အိမ်တော်ရာစေတီနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျ

January 2, 2021 ohkarlinn 0

Unicodeအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဘုရားဝင်းအတွင်းရှိဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျခြင်းဖြစ်ပေါ်မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာအရှေ့ရပ်ကွက်၊၂၇x၂၈လမ်းကြား၊၈၈x၈၉လမ်းကြားရှိပုဂံမင်းတည်ထားကိုးကွယ်တော်မူခဲ့သောမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှဒီဇင်ဘာလ၂၉ရက်နေ့(နတ်တော်လပြည့်နေ့)မွန်းလွဲပိုင်းကအလင်းတန်းများထွက်ပေါ်ခြင်း၊ဝသုန္ဒြေနတ်ရုပ်တု၏ဆံပင်အဖျားမှရေစက်ရေပေါက်ကျခြင်းများထူးခြားတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။”ဂေါပကရုံးကလျှပ်စစ်အကူဝန်ထမ်းဦးရဲဝင်းအောင်ကထမင်းစားဖို့အိမ်ပြန်စဉ်မှာဝသုန္ဒြေနတ်ရုပ်တုအောက်ခြေမှာရေအိုင်နေလို့ကြည့်တဲ့အခါမှာရုပ်တုရဲ့ဆံပင်အဖျားကနေရေစက်ရေပေါက်တွေအောက်ကိုကျနေတာစတင်တွေ့ရှိလို့ကျွန်တော့်ဆီအကြောင်းကြားပါတယ်။နောက်ပြီးဂေါပကအဖွဲ့ဥကကဋ္ဌကနေတဆင့်ဆရာတော်ကြီးများထံဆက်လက်လျှောက်ထားခဲ့ပါတယ်”ဟုဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးညွန့်မြိုင်ကပြောကြားသည်။အဆိုပါဝသုန္ဓြေရုပ်တုသည်ဘုရားဝင်းအတွင်းပွင့်တော်မူဘုရားအနီးတွင်လွန်ခဲ့သောနှစ်ပေါင်း၃၀ထက်မနည်းကတည်ရှိခဲ့ပြီးပြန်လည်မွမ်းမံထားရှိကာအမြင့်၃ပေခန့်ရှိအင်္ဂတေဖြင့်ထုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။”ရုပ်တုရဲ့အောက်ခြေမှာရေပိုက်ရှိတယ်လို့အရင်ဘုရားဝန်ထမ်းအချို့ကပြောတာရှိလို့ရုပ်တုပတ်ဝန်းကျင်ကိုရှာကြည့်ပေမယ့်ရေပိုက်သွယ်တန်းထားမှုမတွေ့ရဘူး။တကယ်လို့ရေပိုက်ကထွက်တယ်ဆိုလဲဘေးတွေပန်းထွက်ရမှာ။အောက်ကနေအပေါ်ကိုတက်သွားပြီးမှဆံပင်အဖျားကနေပြန်ကျဖို့ဆိုတာကမဖြစ်နိုင်ဘူး။ပြီးတော့ရုပ်တုနားမှာရေစင်တစ်ခုရှိတော့အဲဒီရေစင်ကလာတဲ့ပိုက်တွေထဲကနေများကျနိုင်သလားဆိုပြီးရေပိုက်ခေါင်းတွေပိတ်ကြည့်ပေမယ့်ရေစက်ကကျနေတုန်းပဲ။ရေစက်တွေကတောက်လျောက်ကျနေတာမျိုးမဟုတ်ဘူး။ရေစက်ရေပေါက်ကျတဲ့ပုံစံကအပေါ်ကနေအောက်ကိုဆံပင်အဖျားကနေရေစက်ချသလိုမျိုးတစ်စက်ချင်းကျနေတာ။ကျတဲ့ရေကဘာအမှုန်အမွှားမှမပါဘဲသန့်နေတာ။၁၅မိနစ်လောက်ကျလိုက်၂မိနစ်လောက်ရပ်သွားလိုက်။ပြီးတော့တစ်ခါပြန်ကျလိုက်ဖြစ်နေတာ။ရုပ်တုအပေါ်ပိုင်းမှာလည်းစိုနေတာမျိုးမရှိဘူး။ရေထွက်နိုင်လောက်တဲ့အပေါက်ရှိမလားဆိုပြီးသံချောင်းအသေးနဲ့ထိုးရှာသေးတယ်မတွေ့ရဘူး”ဟုဦးညွန့်မြိုင်ကဆက်လက်ပြောကြားသည်။ထို့ပြင်ရေစက်ရေပေါက်ကျကြောင်းတွေ့ရှိသည့်အချိန်နှင့်တိုက်ဆိုင်စွာမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီး၏ငှက်မြတ်နားတော်နှင့်ဘုရားပရဝုဏ်အရှေ့မြောက်ထောင့်ရှိစလင်းမြို့စားမင်းသမီးတည်ထားခဲ့သောစေတီတော်၏စိန်ဖူးတော်တို့မှအလင်းတန်းများထွက်ပေါ်နေသည်ကိုဘုရားဝင်းပြင်ပရှိလူများနှင့်ဘုရားအတွင်းရှိဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများကဖူးတွေ့ခဲ့ရပြီးမှတ်တမ်းဗီဒီယိုရိုက်ကူးကာလူမှုကွန်ယက်ပေါ်တွင်တင်ထားကြောင်းလည်းသိရသည်။ရေစက်ရေပေါက်များကျသည်ဆိုသည့်အတိတ်နိမိတ်သည်အေးချမ်းခြင်း၊ကြည်လင်သန့်ရှင်းခြင်းဟူသည့်သဘောကိုဆောင်သည့်အတွက်မန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံတော်တစ်ခုလုံးအေးချမ်းမည့်အတိတ်နိမိတ်အဖြစ်ယူဆကြောင်းလည်းပြောကြားသည်။ယင်းသို့ထူးခြားမှုများဖြစ်ပေါ်ရာသို့စေတီတော်ဩဝါဒါစရိယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမိုးကောင်းတိုက်၊အလယ်ရွှေကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မဒီပတျာလင်္ကာရနှင့်စေတီတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်များ၊ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းအေး၊အတွင်းရေးမှူးဦးဝင်းအောင်၊တွဲဖက်အတွင်းရေးမှူးဦးအောင်နိုင်ဦးတို့နှင့်အဖွဲ့ဝင်များလာရောက်၍ကြည့်ရှုစစ်ဆေးခဲ့သည်။လက်ရှိအချိန်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များအရဘုရားဝင်းအတွင်းသို့တာဝန်ရှိသူမှအပမည်သူ့ကိုမျှဝင်ခွင့်မပြုကြောင်းသိရသည်။(Ah […]

ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တောင်သူလယ်သမားတွေကိုဆင်းရဲတွင်းမှဘယ်လိုကယ်တင်ကြမလဲ

