အင်အား၁၀၀၀၀ကျော်ခန့်အဖက်ဖက်မှစီနင်းခဲ့ပြီးခလရ၄၅စခန်းတစ်ခုလုံးကျရှုံးခဲ့ရပါတယ်။ခလရ၄၅စခန်းတစ်ခုလုံးသူပုန်လက်အောက်ကျရောက်ခဲ့ပါတော့တယ်။ရဲဘော်တွေအရှင်လတ်လတ်မီးရှို့အသက်ခံခဲ့ရတယ်။ဗိုလ်ကြီးတွေလက်ဆစ်တွေခြေဆစ်တွေခုတ်ဖြတ်ပြီးညှင်းဆဲသတ်ဖြတ်ခံခဲ့ရပါတယ်။ရဲမေတွေမိန်းခလေးတွေအပျိုအအိုမကျန်မုဒိမ်းကျင့်ခံခဲ့ရတယ်။၇နှစ်အရွယ်မိန်းခလေး၂ယောက်ဟာထိုစခန်းမှာပဲမုဒိမ်းကျင့်ခံရလို့သေဆုံးခဲ့ရတယ်။ထိုအချိန်ကခလရ၄၅စခန်းကြီးဟာငရဲပွက်သည့်အလားအော်ဟစ်ငိုသံညည်းသံများနှင့်သွေးရောင်လွှမ်းခဲ့ရပါတော့တယ်။ထိုအချိန်ကမြန်မာနိုင်ငံမှာစစ်သည်အင်အားနည်းပါးနေတာကတစ်ကြောင်း၊လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှု့ကတကြောင်း၊မထင်မှတ်ပဲဝင်တိုက်ခဲ့တာကတစ်ကြောင်းအကြောင်းအမျိုးမျိုးကြောင့်စစ်ကူနောက်ကျခဲ့ပါတယ်။ထိုနောက်၃ရက်မြောက်နေ့မှာခလရ၄၅ကိုတပ်မတော်ကပြန်လည်သိမ်းယူနိုင်ခဲ့သော်လည်းအလောင်းများနှင့်အနှိပ်စက်ခံရဲဘော်များ၊ဘဝပျက်၍ကြိုးဆွဲချခဲ့သောရဲမေအလောင်းများသာပြန်ရခဲ့ပါတယ်။ဒါဟာမြန်မာပြည်ရဲ့လူပိန်းတွေမသိချင်ဟန်ဆောင်နေတဲ့သမိုင်းဝင်ရင်နာစရာဖြစ်ရပ်တစ်ခုပါ။ထိုအချိန်ကသာတပ်မတော်မရှိခဲ့ရင်ယနေ့တပ်မတော်ကိုစောက်ဖောင်းထုနေတဲ့ခွေးတွေဒီလိုနေလို့ရမယ်ထင်နေသလား?ဝမ်းနည်းစရာအဖြစ်အပျက်ပါ။တပ်မတော်အပေါ်စောက်ဖောင်းထုနေသူအားလုံးလည်းပြောလိုက်ပါရစေ။တပ်မတော်ကိုဖွဲ့စည်းပုံထဲကဖယ်ထုတ်ချင်ရင်MAတစ်လက်၊ကျည်ဆံ၂၅၀နဲ့၃ရက်စာရိက္ခာကိုသယ်ပြီးတစ်ရက်ကို၃မိုင်လောက်လမ်းလျှောက်ပြခဲ့ပါ။ […]

