ကြံကြံဖန်ဖန်ခရစ်စမတ်မီးသီးကိုမျိုမိတဲ့ဖားဖလော်ရီဒါကဖားတကောင်

December 28, 2020 ohkarlinn 0

Unicodeခရစ်စမတ်မီးသီးကိုမျိုမိတဲ့ဖားဖလော်ရီဒါကဖားတကောင်ဟာသစ်ပင်ပေါ်မှာထွန်းညှိထားတဲ့ခရစ်စမတ်မီးသီးကိုမျိုချမိခဲ့လို့ဒီဓာတ်ပုံဟာနာမည်ကြီးခဲ့ဖူးပါတယ်။ဓာတ်ပုံဆရာJamesSnyderကအမှတ်မထင်တွေ့ရှိပြီးရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။သူ့အိမ်ခြံဝန်းထဲမှာရှိတဲ့သရက်ပင်ကြီးပေါ်မှာဒီဖြစ်ရပ်ဟာဖြစ်ခဲ့တာပါ။ချိတ်ဆွဲထားတဲ့ခရစ်စမတ်အလှမီးသီးကိုကျူးဘားသစ်ပင်ဖားတကောင်ကမျိုနေတာဖြစ်ပြီးဖားရဲ့ကိုယ်လုံးမှာအနီရောင်ထွက်နေခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ဖားဟာမသေဆုံးခဲ့ပဲမီးသီးကိုပြန်ထုတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ […]

မျက်မှန်ကိုလုံးဝတပ်စရာမလိုတော့တဲ့အရမ်းအစွမ်းထက်သည့်ဆေးစွမ်းကောင်း

December 26, 2020 ohkarlinn 0

Unicodeမျက်မှန်ကိုလုံးဝတပ်စရာမလိုတော့တဲ့အရမ်းအစွမ်းထက်သည့်ဆေးစွမ်းကောင်းအသက်(၃၀)ကျော်မှပဲမျက်စိမကြည်။မှုန်ဝါးဝါးမို့ဆရာဝန်ပြကြည့်တော့အနီးကြည့်ပါဝါ(+၁၅၀)ဒီဂရီမျက်မှန်တပ်ခဲ့ရသည်။အခုအသက်(၄၀)ကျော်မှမျက်မှန်လွတ်လေတော့ထူးဆန်းနေသလိုအများကထင်ကြတော့သည်။ဆေးနည်းအချိုးအစားအတိုင်းလွယ်ကူစွာဖေါ်စပ်ရန်ဖြစ်လေသည်။ဆေးနည်း(၁)ဆီးဖြူးသီးကိုထုထောင်းပြီးအစေ့ဖယ်၊နေလှန်း၊အမှုန့်ပြုလုပ်ရန်။(၂)ကြိတ်မှန်ရွက်ကိုခူးအရိပ်မှာအလိုအလျောက်သဘာဝအတိုင်းအခြောက်ခံအမှုန့်ပြုရန်။(၃)ကွမ်းရွက်ကိုအခြောက်လှန်းအမှုန့်ပြုရန်။(၄)ပျားရည်စစ်စစ်ထို(၄)မျိုးသာလိုပါသည်။ယခုခေတ်ကာလမျက်မှန်ကောင်းတစ်လက်လုပ်ပါမူကာလတန်ဖိုးလေးသောင်းငါးသောင်းမကကုန်သည်သာ။နေရာတကာမျက်မှန်မပါတော့စိတ်ပျက်ဖွယ်အကန်းကြီးလိုဖြစ်ပြန်သည်။မျက်မှန်မေ့ကျန်ပါလျှင်ဘာမှမမြင်ရချင်တော့၊စာဖတ်ဖို့၊ဖုန်းပွတ်ဖို့အကုန်ခက်ချေသည်။မျက်မှန်ပါဝါကအကျမရှိအတက်သာ။ထိုမျှမကပါဝါမကိုက်ပါလျှင်ဇက်ကြောကတက်စိတ်ကပျက်ဖြစ်ရပြန်သည်။သုံးဆောင်ရန်(ညအိပ်ပြီဆိုပါလျှင်)1-ဆီးဖြူသီးမှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း2-ကြိတ်မှန်ရွက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း3-ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်းထိုဆေးသုံးပါးအားပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်ရောမွေ၍စားပေးရန်သာဖြစ်သည်။သုံးလသာပုံမှန်မပျက်ယုံကြည်ချက်ဖြင့်စားပေးပါ။မျက်စိကြည်လင်လာပြီးမျက်မှန်လွတ်မှာသေချာနေပါလိမ့်မည်။ထိုမျှမကအကျိုးရလဒ်ကအညောင်းအညာပါပြေလာပါလိမ့်မည်။ပေးသူကပေးလေပြီ။မြန်မာတိုင်းရင်းဆေးအစွမ်းအားလက်တွေ့လုပ်ဆောင်ခြင်းဖြင့်ဂုဏ်ကိုမြင့်တင်ကြပါစို့။Credit,ဦးဝိနိယ […]

လေဖြတ်နေတဲ့လူနာကိုအမြန်ဆုံးလမ်း​ပြန်လျောက်နိုင်စေတဲ့အစွမ်းထက်ဆေးနည်း

December 26, 2020 ohkarlinn 0

Unicodeလေဖြတ်နေတဲ့လူနာကိုအမြန်ဆုံးလမ်း​ပြန်လျောက်နိုင်စေတဲ့အစွမ်းထက်ဆေးနည်းညောင်းညာကိုက်ခဲလို့ပဲဖြစ်စေ၊အကြောညပ်လို့ပဲဖြစ်စေ၊အရိုးအကြောအဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်းပဲဖြစ်စေခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအတွက်အထူးကောင်းမွန်တဲ့အိမ်တွင်းသုံးလိမ်းဆေးလေးပါ။ကျွန်တော့််အဖေလေဖြတ်တာသုံးခါ။လေဖြတ်တာကိုသိတာနဲ့အဲ့ဒီဆေးဖော်ပြီးလိမ်းပေးပါတယ်။နှစ်ပတ်မကြာဘူး။လမ်းပြန်လျှောက်နိုင်ပါတယ်။စိတ်ရှည်လက်ရှည်နဲ့ပြုစုဖို့တော့လိုပါလိမ့်မယ်။ထိခိုက်ပြတ်ရှဒဏ်ရာတွေသွေးထွက်လွန်ရင်လည်းဆေးရည်အနည်းငယ်လောင်းရုံနဲ့သွေးတိတ်နိုင်ပါတယ်။အိမ်တွင်းသုံးဘက်စုံလိမ်းဆေးကြီးပြုလုပ်ပုံကတော့…အရက်ဆီ၊ဒီဇယ်ဆီ၊နှမ်းဆီ၊ရှောက်သီး…..အရည်ကိုညှစ်ယူရပါမယ်။အထက်ပါအရည်များကိုဆတူရောနှောပါ။ရှောက်သီးမှာပါတဲ့အခွံကအစအစေ့အဆုံးလွှင့်မပစ်ရပါ။ထိုအရည်ထဲတွင်ရောထည့်ပါ။ထိုအရည်များကိုအဝကျယ်ဖန်ပုလင်းအတွင်းကိုထည့်ပါ။အဝတ်ချုပ်အပ်ကလေးငါးချောင်းထည့်လိုက်ပါဦး။ထို့နောက်နေပူူလှန်းပါ။ပုလင်းထဲမှအပ်ကလေးအရည်ပျော်သွားချိန်တွင်စတင်အသုံးပြုလို့ရပါပြီ။ပုလင်းအဝကျယ်သုံးစေခြင်းမှာပုလင်းထဲရှိရှောက်ခွံများကိုနှိုက်ယူနိုင်ရန်ဖြစ်သည်။ဆေးလိမ်းလျှင်ထိုရှောက်ခွံကလေးများနှင့်နာကျင်သည့်နေရာကိုအသားထဲစိမ့်ဝင်အောင်ပွတ်ပေးရပါမည်။အကိုက်အခဲကြောင့်ဝေဒနာခံစားရသူများအမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ။အထက်ပါဆေးနည်းမှာကျွန်တော့်အဖေပထမဆုံးလေဖြတ်စဉ်ကအဖေ့မိတ်ဆွေတစ်ဦးမှပြောပြခဲ့ခြင်းဖြစ်ပါသည်။အလွန်အသုံးဝင်သောလိမ်းဆေးဖြစ်ပါသည်။ပြုလုပ်နည်းမခက်ပါ။ကျန်းမာကြပါစေ။ […]

