မြန်မာကကိုဗစ်ကူးစက်နှုန်း၂၀ရာခိုင်နှုန်းပိုမြန်နေကြောင်းထိုင်းပါမောက္ခပြော

December 11, 2020 ohkarlinn 0

Unicodeမြန်မာကကိုဗစ်ကူးစက်နှုန်း၂၀ရာခိုင်နှုန်းပိုမြန်နေကြောင်းထိုင်းပါမောက္ခပြောမြန်မာနိုင်ငံမှာလက်ရှိကူးစက်ပြန့်ပွားနေတဲ့ကိုဗစ်-၁၉အမျိုးအစားဟာတခြားနေရာတွေမှာဖြစ်နေတဲ့အမျိုးအစားနဲ့မတူတဲ့အပြင်ကူးစက်သူလူနာတွေကိုနောက်ကြောင်းပြန်လိုက်ဖို့ကောင်းမွန်တဲ့စနစ်ရှိမနေတာကြောင့်ရောဂါပိုးကူးစက်မြန်ဆန်နေတာလို့ထိုင်းနိုင်ငံ၊Mahidolတက္ကသိုလ်ဆေးပညာဌာနမှူးပါမောက္ခဒေါက်တာPrasitWatanapaကအင်္ဂါနေ့မှာပြောပါတယ်။ရောဂါပိုးကူးစက်ပြန့်ပွားနေတဲ့နေရာတွေကနေရွှေ့ပြောင်းသွားလာနေသူစုစုပေါင်းရဲ့၅၀%အောက်ကိုသာနောက်ကြောင်းလိုက်နိုင်တာမို့မြန်မာနိုင်ငံအတွင်းမှာရောဂါပိုးကူးစက်မှုဟာအဆ၂၀၀အထိဖြစ်ပေါ်နေတယ်လို့ဒေါက်တာWatanapaကပြောပါတယ်။မြန်မာနိုင်ငံမှာလက်ရှိကူးစက်ပြန့်နှံ့နေတဲ့ရောဂါပိုးအမျိုးအစားဟာကိုရိုနာဗိုင်းရပ်စ်ပထမဆုံးစတင်ဖြစ်ပေါ်ခဲ့တဲ့တရုတ်နိုင်ငံ၊ဝူဟန်မြို့မှာတွေ့ခဲ့တဲ့D614နဲ့လုံး၀မတူဘူးလို့ဆိုပါတယ်။မြန်မာနိုင်ငံမှာရောဂါပိုးစတင်တွေ့ရှိတဲ့မတ်လ၂၃ရက်နေ့ကစလို့တွေ့ရှိခဲ့တဲ့ရောဂါပိုးအမျိုးအစားတွေထဲမှာအနောက်နိုင်ငံမှာလက်ရှိကူးစက်ပြန့့်နှံ့နေတဲ့G614အမျိုးအစားတွေလည်းပါဝင်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒီရောဂါပိုးအမျိုးအစားဟာမူရင်းရောဂါပိုးထက်အဆ၂၀ကူးစက်မှုမြန်ဆန်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံအနေနဲ့AstraZenecaကထုတ်တဲ့ကာကွယ်ဆေးအလုံးရေ၂၆သန်းကိုဝယ်ဖို့အတွက်သဘောတူထားပြီးဖြစ်တဲ့အပြင်နိုင်ငံတွင်းမှာထုတ်ဖို့ကြိုးစားနေတဲ့ကာကွယ်ဆေးတွေလည်းရှိနေပါတယ်။ဒီအတောအတွင်းဗုဒ္ဓဟူးနေ့ကမြန်မာနိုင်ငံမှာရောဂါကူးစက်သူ၁,၄၂၇ဦးထပ်တိုးပြီးသေဆုံးသူက၂၃ဦးရှိခဲ့ကြောင်းကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ည၈နာရီထုတ်ပြန်ချက်မှာဖော်ပြထားတာကြောင့်သေဆုံးသူစုစုပေါင်း၂,၁၇၄ဦးနဲ့ရောဂါပိုးကူးစက်စုစုပေါင်း၁၀၃,၁၆၆ဦးရှိသွားပါပြီဖြစ်ပါတယ်။ […]