မြန်မာ့တော်ဝင်အမြောက်တပ်ဖွဲ့များ

December 30, 2020 ohkarlinn 0

Uni”မြန်မာ့တော်ဝင်အမြောက်တပ်ဖွဲ့များ”crdPLK🇲🇲2019ခုနှစ်GlabalFirePower.အဖွဲ့ကြီး၏ကမ္ဘာ့စစ်အင်အားအဆင့်သတ်မှတ်ချက်အရ,နိုင်ငံပေါင်း၁၃၇နိုင်ငံရှိတပ်မတော်များတွင်,မြန်မာ့တပ်မတော်၏အလုံးစုံစစ်အင်အားပါဝါမှာ,အဆင့်၃၇ရှိခဲ့သည်။(30-6-2019)တကမ္ဘာလုံးမှာရှိသည့်တပ်မတော်စစ်သည်အင်အားအဆင့်တွင်,,စစ်သည်အင်အား(၄၀၆၀၀၀)ဖြင့်အဆင့်(၁၁)သတ်မှတ်ခြင်းခံရသည်။စစ်လက်နှက်အင်အား။ကမ္ဘာ့တပ်မတော်များ၏ရွေ့ရှားအမြောက်ကြီးများအင်အားတွင်,မြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့သည်,ရွေ့ရှားအမြောက်ကြီးပေါင်း(၁၅၈၂)လက်ဖြင့်ကမ္ဘာ့အဆင့်(၁၁)ဆင့်မြောက်အင်အားအကြီးဆုံးအမြောက်တပ်ဖွဲ့အဖြစ်သတ်မှတ်ခြင်းခံရသည်။တရုပ်နိုင်ငံရပ်ရှားနိုင်ငံမြောက်ကိုရီးယားအိနၵိယတောင်ကိုရီးယားနိုင်ငံအမြောက်တပ်ဖွဲ့များနောက်အာရှအဆင့်(၆)ဖြစ်ပြီး,အရှေ့တောင်အာရှတွင်၊ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှားတို့ကိုကျော်ဖြတ်ပြီး,အဆင့်(၁)အင်အားအကြီးဆုံးအမြောက်တပ်ဖွဲ့အဖြစ်သတ်မှတ်ခြင်းခံရသည်။မြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့သည်၊၁၉၄၉ခုနှစ်မှစ၍အမြောက်တပ်ဖွဲ့အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီးနောက်၊နှစ်ပေါင်း(၇၀)ကျော်တွင်ကမ္ဘာ့အဆင့်မြင့်ဆုံးရွေ့ရှားအမြောက်ကြီးပေါင်းထောင်ကျော်ပိုင်ဆိုင်ခဲ့သော,ကမ္ဘာ့(၁၁)ဆင့်မြောက်အမြောက်တပ်ဖွဲ့ဖြစ်ခဲ့ပြီဖြစ်သည်။မြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့၏စစ်ရေးစွမ်းရည်မှာ,ယခုအချိန်မှာသာအင်အားကြီးမားထက်မြက်သည်မဟုတ်၊ရှေးယခင်နှစ်ပေါင်းများစွာကပင်ကမ္ဘာ့အဆင့်ထိပ်တန်းရောက်ခဲ့ကြောင်း,အောက်ဖေါ်ပြပါမှတ်တမ်းများကသက်သေပြခဲ့သည်။၁၆ရာစုနှစ်ဦးတွင်အာရှတခွင်တွင်ပြိုင်ဘက်ကင်းခဲ့သော,မဟာဧကရာဇ်ကြီး-ဘုရင့်နောင်ကျော်ထင်နော်ရထာ၏တပ်မတော်ကြီးသည်(AD၁၅၆၃BE၉၂၅)ခုနှစ်တွင်၊မြန်မာ့အချုပ်အချာအာဏါကိုထိပါးကျူးကျော်လာသော,ယိုးဒယားနိုင်ငံသို့စစ်ချီတက်ခဲ့သည်။ဆင်တပ်၊မြင်းတပ်။ခြေလျင်တပ်၊အမြောက်တပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသောတပ်ပေါင်းငါးဆယ်နှင့်ဘုရင့်တပ်မတော်ကြီးကို,,,ဧကရာဇ်ဘုရင်ကြီးဘုရင့်နောင်၏သွေးသောက်ညီနောင်ဘုရင်ဗိုလ်ချုပ်ကြီးများဦးစီးသော,တပ်တော်ကြီး(၆)တပ်ဖွဲ့စည်း၍၊နိုင်ငံပြင်ပပြည်ပစစ်ဆင်နွဲရာတွင်ဖွဲ့စည်းရသော,တပ်မတော်ဖွဲ့စည်းပုံအတိုင်းဖွဲ့စည်းခဲ့ပြီး,,,တပ်တော်ကြီး(၆)တပ်၏တပ်တော်စုမှူးအဖြစ်ဧကရာဇ်ကြီးဘုရင့်နောင်ကိုယ်တိုင်ဦးစီး၍ယိုးဒယားနိုင်ငံသို့ချီတက်တိုက်ခိုက်ခဲ့သည်။မြန်မာ့တပ်မတော်ကြီးတွင်,တိုက်ဆင်ပေါင်း၅၃၀၀၊တိုက်မြင်းပေါင်း၅၃၀၀၀၊အမြောက်စိန်ပြောင်းလက်နှက်များနှင့်စစ်သည်ပေါင်းငါးသိန်းလေးသောင်းကျော်ပါဝင်သည်။အင်အားကြီးမားလှသောမြန်မာ့တပ်မတော်၏တပ်တော်ကြီး(၆)တပ်ကို,ဘုရင့်နောင်ကိုယ်တိုင်တပ်တော်များ၏တပ်တော်စုမှူးအဖြစ်၎င်းထီးဆောင်းမင်းဘုရင်များ၏အရှင်မဟာဧကရာဇ်ကြီးအဖြစ်၎င်း,ဦးစီး၍ယိုးဒယားသို့ချီတက်တိုက်ခိုက်သိမ်းပိုက်အောင်ပွဲဆင်နိုင်ခဲ့သည်။(ထိုစဉ်ကဟံသာ၀တီနေပြည်တော်သို့ရောက်ရှိခဲ့သောနိုင်ငံခြားသားဗင်းနစ်မြို့သားကုန်သည်”ကိုင်ဇာဖရက်ဒရစ်ကေ”က,ပဲခူးမင်း(ဘုရင့်နောင်)သည်,ယိုးဒယားမင်းကိုအောင်နိုင်ရန်စစ်သည်တသန်းလေးသိန်းဖြင့်ချီတက်တိုက်ခိုက်ခဲ့သည်ဟု,မှတ်တမ်းတင်ခဲ့သည်။”PurchasHisPilgrine.val.x.p.118)ဘုရင့်နောင်၏ယိုးဒယားချီစစ်ပွဲကြီးတွင်အရေးပါဆုံးနေရာမှပါဝင်တိုက်ခိုက်ခဲ့သောတပ်ဖွဲ့မှာ-“မြန်မာ့တော်၀င်အမြောက်တပ်ဖွဲ့”ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း၄၅၀ကျော်ခန့်မှစကာကမ္ဘာကျော်ခဲ့သောမြန်မာ့အမြောက်တပ်ဖွဲ့ဖြစ်သည်။ခေတ်သစ်မြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့သည်,ရန်သူတို့၏အခိုင်အမာကွန်ကရစ်ဘန်ကာကြီးများ၊တပ်စခန်းများ၊စခန်းတောင်ကုန်းများအားရွေ့ရှားအမြောက်ကြီးများဖြင့်ပြင်းထန်လှသောပစ်အားဖြင့်ချေမှုန်းပျက်စီးစေပြီး,တိုက်ခိုက်ရေးတပ်ဖွဲ့များခ်ျီတက်တိုက်ခိုက်သိမ်းပိုက်အောင်ပွဲဆင်ခဲ့ကြသကဲ့သို့,,,ရှေးခေတ်မြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့များသည်လည်း,ရန်သူတို့၏ကြီးမားခိုင်ခံတောင့်တင်းလှသောခံကတုတ်များ၊မြို့ရိုးကြီးများအားမြေပြင်အမြောက်ကြီးများ၏ပစ်အားဖြင့်ချေမှုန်းခြင်းအပြင်,ယိုးဒယားမြို့၇ိုး၏အမြင့်နှင့်ညီမျှသောဘီးတပ်အမြောက်ပစ်စင်ကြီးများပြုလုပ်၍,ပစ်စင်ပေါ်တွင်အမြောက်တပ်သားနှင့်အမြောက်ကြီးများတင်စေပြီးစစ်သည်များကတရွေ့ရွေ့တွန်းကာ,ဆွဲကာဖြင့်,ရွေ့ရှားအမြောက်ကြီးများအဖြစ်ဖန်တီးပြီး,မြို့ရိုးအနားကပ်ခါ,အမြောက်ကြီးများဖြင့်ပစ်ခတ်ဖေါက်ခွဲ၍မြို့ရိုးကိုပျက်စီးစေပြီးမှ,တိုက်ခိုက်ရေးစစ်သည်များ၊ဆင်တပ်မြင်းတပ်များဖြင့်ဝင်ရောက်ချေမှုန်းခဲ့ပြီး,နန်းတော်နှင့်မြို့တော်အားအောင်ပွဲဆင်သိမ်းပိုက်နိုင်ခဲ့သည်။ရှေးမြန်မာစစ်ခေါင်းဆောင်များ၏မြင့်မားလှသောသေနင်္ဂဗျူဟာများပင်ဖြစ်သည်။ရှေးဟောင်းမြန်မာ့အမြောက်တပ်ဖွဲ့၏အောင်ပွဲခံစစ်ပွဲများပင်ဖြစ်သည်။ဘုရင့်နောင်၏တပ်မတော်ကြီးတွင်,,,”ဆင်တပ်သားများ၊မြင်းတပ်သားများ၊လှံတပ်သားများနှင့်အမြောက်တပ်သားများသည်စံနစ်ကျ၍ကောင်းမွန်သောတပ်များဖြစ်သည်။အရေအတွက်အားဖြင့်မခန့်မှန်းနိုင်အောင်ရှိသည်။အမြောက်များသည်အကောင်းဆုံးဖြစ်သည်၊စစ်ပွဲများတွင်အမြောက်ပေါင်းရှစ်သောင်းခန့့်သုံးသည်။နေ့စဉ်လည်းတိုးပွားနေသည်၊အမြောက်ပစ်ခတ်မှုကိုနေ့တိုင်းလေ့ကျင့်စေကာ,ယင်းကဲ့သို့အစဉ်မပြတ်လေ့ကျင့်ခြင်းကြောင့်လည်းအကောင်းဆုံးပစ်မှတ်များကိုပစ်ခတ်နိုင်ခြင်းဖြစ်သည်။ဘုရင့်အမြောက်တပ်တွင်အကောင်းဆုံးသတ္တုများဖြင့်ပြုလုပ်ထားသည့်အမြောက်ကြီးများရှိသည်။အချုပ်အားဖြင့်ဆိုရလျှင်ကမ္ဘာပေါ်တွင်အင်အားရောအာဏါပါ,ပဲခူး(ဟံသာ၀တီ)မင်းထက်သာလွန်နိုင်မည့်သူမရှိဟုဆိုနိုင်ပေသည်။အဘယ်ကြောင့်ဆိုသော်,ပဲခူးမင်းလက်အောက်တွင်,သရဖူဆောင်းသောထီးဆောင်းမင်းဧကရာဇ်(၂၆)ပါးအခစားရောက်ခြင်းကြောင့်ဖြစ်သည်”ဟူ၍,ဤခေတ်အခါကဟံသာဝတီပဲခူးသို့ရောက်ခဲ့သောဗင်းနစ်ကုန်သည်”ကိုင်ဇာဖရက်ဒရစ်ကေ”ကမှတ်တမ်းတင်ခဲ့သည်။(PurchasHisPilgrime.val.x.pp.124-125)စံပြုယူစရာအတိတ်သမိုင်းမှတ်တမ်းနှင့်,,,ကမ္ဘာ့အင်အားအကြီးဆုံးအမြောက်တပ်ဖွဲ့များတွင်အဆင့်(၁၁)သတ်မှတ်ခြင်းခံရသောမြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့အား,ဂုဏ်ပြုရေးဖွဲ့ပါသည်။။မှီငြမ်းကိုးကား။၁၊မြန်မာ့သတင်းထူးသတင်းဦးများ။စကော့တလန်နိုင်ငံရောက်,ရှေးဟောင်းမြန်မာ့တပ်မတော်အမြောက်ကြီးများ။၂။PeopleMedia.မြန်မာ့တပ်မတော်အမြောက်တပ်ဖွဲ့။၃။အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း-ပဌမတွဲ၄။မှန်နန်းမဟာရာဇဝင်-သုံးတွဲပေါင်းချုပ်။ […]