No Image

အာဖရိကတိုက်အကြောင်းသိကောင်းစရာ

December 25, 2020 ohkarlinn 0

Unicodeအာဖရိကတိုက်အကြောင်းသိကောင်းစရာကမ္ဘာမှာတိုက်ကြီး၇တိုက်ရှိတဲ့အထဲမှာအခြားတိုက်ကြီးတွေရဲ့အကြောင်းကိုမကြာခဏတွေ့နေရပေမယ့်အာဖရိကတိုက်ရဲ့အကြောင်းကိုတော့သိပ်မတွေ့ရပါဘူး။ဒါကြောင့်သုတဇုန်မိတ်ဆွေများအတွက်အာဖရိကတိုက်အကြောင်းနဲ့ထူးထူးခြားခြားအချက်ကလေးတွေကိုဗဟုသုတအဖြစ်ဝေမျှလိုက်ပါတယ်။အာဖရိကတိုက်ဟာကမ္ဘာပေါ်မှာအာရှတိုက်ပြီးလျှင်ဒုတိယမြောက်အကြီးဆုံးတိုက်ဖြစ်ပြီးဒုတိယလူဦးရေအများဆုံးတိုက်လည်းဖြစ်ပါတယ်။လူဦးရေစုစုပေါင်းရဲ့၅၀%ဟာအသက်၂၅နှစ်အောက်တွေဖြစ်ပါတယ်။အရွယ်ရောက်ပြီးသူစုစုပေါင်းရဲ့၄၀%ဟာစာမတတ်ကြပါဘူး။ကမ္ဘာပေါ်ကအဆင်းရဲဆုံးနဲ့တိုးတက်မှုအနှေးဆုံးတိုက်လည်းဖြစ်ပါတယ်။ဆာဟာရသဲကန္တာရအနီးမှာနေထိုင်သူတွေရဲ့ပျမ်းမျှတစ်နေ့ဝင်ငွေဟာဝ.၇ဒေါ်လာသာရှိပါတယ်။ဒီနေရာတစ်ဝိုက်လူပေါင်း၅၈၉သန်းခန့်နေထိုင်ပြီး၈၀ရာခိုင်နှုန်းဟာလျျပ်စစ်ဓာတ်ကိုလုံး၀မရပါဘူး။အလင်းရောင်နဲ့မီးအတွက်ထင်းမီးသွေးတို့ပေါ်မှာမှီခိုနေရဆဲဖြစ်ပါတယ်။အာဖရိကတိုက်မှာနိုင်ငံပေါင်း၅၄နိုင်ငံပါဝင်ပြီးလူဦးရေအများဆုံးနိုင်ငံ၁၀နိုင်ငံကတော့Nigeria,Ethiopia,Egypt,DRCongo,Tanzania,SouthAfrica,Kenya,Uganda,Algeria,Sudanနိုင်ငံတွေဖြစ်ကြပါတယ်။အာဖရိကတွင်အကြီးဆုံးနိုင်ငံမှာအယ်လ်ဂျီးရီးယားနိုင်ငံဖြစ်ပြီးအသေးဆုံးနိုင်ငံမှာအရှေ့ဘက်ကမ်းရိုးတန်းကျွန်းစုများတွင်ရှိသောဆေးရှဲနိုင်ငံဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကအာဖရိကတိုက်ကိုလူသားများအစပြုရာနေရာအဖြစ်မှတ်ယူထားကြပါတယ်။လွန်ခဲ့သောနှစ်ပေါင်း၇သန်းဝန်းကျင်ကလူဝံကြီးများအထောက်အထားနဲ့လွန်ခဲ့သောနှစ်ပေါင်း၂သိန်းကျော်ကလူသားများရဲ့အထောက်အထားများကိုတွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။အီကွေတာကိုခွလျှက်ထားတဲ့တိုက်ဖြစ်တာကြောင့်ရာသီဥတုမျိုးစုံတဲ့တိုက်လည်းဖြစ်ပါတယ်။မြောက်ဘက်ပိုင်းတခြမ်းမှာသဲကန္တာရသို့မဟုတ်မိုးနည်းရေရှားဒေသမျိုးဖြစ်ပြီးအလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများမှာဆာဗားနားလွင်ပြင်များနှင့်အလွန်သိပ်သည်းသောတောအုပ်(မိုးရေတော)ဒေသများဖြစ်ကြပါတယ်။အာဖရိကဟာကမ္ဘာပေါ်တွင်အပူဆုံးတိုက်ဖြစ်ပြီးခြောက်သွေ့သောမြေနှင့်သဲကန္တာရများသည်မြေမျက်နှာပြင်၏၆၀ရာခိုင်နှုန်းကိုဖုံးလွှမ်းထားတဲ့တိုက်လည်းဖြစ်ပါတယ်။တောရိုင်းတိရိစ္ဆာန်အများဆုံးနှင့်အမျိုးအစုံဆုံးဒေသဖြစ်ပြီးအသားစားတိရိစ္ဆာန်ရိုင်းများဖြစ်ကြသောခြင်္သေ့၊ခွေးအ၊ကျားသစ်မှစ၍အရွက်စားသတ္တဝါများဖြစ်ကြသောအာဖရိကကျွဲ၊ဆင်၊ကုလားအုပ်၊သစ်ကုလားအုပ်စသည်တို့သည်အများပိုင်လွင်ပြင်များပေါ်တွင်လွတ်လပ်စွာသွားလာလှုပ်ရှားလျှက်ရှိကြပါတယ်။ဒါအပြင်အခြားသောတောရိုင်းတိရိစ္ဆာန်များဖြစ်ကြသောမြွေများနှင့်မိကျောင်းများ၊ကုန်းနေရေနေသတ္တဝါများလည်းအာဖရိကတိုက်မှာရှိပါတယ်။ရေခဲခေတ်ကသတ္တဝါများအစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းတွင်အနည်းငယ်မျှသာအာဖရိကတိုက်တွင်ဖြစ်ပေါ်ခဲ့ပါတယ်။ကမ္ဘာပေါ်ကငှက်စုစုပေါင်းရဲ့၂၅%ဟာအာဖရိကတိုက်မှာရှိပါတယ်။အာဖရိကမှာလူတွေအတွက်အန္တရာယ်အရှိဆုံးတိရစ္ဆာန်ကတော့ရေမြင်းဖြစ်ပါတယ်။အခြားတိရစ္ဆာန်ပေါင်းများစွာရှိပေမယ့်ကျားလုံးဝမရှိပါဘူး။လက်ရှိရှိနေတဲ့ကျားအနည်းငယ်ကအခြားနေရာကနေယူလာတဲ့ကျားတွေဖြစ်ပါတယ်။စုစုပေါင်းလူဦးရေ၁.၂လီလျံကျော်ရှိတဲ့အထဲမှာအမျိုးသမီးဦးရေဟာ၃ပုံ၂ပုံရှိပါတယ်။လူဦးရေ၂၅သန်းကျော်မှာHIVရောဂါကူးစက်ခံနေရပြီး၁၇သန်းကျော်ဟာအဲဒီရောဂါနဲ့ပဲသေဆုံးခဲ့ရပါတယ်။အာဖရိကတစ်တိုက်လုံးရဲ့အင်တာနက်အသုံးပြုနိုင်မှုဟာနယူးယောက်မြို့အင်တာနက်သုံးနိုင်မှုရဲ့တစ်ဝက်တောင်မရှိပါဘူး။ငှက်ဖျားရောဂါအဖြစ်ပွားဆုံးတိုက်ဖြစ်ပြီးကမ္ဘာပေါ်ကစုစုပေါင်းငှက်ဖျားရောဂါဖြစ်ပွားသူရဲ့၉၀ရာခိုင်နှုန်းဟာအာဖရိကတိုက်ကဖြစ်ပါတယ်။ဝိတိုရိယရေအိုင်ဟာအာဖရိကတိုက်ရဲ့အကြီးဆုံးအိုင်ဖြစ်ပြီးကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးရေချိုအိုင်လည်းဖြစ်ပါတယ်။အာဖရိကတိုက်မှာရှိတဲ့အီဂျစ်ဟာပိရမစ်များကြောင့်ကမ္ဘာပေါ်မှာအကျော်ကြားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဒါပေမယ့်အီဂျစ်မှာပိရမစ်၁၃၈ခုသာရှိပြီးဆူဒန်နိုင်ငံမှာ၂၂၃ခုရှိတာကိုတော့လူသိနည်းပါတယ်။ရေရရှိဖို့အတွက်အာဖရိကတိုက်ကအမျိုးသမီးတွေနဲ့ကလေးတွေရဲ့နေ့စဉ်ပျှမ်းမျှလမ်းလျှောက်နှုန်းဟာ၃.