ဧဝရတ်တောင်ရဲ့အမြင့်တစ်မီတာနီးပါးလောက်ပိုမြင့်သွား

December 9, 2020 ohkarlinn 0

Unicodeဧဝရတ်တောင်ရဲ့အမြင့်တစ်မီတာနီးပါးလောက်ပိုမြင့်သွားဒီဇင်ဘာ-၉၊၂၀၂၀ဧဝရတ်တောင်ရဲ့အမြင့်ကိုပြောင်းလဲသတ်မှတ်ကြောင်းတရုတ်နဲ့နီပေါတို့ပူးတွဲပြီးကြေညာခဲ့ပါတယ်။သတ်မှတ်ချက်အသစ်အရဧဝရတ်တောင်ရဲ့အမြင့်ဟာအရင်ကတရားဝင်သတ်မှတ်ထားတာထက်တစ်မီတာနီးပါးလောက်ပိုမြင့်သွားပါတယ်။အရင်ကဧဝရတ်တောင်ရဲ့အမြင့်သတ်မှတ်ချက်နဲ့ပတ်သက်လို့တရုတ်နဲ့နီပေါကပညာရှင်တွေကြားမှာအငြင်းပွားမှုတွေရှိနေခဲ့ပါတယ်။တရုတ်ရဲ့သတ်မှတ်အမြင့်ကနီပေါဖက်ကတိုင်းတာထားတာထက်၄မီတာလောက်ပိုနိမ့်ပါတယ်။အခုညှိနှိုင်းအတည်ပြုလိုက်တဲ့သဘောတူညီမှုအသစ်အရဧဝရတ်တောင်ရဲ့အမြင့်ကို၈၈၄၈.၈၆မီတာအဖြစ်နှစ်ဖက်စလုံးကသဘောတူခဲ့ကြောင်းသိရပါတယ်။ပေနဲ့ဖော်ပြရင်တော့၂၉၀၃၂ပေလောက်မြင့်မားတဲ့သဘောပါ။ကမ္ဘာ့အမြင့်ဆုံးတောင်ကြီးဟာနီပေါနဲ့တရုတ်တို့နယ်စပ်မှာတည်ရှိနေပြီးနှစ်ဖက်စလုံးကနေတောင်တက်ကြတဲ့သူတွေရှိပါတယ်။နှစ်နိုင်ငံစလုံးကလည်းတောင်ရဲ့အမြင့်ကိုကိုယ်ပိုင်အယူအဆနဲ့တိုင်းတာပြီးကွဲလွဲမှုတွေရှိနေခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ကတရုတ်သမ္မတစီကျင်းပင်ဟာနီပေါရဲ့မြို့တော်ခန္တမန္ဒူကိုသွားရောက်လည်ပတ်ခဲ့တဲ့ခရီးစဉ်အတောအတွင်းတောင်အမြင့်ကိုနှစ်ဖက်ညှိနှိုင်းပြီးစံသတ်မှတ်ချက်တစ်ခုထားရှိဖို့ကတိပြုခဲ့ပါတယ်။တရုတ်ပညာရှင်တွေကတောင်အမြင့်ဟာအဓိကကျောက်သားထုကိုပဲတိုင်းတာသင့်တယ်လို့ဆိုပေမယ့်နီပေါကတော့အမြင့်ဆုံးချွန်ထွက်နေတဲ့အပိုင်းထိထည့်သွင်းတွက်ချက်သင့်တယ်လို့ယူဆခဲ့ပါတယ်။၂၀၁၅တုန်းကဟိမဝန္တာတောင်စဉ်တန်းတွေနဲ့ဆက်စပ်ဧရိယာတွေမှာရစ်ချ်တာစကေး၇.၈အဆင့်အင်အားပြင်းငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တာကလည်းဧဝရတ်တောင်ရဲ့အမြင့်ကိုအပြောင်းအလဲဖြစ်စေနိုင်ကြောင်းသုတေသီတွေကသုံးသပ်ထားကြပါတယ်။ […]