မြန်မာ့ရေတပ်ရဲ့စစ်ရေယာဥ်491နဲ့492မှာဘာတွေကွာခြားသွားပြီးဘာတွေပြောင်းလဲသွားလဲ။

December 30, 2020 ohkarlinn 0

UnicodeTharTharLayစစ်ရေယာဥ်491နဲ့492မှာဘာတွေကွာခြားသွားပြီးဘာတွေပြောင်းလဲသွားလဲ။TharTharLay24ရက်နေ့ကတပ်တော်ဝင်သွားတဲ့စစ်ရေယာဥ်တွေထဲမှာစစ်ရေယာဥ်492လဲပါတယ်ဆိုတာအားလုံးလဲသိမယ်ထင်ပါတယ်။စစ်ရေယာဥ်နှစ်ခုကြားမှာကွာခြားချက်အနေနဲ့492စစ်ရေယာဥ်ရဲ့designပြောင်းလဲသွားတာကိုတော့အားလုံးသတိထားမိမှာဖြစ်ပါတယ်။ကျွန်တော်အခုရေးမယ့်အကြောင်းကတော့491နဲ့492မှာအဓိကပြောင်းလဲသွားတဲ့ဟာတွေအကြောင်းပဲဖြစ်ပါတယ်။စစ်ရေယာဥ်နှစ်စီးကြားမှာသာမန်ယေဘူယျအားဖြင့်ကြည့်မယ်ဆိုရင်တော့သိသာတဲ့ပြောင်းလဲမှုတစ်ချို့ကိုတွေ့ရမှာမဟုတ်ပေမယ့်အသေအချာကြည့်မယ်ဆိုရင်တော့ပြောင်းလဲမှုပေါင်းများစွားကိုတွေ့ရမှာပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ပြောင်းလဲသွားတာကတော့စစ်ရေယာဥ်တွေရဲ့အင်ဂျင်အရေအတွက်နဲ့propulsionပိုင်းပဲဖြစ်ပါတယ်။491ကိုမှာအသုံးပြုထားတဲ့ဒီဇယ်အင်ဂျင်အရေအတွက်ဟာ4ခုဖြစ်ပြီးတော့492မှာတော့သုံးလုံးသာတပ်ဆင်ထားပါတယ်။သို့ပေမယ့်491နဲ့မတူညီတဲ့အချက်ကတော့492ဟာwaterjetpropulserသုံးစုံပါရှိပါတယ်။နှစ်စီးစလုံးရဲ့maximumspeed(အမြင့်ဆုံးမောင်နှင်နိုင်စွမ်း)ဟာ30knots(တစ်နာရီကို34.52မိုင်နှုန်း)စီရှိကြပေမယ့်492ဟာwaterjetပါရှိတာကြောင့်491ထက်အသံဆူညံမှုပိုမိုသက်သာမှာလဲဖြစ်ပြီးManeuverability(စစ်ကစားနိုင်စွမ်း)မှာပိုမိုသာလွန်လာမှာဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ပြောင်းလဲသွားတာကတော့492ရဲ့superstrctureမှာသုံးထားတဲ့သတ္တုအမျိုးအစားပါ။စစ်ရေယာဥ်491ရဲ့Hull(ကိုယ်ထည်)နှင့်Superstructureနှစ်ခုစလုံးကိုSteelကိုပဲအသုံးပြုကာတည်ဆောက်ထားတာဖြစ်ပါတယ်။492မှာတော့Hullကိုသာsteelနဲ့တည်ဆောက်ထားပြီးsuperstructureကိုတော့Aluminiumနဲ့ထိုင်ပေးထားပါတယ်။ဒါကြောင့်492ဟာ491ထက်စာရင်ပိုမိုပေါ့ပါးလာပါတယ်။တတိယမြောက်ပြောင်းလဲသွားတာကတော့492ရဲ့designပါ။အဲ့အချက်ကတော့အရမ်းကိုသိသာမြင်သာပါတယ်။စစ်ရေယာဥ်နှစ်စီးရဲ့ပုံကိုယှဥ်ကြည့်ရုံနဲ့တင်492ရဲ့Designပြောင်းလဲသွားပုံကိုမြင်တွေ့နိုင်ပြီးပိုမို၍stealthပုံစံကျလာတာကိုတွေ့ရမှာလဲဖြစ်ပါတယ်။အထူးသဖြင့်492ရဲ့ကိုယ်ထည်အရှေ့ပိုင်းမှာသိသာတဲ့ပြောင်းလဲမှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်492ရဲ့အနံဟာ491ထက်ပိုမိုကျယ်ဝန်းလာပါတယ်။492ကို491ထက်ပိုမို၍stealthဖြစ်အောင်တည်ဆောက်ထားခြင်းဖြစ်ပြီး၊TrackingRadarFoundationတွေSightLightတွေကအစStealthဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်စစ်ရေယာဥ်နှစ်စီးမှာတော့491ကပိုလှတဲ့ပုံစံရှိပါတယ်။စတုတ္ထပြောင်းလဲမှုကတော့492ရဲ့Radartypeနဲ့EWELINTsystemပါ။နှစ်စီးစလုံးဟာsurfacesearchအတွက်MR-36Aradarအမျိုးအစားကိုအသုံးပြုကြတာပဲဖြစ်ပေမယ့်491မှာအသုံးပြုထားတဲ့MR-36Aရဲ့transmitterဟာMagnetrontypeဖြစ်ပြီး492မှာအသုံးပြုထားတဲ့MR-36Aရဲ့transmitterဟာSolidstateဖြစ်ပါတယ်။EWELINTအနေနဲ့492မှာတပ်ဆင်ထားသောEWELINTအမျိုးအစားဟာNRJ-5AType-Cအမျိုးအစားဖြစ်ပြီး491မှာအသုံးပြုထားတဲ့NRJ-5Aအမျိုးအစားထက်အနည်းငယ်ပိုမို၍အဆင့်မြင်ပါတယ်။ဒါအပြင်491ဟာEWတစုံကိုrotationပုံစံဖြင့်တပ်ဆင်ထားခြင်းဖြစ်ပြီး492မှာတော့EWELINT4စုံကိုမျက်နှာပြင်တစ်ဖက်စီမှာArrayပုံစံဖြင့်အသေတပ်ဆင်ထားပါတယ်။ဒါကြောင့်492၏EWsuitတွေဟာRotationလုပ်စရာမလိုတော့သည့်အတွက်Mechanicalmovementကြောင့်ဖြစ်လာမည့်erosion(တိုက်စားခြင်း)ရှိလာတော့မှာမဟုတ်ပါဘူး။ဒါ့အပြင်360*လွှမ်းခြုံဖို့ရာအတွက်Rotationtimeလဲမရှိတော့မှာဖြစ်ပါတယ်ဒါ့အပြင်တစ်ခြားအားသာချက်များစွာလဲရှိပါသေးတယ်။ဒါဟာတပ်မ​တော်ရေ၏ElectronicWarfareအတွက်ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီးလက်ရှိဖရီးဂိတ်စစ်ရေယာဥ်များတပ်ဆင်ထားတဲ့EWELINTများထက်ပင်ပိုမိုခေတ်မှီတယ်လို့ပြောလို့တောင်ရပါတယ်။ပဥ္စမမြောက်ပြောင်းလဲမှုကတော့492ရဲ့Anti-shipmissile(AShM)လို့ခေါ်တဲ့သင်္ဘောဖျက်ဒုံးပျံပြောင်းလဲမှုဖြစ်ပါတယ်။491သာမကလက်ရှိဖရီးဂိတ်စစ်ရေယာဥ်များနှင့်​ကော့ဗက်စစ်ရေယာဥ်များမှာတပ်ဆင်ထားတဲ့AShMဟာ120kmအထိသာပစ်ခတ်နိုင်တဲ့C-802ဖြစ်သော်ငြားလဲ492မှာတော့180kmအထိပစ်ခတ်နိုင်စွမ်းရှိတဲ့C-802Aအမျိုးအစားကိုပြောင်းလဲသုံးစွဲလိုက်ပြီပဲဖြစ်ပါတယ်။ဒါကြောင့်Anti-shipwarfareမှာ492ကအမြင့်ဆုံးဖြစ်တယ်လို့တောင်ပြောလို့ရပါတယ်။။C-802Aအမျိုးအစားဟာကမ်းရိုးတန်းရှိပစ်မှတ်များကိုပါတိုက်ခိုက်နိုင်စွမ်းရှိတဲ့အတွက်492မှာမြေပြင်တိုက်ခိုက်ရေးစွမ်းရည်ပါရှိလာတယ်လို့ပြောလို့ရမှာဖြစ်ပါတယ်။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်အထက်ပါဖော်ပြခဲ့သောပြောင်းလဲမှုများကြောင့်လက်ရှိတပ်မတော်(ရေ)၏အသုံးပြုနေသော492စစ်ရေယာဥ်ဟာ491ထက်အစစအရာရာမှာပိုမိုကောင်းမွန်သာလွန်လာတာကိုလဲတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်တပ်မတော်(ရေ)ရဲ့ခြေလှမ်းသစ်များစွာကိုလဲမြင်တွေ့ရမှာဖြစ်ပါတယ်။ […]

သွေးမြေခ ချွေးမြေကျခဲ့တဲ့မဲသဝေါတိုက်ပွဲအပိုင်း(၁၂)