January 2, 2021 ohkarlinn 0

Unicode၀မ်းနည်းစရာကောင်းတဲ့အမှန်တရား💔ကျွန်တော်တို့ဆေးလိပ်မသောက်ပဲအသက်ရှင်ရှင်သန်နေထိုင်နိုင်တယ်။ဒါတောင်မှပဲဆေးလိပ်ထုတ်လုပ်တဲ့သူတွေဟာကုဋေကြွယ်သူဌေးတွေဖြစ်နေကြတယ်။ကျွန်တော်တို့အရက်မသောက်ပဲအသက်ရှင်ရှင်သန်နေထိုင်နိုင်တယ်။ဒါတောင်မှပဲအရက်ထုတ်လုပ်တဲ့သူတွေဟာကုဋေကြွယ်သူဌေးတွေဖြစ်နေကြတယ်။ကျွန်တော်တို့မိုဘိုင်းဖုန်းအသုံးမပြုလဲအသက်ရှင်ရှင်သန်နေထိုင်နိုင်တယ်။ဒါတောင်မှပဲဖုန်းထုတ်လုပ်တဲ့သူတွေဟာကုဋေကြွယ်သူဌေးတွေဖြစ်နေကြတယ်။ဒါပေမယ့်သိပ်ပြီးဝမ်းနည်းစရာကောင်းတဲ့အမှန်တရားကတော့အစားအစာအသီးအနှံတွေမရှိပဲကျွန်တော်တို့အသက်ရှင်နေထိုင်ရှင်သန်လို့မရဘူး။ဒါတောင်မှပဲသီးနှံအစားအစာတွေကိုထုတ်လုပ်ပေးတဲ့ကျွန်တော်တို့ရဲ့တောင်သူလယ်သမားတွေဟာခုထိဆင်းရဲမွဲတေနေကြတုန်းပါပဲ။ […]