လူတယောက်သေရင်ဘာယူသွားနိုင်မှာလဲ?”(ပရဟိတမင်းသားကြီးဦးကျော်သူ“ရှော့”ရသွားတဲ့နာရေးတခု”

December 9, 2020 ohkarlinn 0

Zawgyi“လူတယောက်သေရင်ဘာယူသွားနိုင်မှာလဲ?”(ပရဟိတမင်းသားကြီးဦးကျော်သူ“ရှော့”ရသွားတဲ့နာရေးတခု”)ကျွန်တော်”ရှော့”ဖြစ်သွားတဲ့နာကူလမ်းကြောင်းတစ်ခုယနေ့ပုံမှန်အတိုင်းလူမျိုးဘာသာ၊ဆင်းရဲချမ်းသာမရွေးနာရေးကူညီမှုလုပ်ငန်းအားတစ်သားထဲကူညီဖေးမပြုလုပ်ခဲ့ရာတောင်ဥက်ကလာ(၆)ရပ်ကွက်နေဘဘဦးစိုးမောင်အသက်(၉၀)နှစ်၏ကျန်ရစ်သောရုပ်ခန္ဓာအားရေဝေးသုဿန်သို့သယ်ဆောင်ပေးခဲ့ပါသည်။ရေဝေးရောက်သောအခါကာယကံရှင်များ၏ဆန္ဒအရမီးသင်္ဂြိုလ်မှုမပြုခင်နောက်ဆုံးအကြိမ်အဖြစ်ကွယ်လွန်သူ၏ရုပ်ခန္ဓာအားကြည့်ရှုလိုသဖြင့်မှန်အခေါင်းအဖုံးအားလှပ်ပြစဉ်ကာယကံရှင်မိသားစုမှအဘဦးစိုးမောင်၏ရင်ခွင်လက်ထဲတွင်ရှိနေသောအထုတ်တစ်ထုတ်အားဖွင့်၍ကျွန်တော့်အားလှပ်ပြသော်နာရေးကူညီမှုအသင်း(ရန်ကုန်)သို့နှစ်ပေါင်း(၁၀)နှစ်ကျော်ခန့်ကစတင်၍လှူဒါန်းမှုပြုထားသောဂုဏ်ပြုကဒ်ပြားများ၊မှတ်တမ်းဓါတ်ပုံများဖြစ်နေတော့သည်။ဤတွင်ကျွန်တော်မှ“အော်လူတွေသေဆုံးကြရင်ပိုင်ဆိုင်မှုတွေဖြစ်တဲ့တိုက်၊အိမ်၊ကား၊ပိုက်ဆံ၊မိသားစု၊သားသမီး၊ဇနီး၊အပေါင်းအသင်းမှန်သမျှအားလုံးကိုထားခဲ့ရတာ။ဘဘကတော့ပိုင်ဆိုင်မှုအစစ်တွေကိုအပါယူသွားနိုင်ခဲ့ပြီ”ဟုပြောမိပါတော့သည်။ဘဘဦးစိုးမောင်၏ကျန်ရစ်သောခန္ဓာကိုယ်နှင့်အတူဘဘ၏လှူဒါန်းမှုမှတ်တမ်းဂုဏ်ပြုကဒ်များသည်လည်းမီးတောက်မီးလျှံများအတွင်းလောင်မြိုက်ကာရေဝေးခေါင်းတိုင်မှမီးခိုးငွေ့များ၊ပြာမှုန်များအဖြစ်ပါသွားရှာလေပြီ။သို့သော်သေရင်မီးခိုးနဲ့ပြာ။ပါသွားမှာကကုသိုလ်နဲ့အကုသိုလ်ဟူသောစကားအတိုင်းဘဘဦးစိုးမောင်တစ်ယောက်မြင့်မြတ်သောဘုံဗိမ္မာန်မှမိမိတို့နေ့စဉ်ပြုခဲ့သမျှကုသိုလ်အစုစုကိုသာဓုသာဓုသာဓုဟုခေါ်ဆိုနေမည်မှာမုချဧကန်မလွဲပေ။ဘဘဦးစိုးမောင်တစ်ယောက်ပိုင်ဆိုင်မှုအစစ်တွေကိုအမိအရယူသွားရှာခဲ့လေပြီ။ […]

