အိမ်ထောင်တည်မြဲရခြင်းလျှို့ဝှက်ချက်ကို မျှဝေခဲ့တဲ့ ဇနီး ၂ယောက် နဲ့ ကလေး ၉ယောက်တို့ရဲ့ဖခင်

December 22, 2020 ohkarlinn 0

Unicodeအိမ်ထောင်တည်မြဲရခြင်းလျှို့ဝှက်ချက်ကိုမျှဝေခဲ့တဲ့ဇနီး၂ယောက်နဲ့ကလေး၉ယောက်ထိုင်းနိုင်ငံရှိManopNuttayothinအမည်ရှိအသက်၄၂နှစ်အရွယ်အမျိုးသားတစ်ဦးဟာလှပတဲ့ဇနီးနှစ်ယောက်နှင့်အတူသံယောဇဉ်နှောင်ဖွဲ့ခဲ့ပါတယ်။အသက်၃၂နှစ်အရွယ်WarissaraPoksrichanအမည်ရှိဇနီးဖြစ်သူတစ်ဦးကValentineDayမှာသူတို့ရဲ့ဓာတ်ပုံတွေကိုမျှဝေခဲ့ပြီးနောက်socialmediaမှာအိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။”ကျွန်မယောက်ျားမှာမိန်းမနှစ်ယောက်ရှိတယ်”လို့NuttayothinကCaptionမှာဂုဏ်ယူစွာရေးသားခဲ့ပါတယ်။TVအစီအစဉ်တစ်ခုမှာNuttayothinနဲ့ဇနီး၂ယောက်နဲ့သားသမီး၉ယောက်တို့ဟာသူတို့ရဲ့လျှို့ဝှက်ချက်တွေကိုဝေမျှခဲ့ကြပြီးလက်ထပ်ခြင်းကိုရေရှည်ထိန်းသိမ်းတတ်ဖို့အကြံဥာဏ်များစွာပေးခဲ့ကြပါတယ်။ခင်ပွန်းဖြစ်သူရဲ့အဆိုအရသူ့မှာဇနီးသုံးဦးရှိပြီးသူချစ်ခင်ရတဲ့ပထမဇနီးကကလေးသုံးယောက်မွေးဖွားပြီးနောက်သေဆုံးသွားခဲ့တာပါ။ထို့နောက်Nuttayothinနှင့်ဇနီးPoksrichanတို့ဟာအတူတကွနှစ်အနည်းငယ်နေထိုင်ခဲ့ကြပြီးNattayaTongpanအမည်ရှိ၂၆နှစ်အရွယ်နောက်ဇနီးကသူတို့နှင့်အတူတကွပေါင်းသင်းနေထိုင်ခဲ့ပါတယ်။Nuttayothinဟာဇနီးသုံးယောက်စီကနေကလေးသုံးယောက်စီရရှိခဲ့ပြီးလက်ရှိဇနီးနှစ်ယောက်စလုံးကသူ့ရဲ့စီးပွါးရေးလုပ်ငန်းကိုကူညီပေးနေကြပါတယ်။ဇနီးနှစ်ယောက်စလုံးကသူတို့ရဲ့အလုပ်အတွက်ပုံမှန်လစာရကြပေမဲ့လည်းငွေကသူတို့ရဲ့အချစ်အတွက်အခြေခံမဟုတ်ကြောင်းအခိုင်အမာပြောဆိုခဲ့ကြပါတယ်။Poksrichanကသူမအိမ်မက်ကသူမရဲ့ခင်ပွန်း၊Nattayaနှင့်သူတို့ကလေးကိုးယောက်နှင့်အတူအိမ်ကြီးကြီးတစ်လုံးဆောက်လုပ်ပြီးအတူတူနေဖို့ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက်အဓိကလျှို့ဝှက်ချက်ကပဋိပက္ခတွေစတင်ဖြစ်ပွါးတာနှင့်တစ်ပြိုင်တည်းအမြန်ဆုံးဖြေရှင်းတတ်ကြတာပါဘဲလို့ခင်ပွန်းဖြစ်သူကဆိုခဲ့ပြီး”တစ်ခါတစ်ရံမှာဖြစ်တတ်ပါတယ်၊ငါကတစ်ယောက်တည်းကိုပိုကောင်းအောင်ဆက်ဆံပြီးနောက်ဇနီးတစ်ယောက်ကိုလျစ်လျူရှုမိလိုက်တဲ့အခါမှာပဋိပက္ခတွေဖြစ်သွားတတ်တယ်၊နောက်ပိုင်းငါနားလည်လာတော့နှစ်ယောက်စလုံးကိုညီတူညီမျှဆက်ဆံပေးတတ်လာတယ်၊ငါတို့ကစိတ်ချင်းအတူတူပါပဲ၊ငါတို့ပြောချင်တဲ့စကားတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကြတယ်၊အဲဒီအချက်ကအကောင်းဆုံးပါပဲ”လို့ဆိုထားခဲ့ပါသေးတယ်။ […]

အလုပ်အကိုင်အခွင့်အလမ်း၁သိန်းနီးပါးရရှိမည့်ကိုရီးယား-မြန်မာစက်မှုဥယျာဉ်မြို့တော်အကောင်အထည်ဖော်မည့်ရက်ကိုမြန်မာအစိုးရတရားဝင်ကြေညာ