December 28, 2020 ohkarlinn 0

Unicodeသွေးနှင့်ရင်းသောမဲသဝေါ═အပိုင်း(၁၂)ပွိုင့်၁၇၇၈တိုက်ပွဲ═ရှေ့မတိုးနောက်မဆုတ်═မဲသဝေါပင်မစခန်းတွင်ရန်သူ၂၀၀ခန့်ရှိနေသည်။အင်အားဖြည့်စက်လှေများကလည်းမဲထရီမှမကြာခဏလာရောက်ဆိုက်ကပ်နေသည်။မဲသဝေါပင်မစခန်းမှရန်သူများသည်၈၂မီလီမီတာစိန်ပြောင်းကြီးကိုပြောင်းနှစ်ခုဆက်၍ပွိုင့်၈၆၅ကိုလှမ်းပစ်နေသည်။ဒုတိယဗိုလ်မှူးကြီးသီဟသူရကျော်ညွန့်ကျဆုံးခဲ့ရာကဆာနလီတောင်ကြောတွင်မူရန်သူ၁၀၀ခန့်နေရာယူထားသည်။မဲသဝေါပင်မစခန်းနှင့်ပွိုင့်၁၆၀၁ကိုအခြေခံ၍မောရလီကိုဝိုင်းတိုက်နေသောရန်သူက၄၀၀ခန့်ရှိသည်။ပွိုင့်၁၇၇၈နှင့်အံ့ကျော်ကုန်းတွင်လည်းရန်သူ၄၀၀ခန့်ကဖြန့်ခွဲထိန်းသိမ်းထားသည်။မောရလီနှင့်ပွိုင့်၈၆၅ကိုဆက်သွယ်ထားသည့်လမ်းကြောင်းအပေါ်စိုးမိုးနေသောတောင်ကုန်းတစ်ခု(သိန်းလွင်ကုန်း)ကိုရန်သူ၅၀၀ခန့်ကထိန်းသိမ်းထားသည်။ရန်သူသည်လက်ရှိသိမ်းပိုက်ထားသောနေရာများကိုမကျဆုံးစေရန်အစွမ်းကုန်ထိန်းသိမ်းထားပြီးပွိုင့်၈၆၅နှင့်မောရလီကိုအဆက်ဖြတ်ပစ်ရန်ကြိုးစားနေသည်။ပွိုင့်၈၆၅မှမောရလီကိုအထောက်အကူမပြုနိုင်တော့သည်နှင့်မောရလီကိုရအောင်တိုက်မည်။မောရလီကိုရသည်နှင့်၊မဲသဝေါဒေသတစ်ခုလုံးကိုရပြီဟုဆိုနိုင်သည်။နိုဝင်ဘာပထမပတ်သည်အကျည်းတန်ရုပ်ဆိုးလှစွာသောတိုက်ပွဲများ၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။နိုဝင်ဘာဒုတိယပတ်သည်လည်းတိုက်ပွဲများ၏လောင်ကျွမ်းခြင်းကိုခံယူရင်းအစားထိုးရောက်ရှိလာသည်။မောရလီတောင်ကုန်း၏အချက်အချာဖြစ်သောကျောက်တောင်ကုန်းတွင်စစ်သည်များသည်ရန်သူ၏ဝိုင်းထားခြင်းကိုခံနေရဆဲ..။ဗိုလ်ကြီးသိန်းဦးသည်ဆက်သွယ်ရေးစက်နားမှထလာသည်။တပ်စုမှူးဖြစ်သူဗိုလ်သန်းနိုင်ထွဋ်ကတပ်ခွဲမှူး၏အခြေအနေကိုကြည့်နေသည်။”နည်းဗျူဟာ(၆၆၂)ကမအောင်မြင်ဘူး၊ခင်မောင်ချိုတို့တပ်ရင်းပဲပွိုင့်၉၆၂ကိုရထားတယ်။ရန်သူကလည်းပွိုင့်၉၆၂ကိုပြန်ရအောင်ချနေပြန်ပြီ။””ဒါဖြင့်ပွိုင့်၁၇၇၈ကိုမတိုက်နိုင်တော့ဘူးပေါ့။””တိုက်နေတာပဲ..၊ခလရ(၈၁)ကဗိုလ်မှူးအောင်မြင်သူတို့တော်တော်ချရတယ်။သူ့ဆီကတပ်ခွဲမှူးဗိုလ်ကြီးသိန်းဝင်းကျသွားတယ်။အံ့ကျော်ကုန်းကဆင်းပြီးတိုက်လို့သူတို့ပြန်ဆုတ်ခဲ့ရတယ်။တောင်ဘက်စစ်မျက်နှာမှာလည်းတပ်မ(၄၄)ကတပ်တွေမဲလညောင်ပင်ဆိပ်ကိုဝင်တိုက်သေးတယ်။ဂျော်နီနဲ့ထိန်မောင်တို့တောင်မဲလကျမှာစိုးလို့မဲလကိုပြန်ပြေးလာကြသေးတယ်လို့သတင်းရတယ်။ခလရ(၇၈)ကအခြေအနေအဆိုးဆုံးပဲ။ခမရ(၇)တက်လာပြီးနိုဝင်ဘာ၇ရက်နေ့မှာခလရ(၇၈)ကိုလဲပေးရတယ်။ခလရ(၈၁)ကိုဆွဲထုတ်ရတယ်။””ဒါဖြင့်ပွိုင့်၁၇၇၈ကိုခမရ(၇)ကတက်ချနေတာပေါ့။””ခမရ(၇)ကဗိုလ်ကြီးကျော်မြင့်ထွန်းတို့တပ်ခွဲကရန်သူနဲ့လက်တကမ်းအကွာကိုတောင်ရောက်နေပြီ၊နိုဝင်ဘာ၉ရက်နေ့တုန်းကနေ့ခင်းကြောင်တောင်ကြီးသူတို့ဝင်စီးတယ်၊မရဘူး။အံ့ကျော်ကုန်းကလာချလို့ပြန်လန်ကျလာတယ်။ခမရ(၇)စစ်ကြောင်း(၂)ကညနေမှာအတင်းဆက်လုံးတယ်။မရဘူး၊ပြန်ဆုတ်ပေးလိုက်ရတယ်။ပွိုင့်၁၇၇၈ဟာဘိနနဲ့အံ့ကျော်ကုန်းကြားမှာရှိနေတာ၊ရန်သူကဘိနနဲ့ကဆာနလီထိခံစစ်ယူထားတာဆက်မိနေပြီ။ပွိုင့်၁၇၇၈ကသူတို့ခံစစ်စည်းကြီးရဲ့အလယ်မှာဖြစ်နေတယ်။မြွေကိုခါးလယ်ကဖြတ်ပြီးကိုင်မိနေသလိုပေါ့ကွ၊ခေါင်းပိုင်းကလည်းလှည့်ပြီးပေါက်တယ်။အမြီးနဲ့လည်းအပုတ်ခံရတယ်။အဲဒါနဲ့မြွေကိုပြန်လွှတ်ပေးလိုက်ရသလိုပေါ့။”တိုက်ပွဲကားရန်သူဘက်မှအလေးသာနေဆဲဖြစ်သည်။ခမရ(၇)သည်ခလရ(၇၈)နှင့်ခလရ(၈၁)တို့၏ခြေကုတ်စခန်းများကိုလဲလှယ်ကာပွိုင့်၁၇၇၈ကိုအပြင်းအထန်တိုက်သည်။ပွိုင့်၁၇၇၈တွင်ရန်သူ(၁၅၀)နေရာယူထားသည်။၈၂မမစိန်ပြောင်းကြီးတစ်လက်ရှိသည်။ရန်သူ့ထောက်ပံ့ရေးစခန်းဖြစ်သောတောင်၃လုံးနှင့်ဆက်သွယ်ရေးမြောင်းကြီးတူးကာဆက်သွယ်ထားသည်။တောင်သုံးလုံးတွင်အရံအင်အား(၈၀)ရှိသည်။အံ့ကျော်ကုန်းနှင့်ကဆာနလီမှာလည်းလူကအပြည့်ပင်။ခမရ(၆)ပွိုင့်၉၆၂ကိုမတိုက်ခင်မှာပင်နည်းဗျူဟာ(၆၆၂)၏လက်အောက်ခံခလရ(၇၈)သည်လည်းရန်သူ၁၅၀ခန့်နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတော့သည်၊ထိုအချိန်တွင်ခလရ(၈၁)သည်ပွိုင့်၈၆၅မှထွက်မလာနိုင်သေး၊ပွိုင့်၈၆၅ပေါ်မှအမတ(၁)ကရန်သူကိုဖိပစ်ပေးနေသည်။ခလရ(၇၈)သည်ရန်သူနှင့်ပြင်းပြင်းထန်ထန်ပင်တိုက်ခိုက်နေရသည်။ခလရ(၈၁)ကဘေးမှဝင်တိုက်ရသည်၊ခမရ(၆)နှင့်နဗဟ(၆၆၂)မှတပ်ရင်းနှစ်ရင်းသည်မောရလီကိုမဝင်နိုင်သဖြင့်ပွိုင့်၈၆၅နှင့်မောရလီအကြားဖြန့်ခွဲထားခဲ့ရာမှပွိုင့်၉၆၂နှင့်ပွိုင့်၁၇၇၈ဘက်သို့ချီတက်လာရခြင်းဖြစ်သည်။ပွိုင့်၉၆၂ကိုခမရ(၆)ကတက်တိုက်နေစဉ်ခလရ(၈၁)သည်ရန်သူအင်အား(၆၀)ခန့်နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြန်သည်။တိုက်ပွဲကမပြီးသေး၊ရှေ့ဆက်တိုးလို့လည်းမရ၊ရန်သူကိုရှောင်ကွင်းပြီးပွိုင့်၁၇၇၈ဘက်သို့ချီတက်ရတော့သည်။ခလရ(၇၈)နှင့်ခလရ(၈၁)တို့ပွိုင့်၁၇၇၈သို့ချီတက်ရာရန်သူတပ်ခွဲများကလမ်းမှဆီးပြီးအဆင့်ဆင့်ခုခံတိုက်ခိုက်သည်။လက်နက်ကြီးများကလည်းစစ်ကြောင်းပေါ်သို့ကျ၍ကွဲသည်။နဗဟ(၆၆၂)သည်တပ်ရင်းနှစ်ရင်းနှင့်အတူပွိုင့်၁၄၇၇တောင်ကြောကိုရွေးချယ်ကာခြေကုတ်ယူလိုက်ရသည်။ရန်သူကားအဆက်မပြတ်တိုက်နေဆဲ။ထို့နောက်စစ်ကြောင်းများ၊တပ်ခွဲများကပွိုင့်၁၇၇၈ကိုဆက်လက်ချဉ်းကပ်ကြသည်။ခလရ(၇၈)စစ်ကြောင်း(၁)(၂)ဌာနချုပ်များနှင့်အတူတပ်ခွဲ၅ခွဲစလုံး…..၊ခလရ(၈၁)စစ်ကြောင်း(၂)ဌာနချုပ်နှင့်တပ်ခွဲနှစ်ခွဲ။စုစုပေါင်းတိုက်ခိုက်ရေးတပ်ခွဲ(၇)ခွဲသည်ပွိုင့်၁၇၇၈အားတပြိုင်နက်တည်းတိုက်ခိုက်ကြတော့သည်။သို့သော်ပွိုင့်၉၆၂ကိုခမရ(၆)ကသိမ်းပိုက်နိုင်သည့်တိုင်ပွိုင့်၁၇၇၈ကိုတက်မသိမ်းနိုင်။ပွိုင့်၁၇၇၈တွင်ရန်သူကစုပြုံ၍ခုခံသည်။မိမိစစ်သည်များအထိနာလှသည်၊အကျအဆုံးများလှသည်။ဘိနနှင့်အံ့ကျော်ကုန်းကလည်းညှပ်၍ပစ်သည်။ခလရ(၇၈)နှင့်ခလရ(၈၁)သည်သတ်ကွင်းအတွင်းဝင်မိကာဖရိုဖရဲဖြစ်ပြီးနောက်လန်ကျလာတော့သည်။နဗဟ(၆၆၂)သည်လည်းကျည်လွတ်မြေသို့ပြန်ဆုတ်လိုက်ရသည်။ခလရ(၈၁)မှာအနည်းငယ်တော်သေးသော်လည်းခလရ(၇၈)မှာအခြေအနေဆိုးလေသည်။နည်းဗျူဟာမှူးမှခလရ(၈၁)စစ်ကြောင်း(၁)ကိုပွိုင့်၁၇၇၈သို့ဆက်လက်ချီတက်တိုက်ခိုက်စေသည်။စစ်သည်များသည်သေနတ်ကိုခါးတွင်ပိုက်၍ပစ်ပြီးတရှိန်ထိုးပြေးတက်ကြသည်။ရန်သူ၏ကျည်ဆန်မုန်တိုင်းကြီးကစစ်သည်များကိုပြေးဆောင့်ရာမိမိစစ်သည်များအရုပ်ကြိုးပြတ်လဲကျကုန်လေပြီ…နိုဝင်ဘာ၁ရက်…၂ရက်….နိုဝင်ဘာ၃ရက်….ပွိုင့်၁၇၇၈တိုက်ပွဲမှာပြင်းထန်လွန်းလှသည်၊စစ်သည်များသည်ရောက်ရာနေရာတွင်ပစ်ကျင်းများတူးကာခြေကုတ်တည်ဆောက်၍ရန်သူကိုရင်ဆိုင်ထိန်းချုပ်ထားရတော့သည်။တန်ပြန်တိုက်စစ်မှာဟန်ချက်မညီတော့…။ပွိုင့်၉၆၂ကိုရသော်လည်း၊ပွိုင့်၁၇၇၈ကိုမရ။စစ်ဦးမှာကြေမွသွားရသည်။ထိုအချိန်တွင်မောရလီတွင်အခြေအနေဆိုးတစ်ရပ်ကပေါ်လာရပြန်သည်။ခလရ(၇၆)မှဗိုလ်ကြီးသိန်းလွင်နှင့်တပ်စုနှစ်စုသည်မောရလီနှင့်ပွိုင့်၈၆၅ဆက်သွယ်ရေးလမ်းကြောင်းကိုထိန်းထားရသည်။ဗိုလ်ကြီးသိန်းလွင်နှင့်စစ်သည်၁၇ယောက်ကိုကျော်ကလဲ့နှင့်အင်အား၁၅၀ခန့်ကဖိ၍တိုက်ခိုက်ရာတောင်ကုန်းကျသွားတော့သည်။နောက်ထပ်စစ်ကူရောက်လာသောခမရ(၄)ကထိုတောင်ကုန်းကိုပြန်တိုက်သော်လည်မရတော့။မဲသဝေါဒေသမြောက်ပိုင်းကိုအနောက်ဘက်(လက်ဝဲဘက်)မှညှပ်၍ထိုးသောကဏန်းလက်မတစ်ချောင်းမှာပွိုင့်၁၇၇၈တွင်ရန်သူ၏ရိုက်ချိုးခြင်းကိုခံလိုက်ရလေပြီ….