အမေဆိုတာရှိသေးရင်အချိန်မရလည်း၅မိနစ်စာလေးမို့ဝင်ဖတ်သွားစေချင်ချစ်ပရိသတ်ကြီးရေ

December 9, 2020 ohkarlinn 0

Unicodeအမေဆိုတာရှိသေးရင်အချိန်မရလည်း၅မိနစ်စာလေးမို့ဝင်ဖတ်သွားစေချင်ချစ်ပရိသတ်ကြီးရေဒီနေ့လေးမှာပြောပြသွားမယ့်အကြောင့်အရာလေးကတော့အမေဆိုတာရှိသေးရင်အမေ့ဆီတစ်ခါလောက်လေးသွားဖို့နှိုးဆော်ပေးတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ငွေကြေးချမ်းသာတဲ့ကောင်လေးတစ်ယောက်ဟာအမေနဲ့ခွဲပြီးမြို့ပေါ်မှာအလုပ်လုပ်ကိုင်နေရှာတယ်။အစကတော့ကောင်လေးတို့သားအမိလေးဟာအလွန်ဆင်းရဲလွန်းလို့ကောင်လေးကသူ့အမေလည်းအသက်ကြီးပြီဖြစ်တဲ့အတွက်မြို့ပေါ်တက်အလုပ်လုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်တယ်။သူချမ်းသာတဲ့အခါသူ့အမေကိုမြို့ပေါ်ခေါ်အတူတူနေကြမယ်ဆိုတဲ့စိတ်ကူးလေးနဲ့ပေါ့။ဒါနဲ့ပဲနှစ်အတော်ကြာတော့ကောင်လေးဟာအလုပ်ကိုင်အဆင်ပြေလာပြီးငွေကြေးချမ်းသာလာခဲ့တယ်။သူ့စိတ်ကူးထဲကလိုသူ့အမေနဲ့မြို့ပေါ်အတူတူနေချင်ပေမယ့်အလုပ်တွေလည်းအရမ်းများလွန်းလို့မိခင်ဖြစ်သူကိုသွားမတွေ့ဖြစ်ခဲ့တာဟာလည်းသူမြို့ပေါ်စပြီးတက်သွားကတည်းကပါပဲ။အခုဆိုသူ့အမေလည်းဇရာအိုပြီးအသက်တွေကြီးလောက်ရောပေါ့။ဒါနဲ့ပဲတစ်နေ့မှာတော့သူ့အမေကိုအရမ်းသတိရနေတဲ့အတွက်သူ့အမေရဲ့မွေးနေ့လည်းဖြစ်နေတော့သူချစ်ရတဲ့သူ့အမေအတွက်သူကိုယ်တိုင်ပန်းဝယ်ဖို့ပန်းရောင်းတဲ့ဆိုင်ကိုရောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ကားပေါ်ကဆင်းဆင်းချင်းလေးမှာပဲလမ်းရဲ့ဒေါင့်နဘေးလေးမှာထိုင်ငိုနေတဲ့ကလေးမလေးတစ်ယောက်ကိုတွေ့လိုက်လို့ကောင်လေးကသိချင်စိတ်နဲ့ဘာဖြစ်လို့ငိုနေတာလဲလို့မေးကြည့်လိုက်တယ်။ကလေးမလေးကလည်းကောင်လေးကိုမော့ကြည့်ရင်းမျက်ရည်တွေသုတ်လျက်နဲ့ပြန်ဖြေရှာတယ်။ကလေးမလေးကလည်းသူ့အမေအတွက်သူကိုယ်တိုင်ပန်းဝယ်ပေးချင်တာပိုက်ဆံမလောက်