ဒေါ်အောင်ဆန်းစုကြည်ကို ကလေးဘဝက ထိန်းခဲ့ဖူးတဲ့ အဘိုး ဦးကျော်ညွန့်

January 1, 2021 ohkarlinn 0

Unicodeဖင့်ဖတ်ရန်၁၉၃၈ခုနှစ်ဇန်နဝါရီ၈ရက်၁၂၉၉ခုနှစ်၊ပြာသိုလဆန်း၈ရက်၊စနေနေ့သခင်ဖိုးလှကြီးခေါင်းဆောင်၍ရေနံမြေသပိတ်ကြီးစတင်ပေါ်ပေါက်လာခဲ့သည်။သခင်ဖိုးလှကြီးသည်သပိတ်တပ်ကိုခေါင်းဆောင်ကာရန်ကုန်အထိချီတက်လာခဲ့သည်။မကွေးအရောက်တွင်သခင်ဖိုးလှကြီးကိုမြင်းစီးအင်္ဂလိပ်စစ်သားများကဝိုင်းဝန်းရိုက်နှက်ပြီးလက်ကိုကြိုးတုပ်ကာဖမ်းခေါ်သွားသည်။ထိုမြင်ကွင်းကို၁၅နှစ်ကျော်အရွယ်မောင်ကျော်ညွန့်လေးမြင်တွေ့သည့်အခါငုပ်လျှိုးနေသည့်မျိုးချစ်စိတ်ဓာတ်ရုန်းကန်ထကြွသွားသည်။အင်္ဂလိပ်မျက်နှာဖြူများကိုအမုန်းကြီးမုန်းသွားမိခဲ့သည်။လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ချင်သည့်စိတ်ပေါ်ပေါက်လာသည်။အံကိုတင်းတင်းကြိတ်လိုက်မိသည်။”အဘိုးတပ်မတော်ထဲရောက်တဲ့အကြောင်းအရင်းကသခင်ဖိုးလှကြီးကိုအဘိုးရှေ့မှာအင်္ဂလိပ်မြင်းစီးစစ်သားတွေကထိုးကြိတ်ပြီးကြိုးနဲ့ဆွဲသွားတာကစတာပဲ။အဲဒီတုန်းကတပ်မတော်ဆိုတာအဘိုးတို့ဆီမှာမရှိသေးတော့နီးစပ်တဲ့တော်လှန်ရေးသမားတွေနဲ့သွားပေါင်းတာပေါ့”ဟုအဘိုးကမာန်ပါပါနှင့်သူ၏လွတ်လပ်ရေးတိုက်ပွဲဝင်လမ်းကြောင်းအစကိုပြောပြသည်။ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊အမှတ်၈ရပ်ကွက်ရှိချောင်ကျကျနေရာလေးရှိ၁၀ပေပတ်လည်အခန်းလေး၏လေးပေအကျယ်မျှရှိသောခုတင်လေးပေါ်မှာသခင်လေးသောင်(ခ)လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)နိုင်ငံ့ဂုဏ်ရည်(ဒုတိယအဆင့်)ဗိုလ်ကြီးကျော်ညွန့်ထိုင်နေသည်။လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့်အတွက်ရရှိခဲ့သောဆုတံဆိပ်များကိုအမြတ်တနိုးထိုင်ကြည့်နေသည်။အဘိုး၏ဇနီးဒေါ်ဂွမ်းပုံကအဘိုး၏ခုတင်အောက်တွင်မီးသွေးမီးဖိုနှင့်ထမင်းအိုးတည်နေသည်။သားဖြစ်သူကအပြင်တွင်ပန်းရန်သွားလုပ်နေသည်ဟုသိရသည်။အသက်၁၀၅နှစ်အရွယ်ရှိပေမဲ့လွတ်လပ်ရေးတိုက်ပွဲဝင်စစ်ပြန်ဟောင်းကြီးဖြစ်သည့်အတွက်အားမာန်ကတော့ပြည့်နေတုန်းပင်။သို့သော်အကြားအာရုံကတော့ချို့ယွင်းရှာနေသည်။ဂျပန်ခေတ်ကိုထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သည်ဟုခိုင်မာသည့်အချက်ကဂျပန်စကားကိုကောင်းစွာပြောတတ်ခြင်းဖြစ်သည်။ထိုသို့သောနိုင်ငံ့ဂုဏ်ဆောင်အဘိုးသည်တလလေးသောင်းခွဲနှင့်ငှားနေရသော၁၀ပေပတ်လည်အခန်းလေးတွင်ဘဝနေဝင်ချိန်ကိုညှိုးညှိုးငယ်ငယ်ဖြင့်ဖြတ်သန်းနေရရှာသည်။မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးဖြစ်လာမည့်မောင်ကျော်ညွန့်လေးကိုမြန်မာသက္ကရာဇ်၁၂၈၄ခုနှစ်၊နယုန်လဆန်း၁၁ရက်နေ့တွင်မကွေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့တွင်ကုန်သည်အဘဦးဘဒင်၊အမိဒေါ်နှင်းဥတို့မှမွေးဖွားခဲ့သည်။မွေးချင်းလေးဦးအနက်အငယ်ဆုံးသားဖြစ်သည်။မောင်ကျော်ညွန့်အရွယ်ရောက်စ၁၅နှစ်ကျော်၁၆နှစ်အရွယ်တွင်ရေနံမြေသပိတ်ကြီးနှင့်၁၃၀၀ပြည့်အရေးတော်ပုံကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။အလုပ်သမားများအပေါ်အင်္ဂလိပ်စစ်သားများ၏ဖမ်းဆီးနှိပ်စက်သည်ကိုမြင်ရသည့်အခါတိုင်းကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရသည်။ထို့ကြောင့်၁၆နှစ်အရွယ်မောင်ကျော်ညွန့်သည်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်။နိုင်ငံလွတ်လပ်ရေးဆုံးရှုံး၍ကျွန်ဖြစ်နေရသည့်အချိန်တွင်လူငယ်တဦးဖြစ်ခဲ့ရသောမောင်ကျော်ညွန့်သည်ထိုစဉ်အချိန်ကအင်္ဂလိပ်နယ်ချဲ့အားဆန့်ကျင်သူအချို့နှင့်ပူးပေါင်း၍ရရာလက်နက်ကိုကိုင်ကာနယ်ခဲျ့တို့ကိုတော်လှန်ခဲ့သည်။၁၉၄၂ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့်ရဲဘော်သုံးကျိပ်သည်ဂျပန်တပ်မတော်နှင့်အတူမြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာသည်ဟုသိရသည့်အခါကိုကျော်ညွန့်အားတက်မိသည်။အင်္ဂလိပ်တပ်များမြန်မာနိုင်ငံထွက်ခွာသွားသည့်အခါတွင်ဖက်ဆစ်ဂျပန်တို့၏ဘီလူးခေါင်းပေါ်လာသည်။မြန်မာအမျိုးကောင်းသမီးတွေကိုအဓမ္မပြုကျင့်သည်။ထင်ရာစိုင်းကြသည်။ကျားကြောက်လို့ဆင်ကြီးကိုးဆင်ကြီးကကျားထက်ပင်ဆိုးနေသည်။ဖက်ဆစ်တို့၏ရက်စက်ယုတ်မာမှုကိုနေ့တိုင်းမြင်လာရသည့်အခါမကွေးနယ်၊ကျောက်ပန်းတောင်းသားကိုကျော်ညွန့်တယောက်ဗိုလ်ချုပ်ကိုပင်အပြစ်မြင်မိသည်။၁၉၄၅မတ်၂၇ရက်နေ့တွင်ဗိုလ်ချုပ်ကဂျပန်တို့ကိုစတင်တော်လှန်သည့်အခါသူအားတတ်သရောပါဝင်ဖို့ဆုံးဖြတ်လိုက်သည်။ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ထားသည့်ဗမာ့တပ်မတော်ကိုဝင်ရောက်ရန်အဆက်အသွယ်များ၏အကူအညီဖြင့်တွံတေးနယ်ဘက်ရှိဖက်ဆစ်များကိုတော်လှန်နေသောရဲဘော်သုံးကျိပ်ဝင်ဗိုလ်မင်းခေါင်တပ်သို့ဝင်ရန်အကြောင်းဖန်လာခဲ့သည်။ကျောက်ပန်းတောင်းမှတွံတေးသို့ခြေလျင်ထွက်လာခဲ့သည်။လမ်းတလျှောက်အခက်အခဲမျိုးစုံကြုံရသည်။ထမင်းငတ်တဲ့ရက်တွေလည်းရှိခဲ့သည်။လမ်းခရီးတဝက်တွင်ဂျပန်တပ်သားများနှင့်တွေ့၍အသက်လု၍သတ်ပုတ်ခဲ့ရသည်။သို့သော်ကိုကျော်ညွန့်မကြောက်မရွံ့တွံတေးသို့အရောက်လှမ်းခဲ့သည်။သူဆုံးဖြတ်ထားသည့်လွတ်လပ်ရေးအစစ်အမှန်အတွက်တိုက်ပွဲဝင်ရန်အခက်အခဲအားလုံးကိုကျော်လွှားခဲ့သည်။”တွံတေးကိုသွားတယ်။ဗိုလ်မင်းခေါင်တပ်နဲ့သွားပေါင်းမလို့ရောက်ခါနီးဂျပန်စစ်သားနှစ်ယောက်နဲ့တွေ့တယ်။သူတို့သေနတ်တွေမှာလံှစွပ်တွေနဲ့၊မင်းဘယ်ကလဲမေးတော့ကျွန်တော်ရွာသားပါလို့ဂျပန်လိုပြန်ဖြေမိတော့အောင်ဆန်းကေဒါ၊အောင်ဆန်းဘက်တော်သားဆိုပြီးလံှစွပ်နဲ့ထိုးတယ်။အဘိုးကတယောက်သူတို့ကနှစ်ယောက်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးကိုသတ်နိုင်ခဲ့တယ်။အဲဒီမှာလက်ကိုဒဏ်ရာရတာပဲ”ဟုအဘိုးကျော်ညွန့်ကဒဏ်ရာရထားသောသူ၏ဘယ်ဖက်လက်ကိုကိုင်၍ပြောပြသည်။ဂျပန်စစ်သားနှစ်ဦးနှင့်အသက်လုသတ်ပုတ်လာခဲ့ပြီးလက်တွင်ဒဏ်ရာရလာသည်။တွံတေးသို့ရောက်သည့်အခါလက်မှဒဏ်ရာကိုဆေးတပ်သားကကြည့်ပေး၍ဖြတ်ရမည်ပြောသည့်