ရေမြှုပ်နေတဲ့စေတီတွေရှိရာစံကားမြို့ကြီးနှင့် ရေမြှုပ်နေရခြင်းရဲ့အ‌ကြောင်းအရင်း

January 7, 2021 ohkarlinn 0

Unicodeအင်းလေးကန်ထဲမှာရေမြှုပ်နေတဲ့မြို့နဲ့စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလားပုံစံအမျိုးမျိုးရှိတဲ့ရှေးဟောင်းစေတီတွေအင်းလေးရေပြင်ထဲမြှုပ်နေတာသိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့၊အဲ့ဒီမြို့လေးကတော့စံကားဆိုတဲ့မြို့လေးပါ။အင်္ဂလိပ်လိုဆိုရင်တော့SamKarလို့ပေါင်းပါတယ်။စံကားလို့ပေါင်းပေမဲ့စကားလို့အသံထွက်ပါတယ်။စံကားမြို့လေးကအင်းလေးကန်တောင်ဖက်ပိုင်းအင်းလေးကန်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိပါတယ်။လူဦးရေ၁၅၀၀လောက်ပဲရှိတဲ့မြို့သေးလေးတစ်မြို့ဖြစ်ပြီးရှမ်း၊ပအိုဝ့်၊အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ဟိုးတစ်ချိန်တုန်းကတော့ရှမ်းပြည်တောင်ပိုင်းမှာအချမ်းသာဆုံးဖြစ်ခဲ့ဖူးတယ်တဲ့လေ။ဘာလို့ရေမြှုပ်နေရသလဲ၁၉၇၀ခုနှစ်လောက်တုန်းကလောပိတရေအားလျှပ်စစ်စက်ရုံအတွက်မိုးဗြဲဆည်ကိုတည်ဆောက်ချိန်မှာရေမြှုပ်သွားခဲ့တာပါ။စံကား၊ဖယ်ခုံအပြင်အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ်ဘီလူးချောင်းတလျှောက်ကရွာတွေရယ်ရေမြုပ်သွားတယ်လို့သိရပါတယ်။ရွာမှာနေထိုင်သူတွေဟာမိမိအိုးအိမ်စည်းစိမ်တွေကိုစွန့်လွှတ်ပြီးရေလွတ်ရာကိုပြောင်းရွှေ့ကာရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့။အခုလက်ရှိစံကားမြို့ကတော့အသစ်တည်ထားတဲ့မြို့ကြီးပေါ့။မြန်မာတစ်နိုင်ငံလုံးကမြို့ကြီးတွေလျှပ်စစ်မီးရအောင်ရွာအမြှုပ်ခံကာစတေးခဲ့ရပေမဲ့သူတို့ကိုယ်တိုင်မှာတော့အခုထက်ထိလျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။စိတ်မကောင်းစရာပဲနော်။ဘာတွေလည်စရာရှိလဲစံကားလှေဆိပ်ရှိရာဘုန်းကြီးကျောင်းဝင်းမှာတင်ရှေးဟောင်းဘုရားတွေရယ်၊ရေထဲမြှုပ်နေတဲ့ဘုရားတွေရယ်တွေ့နေရပါပြီ။လှေဆိပ်မှာစားသောက်ဆိုင်ငယ်တွေရှိသလိုကမ်းနားကစားသောက်ဆိုင်ကနေအင်းလေးကန်ရှုခင်းကြည့်ပြီးလည်းစားသောက်နိုင်ပါတယ်။ကိုယ်တွေကတော့လှေဆိပ်ကနေလှေစီးလုံးငါးခ၂၀၀၀၀ကျပ်ပေးပြီးအင်းထဲကတာခေါင်မွေတော်ဘုရားနဲ့နတ်တာရိုးတို့ကိုလည်ပတ်ခဲ့ကြပါတယ်။တာခေါင်မွေတော်ဘုရားတာခေါင်မွေတော်ဘုရားကမွေတော်ကက္ကူဘုရားတွေလို၊ရွှေအင်းတိမ်ဘုရားတွေလိုပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ရှေးဟောင်းဘုရားတွေအများကြီးစီစီရီရီရှိနေတဲ့စေတီစုပါ။စေတီနားသို့လှေကပ်လာတဲ့အခါမှာတော့ရေထဲမြှုပ်နေတဲ့စေတီတချို့ကစီးကြိုလို့နေပါတယ်။ကန်စပ်မှာရှိတဲ့စေတီမုခ်ဦးဝကခြင်္သေ့ကြီး၂ကောင်ကလည်းအင်းလေးကန်ကြီးကိုလှမ်းမျှော်နေသယောင်မြင်ကွင်းကဆွေးစရာပါ။ရဲရဲနီအောင်ပွင့်နေတဲ့ပန်းခင်းတွေနောက်မှာတော့စေတီတွေ၊စေတီတွေအများကြီးလှမ်းမြင်နေရပါတယ်။စေတီပေါင်း၂၃၆ဆူတောင်ရှိပြီးစေတီအများစုကလွန်ခဲ့တဲ့နှစ်၆၀၀ကျော်ကတည်ထားခဲ့တာတဲ့လေ။အဲ့ဒီထဲကမှနှစ်ပေါင်း၂၀၀၀ကျော်ကတည်ထားခဲ့တဲ့စေတီကြီးကတော့ဗိသုကာလက်ရာကအစဆန်းကြယ်လို့နေပါတယ်။အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ရွှေရောင်စေတီကြီးကလည်းရှေးဟောင်းစေတီတွေအကြားသပ္ပါယ်စွာရှိလို့နေပါတယ်။နတ်တာရိုးနတ်တာရိုးကတော့အင်းလေးကန်အရှေ့နဲ့အနောက်ကိုကန့်လန့်ဖြတ်ထားတဲ့သဘာဝကျောက်တံတိုင်းကြီးပါ။လှေဆိပ်ကနေမိနစ်၂၀လောက်လှေစီးရပါတယ်။ဒီတာရိုးကြီးမှာပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ဒေသခံတွေကတော့နတ်တို့ဖန်ဆင်းထားတယ်လို့ပြောစမှတ်ပြုကြတာပေါ့။ဟိုးရှေးရှေးတုန်းကအင်းလေးကန်ရဲ့အရှေ့ရေထွက်ပေါက်နဲ့အနောက်ရေထွက်ပေါက်ကိုနတ်သား၂ပါးနဲ့နတ်သမီး၁ပါးတို့ကကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။နတ်သားထဲကတစ်ပါးကနတ်သမီးကိုချစ်ခင်စုံမက်လို့သွားကမ်းလှမ်းတဲ့အခါမိုးမလင်းခင်ရေထွက်ပေါက်၂ခုကိုတံတားတစ်စင်းအပြီးဆောက်ပေးရင်လက်ခံမယ်လို့ပြန်ပြောပါသတဲ့။နတ်သားလည်းအားကြိုးမာန်တက်နဲ့အပြီးဆောက်တာပေါ့။ဒါပေမဲ့နတ်သမီးလေးကလက်မဆက်ချင်တာကြောင့်ကြက်တစ်ကောင်ကိုမိုးမလင်းခင်တွန်ဖို့စေခိုင်းခဲ့သတဲ့လေ။ကြက်တွန်သံလည်းကြားရောမိုးလင်းပြီအမှတ်နဲ့နတ်သားလေးလက်လျှော့သွားတာကြောင့်တံတားကမပြီးမပြတ်ဖြစ်နေတာတဲ့လေ။ဒါကြောင့်လည်းတာရိုးကအနောက်ဘက်ကမ်းအထိမရောက်ဘဲအင်းလေးကန်အလည်မှာပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။ကိုယ်တွေရောက်တဲ့အချိန်ကရေတက်နေတဲ့အချိန်မို့လို့ရေပေါ်ပေါ်နေတဲ့တာရိုးပေါ်ထိတက်ကြည့်လို့ရပါတယ်။နောက်ပိုင်းမှာအသစ်အဆန်းအနေနဲ့တာရိုးတလျှောက်ဝါးဖောင်နဲ့နီးတော့တောင်ကြီးကလာမယ်ဆိုရင်ညောင်ရွှေဖြတ်စရာမလိုဘဲတောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်းလာလို့ရပါတယ်။တောင်ကြီးကနေတော့စံကားအထိ၂နာရီကျော်လောက်မောင်းရမှာပါ။အင်းလေးဟိုတယ်တွေကနေကားနဲ့သွားရင်အသွားတစ်နာရီ၊အပြန်တစ်နာရီ၊စံကားမှာလှေနဲ့သွားလည်တဲ့၂နာရီဆိုစုစုပေါင်း၄နာရီကျော်၅နာရီလောက်ပဲကြာတဲ့အတွက်နေ့ချင်းပြန်သွားလို့ရပါတယ်။အင်းလေးမကြာမကြာရောက်ဖူးသူတွေအနေနဲ့အသစ်အဆန်းနေရာအဖြစ်သွားလည်နိုင်ပါတယ်။သမိုင်းဝင်ရှေးဟောင်းစေတီတွေရေထဲမြှုပ်နေတဲ့တကယ်ထူးခြားလှတဲ့မြင်ကွင်းပါ။ဒါကြောင့်မို့လို့စံကားမြို့ကရှေးဟောင်းသမိုင်းဝင်စေတီတွေကိုအင်းလေးရောက်ရင်သွားရောက်ဖူးမြော်နိုင်အောင်ဖော်ပြလိုက်ပါတယ်နော်။အေးချမ်းလှတဲ့ဒီဇင်ဘာလလေးဖြစ်ပါစေချစ်ခင်လျှက်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသောပရိတ်သတ်ကြီးအားလုံးလည်းသာယာသောနေ့လေးဖြစ်ပါစေကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ခရက်ဒစ်မနုမြတ် […]