အောင်ဆန်းသူရိယဘွဲ့ရရှိသူ”သူရမချစ်ပို”

December 28, 2020 ohkarlinn 0

Unicode”သူရမချစ်ပို”.အောင်ဆန်းသူရိယဘွဲ့ရရှိသူများအကြောင်းကိုလူတော်တော်များကြားဘူး၊ဖတ်ဘူးကြသော်လည်းသူရဘွဲ့ရရှိသူမချစ်ပိုအကြောင်းကိုကြားသိသူနည်းလိမ့်မည်ထင်ပါသည်။မြန်မာနိုင်ငံတွင်ပထမဆုံးနှင့်တဦးတည်းသောအမျိုးသမီးသူရဘွဲ့ရရှိသူမှာမချစ်ပိုဖြစ်ပါသည်။မချစ်ပိုကို၁၉၀၇ခုနှစ်တွင်ထားဝယ်မြို့တွင်မွေးဖွားခဲ့သည်။အရပ်၅ပေ၊၃လက်မခန့်ရှိပြီး၊အသားမဖြူမညိုနှင့်ကြည့်ကောင်းသောမိန်းကလေးတဦးဖြစ်သည်။သူမဟာထားဝယ်သူပီပီစကားသံဝဲဝဲနဲ့စိတ်ထားဖြူစင်သူဖြစ်တာကြောင့်လူချစ်လူခင်ပေါသူတဦးဖြစ်ပါတယ်။စကားပြောရင်လည်းခပ်ပြတ်ပြတ်ပြောလေ့ရှိသလိုအလုပ်လုပ်ရင်လည်းပြတ်ပြတ်သားသားလုပ်တတ်ပါတယ်။မချစ်ပိုသည်၁၉၄၇ခုနှစ်တွင်သူမရဲ့မောင်တယောက်ဘီအီးတပ်ထဲဝင်ရောက်သွားတော့မောင်ငယ်ကိုလိုက်ရှာရင်းပြင်ဦးလွင်ကိုရောက်သွားပါတယ်။ပြင်ဦးလွင်မြို့ရှိဦးကြွယ်၊ဒေါ်ပုတို့၏မွေးစားသမီးကဲ့သို့ချစ်ခင်ရင်းနီးသွားပြီး၎င်းအိမ်တွင်ဆက်လက်နေထိုင်သွားလေသည်။ထို့နောက်ဦးကြွယ်၊ဒေါ်ပုတို့နှင့်ရင်းနီးသူဘီအီးတပ်မှတပ်ကြပ်လှမောင်နှင့်လူငယ်သဘာဝချစ်ကျွမ်းဝင်ကာတပ်ကြပ်လှမောင်နှင့်လက်ထပ်ခဲ့ပါသည်။တပ်ကြပ်လှမောင်မှာတပ်တွင်းတွင်စားရေးသောက်ရေးကိုတာဝန်ယူရသောကြောင့်ထမင်းချက်လှမောင်ဟုလူသိများသည်။သူသည်ထမင်းချက်တာဝန်ယူထားရသော်လည်းအခြေအနေအရတိုက်ခိုက်သည့်အဖွဲ့ထဲပါရင်ပါသွားတတ်သည်။၁၉၄၉ခုနှစ်၊ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင်KNDOတပ်များသည်ပြင်ဦးလွင်မြို့အားအလစ်အငိုက်ဝင်ပြီးစီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်သည်။ထိုအချိန်ကပြင်ဦးလွင်တွင်ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူဦးဆောင်သောအမှတ်(၁)ဘီအီးတပ်ခွဲနှင့်အမှတ်(၂)တို့သည်ရရာလက်နက်ခဲယမ်းများကိုစုဆောင်းသိမ်းဆည်းကာလားရှိုးဖက်သို့ဆုတ်ခွာသွားခဲ့ကြသည်။ထိုသို့ဆုတ်ခွာသွားသောတပ်များသည်လားရှိုးတွင်ပြန်လည်စုစည်းကာပြင်ဦးလွင်သို့ပြန်လည်ချီတက်လာကြသည်။ပြင်ဦးလွင်ရေချမ်းအိုးရွာဖက်တွင်တိမ်းရှောင်နေကြသောဘီအီးတပ်မှအရာရှိစစ်သည်များနှင့်ကျန်တပ်ပေါင်းစုံမှတပ်ဖွဲ့တို့လာရောက်ပူးပေါင်းကြသည်။တပ်ပေါင်းစုအင်အားဖြင့်၁၉၄၉ခုနှစ်၊ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင်ပြန်လည်တိုက်ခိုက်ရာဘီအီးတပ်ကုန်း(ယခုပြင်ဦးလွင်အင်ဂျင်နီယာတပ်)နေရာကိုပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။ထို့အပြင်မြို့တွင်းတိုက်ပွဲအဖြစ်ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့များသည်လည်းမြို့မရုပ်ရှင်ရုံအထိသိမ်းပိုက်လိုက်နိုင်ခဲ့သည်။အင်ဂျင်နီယာတပ်မှဦးဆောင်ကာပြင်ဦးလွင်မြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သောဖေဖော်ဝါရီလ(၂၄)ရက်နေ့အားအင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။ထိုသို့ဖေဖေါ်ဝါရီ(၂၄)ရက်တွင်စခန်းများရှိပြီးဖြစ်သော်လည်းမြို့တွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီးတဖက်နှင့်တဖက်ခြေကုတ်စခန်းများကိုအားပြုကာအဖွဲ့ငယ်များစေလွှတ်၍အပြန်အလှန်သတင်းထောက်လှမ်းတိုက်ခိုက်နေကြလေသည်။မြို့ပေါ်တွင်လည်းလေ့ကျင့်မှုမရှိသောအရပ်သားများသည်ပင်ရရာလက်နက်စွဲကိုင်ပြီးတပ်နှင့်ပူပေါင်းတိုက်ပွဲဝင်ကြလေသည်။ဤအခြေအနေတွင်ခက်ခဲသောကိစ္စရပ်တခုမှာရန်သူသတင်းထောက်လှမ်းရေးရရှိရေးပင်ဖြစ်သည်။ထိုစဉ်ကဘီအီးကုန်းမှထွက်လိုက်သည်နှင့်ရန်သူသည်ယောင်္ကျားမှန်သမျှအားဖမ်းဆီးခြင်းသို့မဟုတ်ပစ်ခတ်ခြင်းများပြုလုပ်လျှက်ရှိပြီး၊မိန်းမများမှာဈေးရောင်းခြင်း၊နွားကျောင်းခြင်းများဖြင့်ဝင်ထွက်လျှက်ရှိလေသည်။ဘီအီးတပ်ဦးစီးသောတပ်ပေါင်းစုအတွက်အခက်အခဲဖြစ်ပေါ်လျှက်ရှိသောသတင်းထောက်လှမ်းရှိရေးအတွက်မိမိဆန္ဒအလျောက်တာဝန်ယူလိုက်သူမှာထားဝယ်သူမလေးမချစ်ပိုပင်ဖြစ်ပါသည်။မချစ်ပို၏ယောင်္ကျားဖြစ်သူတပ်ကြပ်လှမောင်အပါအဝင်အင်ဂျင်နီယာတပ်ဖွဲ့များသည်လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ်တဖက်နှင့်တဖက်အဖွဲ့ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ကြရာမှတပ်ကြပ်လှမောင်အားသေနတ်ထိမှန်ကာဒဏ်ရာရှိခဲ့လေသည်။ဗိုလ်ကြီးဘဖြူတို့ကမချစ်ပိုအားခေါ်ယူတွေ့ဆုံပြီး“ကဲ-မချစ်ပိုခင်ဗျားတာဝန်ယူနိုင်မယ်ဆိုရင်ခင်ဗျားကိုမိန်းမထောက်လှမ်းရေးလုပ်ခိုင်းရမှာပဲ၊ရန်သူရဲ့လက်နက်ကြီးတွေ၊စက်သေနတ်တွေပစ်တဲ့နေရာကိုကျွန်တော်တို့သိချင်တယ်။ခက်တာကဘီအီးဒီတီကုန်းဘက်ကိုထွက်လိုက်ရင်ယောက်ျားမှန်သမျှကိုရန်သူကဖမ်းတယ်၊ပစ်တယ်။ခင်ဗျားတို့မိန်းမတွေကျတော့ဟိုဘက်ဒီဘက်ကူးပြီးဈေးရောင်းနေကြတာတွေလည်းရှိတော့ရိပ်မိမှာမဟုတ်ဘူး၊မချစ်ပိုဘယ်လိုသဘောရသလဲ”….“ဖြစ်ပါတယ်စစ်သားမယားဟာစစ်သမီးဘဲပေါ့၊ကျွန်မကိုဓားတိုတချောင်းပေးပါ၊ပြီးတေ့လက်ပစ်ဗုံးလဲပေးထား၊ကျွန်မကိုကိုလှမောင်သင်ပေးထားလို့လက်ပစ်ဗုံးကောင်းကောင်းပစ်တတ်ပါတယ်”….သို့နှင့်မချစ်ပိုတယောက်သည်ဓားတိုတလက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ကာခမောက်ဆောင်းကာ၊တုတ်တချောင်း၊လွယ်အိပ်တလုံးတို့ဖြင့်နွားကျောင်းသမားပုံသဏ္ဍာန်ဖြင့်KNDOတပ်များတပ်စွဲထားသောလေ့ကျင့်ရေးတပ်ကုန်း၊ဆေးတပ်ကုန်းများဘက်သို့နည်းမျိုးစုံဖြင့်ဝင်ရောက်ကာရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ကွပ်ကဲရေးရုံးတည်နေရာနှင့်အခြားထောက်လှမ်းရေးလုပ်ငန်းများကိုလည်းလုပ်ဆောင်ခဲ့လေသည်။ရန်သူသည်နွားတအုပ်နှင့်မချစ်ပိုအားနွားကျောင်းနေသည်ဟုသာထင်နေကြလေသည်။မချစ်ပိုသည်နွားကျောင်းရင်းဖြင့်ရန်သူလက်နက်ကြီးပစ်ကူနေရာများ၊စစ်သေနတ်ကြီးများချထားသည့်နေရာများအားတပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။တခါတရံရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်တွေ့ဆုံစဉ်အခွင့်သာပါကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်လာခဲ့ရာရန်သူတပ်ဖွဲ့များအတော်ပင်အထိနာခဲ့လေသည်။ထိုထက်ပို၍ခံစားရသည်မှာမိန်းကလေးတစ်ဦးမိုးပေါ်ကကျလာသလိုပေါ်ပေါက်လာပြီးတိုက်ခိုက်ခံရဖန်များလာသောအခါရန်သူတွေစိတ်ဓာတ်ချောက်ချားမှုဖြစ်လာရခြင်းပင်။ဗုံးကွဲသံကြား၍ထလိုက်ပြန်လျှင်လည်းမချစ်ပိုကိုမီလိုက်သည်ဟူ၍မရှိ။ကိုယ်ယောင်ဖျောက်ပြေးသည်ဟုထင်နေကြ၏။ဤသို့နှင့်မချစ်ပို၏အကူအညီဖြင့်ရန်သူအတော်များများကိုထိခိုက်ကျဆုံးစေခဲ့၏။စစ်ဆင်ရေးတွင်ကျင်လည်လာသောမချစ်ပိုသည်လက်ရှိလုပ်ဆောင်ချက်အားအားမလိုအားမရဖြစ်ကာထမီအစားဘောင်းဘီဝတ်လိုကြောင်း၊နေရာတိုင်းသုံးမရသောလက်ပစ်ဗုံးအစားသေနတ်တပ်ဆင်ပေးရန်နှင့်နေ့ခင်းဘက်တွင်ထောက်လှမ်းရရှိခဲ့သောနေရာများအားညဘက်တွင်တပ်ဖွဲ့နှင့်အတူလိုက်ပါတိုက်ခိုက်လိုကြောင်းတင်ပြခဲ့လေသည်။မချစ်ပို၏တင်ပြချက်အားဗိုလ်ကြီးဘဖြူမှသဘောတူကာရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။မချစ်ပိုသည်နေ့ခင်းဘက်တွင်သတင်းထောက်လှမ်း၍ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲကြလေသည်။မချစ်ပိုပါဝင်သောတပ်ဖွဲ့၏တိုက်ခိုက်မှုများကြောင့်KNDOတပ်ဖွဲ့များမှာများစွာအထိနာခဲ့လေသည်။ထောက်ပံ့ရေးကုန်းသို့ဝင်စီးသောညတွင်ကားမချစ်ပိုကိုကျည်ထိမှန်လေတော့သည်။နေ့ခင်းဘက်ကမချစ်ပိုဝင်ရောက်ထောက်လှမ်းရရှိခဲ့သည့်လက်နတ်ကြီးနေရာအားတပ်ဖွဲ့မှနောက်ပိုင်းမှမော်တာဖြင့်ဦးနှိမ်ပစ်ခတ်ထားပြီး၊မချစ်ပိုပါဝင်သောအဖွဲ့ကရန်သူ၏ခံစစ်စည်းထဲသို့အတင်းထိုးဖောက်ဝင်ရောက်သွားကြလေသည်။ရန်သူများခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင်စစ်သည်များကလှံစွပ်ဖြင့်တက်ထိုးရန်ပြင်ဆင်ကြလေရာမချစ်ပိုကလက်မခံပဲလက်ပစ်ဗုံးဖြင့်ပစ်မည်ဟုဆိုကာလှိမ့်၍ချည်းကပ်သွားလေသည်။မချစ်ပိုအပစ်မခံရစေရန်စစ်သည်များကကာပစ်ပစ်ပေးရင်းယောင်ပြလှုပ်ရှားမှုများပြုလုပ်ပေးကြလေသည်။ရန်သူသေနတ်သံများရပ်စဲသွားခဲ့ပြန်လေသည်။မချစ်ပိုကားထပ်မံလက်စွမ်းပြခဲ့ပြန်လေသည်။ချည်းကပ်မျဉ်းမှပြန်အထွက်တွင်မချစ်ပိုကိုလှိမ့်မှောက်ပြီးဆုတ်ခဲ့ရန်ပြောသော်လည်းရန်သူအားအထင်သေးမိကာမတ်တပ်ပြန်လာခဲ့ခြင်းကြောင့်ရန်သူသေနတ်သံတချက်ထွက်ပေါ်လာပြီးမချစ်ပိုဗိုက်ကိုလက်နှင့်ဖိကာလဲကျသွားခဲ့ရလေသည်။မချစ်ပိုကားသတ္တိကောင်းလှပေသည်။ဒဏ်ရာရသည့်တိုင်ညည်းညူခြင်းမရှိ၊ဗိုက်ကိုအဝတ်ဖြင့်ပတ်ပြီးဖိထားလေသည်။ရဲဘော်များမချစ်ပိုကိုပွေ့ကာမြို့ထဲဖက်သို့ခေါ်ဆောင်သွားကြလေသည်။ထို့နောက်နယူးဆေးတိုက်မှဆရာဝန်ဒေါက်တာဘရှင်ရောက်ရှိလာပြီးမချစ်ပိုအားကားဖြင့်တင်ကာဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသပေးလေသည်။ထို့သို့ခွဲစိတ်ကုသပြီးသောအချိန်တွင်KNDOအဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက်စစ်ဆေးကြကြောင်း“ခုနကကားနဲ့ထွက်သွားတာခင်ဗျားတို့လူနာသွားတင်တာလား”“မဟုတ်ပါဘူး၊လူနာသွားကြည့်ရုံကြည့်တာ၊မင်းတို့ပစ်ခတ်နေကြလို့ငါကြာကြာမကုရဲတာနဲ့ပြန်လာတာ၊အိမ်ထဲမှာငါ့သမီးတွေပဲရှိတယ်၊မင်းတို့ရုတ်ရုတ်မလုပ်နဲ့ပြန်ကြ”ဒေါက်တာဘရှင်ကမင်သေသေဖြင့်ဟောက်လွှတ်သောကြောင့်ပြန်သွားကြလေသည်။ထိုအချိန်ကခေတ်အခြေအနေရလျှပ်စစ်မီးနှင့်အောက်လင်းမီးမရှိခြင်းကြောင့်မချစ်ပို၏ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင်ခွဲစိတ်ကုသပေးခဲ့ကြောင်းဒဏ်ရာအား၁၅ချက်ခန့်ချုပ်ခဲ့ရကြောင်းမချစ်ပိုသည်ထိုဆေးတိုက်မှာပင်တပတ်ခန့်ပုန်းအောင်းကာဆေးကုသနေခဲ့ရကြောင်းအနာမကျက်သေးမီမချစ်ပိုကပြန်ချင်လှပြီဆိုကာမွေးစာဖခင်ဦးကြွယ်၏နေအိမ်သို့ပြန်ခဲ့လေသည်။ထိုအချိန်ကKNDOအဖွဲ့မှစောဘစံဆိုသူမှာထုံးဘိုရပ်ထဲမှမချစ်ပုဆိုသူကိုယူထားခဲ့သည်။အရပ်ထဲမှတခြားမိန်းကလေးများမှာလည်းစောဘစံနှင့်ချစ်ပုတို့ဆက်နွှယ်မှုကြောင့်ဖျက်ဆီးခံခဲ့ရသည်။“ချစ်ပု”မှာ“မချစ်ပို”နှင့်နာမည်နီးစပ်သော်လည်းစိတ်ဓါတ်ကမနီးစပ်၊သူမအသက်ရှင်ရပ်တည်မှုကိုအခြားမိန်းကလေးများ၏ဘ၀နှင့်လဲဖို့ကြိုးစားခဲ့သည်။“ချစ်ပု”၏လက်ထောက်ချမှုကြောင့်ရန်သူအဖွဲ့ကိုအထိနာအောင်တိုက်ခိုက်ခဲ့သောမိန်းကလေးမှာမချစ်ပိုဖြစ်မှန်းသိသွားကြသည်။မချစ်ပို၏လှုပ်ရှားမှုကိုစောင့်ကြည့်နေကြ၏။ဆေးတိုက်မှဆင်းပြီးဦးကြွယ်၏အိမ်တွင်ပုန်းခိုနေသောမချစ်ပို၏သတင်းကိုKNDOအဖွဲ့ရသွားကြသည်။စောဘစံခေါင်းဆောင်ပြီးလက်နက်ကိုင်လေးငါးဦးခန့်ဦးကြွယ်အိမ်ရှေ့သို့ရောက်လာကြသည်။“ကဲမချစ်ပိုခင်ဗျားရဲ့လှုပ်ရှားမှုတွေအားလုံးကိုအတိအကျသိထားပြီးပြီ၊ငြင်းဖို့မကြိုးစားပါနဲ့၊ခင်ဗျားကြောင့်ကျုပ်တို့အဖွဲ့တွေအတော်အထိနာကုန်ပြီ၊ဒီတော့ခင်ဗျားကျုပ်တို့နောက်ကိုလိုက်ခဲ့ပါ”“အေးငါလိုက်ခဲ့မယ်”မချစ်ပိုကားထွက်ပြေးဖို့မကြိုးစား၊ဓားတိုကိုသာဝှက်ပြီးယူလိုက်သည်။ထိုရက်ပိုင်းများမှာအင်ဂျင်နီယာတပ်ဖွဲ့များပြင်ဦးလွင်တွင်မရှိတော့ပေ။မန္တလေးသို့ဆင့်ခေါ်ခြင်းခံရသဖြင့်ပြန်လည်ဆုတ်ခွာသွားကြပြီးဖြစ်ရာဇနီး၊သားသမီးများကိုကြည့်မထားနိုင်တော့။မိသားစုဝင်များမှာဟိုပုန်းဒီအောင်းဖြင့်နေခဲ့ကြရှာသည်။မချစ်ပိုမှာဒဏ်ရာမပျောက်ကင်းသေးသဖြင့်ကျန်ရစ်ခဲ့ရာမှအဖမ်းခံလိုက်ရခြင်းဖြစ်သည်။KNDOအဖွဲ့များကလည်းသာမန်မိသားစုဝင်များကိုစိတ်မဝင်စား၊မချစ်ပိုကိုသာသဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်သည်။မချစ်ပိုကိုစောဘစံကသူ့မယား“ချစ်ပု”အိမ်သို့ဖမ်းခေါ်သွားသည်။ရောက်သည်နှင့်မချစ်ပိုကိုဖမ်းချုပ်ပြီးသူမ၏အံသွားများကိုဓားဖြင့်ကလန့်ထုတ်ရန်ကြိုးစားကြသည်။မချစ်ပိုသည်အံသွားအပို(အံပွား)ပါသူတစ်ဦးဖြစ်သည်။အံပွား၏အကျိုးကြောင့်တော်ရုံတန်ရုံဓား၊သေနတ်ပြီးသည့်သဘောရှိသည်ဟုသူတို့ကယုံကြည်ကြသည်။ထိုအံပွားကြောင့်သူမကိုယ်တိုင်သာလုံခြုံမှုရှိသည်မဟုတ်၊မချစ်ပိုနောက်ကလိုက်ကြသူများသည်လည်းကျည်ဆန်ထိမှန်ခြင်းမရှိ၊မချစ်ပိုသည်ကျည်ကွယ်သဖွယ်ဖြစ်နေခြင်းကြောင့်လည်းသူတို့အဖွဲ့ဝင်များလှုပ်ရှားတိုက်ခိုက်ကြတိုင်းတော်ရုံတန်ရုံမထိမှန်ဘဲအောင်မြင်မှုရခဲ့ကြသည်စသဖြင့်ယုံကြည်နေကြသည်။.