၇မိုင်ခန့်ရှိပါတယ်။ကမ္ဘာကျော်StarWarရုပ်ရှင်ကိုအာဖရိကတိုက်တူနီးရှားနိုင်ငံကဆာဟာရသဲကန္တာရထဲမှာရိုက်ကူးပါတယ်။၇ရာစုနဲ့၂၀ရာစုအတွင်းအာရတ်ကျွန်ကုန်သည်တွေဟာအာဖရိကကလူပေါင်း၁၈သန်းခန့်ကိုဖမ်းဆီးပြီးကျွန်ဘဝကိုရောက်စေခဲ့ပါတယ်။အီသီယိုးပီးယားဟာအာဖရိကရဲ့ကိုယ်ပိုင်အက္ခရာပိုင်ဆိုင်တဲ့တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ဒီဘာသာစကားမှာအက္ခရာပေါင်း၃၄၅လုံးပါဝင်ပါတယ်။အာဖရိကတိုက်မှာတရုတ်လူမျိုး၁သန်းကျော်နေထိုင်ကြပြီးအန်ဂိုလာတစ်နိုင်ငံတည်းမှာတင်တရုတ်လူမျိုး၃သိန်းခွဲနေထိုင်ပါတယ်။ကမ္ဘာပေါ်ကထုတ်လုပ်သမျှရွှေစုစုပေါင်းရဲ့တစ်ဝက်ကိုတောင်အာဖရိကနိုင်ငံWitwatersrandကနေရရှိပါတယ်။အာဖရိကတိုက်ကဆင်းသက်လာပြီးအင်္ဂလိပ်စာမှာအသုံးများတဲ့အရာတွေကတော့aardvark,banjo,chigger,chimpanzee,cola,coffee,gumbo,jamboree,jazz,jumbo,impala,safari,tango,voodoo,yam,zebra,နဲ့zombieတို့ဖြစ်ပါတယ်။အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့တင်တူဘက်မြို့ဟာအလယ်ခေတ်တုန်းကကမ္ဘာပေါ်မှာအကျေ်ာကြားဆုံးနဲ့အစည်ကားဆုံးမြို့ဖြစ်ခဲ့ဖူးပါတယ်။ယနေ့အာဖရိကအကြောင်းအံ့သြစရာ(၉)ချက်ကိုလည်းအောက်တွင်ဝေမျှပါဦးမည်။၁။ကမ္ဘာ့ဘာသာစကား(၂၅)ရာခိုင်နှုန်းသည်အာဖရိကတွင်သာပြောသောစကားများဖြစ်သည်။အာဖရိကတိုက်တွင်ဘာသာစကားပေါင်းနှစ်ထောင်လောက်ထိပြောဆိုသုံးနှုန်းနေကြသည်။အားလုံးကိုအာဖရိကသမဂ္ဂ၏ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ထားသည်။နိုင်ဂျီးရီးယားတစ်နိုင်ငံတည်းမှာပင်ဘာသာစကားပေါင်း(၅၀၀)ကျော်ရှိသည်။၂။ကမ္ဘာ့မြောက်ပိုင်းသမပိုင်းဇုံမှတောင်ပိုင်းသမပိုင်းဇုံထိဖြန့်ကျက်တည်ရှိသည့်တစ်ခုတည်းသောတိုက်လည်းဖြစ်သည်။ကမ္ဘာပေါ်တွင်အပူဆုံးတိုက်လည်းဖြစ်သည်။သြစတြေးလျတိုက်ပြီးလျှင်ကမ္ဘာပေါ်တွင်ဒုတိယမြောက်အခြောက်သွေ့ဆုံးတိုက်လည်းဖြစ်သည်။ဥရောပတိုက်ထက်လေးဆပိုကြီးသည့်တိုင်အာဖရိကတိုက်ကမ်းရိုးတန်းသည်အများအားဖြင့်အဖြောင့်အတိုင်းတည်ရှိသဖြင့်ဥရောပထက်ကမ်းရိုးတန်းမိုင်ပိုတိုသည်။၃။အာဖရိကလူဦးရေသည်ကျန်တစ်ကမ္ဘာလုံးထက်ပိုငယ်ရွယ်နုပျိုသည်။အာဖရိကတိုက်သား(၅၀)ရာခိုင်နှုန်းကျော်သည်အသက်(၂၀)အောက်များဖြစ်သည်။ကမ္ဘာ့လူဦးရေငါးဆယ်ရာခိုင်နှုန်း၏ပျမ်းမျှအသက်သည်ပင်(၃၀)နှစ်ဖြစ်သည်။အာဖရိကတိုက်သည်ကလေးအချိုးအစားအများဆုံးတိုက်လည်းဖြစ်သည်။အလုပ်လုပ်နိုင်သောလူကြီး(၁၀၀)လျှင်အသက်(၁၅)နှစ်အောက်မှီခိုကလေးငယ်(၇၃)ဦးထိရှိသည်။ကမ္ဘာ့ပျမ်းမျှနှုန်း၏နှစ်ဆဖြစ်သည်။၄။၂၀၅၀ပြည့်နှစ်ရောက်လျှင်အာဖရိကလူဦးရေသည်သန်း(၂၃၀၀)ထိရှိလာမည်။နိုင်ဂျီးရီးယားတစ်နိုင်ငံတည်းသည်ပင်လက်ရှိလူဦးရေ(၁၇၄)သန်းမှသန်း(၄၄၀)သို့ရောက်ရှိမည်ဖြစ်သည်။၂၁၀၀ပြည့်နှစ်ရောက်လျှင်ကမ္ဘာ့လူဦးရေ(၄၀)ရာခိုင်နှုန်းသည်အာဖရိကတိုက်သားများဖြစ်လိမ့်မည်။၁၉၅၀ပြည့်နှစ်ကကမ္ဘာ့လူဦးရေ၏(၉)ရာခိုင်နှုန်းသာရှိခဲ့ရာမှတစ်ဟုန်ထိုးတက်လာခြင်းဖြစ်သည်။၅။ကမ္ဘာ့မိုဘိုင်းဘဏ်အကောင့်ထက်ဝက်ကျော်သည်အာဖရိကမှချည်းဖြစ်သည်။အာဖရိကတိုက်သား(၁၂)ရာခိုင်နှုန်းထိသည်မိုဘိုင်းဘဏ်အကောင့်ရှိကြသည်။ကမ္ဘာ့ပျမ်းမျှနှုန်း(၂)ရာခိုင်နှုန်းထက်သိသိသာသာပိုများသည်။ကင်ညာနိုင်ငံသား(၅၈)ရာခိုင်နှုန်းထိတွင်မိုဘိုင်းဘဏ်အကောင့်ရှိသည်။အာဖရိကတွင်အရွယ်ရောက်ပြီးသူသုံးပုံတစ်ပုံသည်သမားရိုးကျဘဏ်အကောင့်များလည်းရှိကြသည်။၆။၂၀၁၅တွင်အီသီယိုးပီးယားသည်ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံးမြို့အဖြစ်ရပ်တည်သည်။အီသီယိုးပီးယားဂျီဒီပီသည်၂၀၁၅ခုနှစ်တွင်ရှေ့နှစ်ကထက်(၁၀ဒသမ၂)ရာခိုင်နှုန်းတိုးတက်ခဲ့သည်။အာဖရိကတိုက်ဆာဟာရသဲကန္တာရတောင်ပိုင်းခြမ်းဒေသသည်၂၀၁၅တွင်စီးပွားဖွံ့ဖြိုးနှုန်း(၃ဒသမ၅)ရာခိုင်နှုန်းကျဆင်းသွားသည့်တိုင်အီသီယိုးပီးယားကသိသိသာသာတက်လာခြင်းဖြစ်သည်။၇။အာဖရိကတွင်အရွယ်ရောက်ပြီးသူ(၄၀)ရာခိုင်နှုန်းသည်စာမတတ်သူများဖြစ်သည်။စာမတတ်သူများအနက်သုံးပုံနှစ်ပုံသည်အမျိုးသမီးများဖြစ်သည်။အာဖရိကလတိုက်တစ်ခွင်စာတတ်မြောက်ရေးလှုပ်ရှားမှုများလုပ်နေသည့်တိုင်တိုးတက်မှုကနှေးကွေးနေဆဲဖြစ်သည်။၁၉၉၀ခုနှစ်များကအရွယ်ရောက်ပြီးသူများထဲတွင်စာမတတ်သူ(၄၈)ရာခိုင်နှုန်းရှိခဲ့ရာ၊ယခုအခါ(၄၀)ရာခိုင်နှုန်းဖြစ်နေသေးသည်မှာအားမရဖွယ်ဖြစ်သည်။၈။နိုင်ဂျီးရီးယားတွင်စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင်နောလီးဝုဒ်သည်ဒုတိယမြောက်အလုပ်အကိုင်ဖန်တီးပေးနိုင်ဆုံးကဏ္ဍဖြစ်သည်။နိုင်ဂျီးရီးယား၏နောလီးဝုဒ်ရုပ်ရှင်လုပ်ငန်းသည်လူတစ်သန်းနီးပါးအတွက်အလုပ်အကိုင်များဖန်တီးပေးလျက်ရှိသည်။သီတင်းပတ်တစ်ပတ်လျှင်ရုပ်ရှင်ကား(၅၀)ခန့်ထွက်ရှိနေသည်။နောလီးဝုဒ်ရှေ့တွင်အိန္ဒိယမှဘောလီးဝုဒ်သာရှိတော့သည်။နောလီးဝုဒ်သည်ဒေါ်လာသန်း(၃၃၀၀)တန်ဈေးကွက်အဖြစ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊၂၀၁၄ခုနှစ်ကနိုင်ဂျီးရီးယားအစိုးရထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။၉။ကမ္ဘာ့တစ်ဝန်းထုတ်မသုံးရသေးသောလက်ကျန်ဓာတ်သတ္တုများ၏(၃၀)ရာခိုင်နှုန်းသည်အာဖရိကတွင်ရှိနေသည်။ရွှေလက်ကျန်(၄၀)ရာခိုင်နှုန်း၊ပလက်တီနမ်လက်ကျန်(၉၀)ရာခိုင်နှုန်းထိသည်လည်းအာဖရိကမြေတွင်ရှိနေသည်။လူသားများထုတ်သုံးမည့်အချိန်ကိုစောင့်ဆိုင်းလျက်ရှိသည်။နိုင်ဂျီးရီးယားသည်ကမ္ဘာပေါ်တွင်ပဉ္စမမြောက်ရေနံတင်ပို့သူနိုင်ငံဖြစ်သည်။အီရတ်၊ကူဝိတ်တို့ထက်ပင်တင်ပို့မှုပိုများသည်။ […]