KBZဘဏ်အကောင့်ထဲမှားဝင်တဲ့ပိုက်ဆံ၁၃၆သိန်း၃သောင်းကိုပြန်ထုတ်ပြီးပိုင်ရှင်ထံပေးအပ်ခဲ့သူ

January 6, 2021 ohkarlinn 0

UnicodeKBZဘဏ်အကောင့်ထဲမှားဝင်တဲ့ပိုက်ဆံ၁၃၆သိန်း၃သောင်းကိုပြန်ထုတ်ပြီးပိုင်ရှင်ထံပေးအပ်ခဲ့သူရွှေငွေနဲ့ဂုဏ်ဒြပ်တို့မရှိလည်းနေနိုင်ပါတယ်တစ်သက်လုံးအလိုအပ်ဆုံးကဘဝမှာအရိုးသားဆုံးနေဖို့ကျနော့်KBZBankAccountထဲမှားဝင်တဲ့ပိုက်ဆံ၁၃၆သိန်း၃သောင်းကိုပိုင်ရှင်ဖြစ်တဲ့ဟုမ္မလင်းကအမကြီးကိုပြန်လည်ထုတ်ယူပြီးပေးအပ်ခဲ့ပါတယ်တော်သေးတယ်ရှင့်မောင်လေးလိုလူမျိုးနဲ့တွေ့လို့ပြန်ရတာတဲ့ကျေးဇူးတင်ပါတယ်ဘယ်လိုမှမအောင်းမေ့ပါနဲ့ဆိုပြီးပိုက်ဆံ၁၀သိန်းထုတ်ပေးပေမယ့်တစ်ပြားမှမယူပါရစေနဲ့ရိုးသားတဲ့ဂုဏ်တစ်သက်စားမကုန်ပါဘူးအစ်မရယ်ဆိုတော့အားနာပါတယ်ကျမအဲ့သဘောမဟုတ်ပါဘူး။ကျေးဇူးဆပ်တာပါတဲ့ကျနော့်ကိုပေးမယ့်ပိုက်ဆံလိုအပ်တဲ့နေရာမှာလှူပေးပါလို့ပြုံးပြုံးလေးနဲ့ပြောပြီးပြန်ခဲ့လိုက်ပါတယ်”ဟုလည်းကာယကံရှင်ဖြစ်သူရဲ့လူမှုကွန်ယက်ဖြစ်တဲ့ZawHtooAungအကောင့်ပေါ်တွင်တင်ထားသည်ကိုတွေ့ရပါသည်။ကာယကံရှင်၏လူမှုကွန်ယက်KBZဘဏ်အကောင့်ထဲမှားဝင်တဲ့ပိုက်ဆံ၁၃၆သိန်း၃သောင်းကိုပြန်ထုတ်ပြီးပိုင်ရှင်ထံပေးအပ်ခဲ့သူရွှေငွေနဲ့ဂုဏ်ဒြပ်တို့မရှိလည်းနေနိုင်ပါတယ်တစ်သက်လုံးအလိုအပ်ဆုံးကဘဝမှာအရိုးသားဆုံးနေဖို့ကျနော့်KBZBankAccountထဲမှားဝင်တဲ့ပိုက်ဆံ၁၃၆သိန်း၃သောင်းကိုပိုင်ရှင်ဖြစ်တဲ့ဟုမ္မလင်းကအမကြီးကိုပြန်လည်ထုတ်ယူပြီးပေးအပ်ခဲ့ပါတယ်တော်သေးတယ်ရှင့်မောင်လေးလိုလူမျိုးနဲ့တွေ့လို့ပြန်ရတာတဲ့ကျေးဇူးတင်ပါတယ်ဘယ်လိုမှမအောင်းမေ့ပါနဲ့ဆိုပြီးပိုက်ဆံ၁၀သိန်းထုတ်ပေးပေမယ့်တစ်ပြားမှမယူပါရစေနဲ့ရိုးသားတဲ့ဂုဏ်တစ်သက်စားမကုန်ပါဘူးအစ်မရယ်ဆိုတော့အားနာပါတယ်ကျမအဲ့သဘောမဟုတ်ပါဘူး။ကျေးဇူးဆပ်တာပါတဲ့ကျနော့်ကိုပေးမယ့်ပိုက်ဆံလိုအပ်တဲ့နေရာမှာလှူပေးပါလို့ပြုံးပြုံးလေးနဲ့ပြောပြီးပြန်ခဲ့လိုက်ပါတယ်”ဟုလည်းကာယကံရှင်ဖြစ်သူရဲ့လူမှုကွန်ယက်ဖြစ်တဲ့ZawHtooAungအကောင့်ပေါ်တွင်တင်ထားသည်ကိုတွေ့ရပါသည်။ကာယကံရှင်၏လူမှုကွန်ယက် […]

ဦးဇော်ဇော်မှကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအစိုးရသို့ငွေကျပ်၂ဘီလျံလှူဒါန်း

January 6, 2021 ohkarlinn 0

Unicodeကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအစိုးရသို့ငွေကျပ်၂ဘီလျံဦးဇော်ဇော်လှူဒါန်း=====================Covid-19ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရေးအတွက်နိုင်ငံ‌တော်အစိုးရသို့ငွေကျပ်၂ဘီလျံကိုဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌဦးဇော်ဇော်ကလှူဒါန်းလိုက်ကြောင်းသိရသည်။ဦးဇော်ဇော်က၎င်း၏ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင်”Covid-19ကပ်ရောဂါကာကွယ်ကုသရေးအတွက်ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးCovid-19ကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီမှစီမံဆောင်ရွက်လျက်ရှိသောကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက်ကိုလည်းငွေကျပ်(၂)ဘီလီယံကိုလှူဒါန်းခဲ့ပါသည်”ဟုရေးသားအသိပေးထားသည်။ထို့ပြင်ဦးဇော်ဇော်ကဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်Covid-19ကပ်ရောဂါကိုကျော်လွှားနိုင်ရန်အတွက်နိုင်ငံတော်အစိုးရ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ဦးဆောင်မှုဖြင့်ကျရာနေရာမှအားလုံးနှင့်အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းပြောကြားထားကာကမ္ဘာသူကမ္ဘာသားများအနေဖြင့်ကပ်ရောဂါအမြန်ဆုံးကင်းစင်၍လူသားတို့၏ပုံမှန်ဘဝကိုပြန်လည်ရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းခဲ့သည်။ယနေ့မနက်ပိုင်းကလည်းမြန်မာ့ရှေ့ဆောင်ဘဏ်၏ဥက္ကဌလည်းဖြစ်နိုင်ငံ၏ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့်ဦးချစ်ခိုင်ကနိုင်ငံတော်အစိုးရ၏ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးလုပ်ငန်းစဉ်အတွက်အမေရိကန်ဒေါ်လာ၁သန်းခွဲထည့်ဝင်လှူဒါန်းခဲ့သေးသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီသည်ကိုဗစ်ကာကွယ်ဆေးများဝယ်ယူရရှိနိုင်ရေးအတွက်ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကိုဒီဇင်ဘာ၃၀ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။မြန်မာ့စီးပွားရေးဘဏ်၊နေပြည်တော်တွင်COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက်ငွေစာရင်းဖွင့်လှစ်ပြီး(နိုင်ငံခြားငွေစာရင်းအမှတ်EDC600012)တွင်နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ်၃၃၈ဘီလီယံခန့်နှင့်ညီမျှသောအမေရိကန်ဒေါ်လာသန်း၂၅၀၊COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ်OA013733)စာရင်းတွင်နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ်သန်း၁,၀၀၀ကိုစတင်ထည့်သွင်းထားသည်။ယင်းအပြင်ကာကွယ်ဆေးဝယ်ယူရေးအတွက်ပြည်တွင်း/ပြည်ပမှပါဝင်လှူဒါန်းလိုကြသောပြည်သူများ၊အဖွဲ့အစည်းများအတွက်မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိကိုဗစ်19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ်(EDC600012)သို့မည်သည့်နိုင်ငံခြားငွေအမျိုးအစားကိုမဆိုထည့်ဝင်လှူဒါန်းနိုင်ရန်နှင့်COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ်OA013733)သို့မြန်မာကျပ်ငွေဖြင့်ထည့်ဝင်လှူဒါန်းနိုင်ရန်ငွေစာရင်းအကောင့်များဖွင့်ပေးထားသည်။မောင်မောင်/Myanmar […]

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းကျင်းပသည့်လွတ်လပ်ရေးနေ့အခမ်းအနား