ဒီသတင်းကိုစောဘစံတို့ကလည်းကြားထားသည်။မချစ်ပိုကိုရိုးရိုးသတ်လို့သေမည်မဟုတ်ဟုနားလည်ထားကြသည်။ထို့ကြောင့်မချစ်ပိုကိုဖမ်းခေါ်လာပြီးအိမ်ထဲအဝင်တွင်အခန်း၀၌မီးနေသည်ထမီကိုကပ်ရိုက်ထားသည်။မချစ်ပိုကိုဘုန်းနိမ့်အောင်လုပ်ကြတော့သည်။ပို၍သေချာအောင်မချစ်ပို၏အံသွားကိုနုတ်ဖို့ကြိုးစားကြပြန်ခြင်းဖြစ်သည်။ထိုသို့ကြိုးစားနေစဉ်မချစ်ပိုကဝှက်ယူလာသောဓားတိုဖြင့်ထိုးချလိုက်လေတော့သည်။“အောင်မလေး…တို့ကိုဓားနဲ့ပြန်ထိုးတယ်ဟ”အံသွားကိုနုတ်ဖို့ကြိုးစားနေကြသူများအော်ဟစ်ပြီးပြိုလဲကျသွားပြန်သည်။မချစ်ပိုကားနောက်ဆုံးအချိန်တွင်ပင်တမလွန်သို့အဖေါ်ခေါ်သွားလိုက်သေးသည်။စောဘစံမခံရပ်နိုင်ဖြစ်ကာသေနတ်ဆွဲ၍ယူလိုက်သည်။ဆူညံသောသေနတ်သံများထွက်ပေါ်လာပြီးမချစ်ပိုလဲကျသွားတော့သည်။မချစ်ပိုသည်ဒဏ်ရာပြင်းထန်စွာရနေသော်လည်းအသက်ကတော်တော်နှင့်မထွက်၊အသက်ပြင်းသည်ဟုပြောစမှတ်ပြုခံရသည်။သို့နှင့်အသက်ထွက်လောက်ပြီထင်တော့မှမချစ်ပို၏အလောင်းကိုဝိုင်းသယ်မပြီးရေတွင်းထဲသို့ပစ်ချလိုက်ကြသည်။ပိုမိုသေချာစေရန်အတွက်အပေါ်မှအုတ်ခဲကျိုးများ၊ပန်းအိုးကွဲများပစ်ချပြီးဖို့ထားလိုက်ကြသည်။.ဤသို့ဖြင့်မချစ်ပိုသည်(၈.၄.၄၉)ရက်နေ့၊အသက်(၄၂)နှစ်အရွယ်တွင်ကျဆုံးသွားရရှာလေသည်။မချစ်ပိုကျဆုံးသောနေ့ရက်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကမန္တလေးမြို့အားပြန်လည်သိမ်းပိုက်လိုက်သည်။ထို့နောက်မချစ်ပိုသေဆုံးအပြီး(၃)ရက်ခန့်အကြာတွင်တပ်များပြန်လည်ရောက်ရှိလာပြီးမချစ်ပို၏အလောင်းအားပြန်လည်ဆယ်ယူကြလေသည်။၁၉၄၉ခုနှစ်မေလ(၁၆)ရက်နေ့တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှမန္တလေး-ပြင်ဦးလွင်ကားလမ်းအားစစ်ဆေးရန်ရောက်ရှိလာသောဗိုလ်မှူးကြင်(နောင်တွင်ကျဆုံး)နှင့်စစ်သည်များသည်မချစ်ပို၏အလောင်းကိုစစ်အခမ်းအနားဖြင့်ကောင်းမွန်စွာသင်္ဂြိုလ်ခဲ့ကြလေသည်။.နိုင်ငံတော်အတွက်အသက်ကိုပဓာနမထားပဲနောက်ဆုံးအချိန်ထိရဲဝံ့စွန့်စားစွာတိုက်ပွဲဝင်ခဲ့သော“မချစ်ပို´´အား၁၉၅၀ပြည့်နှစ်၊လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်အစိုးရမှ“သူရ´´ဘွဲ့တံဆိပ်အားချီးမြင့်ပေးအပ်ခဲ့လေသည်။၁၉၆၀ခုနှစ်တွင်ပြင်ဦးလွင်အင်ဂျင်နီယာတပ်၌ဗိုလ်မှူးတင်မောင်(သိပ္ပံမှူးတင်)တပ်မှူးဖြစ်သောအခါအုတ်ဂူလေးကိုပြန်လည်မွမ်းမံခဲ့ကြောင်းသိရှိရသည်။သူရမချစ်ပို၏အုတ်ဂူဖြူဖြူလေးမှာပြင်ဦးလွင်မြို့ထုံးဘိုရပ်တွင်ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါသည်။သူရမချစ်ပို၏နှစ်၁၁၀ပြည့်အထိမ်းအမှတ်ပွဲကိုပြင်ဦးမြို့ရှိYMBAအဖွဲ့တွင်၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလကကျင်းပခဲ့သည်။သူရမချစ်ပိုအထိမ်းအမှတ်ရုပ်တုကိုလောင်းလုံးမြို့နယ်၊နခံတောရွာအနီးသောကြာပြင်လမ်းဆုံ(ထားဝယ်-မောင်းမကန်ကားလမ်းနံဘေး)တွင်၂၀၁၇ခုနှစ်သြဂုတ်လကစိုက်ထူထားခဲ့ပြီးရုပ်တုမှာညာလက်ကလက်သီးဆုပ်ပြီးမြှောက်ထားဟန်၊ဘယ်လက်ကဓါးမြှောင်ငယ်တလက်ကိုဆုတ်ကိုင်ထားဟန်ထုလုပ်ထားပြီး၊လက်ပစ်ဗုံးထည့်ထားသည့်လွယ်အိပ်လွယ်ထားသည့်ပုံဖြစ်သည်။တပ်မတော်အစိုးရလက်ထက်နံမည်ကြီးဒါရိုက်တာတင်သန်းဦးကသူရမချစ်ပိုအကြောင်းဇာတ်ကားကိုသရုပ်ဆောင်မို့မို့မြင့်အောင်နဲ့အခြားသရုပ်ဆောင်များစွာဖြင့်ရိုက်ကူးခဲ့ပါတယ်။မြဝတီရုပ်မြင်သံကြားမှာထုတ်လွှင့်ပြသဖို့ရည်ရွယ်ခဲ့သော်လည်းပြသခွင့်မရရှိခဲ့ပါဘူး။ဒါရိုက်တာတင်သန်းဦးရိုက်ကူးထားတဲ့“သူရမချစ်ပို”ဇာတ်ကားကိုမြဝတီရုပ်သံလိုင်းကနေထုတ်လွှင့်ပြသဖို့အစီအစဉ်မရှိသေးကြောင်းကို-“လောလောဆယ်လွှင့်ဖို့လည်းအစီအစဉ်မရှိပါဘူး။ပြန်ရိုက်ဖို့လည်းအစီအစဉ်မရှိပါဘူး။အဲဒီဟာကဒီကဆင်ဆာစိစစ်တဲ့အဖွဲ့ကနေပြီးတော့နဂိုကတည်းကခွင့်မပြုထားတဲ့ဇာတ်ကားမို့လို့ပါ။ပြန်ရိုက်ဖို့လည်းအစီအစဉ်မရှိပါဘူး။ဘာလို့လဲဆိုတော့ဒီဇာတ်ကားမှာလည်းလိုအပ်ချက်တွေရှိနေလို့ဆရာတို့ထားထားတာပါ”လို့ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်)ကပြောပြခဲ့ပါတယ်။ဒီဇာတ်ကားမှာပါဝင်ရိုက်ကူးခဲ့တဲ့မို့မို့မြင့်အောင်ရဲ့ရိုက်ကူးခဲ့မှုအတွေ့အကြုံ၊ခံစားချက်တွေနဲ့ပတ်သက်ပြီးမေးကြည့်ဖြစ်တော့..“မိန်းမသူရဘွဲ့ရတာဆိုလို့မချစ်ပိုတယောက်ပဲရှိတာလေ။တကယ့်အဖြစ်အပျက်ကြီးတခုပေါ့။လွန်ခဲ့တဲ့၁၇နှစ်လောက်ကပြန်ရိုက်ခဲ့တာ။အပြင်မှာသူတကယ့်အဖြစ်တော့မသိဘူး။ပြန်ရိုက်တဲ့ကိုယ်တောင်တော်တော်ပင်ပန်းတယ်။တကယ့်စက်သေနတ်ကြီးကိုင်ပြီးတောင်တပတ်ပတ်ရတာ။ဗိုလ်မှူးတင်သန်းဦးကကျည်ဖောက်တော့သေနတ်အစစ်နဲ့ဖောက်တာ။အဲဒီကားရိုက်ခဲ့တော့မပြဖြစ်ခဲ့ဘူး။ကိုယ်ကပင်ပင်ပန်းပန်းလုပ်ခဲ့ရတော့ပြစေချင်တယ်။အဲဒီကားနောက်ဆုံးမှာမချစ်ပိုရဲ့အုတ်ဂူလေးကိုထည့်ရိုက်ထားတယ်။အဲဒီအုတ်ဂူကိုသွားပြီးတော့မမို့ကိုယ်တိုင်ဒိုင်ယာလော့တွေပြောပြတယ်။ကိုယ်အတုလုပ်တဲ့သူတောင်ပင်ပန်းလိုက်တာ။အစစ်ဖြစ်တဲ့မချစ်ပိုသာဆိုဘယ်လောက်ပင်ပန်းလိုက်မလဲလို့သွားပြောခဲ့တယ်။အဲဒါကိုလည်းဇာတ်ကားထဲမှာထည့်ရိုက်ထားတယ်။လမ်းဘေးမှာအုတ်ဂူလေးကဘယ်သူမှလည်းမသိကြဘူး။ဒီလိုလူမျိုးရှိခဲ့တယ်ဆိုတာအခုခေတ်လူငယ်တွေသိမှာတောင်မဟုတ်တော့ဘူး။အဲဒါကြောင့်ဒီကားလေးကိုပြန်ပြစေချင်တာ။အဲဒီတုန်းကတော့ဆင်ဆာကိုရှောင်ပြီးတချို့တွေကိုနည်းနည်းလေးပြတယ်ဆိုရုံရှောင်ပြီးရိုက်ခဲ့ရတာ။အခုအချိန်သာဆိုဆင်ဆာလည်းရနေပြီဆိုတော့သေချာတယ်။တော်တော်ရိုက်ပြလို့ကောင်းမှာ။တကယ့်အဖြစ်အပျက်ဆိုတော့တော်တော်လည်းတာဝန်ကြီးတယ်။သူ့ကိုယ်စားသူ့ဂုဏ်ကိုပြခွင့်ရဖို့ရိုက်ခဲ့တဲ့အတွက်ဂုဏ်ယူစရာလည်းကောင်းတယ်။ဒါပေမဲ့ပြခွင့်မရခဲ့ဘူး။ဒီလိုမျိုးရှိခဲ့တယ်ဆိုတာသိစေချင်တယ်”လို့ပြောပြခဲ့ပါတယ်။၂၀၁၇ခုနှစ်မှာဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကသူရမချစ်ပိုဇာတ်လမ်းကိုသရုပ်ဆောင်ခန့်စည်သူ၊စိုးမြတ်သူဇာတို့နဲ့ထပ်မံရိုက်ကူးခဲ့ကြောင်းသိရှိရပါတယ်။မချစ်ပိုနေရာမှာသရုပ်ဆောင်စိုးမြတ်သူဇာကပါဝင်သရုပ်ဆောင်ထားပါတယ်။”ဒီဇာတ်ကားကအသက်ကြီးမှခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့ရိုက်ရတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ဇာတ်ကားကရိုက်လို့မပြီးသေးတော့ပြောရမှာနည်းနည်းတော့စောနေသေးတယ်။ရိုက်ပြီးသွားရင်လည်းဒီဇာတ်ကားကိုရုံတင်နိုင်ဖို့ကိုစောင့်ဦးမယ်။“သူရမချစ်ပို”ရုပ်ရှင်ဇာတ်ကားကိုတော့ပရိတ်သတ်လက်ထဲကိုသိပ်နောက်မကျအောင်တော့တင်ပြချင်ပါတယ်….”လို့စိုးမြတ်သူဇာကMyanmarCelebrityသို့ပြောပြပါတယ်။..မှီငြမ်း–သမိုင်းတကွေ့မှအကျော်ဇေယျမြန်မာအမျိုးသမီးများ(သန်းဝင်းလှိုင်)-မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရေးတော်ပုံမှတ်တမ်း-ဇေယျကျော်ထင်ဗိုလ်မှူးဟောင်းသိန်းမောင်-Myanmar […]

မြန်မာတပ်မတော်လေမှာမြင်တွေ့နိူင်ဖွယ်ရှိတဲ့C-295

December 28, 2020 ohkarlinn 0

မြန်မာတပ်မတော်လေမှာမြင်တွေ့နိူင်ဖွယ်ရှိတဲ့C-295😘🇲🇲==========================================Airbusမှထုတ်လုပ်သည့်C295Mသည်နည်းဗျူဟာမြောက်ပို့ဆောင်ရေးလေယာဉ်ဖြစ်သည်။C295သည်twin-turbopropengineတပ်ဆင်ထားသောလေယာဉ်ဖြစ်သည်။နိုင်ငံများစွာရှိရာသီဥတုအခြေအနေအမျိုးမျိုးမှာပင်နေ့/ညမောင်းနှင်နိုင်စွမ်းရှိပါသည်။တစ်နာရီလျှင်၅၇၆ကီလိုမီတာနှုန်းဖြင့်၄၀၀၀-၅၀၀၀ကီလိုမီတာအကွာအဝေးအထိမောင်းနှင်နိုင်ပါသည်။ပိုင်းလော့၂ဦးလိုက်ပါကာပျံတက်ရန်ပြေးလမ်း၂၂၀၀ပေလိုအပ်ပြီးဆင်းသက်ရန်ပြေးလမ်း၁၀၅၀ပေလိုအပ်ပါသည်။C295Mသည်ဝန်အလေးချိန်၉၂၅၀ကီလိုဂရမ်သယ်ဆောင်ပါသည်။စစ်သည်၇၁ဦး(သို့)လေထီးစစ်သည်၄၈ဦး(သို့)ထမ်းစင်ပါလူနာ၂၇ဦး(သို့)ဟမ်းဗွီးယာဉ်၃ဦးကိုပြောင်းလဲတင်ဆောင်နိုင်ပါသည်။C295M၏မျိုးကွဲများအနေဖြင့်CN-295သည်အင်ဒိုနီးရှားမှာလိုင်စင်ယူထုတ်လုပ်ထားသောအမျိုးအစားဖြစ်ပါသည်။C-295MPA/Persuaderမှာပင်လယ်ပြင်ကင်းထောက်နှင့်ရေငုပ်တိုက်ဖျက်ရေး(အမျိုးအစားဖြစ်ပါသည်။လက်နက်တပ်ဆင်ရန်အတွက်အမာခံနေရာ၆ခုတပ်ဆင်ထားပါသည်။C-295AEW&Cအနေဖြင့်ဝေဟင်ကြိုတင်သတိပေးနှင့်ထိန်းချုပ်ရေးလေယာဉ်ဖြစ်ပြီးEL/W-2090360degreeradardomeကိုတပ်ဆင်ပေးထားပါသည်။အဆိုပါAESAရေဒါမှာIAIမှထုတ်လုပ်ပေးခြင်းဖြစ်ပြီးရန်သူမိတ်ဆွေခွဲခြားရေးစနစ်(I-IFF)ပါရှိပါသည်။C295Firefighterမှာဝေဟင်မှမီးငြိမ်းသတ်ယာဉ်ဖြစ်သည်။CC-295မှာရှာဖွေကယ်ဆယ်ရေး(Search& […]