အခါအလွန်ပင်စိတ်ဓာတ်ကျဆင်းသွားသည်။ထိုအကြောင်းကိုဗိုလ်မင်းခေါင်ကိုပြောပြသည့်အခါဆေးတပ်သားကိုခေါ်ဆူသည်။လက်တဖက်လည်းမဆုံးရှုံးရတော့ပေ။လက်ကိုဆေးပတ်တီးစည်း၍ထားရသည်။စစ်အတွင်းဆေးပစ္စည်းရှားပါးသည့်အတွက်အဘိုးကျော်ညွန့်၏လက်သည်မိမွေးတိုင်းဖမွေးတိုင်းပြန်မကောင်းနိုင်တော့ပေ။ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လက်မကောင်းသည့်ကြားမှဗိုလ်မင်းခေါင်၏တပ်နှင့်အတူစွန့်စားတိုက်ခိုက်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့်ဗမာတပ်မတော်ကြီးသည်ဂျပန်တို့ကိုတော်လှန်တိုက်ထုတ်နိုင်သည့်အခါဗိုလ်မင်းခေါင်၏အကူအညီနှင့်ဗဟန်းရှိဗိုလ်ချုပ်၏နေအိမ်တွင်နေခွင့်ရခဲ့သည်။ဗိုလ်ချုပ်၏အိမ်တွင်နေခွင့်ရသော်လည်းအောက်ခြေသိမ်းအလုပ်ဘာတခုမှမလုပ်ရပေ။အဘိုး၏တာဝန်သည်ကလေးထိန်းမျှသာ။ဗိုလ်ချုပ်၏သားသမီးများကိုထိန်းပေးရသည်။အတူကစားရသည်။အဘိုးတာဝန်သည်ထိုမျှသာ။ကိုကျော်ညွန့်ကို၁၉၄၅ခုနှစ်အောက်တိုဘာ၅ရက်နေ့တွင်ဗိုလ်ချုပ်ကိုယ်တိုင်ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခဲ့သည်။”၁၉၄၁ခုနှစ်ဒီဇင်ဘာလမှ၁၉၄၅ခုနှစ်အောက်တိုဘာလအတွင်းဗမာ့အရေးတော်ပုံကြီးတွင်ငါနှင့်အတူရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည့်ရဲဘော်၏စွမ်းရည်သတ္တိနှင့်စေတနာတို့ကိုငါမမေ့သည့်အပြင်ရဲဘော်၏စွန့်စားမှုကိုလေးစားချီးကျူးသောအားဖြင့်ဤဂုဏ်ထူးဆောင်လက်မှတ်ကိုချီးမြှင့်လိုက်သည်”ဟုအဆိုစာပါတွင်ဖော်ပြထားသည်။ဗိုလ်ခုျပ်လုပ်ကြံခံရမည့်နေ့တွင်ကိုကျော်ညွန့်၏စိတ်လေးလံနေသည်။ဗိုလ်ချုပ်နှင့်အတူလိုက်ပါခွင့်ပြုရန်ဗိုလ်ချုပ်၏အပါးတော်မြဲဗိုလ်ထွန်းလှ(စာရေးဆရာတက္ကသိုလ်နေဝင်း)အားပြောသည့်အခါကလေးတွေသာအန္တရာယ်ကင်းအောင်ဂရုစိုက်ဖို့မှာကြားခဲ့သည်။ကလေးတွေနှင့်အတူနေရသော်လည်းဗိုလ်ချုပ်အတွက်စိတ်မချနိုင်ခဲ့ပေ။ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရသည်ဟုသတင်းကြားရသည့်အခါတွင်ဝမ်းနည်းကြေကွဲရသည်။ရွှေတောင်ကြီးပြိုခဲ့ပြီဟုကိုကျော်ညွန့်ခံစားရသည်။”ဗိုလ်ချုပ်ကျဆုံးတော့အဘိုးလည်းဘဝပျက်တာပဲ။ရွာပြန်ခဲ့တယ်။အခုမင်းအဘွားနဲ့တွေ့တာပေါ့ကွာ။အဘိုး၄၀ကျော်မှအိမ်ထောင်ကျတာ။သူကအဘိုးထက်အနှစ်၂၀လောက်ငယ်တယ်”ဟုအဘိုးကအတိတ်ကိုပြန်တွေးရင်းပြောပြသည်။၁၉၄၈ခုနှစ်ဇန်နဝါရီ၄ရက်နေ့တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါအဘိုးသည်အညာကျေးလက်လေးတွင်သာနေခဲ့သည်။တပ်မတော်အပေါ်စိတ်မကုန်သေးသည့်အဘိုးသည်သာမန်တပ်သားလေးအဖြစ်တပ်မတော်သို့ပြန်ဝင်ရန်ရန်ကုန်သို့တကျော့ပြန်လာခဲ့သည်။ဝန်ကြီးချုပ်ဦးနု၏အစိုးရအဖွဲ့ကိုရန်ကုန်အစိုးရဟုတင်စားနေကြသည့်ခေတ်တွင်အင်းစိန်၊ခဝဲခြံရှိKIDOများနှင့်တိုက်ပွဲတွင်ပါဝင်ဆင်နွဲှခဲ့သည်။၁၉၄၁ခုနှစ်မှ၁၉၇၃ခုနှစ်အထိနိုင်ငံတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက်လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)၊နိုင်ငံ့ဂုဏ်ရည်(ဒုတိယအဆင့်)တို့ကိုရရှိခဲ့သည်။အဘိုးဦးကျော်ညွန့်သည်သူရဲကောင်းမှတ်တမ်းဝင်အမှတ်၃၁ဖြစ်ပြီးပြန်တမ်းဝင်အမှတ်မှာ၁၆၃ဖြစ်သည်။ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၏အသင်းဝင်တဦးလည်းဖြစ်ပြီးအသင်းဝင်အမှတ်မှာရာ/၈၀၆ဖြစ်သည်။ကိုယ်ပိုင်အမှတ်မှာ၂၃၂၂၇၅ဖြစ်သည်။သို့သော်မြန်မာ့သမိုင်းတွင်သဲတပွင့်မကပါဝင်ခဲ့သောအဘိုး၏ယခုလက်ရှိနေဝင်ချိန်သည်များစွာအကျည်းတန်လှသည်။”အောင်ဆန်းစုကြည်အခုလုပ်နေတာဟုတ်တယ်။သူမှာအကုန်လုံးအာဏာရှိရင်အောင်မြင်မှာ၊ခုကတဝက်ပဲရှိတယ်။သူ့မှာအာဏာအပြည့်ရှိရင်မြန်မာပြည်လက်ခမောင်းခတ်ရမယ်။သူ့ကိုချုပ်ကိုင်ထားတာတွေရှိသေးတယ်။စစ်တပ်ကတိုင်းပြည်ကိုကာကွယ်ရမှာဒါပဲ။တပ်မတော်ကအုပ်ချုပ်ရေးလိုင်းနဲ့ဘာမှမဆိုင်ဘူး။အဘိုးတို့ခေတ်တုန်းကဒီလိုပဲ။တပ်မတော်ကနိုင်ငံတော်ကာကွယ်ဖို့၊အုပ်ချုပ်ဖို့မဟုတ်ဘူး။ဗိုလ်ချုပ်ပြောခဲ့တာစစ်တပ်ကစစ်တပ်ပဲ။ကာကွယ်မယ်ဒါပဲ။အဘိုးတို့ခေတ်တုန်းကဆိုရင်လစာတောင်မရဘူး။နိုင်ငံကိုချစ်တဲ့စိတ်နဲ့ဝင်ခဲ့တာ။ဘာမှမရဘူး”ဟုလက်ရှိနိုင်ငံရေးအခြေအနေကိုမေးမြန်းရာတွင်မော်ကွန်းဝင်အဘိုးကျော်ညွန့်ကပြန်ဖြေသည်။လွတ်လပ်ရေးတိုက်ပွဲဝင်မော်ကွန်းဝင်စစ်ပြန်ဟောင်းကြီးအဘိုး၊လက်ရှိနိုင်ငံခေါင်းဆောင်ကလေးဘဝအရွယ်ကထိန်းပေးခဲ့ရတဲ့အဘိုး၊ဗိုလ်ချုပ်ကိုယ်တိုင်လက်မှတ်ထိုး၍ဂုဏ်ပြုလွှာပေးအပ်ခြင်းခံခဲ့ရသည့်အဘိုး၊လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)၊နိုင်ငံဂုဏ်ရည်(ဒုတိယအဆင့်)ရရှိခဲ့သည့်အဘိုး၊ထိုထိုသောဂုဏ်ပုဒ်များနှင့်အဘိုးကျော်ညွန့်သည်ယခုအခါချောင်ကျကျရပ်ကွက်လေးမှာ၁၀ပေပတ်လည်အဆောင်သာသာအခန်းလေးကိုတလလေးသောင်းခွဲနှင့်ငှား၍နေရသည်။ဘဝကိုဆင်းရဲကြီးစွာဖြတ်သန်းနေရသည်။အကျိုးခံစားခွင့်ဆို၍ပြီးခဲ့သည့်လွတ်လပ်ရေးနေ့နှစ်ကြိမ်တွင်တကြိမ်လျှင်၃သိန်းနှုန်းနှင့်၆သိန်းရရှိခဲ့သည်။ငှက်သိုက်ဆေးဘူးအနည်းငယ်ရရှိခဲ့သည်။လူမှုရေးပင်စင်တလတသောင်းရရှိသည်။ထိုမျှသာ။အဘိုးဦးကျော်ညွန့်သည်မြန်မာ့လွတ်လပ်ရေးတွင်ကျရာနေရာတွင်ပါဝင်ခဲ့သည်။အဘိုးသည်လွတ်လပ်ရေးတိုက်ပွဲဝင်မည်သည့်အကျိုးခံစားမှုမှရရှိလို၍ပါဝင်ခဲ့ခြင်းမဟုတ်ပေ။အဘိုးဦးကျော်ညွန့်တို့လိုပုဂ္ဂိုလ်များကစွန့်လွှတ်အနစ်နာခံခဲ့သောကြောင့်စာရေးသူတို့တွေယခုလိုအေးအေးချမ်းချမ်းနေထိုင်ရခြင်းဖြစ်သည်။သို့သော်အဘိုးဦးကျော်ညွန့်ကဲ့သို့သောပုဂ္ဂိုလ်များလူမသိသူမသိဆင်းရဲချို့တဲ့စွာနေနေကြရသည်။လောကကြီးမှတိတ်တဆိတ်ထွက်ခွာနေကြရသည်။ဒီမိုကရေစီအစိုးရအနေနှင့်ထိုကဲ့သို့သောပုဂ္ဂိုလ်ကြီးများကိုရှာဖွေဖော်ထုတ်၍သူကောင်းပြုသင့်ပေသည်။အဘိုးကျော်ညွန့်ကဲ့သို့ပုဂ္ဂိုလ်ကြီးများသည်ယခုအခါနိုင်ငံတဝန်းလုံးတွင်လက်ချိုးရေတွက်နိုင်သည်အထိတဦးစ၊နှစ်ဦးစသာရှိတော့သည်။အဘိုးဘဝနေဝင်ချိန်သည်ယခုထက်ပို၍လှပနိုင်ပါစေကြောင်းဆုတောင်းအပ်ပါသည်။သားခ်မ်းျမတ်Credit:NewsWatch […]