January 4, 2021 ohkarlinn 0

Unicodeကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းကျင်းပသည့်လွတ်လပ်ရေးနေ့အခမ်းအနား==================================ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းကျရောက်သည့်၇၃နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကိုမန္တလေးတွင်ကျင်းပခဲ့သည်။ယခင်နှစ်များကမန္တလာသီရိအားကစားကွင်းအတွင်းတွင်ကျင်းပလေ့ရှိသော်လည်းယခုနှစ်တွင်ဗထူးအားကစားကွင်းအတွင်းကျင်းပခဲ့သည်။အခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကနိုင်ငံတော်သမ္မတပေးပို့သည့်လွတ်လပ်ရေးနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ယခင်နှစ်များကအများပြည်သူများကိုတက်ရောက်ခွင့်ပြုလေ့ရှိသော်လည်းယခုနှစ်တွင်မူဌာနဆိုင်ရာဝန်ထမ်းများ၊နိုင်ငံရေးပါတီများနှင့်ပြည်သူအနည်းငယ်သာတက်ရောက်ခွင့်ပြုခဲ့သည်။လွတ်လပ်ရေးနေ့အခမ်းအနားများတွင်အပြေးပြိုင်ပွဲများနှင့်အခြားအားကစားပြိုင်ပွဲများကိုထည့်သွင်းကျင်းပလေ့ရှိသော်လည်းယခုနှစ်တွင်အလံတင်ခြင်းနှင့်အလေးပြုခြင်းကိုသာပြုလုပ်သည်ကိုတွေ့ရသည်။အများပြည်သူတို့ကရပ်ကွက်များအတွင်းကျင်းပလေ့ရှိသည့်အားကစားပြိုင်ပွဲများကိုလည်းကျင်းပခွင့်မပြုကြောင်းတရားဝင်တားမြစ်ထားခြင်းမရှိသော်လည်းလူစုလူဝေးဖြစ်စေမည့်တိုင်းဒေသကြီးအစိုးရကပွဲလမ်းသဘင်များကိုမကျင်းပကြဖို့တိုက်တွန်းထားသည်။(သတင်းနှင့်ဓာတ်ပုံ-ရန်မိုးနိုင်/Myammar […]

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသကိုသာသနာတော်ဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်နိုင်ငံတော်သမ္မတဆက်ကပ်

January 4, 2021 ohkarlinn 0

Unicodeဂုဏ်အဂ်ါ၇ချက်ဖြင့်ပြည့်စုံသောကြောင့်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသကိုသာသနာတော်ဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်နိုင်ငံတော်သမ္မတဆက်ကပ်.။နေပြည်တော်၊ဇန်နဝါရီ(၄)ရက်။ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသကိုသာသနာတော်ဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်ဖြစ်သည့်အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အားနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကယနေ့တွင်ဆက်ကပ်ပါကြောင်းကြေညာလိုက်ပါသည်။အထက်ပါဘွဲ့တံဆိပ်တော်ကိုပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသအပါအဝင်ဆရာတော်ကြီး(၇)ပါးကိုဆက်ကပ်ခြင်းဖြစ်ကာ——-*ပန်းငွေရုံတောရစာသင်တိုက်ဆရာတော်၊*သံဃာရာမကျောင်းတိုက်ဆရာတော်၊*ချောင်းဒေါင်းစာသင်တိုက်ဆရာတော်၊*စည်ရှင်ကျောင်းဆရာတော်၊*မြို့လယ်ကျောင်းစာသင်တိုက်ဆရာတော်၊*ကျောက်ကုန်းတောရမေဒိနီစာသင်တိုက်ဆရာတော်တို့လည်းပါဝင်သည်ဟုသိရပါသည်။နိုင်ငံတော်သည်အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကိုအောက်ပါဖော်ပြပါဂုဏ်အင်္ဂါအရည်အချင်း(၇)ရပ်နှင့်ပြည့်စုံသည့်ဆရာတော်ကြီးများကိုဆက်ကပ်လေ့ရှိပါသည်။၊(၁)အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရပြီးဖြစ်ခြင်း.။(၂)အနည်းဆုံးသိက္ခာဝါ(၆၀)ရှိခြင်း.။(၃)ဗဟုသုတအကြားအမြင်များခြင်း.။(၄)သာသနာတော်အတွက်ကျေးဇူးများသောဗုဒ္ဓစာပေကျမ်းဂန်ရေးသားခြင်း.။(၅)ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဖြစ်ခြင်း.။(၆)တပည့်သံဃာများပြား၍သံဃာ့အဖွဲ့အစည်းအတွင်းသြဇာတိက္ကမကြီးမားခြင်း.။(၇)သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်ကြီးမားခြင်းကြောင့်အများပြည်သူတို့၏​ကြည်ညိုလေးစားမှုခံရခြင်း.။MyanmarHarpရဲဇော် […]