သားသမီးချင်းနှမချင်းစာနာ၍တင်လိုက်ပါသည်ရိုင်းသည်ဟုထင်လျှင်ခွင့်လွှတ်ပေးပါ။

December 23, 2020 ohkarlinn 0

Unicodeသားသမီးချင်းနှစ်မချင်းစာနာ၍တင်လိုက်ပါသည်။ရိုင်းသည်ဟုထင်လျှင်ခွင့်လွှတ်ပေးပါ။CopyCredit_SoeWinnHtoonအရွယ်ရောက်ပြီးသူတိုင်းဖိုမကိစ္စမကင်း။အဲတော့lovingပီးတော့fucking။မရှက်နဲ့အဲဒါဓမ္မတာပဲ။အဲ့မှာပြသနာတခုရှိတယ်။မလိုလားအပ်ပဲကိုယ်ဝန်ဆောင်သွားနိုင်တာ။လင်လိုမယားလိုမနေနိုင်သေးခင်မှာကိုယ်ဝန်ရသွားနိုင်တာပေါ့။အဲတော့ဖျက်ချတယ်။ဖျက်ချတာမကောင်းဘူး။မကောင်းတော့ဖျက်မချပဲမွေးရမှာလား။အခုAttentionအတော်အတန်ရနေတဲ့ပရဟိတအဖွဲ့တခုရှိတယ်။မွေးပါ။ဖျက်မချပါနဲ့။ကလေးကျနော့ပေးပါ။အပေါ်ယံရှပ်ကြည့်တော့အတော်လှတဲ့လူသားမေတ္တာပဲ။ […]