လို့ပါလို့ပြန်ပြောတယ်။ဒါနဲ့ပဲကောင်လေးကခုနကငိုနေတဲ့ကလေးမလေးကိုနှင်းဆီပန်းတစ်ပွင့်ဝယ်ပေးမယ်၊ဆိုင်ထဲကိုလိုက်လာခဲ့လို့ပြောလိုက်တယ်။ကလေးမလေးကလည်းဆိုင်ထဲကိုကောင်လေးနဲ့အတူလိုက်လာတယ်။ကြိုက်တဲ့နှင်းဆီပန်းတစ်ပွင့်ရွေးယူလိုက်ဆိုတာနဲ့ကလေးမလေးကသူ့မျက်စိထဲအလှဆုံးပန်းလို့ထင်တဲ့နှင်းဆီပန်းအနီတစ်ပွင့်ကိုယူလိုက်တယ်။ကောင်လေးကလည်းပန်းတစ်ချို့ဝယ်ပြီးသူ့အမေဆီကိုပါဆယ်နဲ့ပို့့ခိုင်းလိုက်တယ်။သူဝယ်ထားတဲ့ပန်းတွေနဲ့ကလေးမလေးယူလိုက်တဲ့နှင်းဆီပန်းဖိုးကျသင့်ငွေကိုပေါင်းရှင်းပြီးဆိုင်ထဲကထွက်လာခဲ့ကြတယ်။နေ့လည်ခင်းပိုင်းမလို့နေကလည်းအတော်ပူနေတာရှာတာနဲ့ကလေးမလေးကိုဘယ်သွားမှာလဲမေးကြည့်လိုက်တဲ့အခါအမေ့ဆီသွားချင်လို့လို့ပြန်ဖြေတယ်။ဒါနဲ့ပဲကောင်လေးကကားနဲ့လိုက်ပို့ပေးမယ်ပြောလိုက်တယ်။ကလေးမလေးကလည်းသူ့အမေကိုအရမ်းတွေ့ချင်နေတာဖြစ်တဲ့အတွက်လိုက်လာခဲ့တယ်။ကောင်လေးကလည်းကလေးမလေးကိုမင်းအမေရှိတဲ့နေရာကဘယ်မှာလဲလို့မေးလိုက်တော့ကလေးမလေးကမြို့အစွန်ကသင်္ချိုင်းတစ်ခုကိုပို့ပေးပါလို့ပြောခဲ့တယ်။သင်္ချိုင်းရောက်တာနဲ့အတူကလေးမလေးဟာကားပေါ်ကပြေးဆင်းပြီးသူ့အမေရဲ့အသစ်စက်စက်အုတ်ဂူဖြူဖြူလေးပေါ်မှာကောင်လေးဝယ်ထားပေးတဲ့နှင်းဆီပန်းလေးကိုအသာတင်လိုက်ပြီးငိုချလိုက်တော့တယ်။ကောင်လေးကလည်းရုတ်တရက်ဆိုသလိုချက်ချင်းပဲကားပေါ်တက်ပြီးပန်းဆိုင်ကိုအပြေးလေးမောင်းပြီးအမြန်ပြန်သွားတယ်။ပန်းဆိုင်မှာစောနကပါဆယ်ပို့ခိုင်းထားတဲ့ပန်းစည်းလေးတွေကိုပြန်ယူပြီးခပ်သွက်သွက်လေးကားမောင်းထွက်သွားတော့တယ်။မိုင်၂၀၀အကွာမှာတစ်ယောက်တည်းနေနေရှာတဲ့ဇရာအိုနေတဲ့သူ့အမေဆီကိုပါ။ကောင်လေးကဘာကြောင့်စိတ်ပြောင်းပြီးသူ့အမေဆီကိုသူကိုယ်တိုင်ကားမောင်းပြီးပြန်သွားရတာလဲ။ကလေးမလေးရဲ့အမေဆုံးသွားတာကိုမြင်ပြီးသူ့အမေမသေခင်လေးမှာပြုစုစောင့်ရှောက်ပြီးတွေ့ချင်တာလား။ဒါမှမဟုတ်ကလေးမလေးရဲ့အပြုအမူဟာသူ့ကိုဘာခံစားချက်ဖြစ်သွားစေသလဲ။သူ့အမေနဲ့အတူတူမနေပဲမိုင်ပေါင်းများစွာဝေးနေတဲ့နေရာမှာခွဲနေကြရတာဟာဘာကြောင့်လဲ။သူ့အမေအသက်ကြီးပြီလား။ဘယ်သူကစောင့်ရှောက်ထားလဲ။အမေ့ကိုပစ်ထားမိသလိုများဖြစ်နေပြီလား။တကယ်လို့သူဟာကလေးမလေးနဲ့မတွေ့ခဲ့ရင်သူ့အမေဆီကိုရောသွားဖြစ်ပါ့မလား။စတဲ့အတွေးပေါင်းစုံပေါ်လာစေတဲ့စာတိုလေးမို့ရသစာတစ်ပုဒ်လို့တင်စားခေါ်ချင်ပါတယ်။ဖတ်ရှု့အားပေးခဲ့ကြတဲ့ချစ်ပရိသတ်ကြီးလည်းကွန်မန့်မှာမှတ်ချက်လေးတွေရေးပေးခဲ့ကြပါဦးနော်။ဘာပဲဖြစ်ဖြစ်အမေရှိနေသေးတဲ့သူတိုင်းကိုအမေ့ကိုသတိရစေအောင်နိူးဆွပေးလိုက်တဲ့စာကောင်းလေးပါ။ယခုဖတ်ရှု့နေတဲ့ပရိသတ်ကြီးမှာလည်းမိခင်နဲ့မိဘရှိသေးရင်ကိုယ်ကသတိမထားမိတဲ့အချိန်တွေအလုပ်တွေများလို့ဖုန်းတစ်ချက်မခေါ်မိတဲ့အချိန်တွေဟာကိုယ့်ကိုအသက်ပေးပြီးမွေးထားပေးတဲ့မိခင်နဲ့ဘဝပေးပြီးကျွေးထားခဲ့တဲ့ဖခင်တို့ကိုပစ်ထားမိသလိုများဖြစ်နေပြီလား။ပြန်စဉ်းစားဖို့လိုအပ်လာပါပြီ။ဒီလိုကိုဗစ်ကာလမှာဆိုပိုဆိုးပါတယ်။အိမ်နဲ့ဝေးနေတဲ့သားသမီးတွေကိုမိဘတွေဘယ်လောက်စိတ်ပူနေမလဲ။ဇရာအိုနေတဲ့မိဘတွေလုပ်ကိုင်စားရတာအဆင်မှပြေရဲ့လား။စသဖြင့်မိခင်နဲ့ဖခင်ကိုလွမ်းနေတဲ့သူမှရေးသားတင်ဆက်ပေးလိုက်ပါတယ်နော်။အိမ်နဲ့ဝေးနေတဲ့သူတိုင်းသားသမီးတွေကိုမျှော်နေတဲ့မိဘတွေကိုဖုန်းတစ်ချက်ဆက်ဖို့မမေ့ကြဖို့တိုက်တွန်းပါရစေနော်။သားသမီးတွေကျေးဇူးဆပ်ခွင့်ရတယ်ဆိုတာကလည်းမိဘတွေသက်ရှိထင်ရှားရှိနေသေးလို့ပါပဲ။ဒါကြောင့်မိဘတိုင်းကိုသားသမီးတိုင်းကတန်ဖိုးထားကြပါစေ။အချိန်ပေးပြီးဖတ်ရှု့အားပေးခဲ့ကြတဲ့ချစ်ပရိသတ်ကြီးလည်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးသာယာပျော်ရွှင်တဲ့နေ့ရက်လေးမှာမိသားစုနဲ့အတူတူပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။Source:ဗန်းမော်သိန်းဖေ […]