ကျောင်းတွေပြန်ဖွင့်ရန်ကိစ္စလာမည့်ရက်သတ္တပတ်ထဲတွင်ဆွေးနွေးမည်ရန်ကုန်၊ဒီဇင်ဘာ

December 26, 2020 ohkarlinn 0

Unicodeကျောင်းတွေပြန်ဖွင့်ရန်ကိစ္စလာမည့်ရက်သတ္တပတ်ထဲတွင်ဆွေးနွေးမည်ရန်ကုန်၊ဒီဇင်ဘာ၂၆အခြေခံပညာကျောင်းတွေကိုပြန်ဖွင့်နိုင်ဖို့လာမယ့်တစ်ပတ်ထဲမှာပြည်ထောင်စုအဆင့်အစည်းအဝေးလုပ်ပြီးဆွေးနွေးသွားမယ်လို့အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကဂလက်ဆီသတင်းဌာနကိုပြောပါတယ်။လာမယ့်ပြည်ထောင်စုအဆင့်အစည်းအဝေးတွေမှာကျောင်းပြန်ဖွင့်ဖို့ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေကိုသိနိုင်မယ်လို့ဆိုပါတယ်။”ကျောင်းပြန်ဖွင့်ဖို့ကြိုတင်ပြင်ဆင်တဲ့အဆင့်လောက်ပဲဖြစ်မယ်ထင်တယ်။ဘာလို့လဲဆိုတော့ကိုဗစ်ကလည်းရှိနေသေးတယ်လေ။ကျောင်းတွေဘယ်တော့ပြန်ဖွင့်မယ်။ဘာတွေလိုအပ်မယ်ဆိုတာကိုတော့ကျွန်တော့တို့သိရတာနဲ့ပြည်သူလူထုကိုတစ်ခါထဲထုတ်ပြန်မှာပါ”လို့ဦးကိုလေးဝင်းကပြောပါတယ်။ကိုဗစ်၁၉ရောဂါပိုးတွေ့နှုန်းကတစ်ရက်ထက်တစ်ရက်ကျဆင်းလာပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပညာရေးအပါအဝင်ကဏ္ဍပေါင်းစုံကိုပြန်လည်လည်ပတ်ဖို့လိုပြီလို့ပြီးခဲ့တဲ့ရက်သတ္တပတ်ကထုတ်ပြန်ထားခဲ့ပါတယ်။လက်ရှိမှာကိုဗစ်ဒုတိယလှိုင်းကြောင့်အခြေခံပညာကျောင်းတွေနဲ့တက္ကသိုလ်တွေကိုပြန်လည်ပိတ်သိမ်းထားတာကြောင့်အတန်းတင်စာမေးပွဲဖြေဆိုမှုတွေလည်းရှိမှာမဟုတ်ဘူးလို့ပညာရေးဝန်ကြီးဌာနကသိရပါတယ်။ […]

ကြံ့ခိုင်ရေးပါတီကပုဂ္ဂလိကကိုငှားရမ်းထားသည့်MusicZoneKTVမြေနေရာကိုနိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းမည်

December 25, 2020 ohkarlinn 0

Unicodeကြံ့ခိုင်ရေးပါတီကပုဂ္ဂလိကကိုငှားရမ်းထားသည့်MusicZoneKTVမြေနေရာကိုနိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းမည်ရန်ကုန်၊ဒီဇင်ဘာ၂၄ရက်ရန်ကုန်တိုင်းဒေကြီး၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိကြံ့ခိုင်ရေးပါတီကပုဂ္ဂလိကကိုငှားရမ်းအသုံးပြုထားတဲ့MusicZoneKTVမြေနေရာကိုနိုင်ငံတော်ပိုင်မြေအဖြစ်ပြန်လည်သိမ်းဆည်းသွားမယ်ဆိုတဲ့အကြောင်းကြားစာကိုဒီဇင်ဘာ၂၃ရက်နေ့ကရရှိခဲ့တယ်လို့သင်္ကန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေလှဝင်းကဂလက်ဆီသတင်းဌာနကိုပြောပါတယ်။သင်္ကန်းကျွန်းမြို့နယ်ကMusicZoneမြေနေရာကိုအရင်ကပြည်ထောင်စုကြံ့ခိုင်းရေးအသင်းရဲ့လုပ်ဆောင်ချက်တွေအတွက်ပေးသုံးထားတာဖြစ်ပြီးနောက်ပိုင်းမှာတော့ပုဂ္ဂလိကလုပ်ငန်းအဆင့်ဆင့်ကိုငှါးစားထားတာကိုတွေ့ရတာကြောင့်မူလရည်ရွယ်ချက်အတိုင်းမလုပ်ခဲ့တဲ့အတွက်အခုလိုပြန်သိမ်းတာပါလို့ဦးရွှေလှဝင်းကပြောပါတယ်။”ကျွန်တော်ကပြည်သူ့လွှတ်တော်ကိုမေးခွန်းစာတင်တာပါ။ဒီMusicZoneမြေနေယာကိုအစိုးရပိုင်အဖြစ်ပြန်သိမ်းမလားဆိုပြီးတော့ပေါ့။မနေ့ကကျွန်တော့ဆီစာပြန်လာတယ်။ဒီကြံ့ခိုင်ရေးအသင်းကမူလရည်ရွယ်ချက်ကိုသွေဖီပြီးလုပ်လို့အစိုးရပိုင်အဖြစ်ပြန်သိမ်းမယ်ဆိုပြီးစာထဲမှာပါတယ်”လို့ဦးရွှေလှဝင်းကပြောပါတယ်။MusicZoneKTVကနေကိုဗစ်ရောဂါပိုးကူးစက်ခံရသူလူ၉၀ကျော်ရှိခဲ့ပြီးပိုင်ရှင်ဦးဇော်မင်းနှင့်ဆိုင်မန်နေဂျာကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅နဲ့သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာအမှုရင်ဆိုင်နေရပါတယ်။#ဟန်တိုးစံရေးသားသည်။ […]

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအိန္ဒိယနှင့်မြန်မာနားလည်မှုစာချွန်လက်မှတ်ရေးထိုး

December 25, 2020 ohkarlinn 0

Unicodeကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအိန္ဒိယနှင့်မြန်မာနားလည်မှုစာချွန်လက်မှတ်ရေးထိုးရန်ကုန်၊ဒီဇင်ဘာ၂၅အိန္ဒိယဆေးကုမ္ပဏီSerumInstituteကကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက်အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံတို့အကြားနားလည်မှုစာချွန်လွှာ(MOU)ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးကဒီဇင်ဘာ၂၄ရက်ကထုတ်ပြန်ပါတယ်။အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်ကကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရရှိနိုင်ဖို့အတွက်အိန္ဒိယနိုင်ငံသို့လာရောက်ခဲ့တဲ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဆေးသုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာဇော်သန်းထွန်းဦးဆောင်တဲ့နည်းပညာကိုယ်စားလှယ်အဖွဲ့နှင့်အတူဒီဇင်ဘာလ၂၁ရက်နေ့ကအိန္ဒိယဆေးသုတေသနကောင်စီ(ICMR)ခေတ္တညွှန်ကြားရေးမှူးချုပ်Dr.SamiranPandaနှင့်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ကျန်းမာရေးသုတေသနဌာန၊JointSecretaryMrs.AnuNagarတို့ကိုဒီဇင်ဘာလ၂၂ရက်နေ့မှာကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ဇီဝနည်းပညာဌာန၊SecretaryDr.RenuSwarup၊အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊AdditionalSecretary(International […]

