မြန်မာ့အရေးကုလဆုံးဖြတ်ချက်ရုရှားနဲ့တရုတ်ကန့်ကွက်

January 4, 2021 ohkarlinn 0

Unicodeမြန်မာ့အရေးကုလဆုံးဖြတ်ချက်ရုရှားနဲ့တရုတ်ကန့်ကွက်ရိုဟင်ဂျာမွတ်စလင်တွေနဲ့တခြားလူနည်းစုတိုင်းရင်းသားတွေအပေါ်မှာမြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂမှာတင်သွင်းခဲ့တဲ့ဆုံးဖြတ်ချက်မူကြမ်းကိုတရုတ်နဲ့ရုရှားနိုင်ငံတွေကကန့်ကွက်လိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာအဲဒီဆုံးဖြတ်ချက်မူကြမ်းကိုပြီးခဲ့တဲ့ကြာသပတေးနေ့ကမဲခွဲခဲ့ကြပြီးတော့ဘင်္ဂလားဒေ့ရှ်အပါအဝင်နိုင်ငံပေါင်း၁၃၀ကထောက်ခံပြီး၉နိုင်ငံကကန့်ကွက်ခဲ့ကြတာပါ။ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီမှာတင်သွင်းတဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ချက်ကို၇၅ကြိမ်မြောက်အထွေထွေညီလာခံရဲ့၄၈ကြိမ်မြောက်အစည်းအဝေးမှာမဲခွဲဆုံးဖြတ်ပြီးအတည်ပြုခဲ့ပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံတွေအပြင်ဘယ်လာရုစ်၊ကမ္ဘောဒီးယား၊လာအို၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ဇင်ဘာဘွေနဲ့မြန်မာနိုင်ငံတွေကဒီဆုံးဖြတ်ချက်မူကြမ်းကိုကန့်ကွက်ခဲ့ကြပါတယ်။အိန္ဒိယ၊ဂျပန်၊သီရိလင်္ကာနဲ့စင်ကာပူအပါအဝင်နိုင်ငံပေါင်း၂၆နိုင်ငံကမဲမပေးဘဲနေခဲ့ကြပါတယ်။မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)နဲ့ဥရောပသမဂ္ဂ(EU)တို့ကပူးတွဲကမကထလုပ်တင်သွင်းတဲ့ဒီဆုံးဖြတ်ချက်ဟာမမှန်မကန်ဖော်ပြပြီးတော့နိုင်ငံရေးသဘောတွေပါဝင်နေတယ်လို့ပြောပြီးပယ်ချလိုက်ပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ဒီဆုံးဖြတ်ချက်ကိုမဲခွဲဖို့နဲ့ကန့်ကွက်မဲပေးကြဖို့တောင်းဆိုခဲ့ပါတယ်။အခုလိုမဲပေးတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ကတော့အဲဒီလိုလုပ်ဖို့ကြိုးပမ်းနေမှုမှန်သမျှဟာလူ့အခွင့်အရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးကုလသမဂ္ဂရဲ့ယန္တရားအလွဲသုံးစားလုပ်တာလို့သတ်မှတ်သွားမှာဖြစ်ကြောင်းပြောပါတယ်။တရုတ်နိုင်ငံကတော့ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီးအဖြေရှာနိုင်ဖို့အတွက်မြန်မာအစိုးရနဲ့ရောဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပါ၃နိုင်ငံဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။၂၀၁၇ခုနှစ်သြဂုတ်လရခိုင်ပြည်နယ်ထဲမှာမြန်မာစစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်ရာကနေအဲဒီမှာရှိတဲ့ရိုဟင်ဂျာတွေသိန်းနဲ့ချီပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာအစိုးရဘက်ကတော့ဒုက္ခသည်တွေကိုပြန်လက်ခံဖို့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့၂နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးထားပြီးတော့ဒုက္ခသည်တွေကိုစိစစ်လက်ခံနေပေမယ့်ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့အသိအမှတ်ပြုထားခြင်းမရှိပါဘူး။VOA […]