မြန်မာပြည်ရဲ့ ရိုးသားလှတဲ့ယောဒေသ အလှ

December 23, 2020 ohkarlinn 0

Unicodeယောဒေသယောဒေသသည်ပုံတောင်ပုံညာတောင်တန်းကြီးနှင့်ချင်းတောင်တန်းများကြားတွင်တည်ရှိသည်။ပြည်ထောင်စုမြန်မာနိုင်ငံတော်၌လူမျိုးစု၁၃၅မျိုးရှိသည့်အနက်ယောလူမျိုးသည်လည်းတစ်ခုအပါအဝင်ဖြစ်ပေသည်။ယောလူမျိုးတို့သည်ရှေးယခင်မှစ၍ယခုအချိန်အထိအခြေချနေထိုင်ရာဖြစ်သည့်ယောနကတိုင်း(ရှေးအခေါ်)ယခုဂန့်ဂေါခရိုင်အတွင်း၌အများဆုံးနေထိုင်ကြပါသည်။ယောနကတိုင်းခေါ်ယောနယ်ကိုသာသနာနှစ်၇၂ကဇလမိကမင်းတည်ထောင်သည်ဟုမှတ်သားရပါသည်။ဆရာကြီးဦးမောင်ကျော်သည်မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင်မဟာဝိဇ္ဇာ(သမိုင်းဘွဲ့)အတွက်မတ်၊၁၉၇၇တွင်တင်ပြခဲ့သည့်ယောသမိုင်းကျမ်း(စာ၊၁၂၉၊၁၃၀)အရ”ယောနယ်သည်အရှေ့ဖက်မြောက်ပိုင်းတောင်သွတ်ဖောင်းပြင်မှစ၍သလ္လာဝတီမြစ်ရိုးတစ်လျှောက်ကောက်ကောက်စင်းစင်းဧရာဝတီမြစ်ဆုံအထိ။တောင်ဖက်(ယခုမင်းဘူးမြို့အတွင်း)စက်တော်ရာရှိသောနမန္တာတောင်ထိ၊နောက်ဖက်တွင်နာဂရာဇ်တောင်ရိုးအတိုင်းမြောက်လျောက်ဖိုးခေါင်တောင်ရိုးမလွဲ၊ယမုံနာမြစ်အနီးထိ။မြောက်ဖက်မှာကသည်းပြည်၊အက္ကဘတ်ပြည်၊ရှမ်းပြည်မိုင်းလွန်းအထိဖြစ်ပါသည်။ပုဂံခေတ်ဦးကာလယောနယ်ကိုအတွင်းရှဲ။အပြင်ရှဲဟူ၍ခွဲခြားလျက်ယောနှစ်ပြည်ထောင်ဟုလည်းခေါ်ပါသည်။ထိုအချိန်ကအတွင်းရှဲနယ်သည်နောက်ရိုးမမှအရှေ့ဘက်စသိန်းရေဖြူခေါ်ယောချောင်းအထိဖြစ်၍အပြင်ရှဲနယ်သည်ယောချောင်းအရှေ့ဘက်မှအရှေ့ဧရာဝတီမြစ်ကြောထက်ဝက်အထိဖြစ်ပါသည်။သို့ဖြစ်၍ထိုအချိန်ကယောနယ်သည်အနောက်ဖက်အနောက်ရိုးမမှအရှေ့ဘက်ဧရာဝတီမြစ်ကြောထက်ဝက်ထိဟုဆိုနိုင်ပါသည်။အလောင်းစည်သူဟုလူသိများသောစည်သူ-၁လက်ထက်တိမ်ညင်စော်ဘွားစောမောင်ခန်းအားပေးသောယောနယ်သည်အရှေ့လားသော်သလာဝတီချင်းတွင်းမြစ်ကောက်ကောက်စင်းစင်းဖက်ခတ်ဝဲမဟူတောင်၊ဂျီနှာရောင်တောင်တန်ူအထိ၊တောင်သို့လားသော်ပခန်းနယ်ကျေးယောမြို့မြေနှင့်ကျောခိုင်း၊ကင်းပွန်းခြုံတောင်ပိတောက်သုံးမွှာထိ၊အနောက်သို့လားသော်ဖိုးခေါင်တောင်ရခိုင်ရိုးမထိပ်ကောက်ကောက်စင်းစင်းမဏိပူရနယ်မြေနှင့်ကျောခိုင်း၊မြောက်ကိုလားသော်တောင်သွတ်နယ်မြေ၊ကလေးရာဇဂြိုလ်လမ်းမအထိဖြစ်ပါသည်။ညောင်းရမ်းခေတ်တွင်ယောနယ်အကျယ်အဝန်းကိုမြောက်ဖက်ဆုံးထီးလင်းမြို့၊အလယ်ယောနှင့်တောင်ဖက်ဆုံးလောင်းရှည်မြို့တို့၏နယ်နိမိတ်အရသတ်မှတ်လျင်အရှေ့ဖက်တွင်ကင်းပွန်းတောင်ရွာအရှေ့ယောချောင်း၊တောင်ဖက်တွင်စလင်းချင်းရွာမြေနှင့်ကျောခိုင်း၊အနောက်ဖက်တွင်အနောက်ရိုးမနှင့်မြောက်ဖက်မှာထီးလင်းမြို့မှခုနစ်တိုင်ရွာအထိဖြစ်ပါသည်။ကုန်းဘောင်ခေတ်၁၇၅၂_၁၈၈၅တွင်ယောနယ်၏အကျယ်အဝန်းကိုမြောက်ဖက်အစွန်ဆုံးဖြစ်သောထီးလင်းမြို့၊အလယ်ယောမြို့၊တောင်ဖက်လောင်းရှည်မြို့တို့၏စစ်တမ်းထွက်ချက်များနှင့်၁၇၆၃ယောပုဂံနယ်နိမိတ်အငြင်းပွားမှုဖြတ်စာမျအရအရှေ့ဖက်တွင်လုင်ခုံနံသံတောင်ကျောက်နထိုးအထိ(ပုဂံစလေမြေနှင့်ကျောခိုင်း)၊တောင်ဖက်လောင်းရှည်မြို့တောင်၂၀၀၀၇တိုင်ကွာစလင်း၊တောင်စဉ်ချင်း၅ရွာထိ၊အနောက်ဖက်ရိုးမနှင့်မြောက်ဖက်တွင်ထီးလင်းမြို့မြောက်၃၀၀၀၆တိုင်ခန့်ကွာနွားခါချောင်းကျောက်တံခါးထိကလေးမြေနှင့်ကျောခိုင်း၊ငစဉ့်ကူမင်းနှင့်ပဒုံမင်းတို့လက်ထက်တွင်တောင်ဖက်စက်တော်ရာရှိသောနမန္တာတောင်နှင့်မြောက်ဖက်ကလေးမြို့ကိုယောနယ်အဖြစ်သတ်မှတ်ခဲ့ပါသည်။ယခုယောနယ်သည်မြန်မာနိုင်ငံအနောက်ပိုင်းချင်းတောင်နှင့်ပုံတောင်ပုံညာတောင်တန်းတို့အကြားလတ္တီတွဒ်၉၄-၅°အကြားအရှေ့နှင့်လောင်ဂျီတွဒ်၂၁-၃°အကြားအတွင်းအဝန်းအဝိုင်းကိုခေါ်ပါသည်”ယောနယ်သည်သာသနာနှစ်ကိုတည်၍ရေတွက်ရသော်သာသနာနှစ်၇၂မှစ၍ယခုသာသနာနှစ်၂၅၆၀အထိနှစ်ပေါင်း၂၄၈၈နှစ်(နှစ်ပေါင်း၂၀၀၀ကျော်)တည်ရှိခဲ့ပြီဖြစ်ပါသည်။ယောဒေသတွင်အစောဆုံးပေါ်ထွန်းခဲ့သောမြို့မှာထီးလင်းမြို့ဖြစ်သည်။ထီးလင်းမြို့ကိုပုဂံခေတ်တွင်ပုဂံမင်းတစ်ပါးကခံတပ်မြို့အဖြစ်တည်ဆောက်ခဲ့သောကြောင့်ပုဂံခေတ်ကတည်းကမြို့ဖြစ်လာခဲ့သည်။ကိုလိုနီခေတ်မတိုင်မီထိထီးလင်းနယ်သည်အင်အားတောင့်တင်းခဲ့သည်။နောက်ပိုင်းတွင်ဒေသခံအချို့သည်ရေကြည်ရာမြက်နုရာပြောင်းရွှေ့ရင်းဂန့်ဂေါနယ်သို့ရောက်ရှိလာကြသည်။လူနေထူထပ်သောရွာကြီးများပေါများလာခြင်းသည်ဂန့်ဂေါမြို့အတွက်ကျောထောက်နောက်ခံနယ်အင်အားကောင်းလာစေသည်။ယခုအခါဂန့်ဂေါသည်ထီးလင်းမြို့ကိုကျော်၍ခရိုင်အဆင့်ယောမြို့တော်ဖြစ်လာခဲ့သည်။ဂန့်ဂေါမြို့နယ်သည်တစ်ခရိုင်လုံးတွင်အကြီးဆုံးမြို့နယ်ဖြစ်ပြီးယခုအခါမြောက်ယောအပိုင်းတွင်ပါဝင်သည်။ယောသံဟုခေါ်သောယောသူယောသားများ၏စကားသည်ထင်သာမြင်သာအရှိဆုံးဒေသိယစကားဖြစ်သည်။တုတ်ချောင်းကိုဒုတ်ချောင်းဟုမပြောဘဲတုတ်ခလောင်းဟုပြောခြင်းသည်ပုဂံခေတ်ကျောက်စာရေးထုံးအတိုင်းရေးသော်”တုတ်ခ္လောင်း”ဖြစ်မည်။ထို့ကြောင့်လဆွဲသံဖြင့်ပြောသောရှေးမြန်မာစကားသံကိုဂန့်ဂေါဒေသတွင်ယနေ့တိုင်ထိန်းသိမ်းပြောဆိုနေကြောင်းတွေ့ရပါသည်ဂန့်ဂေါဒေသခံတို့၏စကားလုံးဖန်တီးပုံမှာစံမြန်မာစကားနဲ့မတူသည့်အပြင်ရှေးသုံးစကားလုံးများအထူးသဖြင့်ပုဂံခေတ်စကားလုံးများကိုထိန်းသိမ်းပြောဆိုနေကြောင်းကိုတြိယာစကားလုံးများမှတဆင့်လေ့လာတွေ့ရှိရသည်။ယောဒေသသည်တောင်ကုန်းတောင်တန်းချိုင့်ဝှမ်းမြစ်ချောင်းများခြင်းကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိခဲ့ကြသည်။ဘာသာစကားထိတွေ့မှုလည်းမရှိသဖြင့်ရှေးမြန်မာစကားများကိုနှစ်ပေါင်းများစွာထိန်းသိမ်းပြောဆိုနေကြောင်းပေါရာဏစကားဝင်စကားလုံးအတော်များများကိုအသက်ကြီးသူများကလူငယ်များထက်ယနေ့တိုင်ပိုမိုပြောဆိုနေဆဲဖြစ်သည်။စကားသံကွဲပြားမှုကြောင့်အခြားဒေသရှိဗမာများကတိုင်းရင်းသားလူမျိုးခြားသာခြားဟုထင်မှတ်စရာအကြောင်းတစ်ချက်ဖြစ်ခဲ့သည်။အရှင်သုစိဏ္ဏ(ဂျပန်နိုင်ငံဗုဒ္ဓသာသနာပြု)အရှင်သိရိန္ဒာဘိဝံသ(ယောဆရာတော်)အရှင်ဘဒ္ဒန္တဣန္ဒာစရိယ(ရေကြည်စမ်းတောရဆရာတော်)အနောက်ဂန့်ဂေါမှ(မုံလယ်ဆရာတော်ဘုရားကြီး)ကဲ့သို့သောဆရာတော်ကြီးများသည်ယောဒေသဂန်ဂေါမြို့နယ်မှပေါ်ထွန်းခဲ့သည်များကိုဆန်းစစ်ခြင်းဖြင့်၍ဒေသရှိဒေသခံများ၏ကိုးကွယ်ယုံကြည်မှုနှင့်သာသနာထွန်းကားမှုကိုခန့်မှန်းသိရှိနိုင်သည်။လူအတော်များများကယောဆိုတာမှော်တို့ကဝေတို့စုန်းတို့လိုအောက်လမ်းပညာတွေနဲ့ထင်ရှားခဲ့တယ်လို့အခုထိယုံကြည်နေကြဆဲပါ။ယုံကြည်ချက်ထင်မြင်ချက်မှားနေကြသည်။ရှေးအခါကယောဒေသရဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုဒေသခံတွေရဲ့ရိုးသားမှုကိုအခွင့်ကောင်းယူပြီးမသမာတဲ့လူတွေကအချောင်နှိုက်ခဲ့ကြည်။ပိုက်ဆံရုံဝတ္ထုစာအုပ်သီချင်းရုပ်ရှင်ဇာတ်လမ်းတွေဖန်တီးပြီးယောဆိုတဲ့နာမည်ကိုအရောင်ဖုံးစေခဲ့သည်။အောက်လမ်းနည်းပညာဆိုတာယောရဲ့သီးခြားပညာမဟုတ်ပါ။လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၏ဆိုးကျိုးတွေကိုပတော်လေးခံစားကြရသည်။အသိသာဆုံးဖြစ်ရပ်တစ်ခုကတော့လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာ့နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့်အတောခိုသွားသူပုန်တွေဟာရဲဘော်ဖြူရဲဘော်ဝါရဲဘော်နီဆိုပြီးနာမည်အမျိုးမျိုးဖြင့်ပေါ်ထွက်လာခဲ့သည်။လမ်းပန်းခက်ခဲပြီးတောင်ကုန်းတောင်တန်းကြီးများပေါများတဲ့ယောဒေသဟာရဲဘော်နီခေါ်(အလံနီ)တွေတောခိုရာဌာနချုပ်ဖြစ်လာခဲ့သည်။ယောဒေသသည်နာမည်ဆိုးနဲ့ထင်ပေါ်သလိုနာမည်ကောင်းဖြင့်လည်းရပ်တည်နိုင်ခဲ့