ရန်ကုန်တစ်ဝိုက်မှာပြည်သူတွေအတွက်ကြီးမားသော စီမံကိန်းကြီး ၃ ခုအကြောင်း

December 25, 2020 ohkarlinn 0

Unicodeတောင်ကိုရီးယား၊ထိုင်းနှင့်စင်ကာပူကုမ္ပဏီများသည်ရန်ကုန်မြို့ပတ်၀န်းကျင်တွင်စီးပွားရေးဇုန်များတည်ဆောက်နေကြသည်။၂၂၂ဟက်တာရှိသောကိုရီးယား-မြန်မာစက်မှုလက်မှုအဆောက်အအုံသည်ရန်ကုန်မြောက်ဘက်တွင်တည်ရှိပြီးဒေါ်လာသန်း၁၁၀ခန့်ကုန်ကျမည်ဖြစ်သည်။တောင်ကိုရီးယားနိုင်ငံအစိုးရနှင့်ပတ်သက်သောKoreaLandandHousingသည်ရန်ကုန်မြို့အနီးရှိစက်မှုဥယျာဉ်တခုတွင်ပန္နက်တင်ခဲ့ပြီး၊ထိုသို့သောစီမံကိန်းမျိုးအားအကောင်အထည်ဖော်သည့်နိုင်ငံခြားကုမ္ပဏီဖြစ်လာသည်။ပြည်ပကုန်ထုတ်လုပ်သူများမြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်အောင်အထောက်အကူဖြစ်စေလိမ့်မည်ဟုမြန်မာအစိုးရမျှော်လင့်ထားသည်။နောက်ထပ်လာစရာရှိနေသေးသည့်စီမံကိန်းများမှာထိုင်းနိုင်ငံမှAmataနှင့်စင်ကာပူမှSembcorpIndustriesတို့ဖြစ်သည်။မြန်မာနိုင်ငံဆောက်လုပ်ရေး၀န်ကြီးဌာနနှင့်အတူလက်တွဲပြီးကိုရီးယားမြေယာနှင့်အိမ်ရာလုပ်ငန်းKoreaLandandHousing(LH)သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မြောက်ဘက်၂၅ကီလိုမီတာအကွာအဝေးနှင့်ရန်ကုန်မြို့လယ်မှကီလိုမီတာ၄၀အကွာတွင်ရှိသည့်လှည်းကူးမြို့နယ်တွင်ကိုရီးယား-မြန်မာစက်မှုဇုန်Korea-MyanmarIndustrialComplexအတွက်ပန္နက်တင်အခမ်းအနားကိုကျင်းပခဲ့သည်။ပထမအဆင့်၂၀၂၃ဖွင့်လှစ်မည်၂၂၅ဟက်တာမြေအကျယ်အဝန်းတွင်ဖော်ဆောင်မည့်စီမံကိန်းသည်အမေရိကန်သန်း၁၁၀ကုန်ကျမည်။စီမံကိန်းအကောင်အထည်ဖော်သူတို့ကပထမအဆင့်အဖြစ်ဇုန်၏တစ်ဝက်ကိုအကောင်အထည်ဖော်မည်ဖြစ်ပြီး၂၀၂၃ခုနှစ်တွင်စတင်ဖွင့်လှစ်မည်။ပိုင်ဆိုင်မှုအချိုးအစားKMICတွင်ဖက်စပ်လုပ်ငန်းအဖြစ်အကျိုးတူပူးပေါင်းလုပ်ကိုင်ကြသူများမှာ၄၀%ကိုKoreaLandandHousingကပိုင်ဆိုင်ပြီး၂၀%ကိုတောင်ကိုရီးယားမှအဝတ်အထည်လုပ်ငန်းGlobalSAE-Aကပိုင်ဆိုင်သည်။ကျန်သည့်၄၀%ကိုမြန်မာနိုင်ငံဆောက်လုပ်ရေး၀န်ကြီးဌာနကပိုင်ဆိုင်သည်။အကြီးစားစက်မှုစီမံကိန်း၃ခုအစီအရီမြန်မာနိုင်ငံ၏တစ်ခုတည်းသောစက်မှုလုပ်ငန်းဥယျာဉ်သည်ယခုအခါဂျပန်နိုင်ငံမှဦးဆောင်ပြီး၂၀၁၅ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့်ရန်ကုန်မြို့တစ်ဖက်ကမ်းရှိသီလဝါအထူးစီးပွားရေးဇုန်ဖြစ်သည်။နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသောအသုံးအဆောင်များနှင့်အခြေခံအဆောက်အအုံများဖြင့်အဆောက်အအုံများတည်ဆောက်ခြင်းအားဖြင့်နိုင်ငံခြားထုတ်လုပ်သူများမြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်အစပြုကြလိမ့်မည်ဟုအစိုးရအနေဖြင့်မျှော်လင့်ထားသည်။”သီလဝါအထူးစီးပွားရေးဇုန်မှအပရန်ကုန်တစ်ဝိုက်မှာအကြီးစားစက်ရုံများအတွက်မြေနေရာသေသေချာချာရရှိဖို့ခက်ခဲတယ်။ဒီတော့စက်မှုဥယျာဉ်အသစ်တွေအကောင်အထည်ဖော်တာဟာရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်နိုင်လိမ့်မယ်”ဟုရန်ကုန်ရှိJapanExternalTradeOrganizationအကြီးအကဲKazufumiTanakaကပြောသည်။Coronavirusကူးစက်ပျံ့နှံ့မှုနှင့်ပြည်တွင်းသုံးစွဲမှုကြီးထွားလာသည်နှင့်အမျှစီးပွားရေးကိုပြန်လည်ထူထောင်ရေးကိုအထောက်အကူပြုရန်ဦးစားပေးအဖြစ်သတ်မှတ်ထားသောအခြားစီမံကိန်းနှစ်ခုကိုလည်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ထိုင်းကုမ္ပဏီAmataသည်စက်မှုမြို့တော်တစ်ခုကိုအကောင်အထည်ဖော်မည်။YangonAmataSmartandEcoCityစီမံကိန်းစတင်ရန်ပန္နက်တင်ခဲ့သည်။စင်ကာပူမှSembcorpIndustriesသည်စင်ကာပူအစိုးရနှင့်ပတ်သက်သောလုပ်ငန်းစုကြီးဖြစ်ပြီးရန်ကုန်အနီးတစ်ဝိုက်တွင်စက်မှုဥယျာဉ်တစ်ခုထူထောင်မည်ဖြစ်သည်။ချမှတ်ထားသည့်အစီအစဉ်အတိုင်းအကောင်အထည်ဖော်နိုင််ခဲ့လျှင်အဆိုပါစီမံကိန်းကြီး၃ခုစလုံးသည်လာမည့်နှစ်အနည်းငယ်အတွင်းပြီးစီးမည်ဖြစ်သည်။တောင်ကိုရီးယားအစိုးရသည်EconomicDevelopmentCooperationFundအမည်ဖြင့်၁၉၈၇ခုနှစ်တွင်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီးဖွံ့ဖြိုးဆဲနိုင်ငံများနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်သုံးစွဲသည်။ထိုရန်ပုံငွေထံမှချေးငွေကိုKMICအားထုတ်ချေးပေးပြီးဘဏ္ဍာရေးထောက်ပံ့မည်ဖြစ်သည်။မြန်မာနိုင်ငံတွင်ဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊မဟာဓာတ်အားလိုင်းထံမှဓာတ်အားလိုင်းသွယ်တန်းခြင်း၊ရေသွယ်တန်းခြင်းတို့အတွက်သုံးစွဲမည်။ထို့အပြင်လက်ရှိနှစ်လမ်းသွားလမ်းကိုလေးလမ်းသွားလမ်းမကြီးအဖြစ်အဆင့်မြှင်တင်တိုးချဲ့ရန်အတွက်လည်းသုံးစွဲမည်ဖြစ်သည်။ထိုလမ်းမကြီးသည်ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးကိုချိတ်ဆက်မည်ဖြစ်သည်။KMICမှပေးသွင်းရသောမြေငှားရမ်းခသည်သီလဝါအထူးစီးပွားရေးဇုန်ထက်သက်သာသည်။တစ်မီတာစတုရန်းကိုအမေရိကန်ဒေါ်လာ၆၉.၃၀မှ၇၅.၆၀အတွင်းကျသင့်ပြီးနှစ်ပေါင်း၅၀အတွက်ဖြစ်သည်။သီလဝါမြေငှားရမ်းခမှာ၂၁၀၈ခုနှစ်တွင်တစ်မီတာစတုရန်းကိုအမေရိကန်ဒေါ်လာ၈၀ဝန်းကျင်ကျသင့်သည်။သီလဝါနှင့်အခြားစက်မှုဇုန်စီမံကိန်းများရှိနေနှင့်ခြင်းအတွက်KMICအနေဖြင့်ပူပန်ဖို့မလိုချေ။မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်အလားအလာများသည်ကြီးမားသည်ဟုKMICDevelopmentမှညွန်ကြားရေးမှူးချုပ်LeeJungWookကမှတ်ချက်ပြုသည်။KMIC၏မြေနေရာသည်သီလဝါထက်အချိတ်အဆက်ပိုကောင်းသည်ဟုသူကသုံးသပ်သည်။ရန်ကုန်-မန္တလေးအမြန်လမ်းနှင့်ချိတ်ဆက်ထားသဖြင့်မြို့ကြီးနှစ်မြို့စလုံးနှင့်အချိတ်အဆက်ရှိနေစေသည်။ထုတ်ကုန်များကိအခြားမြို့များသို့တင်ပို့ဖြန့်ဖြူးရန်နေရာကောင်းတစ်ခုဖြစ်သည်။သီလဝါထက်သာသည်။မြန်မာဂျပန်သီလဝါဖွံ့ဖြိုးရေးMyanmarJapanThilawaDevelopmentသည်သီလဝါအထူးစီးပွားရေးဇုန်ကိုစီမံပေးနေပြီးJapanInternationalCooperationAgencyနှင့်ဂျပန်လုပ်ငန်းများက၄၉%ပိုင်ဆိုင်သည်။၅၈၃ဟက်တာကိုအကောင်အထည်ဖော်ခဲ့ပြီးပြီဖြစ်ပြီး၂၀၂၁ခုနှစ်တွင်၄၆ဟက်တာထပ်မံတိုးချဲ့မည်ဖြစ်သည်။YangonAmataSmartနှင့်EcoCityစီမံကိန်းဟက်တာ၈၀၀ကျယ်ဝန်းသည့်YangonAmataSmartနှင့်EcoCityစီမံကိန်းအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေဆဲဖြစ်ပြီးရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူများမကြာခင်အလုပ်စတင်နိုင်လိမ့်မည်ဟု‌မျှော်မှန်းထားသည်။အကျိုးတူလုပ်ငန်း၏မန်နေးဂျင်းဒါရိုက်တာYasuoTsutsuiက”ကျွန်တော်တို့အနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါတယ်။ဒါမှရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူများဆန္ဒရှိရင်၂၀၂၁ခုနှစ်အစောပိုင်းလောက်မှာစတင်လည်ပတ်နိုင်မှာပါ”ဟုပြောကြားခဲ့သည်။စီမံကိန်းတွင်အစိုးရက၂၀%ပါဝင်ပြီးAmataက၈၀%ပါဝင်သည်။ပထမအဆင့်တွင်၈၀ဟက်တာကိုအကောင်အထည်ဖော်မည်ဖြစ်ပြီးဟက်တာ၄၀ကိုယခုအခါလုပ်ကိုင်နေပြီဖြစ်သည်။မြေငှားရမ်းခမှာနှစ်၅၀အတွက်တစ်စတုရန်းမီတာအမေရိကန်ဒေါ်လာ၇၅ဖြစ်သည်။စက်မှုဥယျာဉ်ဆောက်လုပ်ရေးအတွက်ဒေါ်လာ၂၇၄သန်းကုန်ကျမည်ဟုခန့်မှန်းရသည်။စက်မှုဥယျာဉ်သို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်အတွက်လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံကိုအစိုးရပိုင်ထိုင်းစွမ်းအင်မဟာကုမ္ပဏီကြီးPTTနှင့်အတူတကွတည်ဆောက်ရန်ဦးစားပေးအဖြစ်အကောင်အထည်ဖော်မည်ဖြစ်ပြီးAmataအနေဖြင့်စုစုပေါင်းကုန်ကျစရိတ်သည်အမေရိကန်ဒေါ်လာ၁ဘီလျံအထိရှိမည်ဟုခန့်မှန်းရသည်။Sembcorpစီမံကိန်း၄၃၆ဟက်တာတွင်အကောင်အထည်ဖော်မည့်Sembcorpစီမံကိန်းအတွက်ဒေါ်လာသန်း၂၃၀ကုန်ကျမည်ဟုခန့်မှန်းရသော်လည်း၎င်း၏စတင်မည့်ရက်ကိုကြေညာခြင်းမရှိသေးပါ။ဗီယက်နမ်နိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်စက်မှုဥယျာဉ်များတည်ဆောက်နေသောSembcorpသည်စီမံကိန်းတွင်၆၇%ပိုင်ဆိုင်သည်။မြန်မာနိုင်ငံတွင်အကြီးဆုံးလူသုံးကုန်နှင့်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းCityHoldingsလက်အောက်ရှိလက်ကားအရောင်းလုပ်ငန်းကြီးPahtamaGroupက၁၈%ပိုင်ဆိုင်ပြီးMyanmarAgribusinessက၁၅%ပိုင်ဆိုင်သည်။ […]