သည်။မြန်မာနိုင်ငံတွင်လုံချည်လောကကိုတစ်ခေတ်ဆန်းစေခဲ့သောယောလုံချည်၏မွေးဖွားရာဇာတိမှာဂန့်ဂေါပင်ဖြစ်သည်။ယောလုံချည်၏အတိတ်သမိုင်းသည်ခက်ခဲနက်နဲပြီးယောသူယောသားတို့၏ကြိုးစားအားထုတ်တီထွင်ကြံဆမှုများကိုတွေ့ရှိရသည်။ကောဇာ၁၃၂၀ခုနှစ်မတိုင်ခင်ကပင်ရက်ကန်းရက်လုပ်ခြင်းထွန်းကားခဲ့ပြီးနောက်ပိုင်းတွင်ယောလုံချည်များစတင်ရက်လုပ်လာကြသည်။ချည်မျှင်ကောင်းမထုတ်နိုင်ခြင်းကြောင့်အိန္ဒယနိုင်ငံမှာချည်များကိုစက်ဘီးများဖြင့်ကလေးမြို့သို့သယ်ကယောသူယောသားတို့ကလူခြေလျှောက်ကာချည်ထုတ်ပိုးပြီးဂန့်ဂေါသို့သယ်ယူခဲ့ကြသည်။အရောင်ရရှိရန်မဲနှယ်ပင်စိုက်ပြီးမဲနှယ်ရွကကိုလှောင်အိုးကြီးများဖြင့်ဆေးစပ်ပြီးတစ်ပတ်ခန့်လှောင်ထားကြရသည်။အိုးတိုင်းအရောင်မထွက်ပါ။နောက်ပိုင်းပခုက္ကူဘက်မှလာသောဆေးဆိုးသမားများထံမှအရောင်မျိုးစုံကိုရှိခဲ့ကြသည်။ပထမဆုံးတီထွင်ခဲ့သောအဆင်များမှာမင်းကြီးကောင်စီချည်ကွင်းအဆင်များဖြစ်သည်။ယခုအခါယောလုံချည်များကိုဒီဇိုင်းစုံအဆင်စုံအရောင်စုံတွေ့နိုင်သည်။ယောလုံချည်တွင်အကွင်းကိုကန့်လန့်ဖြတ်ထားသောGANGAWSPECIALအသားတံဆိတ်သည်မပြောင်းလဲပဲအစဉ်အမြဲရပ်တည်နေသောတံဆိတ်ဖြစ်သည်။အပွင့်ဖော်ခြင်းစာတန်းဖော်ခြင်းများသည်အနုစိတ်ခက်ခဲပြီးလက်ဝင်လှသော်လည်းရက်ကန်းစင်မှာပဲအဆုံးသတ်ရသည်။ယခုအခါလုံချညိသာမကအင်္ကျီလွယ်အိတ်များပါရက်လုပ်နေကြပြီဖြစ်သည်။ယခုအခါနာမည်ကြီးလံချည်တံဆိတ်များကပင်ကောင်းသတင်းကျော်သောယောလုံချည်၏မူရင်းဒီဇိုင်းကိုအတုခိုးပြီးစက်ဖြင့်ရက်လုပိကြသော်လည်းအိန္ဒိယမှသွင်းသောချည်သားယောသူတို့၏ရက်ကန်းအတတ်ဖြင့်ပေါင်းစပ်ထားသောအရည်အသွေးကိုကားမှီနိုင်ကြမည်မဟုတ်ပေ။ယောနယ်သည်ခေတ်အဆက်ဆက်တို့ကိုကျော်ဖြတ်လျက်နယ်မြေကျဉ်းမြောင်းသွားသော်လည်းယခုအချိန်အထိဘာသာရေး၊ယဉ်ကျေးမှု၊ထိန်းသိမ်းလျက်ရှိပါသည်။ယောဒေသမြို့ပြဆိုင်ရာအုပ်ချုပ်ရေးတွင်ရှေးစာပေများ၌“တိုက်ကျန်ခုနစ်ရွာ၊လောင်ထောင်တကင်း၊ထီးလင်းတစ်မြို့၊ရှဲလေးစို့”ဟူ၍လည်းကောင်း၊“ယော၊ဆော၊လောင်းရှည်၊ထီး”ဟူ၍လည်းကောင်းတွေ့ဘူးရာမြန်မာဘုရင်များအုပ်ချုပ်စဉ်က“ယောကျခတ်၊ဆော၊လောင်းရှည်၊ထီးလင်း”သည်ယောဒေသမှမြို့ကြီးများဖြစ်သည်။တိုက်ကျန်ခုနစ်ရွာဆိုသည်မှာလည်းကျေးရွာများကိုအစုလိုက်အအုပ်လိုက်တိုက်နယ်ဖွဲ့စည်းရာတွင်ကျန်နေသောရွာများကို“တိုက်ကျန်”ဟုခေါ်သည်။(ယခုနယ်ပိုင်ဝန်ထောက်ရုံးစိုက်သည့်ဂန့်ဂေါမြို့သည်မြန်မာဘုရင်များလက်ထက်က“တိုက်ကျန်ခုနစ်ရွာ”အပါအဝင်တစ်ရွာမျှသာဖြစ်ခဲ့သည်ဟုဆိုလေသည်)“လောင်ထောင်တကင်း”၏အဓိပ္ပာယ်မှာမူနယ်ခြားမှသို့မဟုတ်တောင်တန်းဒေသများမှလူဆိုးများလာရောက်ကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်စောင့်ရှောက်ရန်ချရပ်ထားသည့်ကင်းတပ်စွဲရာကိုဆိုပေသည်။ဂန့်ဂေါမြို့အနီးတောင်ဘက်တွင်မြစ်သာမြစ်ထဲသို့စီးဝင်သော“လောင်ထောင်ချောင်း”ဟုခေါ်သည့်ချောင်းကလေးတစ်ချောင်းရှိသည်။ထိုလောင်ထောင်ချောင်း၏ဝဲယာမှမြေကွက်များသည်ရှေးခေတ်ကစပြီးယခုခေတ်တိုင်အောင်မြေသြဇာကောင်း၍ကျယ်ပြန့်စွာတည်ရှိသည်။ထိုအနီးတစ်ဝိုက်တွင်လောင်ထောင်ရွာဟုရှိခဲ့ဖူးသည်။၎င်းလောင်ထောင်ရွာ၌ကင်းတပ်ဖွဲ့တစ်ခုထားရှိသည်ကိုစွဲ၍“လောင်ထောင်တကင်း”ဟုခေါ်ဆိုခြင်းဖြစ်ဟန်ရှိသည်။“အစို့”ဟူသည်မှာလည်းအအုပ်၊အစုဟူ၍ပင်အဓိပ္ပာယ်ရှိလေရာ“ရှဲလေးစို့”ဆိုခြင်းအားဖြင့်“ရှဲရွာအုပ်စုလေးစု”ရှိခဲ့သည့်ဟုမှတ်ယူရန်ရှိသည်။ပုလဲ-ဂန့်ဂေါလမ်းအနီးပုံညာတောင်၏အနောက်ဘက်တောင်ခြေရင်းတွင်“ရှဲရွာ”ဟုခေါ်သောရွာတစ်ရွာရှိနေသည်ကိုတွေ့ရပါသည်။မြို့နယ်အလိုက်ကျေးရွာများစာရင်းဆောမြို့နယ်၁။အကျီကတင်း၂။အကျီပန်းမလွန်း၃။အနိမ့်၄။အညာပန်းမလွန်း၅။အရိုင်းကဲ(ရင်းကဲ)၆။ချောင်းကူး၇။ဂုံဘို(ကျောက်ထု)၈။လှော်ကား၉။နှော်၁၀။ငှက်ချောင်၁၁။ထန်းတောလက်ပံ၁၂။အင်ဘူး၁၃။ကံချောင်း၁၄။ကံကြီး၁၅။ကောက်ကျစ်၁၆။ကန်လယ်၁၇။ကွမ်းခင်း၁၈။ခွင်းချောင်း၁၉။ကြံတော၂၀။ကြခတ်(ချောင်းကူး)၂၁။ကျောက်လိပ်၂၂။ကျောက်ဆွဲ၂၃။ကြိမ်ကြီး၂၄။ကျင်းလိန်၂၅။လောင်းရှေ၂၆။လေးရွာ၂၇။လယ်ဖြူ၂၈။လက်မွန်၂၉။လက်ပန်၃၀။လယ်ရင်း၃၁။လယ်ဆော(ကြီး)၃၂။လင်းဒကျင်း၃၃။မဟင်၃၄။မန်း၃၅။မိအယ်၃၆။မင်းကြည့်၃၇။မြောက်မကျင်း၃၈။နတ်ရဲ၃၉။ငါးထောင်၄၀။ငါးလယ်ခုံ၄၁။ငါးလွန်း၄၂။ညောင်ကန်၄၃။အုပ်ဖို၄၄။ပုလဲ၄၅။ပန်းဇံ၄၆။ပဆုပ်၄၇။ပေါက်ပံဆိုင်း၄၈။ပိန်းချောင်း၄၉။ပိန်းနဲ၅၀။ပုပ္ပကိုင်း၅၁။ဖျန်၅၂။ပင်ထောင်၅၃။ဆီမီး၅၄။စန်၅၅။ဆော၅၆။ဆွဲလွဲကျင်း၅၇။တပြင်း၅၈။တောင်ဘို့ကြီး၅၉။ကောင်ငါးကွတ်၆၀။တောင်းတက်၆၁။ကောခလွန်၆၂။တေး၆၃။သလယ်၆၄။သရက်ချဉ်(နသိုး)၆၅။သရက်ကျင်း၆၆။သီးကုန်း၆၇။တင့်ကူ၆၈။ယန်း၆၉။ယောမြို့၇၀။ရေပုတ်(ကျွန်းတော)၇၁။ရေချင်(ညောင်ပင်)၇၂။ရေရှင်၇၃။ရင့်ရဲ၇၄။ရင့်ရဲချောင်း၇၅။အညာကတင်း၇၆။ရွာသာရွာဂန့်ဂေါမြို့နယ်၁။ဘိုင်းဘင်၂။ဘော်ပြင်း၃။ချောင်းကောက်၄။ချောင်းနက်၅။အိမ်သစ်၆။ဂန့်ဂေါ၇။အနောက်ဂန့်ဂေါ၈။မွှေ့လယ်၉။နှမ်းခါး၁၀။ထယ်လှော်(ဆားချက်)၁၁။ကန်၁၂။ကန်သာ၁၃။ကန့်သက်၁၄။ခေါင်းတင်၁၅။ခေါင်းတုံ၁၆။မြောက်ခင်ရမ်း၁၇။တောင်ခင်ရမ်း၁၈။ကွမ်းဇဲ၁၉။ကျော၂၀။ကျော်စွာ၂၁။ကျဲ၂၂။ကြက်ရိုး၂၃။ကျွန်းဒတာ၂၄။ကျွန်းခုံသာ၂၅။လဘို့၂၆။လယ်ကြီး၂၇။လယ်မ၂၈။လက်ပန်၂၉။လီလင်း၃၀။မောက်လင်း၃၁။မကြီးခင်(မန်ကျည်းခင်)၃၂။မောလယ်၃၃။မဲ၃၄။မင်းရွာ၃၅။မိုးစို၃၆။မြေနီ၃၇။မြင်သား၃၈။မြင်းဇာ၃၉။နုံးကြီး၄၀။ညောင်လယ်၄၁။ပနန်း၄၂။ပန်းထိပ်၄၃။ဖက်ဝန်း၄၄။ပိုဦး၄၅။ပြား၄၆။ပြင်သာ၄၇။ပြစ်မ၄၈။စပယ်၄၉။စကား၅၀။စိုင်ဒူး၅၁။စမိတ်၅၂။ရှုံးရှီ၅၃။ရွှေတောင်၅၄။စင်ပုံ၅၅။တောင်ပြင်၅၆။တောင်လုံး၅၇။တောင်ယာပြင်၅၈။တောဘို့၅၉။တဇန်း၆၀။သာလင်း၆၁။သင်တော၆၂။ဝါးဘင်၆၃။ဝင်ချီပါ၆၄။ဝင်၀၆၅။ရေပုတ်၆၆။ရေရှင်မ၆၇။ရင်းမာ၆၈။ရွာမ၆၉။ရွာစည်၇၀။ဇဟော၇၁။ဇန်မွှေး၇၂။ဇီးပြား၇၃။မောက်၇၄။ရှောက်ပင်ထီးလင်းမြို့နယ်၁။အိုင်းမ၂။အကျီဘန်း၃။အကြည်ဝါးဘင်း၄။အလယ်ဘန်း၅။အညာဘန်း၆။အညာတော၇။အညာဝါးဘင်း၈။အထက်ကျော်၉။အောက်ကျော်၁၀။အောင်း၁၁။ဘူးတောင်း၁၂။ဒန့်ဒီး၁၃။ဒေါသာ၁၄။ဟင်းခွတ်ကုန်း၁၅။ထလင်း၁၆။ထိန်တိုင်း၁၇။ညှစ်ရှောက်၁၈။အင်းနား၁၉။ကန်သာ၂၀။ကဇွန်းထောင့်၂၁။ခပေါင်းတော၂၂။ကင်းပန်း၂၃။ကျားခဲ၂၄။ကြာဥယျာဉ်၂၅။ကျောက်ထု၂၆။ကျောက်အုပ်၂၇။ကျောက်စာရေး၂၈။ကွမ်းဇဲ၂၉။ကျင်း၃၀။လယ်ကန်း၃၁။လက်ပန်၃၂။လုံးပေါင်၃၃။မင်းလယ်၃၄။မျက်မြှောင်၃၅။မြစ်ကိုင်း၃၆။နက်အင်း၃၇။ငါးဆင်း၃၈။ညောင်၃၉။ညောင်ကန်၄၀။နွယ်ပြင်း၄၁။အုန်းတော၄၂။အုန်းတွဲ၄၃။အုံးနှောက်၄၄။ပလိန်ကိုင်း၄၅။ပမြင်း၄၆။ပဇင်းချောင်း၄၇။ပုဏ္ဏား၄၈။ပြင်ပ၄၉။ဆေးမင်းတော၅၀။ရှော်ဖြူပင်၅၁။ရှဲ၅၂။ဆင်ထိုး၅၃။စင်းဇယ်၅၄။ဆင်စွယ်၅၅။စို့ပြား၅၆။ဆွဲလွဲ၅၇။တောမ၅၈။တောရောင်း၅၉။သံဘုရာ၆၀။သရခါ၆၁။တိ၆၂။ထီးလင်း၆၃။တင်းချောင်း၆၄။ဝါးဘိုးချောင်း၆၅။ဝါးရင်းချိုင်၆၆။ဝက်သက်(မြောက်)၆၇။ဝက်သက်(ရွာမ)၆၈။ရေပုတ်၆၉။ရေမျက်နီ၇၀။ရေရှင်၇၁။ရင်ရောင်း၇၂။ယုန်ဆင်း(၁၉၇၁ခုနှစ်၊ဇွန်လ၊လူထုကြီးပွားရေးပုံနှိပ်တိုက်ထုတ်၊အငြိမ်းစားကျောင်းဆရာကြီးဦးကြာထွန်းရေး“ယော”စာအုပ်မှကောက်နုတ်ဖော်ပြသည်)ယခုမျက်မှောက်ကာလအမည်အခေါ်အဝေါ်နှင့်လွဲမှားမှုများ၊စာရင်းတွင်မပါဝင်သည်များကိုနားလည်မှုဖြင့်ပြင်ဆင်ဖြည့်စွက်ဖတ်ရှုပေးကြပါရန်……ယခုအချိန်တွင်ယောဒေသ၌ဗမာ၊ယော၊တောင်သား၊ရှမ်း၊ချင်းလူမျိုးတို့စုပေါင်းနေထိုင်လျက်ရှိပါသည်။Crdယောသွေးမှီငြမ်း-ယောသမိုင်းကျမ်းမောင်ကျော်၊@minPhotocredit.ပါ […]