ကိုဗစ်-၁၉မျိုးကွဲသစ်သည်ကလေးငယ်များအပေါ်ပိုမိုကူးစက်လွယ်သည့်အတွက်သိပ္ပံပညာရှင်များစိုးရိမ်ထိတ်လန့်နေ

December 22, 2020 ohkarlinn 0

Unicodeယနေ့အချိန်အထိနိုင်ငံပေါင်း၅နိုင်ငံမှာစတင်တွေ့ရှိနေရပြီဖြစ်တဲ့ယခင်ဗိုင်းရပ်စ်ထက်ကူးစက်နှုန်းအဆ၇၀မြန်ဆန်တဲ့ကိုဗစ်-၁၉မျိုးကွဲဗိုင်းရပ်စ်ဟာကလေးငယ်တွေအပေါ်ကိုပိုမိုကူးစက်လွယ်တာကြောင့်အထူးသတိပြုကြဖို့သိပ္ပံပညာရှင်တွေကသတိပေးလိုက်ပါပြီ။ဒါ့ကြောင့်လည်းကျွမ်းကျင်သူတွေဟာလူနာတွေနဲ့ကာကွယ်ဆေးတွေအပေါ်အကျိုးသက်ရောက်မှုကိုပိုမိုနားလည်နိုင်ဖို့ဗိုင်းရပ်စ်မူကွဲအသစ်ကိုအရေးပေါ်သုတေသနပြုနေကြပြီဖြစ်ပါတယ်။လန်ဒန်Imperialကောလိပ်မှပါမောက္ခNeilFergusonကအရှေ့တောင်ခြမ်းရှိကူးစက်ရောဂါဆိုင်ရာအချက်အလက်များအရမူကွဲအမျိုးအစားအသစ်ဟာအခြားမျိုးကွဲများထက်ကလေးသူငယ်များအကြားကူးစက်မှုနှုန်းမြင့်မာတယ်လို့ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။သူက“ကလေးတွေကိုရောဂါကူးစက်စေနိုင်တဲ့စွမ်းရည်ပိုမြင့်တဲ့အရိပ်အမြွက်ရှိတဲ့လက္ခဏာအချို့ကိုတွေ့နေရသလို၎င်းနဲ့ပတ်သက်တဲ့ကွဲပြားခြားနားမှုအချို့ကိုရှင်းပြကောင်းရှင်းပြနိုင်မှာဖြစ်ပေမယ့်လည်းဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းတွေကိုမတွေ့ရှိရသေးဘူးလို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။စီစဉ်ထားတဲ့ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ထိရောက်မှုရှိ၊မရှိဆက်လက်ဆုံးဖြတ်ရန်မူကွဲအသစ်အပေါ်သိပ္ပံပညာရှင်တွေအနေနဲ့ရှာဖွေလျက်ရှိနေကြပြီလည်းဖြစ်ပါတယ်။ […]