December 20, 2020 ohkarlinn 0

Unicodeအလုပ်အကိုင်အခွင့်အလမ်း၁သိန်းနီးပါးရရှိမည့်ကိုရီးယား-မြန်မာစက်မှုဥယျာဉ်မြို့တော်အကောင်အထည်ဖော်မည့်ရက်ကိုမြန်မာအစိုးရတရားဝင်ကြေညာ၊ကိုဗစ်ကာလထဲစတင်သည့်ပြည်ပရင်းနှီးမြှပ်နှံမှုအကြီးမားဆုံးစီမံကိန်းတစ်ခုဖြစ်အလုပ်အကိုင်အခွင့်အလမ်း၁သိန်းနီးပါးရရှိမည့်ကိုရီးယား-မြန်မာစက်မှုဥယျာဉ်မြို့တော်အကောင်အထည်စေဖာ်မည့်ရက်ကိုဒီဇင်ဘာ၂၄ရက်နေ့ဟုမြန်မာအစိုးရကယနေ့တွင်တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။ယနေ့ကျင်းပသောUMFCCI၏၂၉ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းကထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။“ပထမဆုံးစီမံကိန်းအဖြစ်Korea-MyanmarIndustrialComplex(KMIC)ကိုဒီဇင်ဘာလ၂၄ရက်နေ့မှာစတင်တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။အဲဒီနောက်ထိုင်းနိုင်ငံမှAMATASmartandEcoCityနဲ့မြန်မာနဲ့စင်္ကာပူတို့ဖက်စပ်ဆောင်ရွက်မယ့်MyanmarSingaporeIndustrialParkကိုဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်”ဟုဝန်ကြီးကပြောသည်။ကိုဗစ်ကာလထဲအကောင်အထည်ဖော်မည့်ပမာဏကြီးမားသောပထမဦးဆုံးစီမံကိန်းတစ်ခုဖြစ်ပြီးစီမံကိန်းသည်ရန်ကုန်တိုင်းဒေသကြီးလှည်းကူးညောင်နှစ်ပင်ရှိမြေဧက၆၀၀နီးပါးပေါ်တွင်တည်ရှိသည်။စက်ရုံ၊အလုပ်ရုံများ၊လူနေအိမ်နှင့်ရုံးခန်းများပါစီမံကိန်းထဲပါဝင်သည်ဟုသိရသည်။ဒီဇင်ဘာ၁၀ရက်နေ့ကလည်းကိုရီးယား-မြန်မာ-စက်မှုဥယျာဉ်မြို့တော်(လှည်းကူး)အကောင်အထည်ဖော်မည့်ကိုရီးယားအခြေစိုက်KoreaLand&HousingCorporationကိုမြန်မာကအသိအမှတ်ပြုဆုတံ […]

ကိုယ်ချင်းစာတရားကျင့်သုံးပါကအောင်မြင်မည်ဟုတပ်ချုပ်ကိုအိန္ဒိယငြိမ်းချမ်းရေးသံတမန်ကြီးအကြံပြု

December 20, 2020 ohkarlinn 0

Unicodeကိုယ်ချင်းစာတရားခိုင်ခိုင်မာမာဖြင့်ကျင့်သုံးပါကအောင်မြင်မည်ဟုတပ်ချုပ်ကိုအိန္ဒိယငြိမ်းချမ်းရေးသံတမန်ကြီးအကြံပြုရန်ကုန်၊ဒီဇင်ဘာ၁၇စိန်ခေါ်မှုတွေကိုရင်ဆိုင်ရာမှာမိမိတို့ကျင့်သုံးတဲ့နည်းလမ်းတွေကိုကိုယ်ချင်းစာတရားလက်ကိုင်ထားပြီးခိုင်ခိုင်မာမာနဲ့ကျင့်သုံးဆောင်ရွက်ပါကအောင်မြင်မယ်လို့အိန္ဒိယနိုင်ငံကလူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့်ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်တဲ့SriSriRaviShankarကအကြုံပြုပြောကြားပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အိန္ဒိယနိုင်ငံကလူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့်ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်တဲ့SriSriRaviShankarနဲ့VirtualMeetingတွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့တာပါ။ဒါ့အပြင်SriSriRaviShankarကခေါင်းဆောင်တစ်ဦးအဖြစ်ဆောင်ရွက်ရာမှာအရည်အသွေးများစွာလိုအပ်တဲ့အခြေအနေများ၊ပဋိပက္ခများကိုဖြေရှင်းဆောင်ရွက်ရာတွင်အချင်းချင်းတစ်ဦးနှင့်တစ်ဦးနီးကပ်စွာဆက်ဆံပြီးနားလည်မှုရှိစွာနဲ့နေထိုင်ပြောဆိုလုပ်ကိုင်ကြရန်လိုအပ်တဲ့အခြေအနေများ၊မိမိတို့ရဲ့ဘဝကိုဖြတ်သန်းရာမှာတစ်ဦးနှင့်တစ်ဦးနားလည်စွာနဲ့ဖြတ်သန်းဖို့လိုပြီးအမြင်မတူတဲ့လူများကြားမှာကောင်းမွန်တဲ့အကြောင်းအရာများ၊ဖြစ်စဉ်တွေနဲ့ကောင်းမွန်တဲ့အနာဂတ်တို့ကိုမျိုးဆက်သစ်တွေဆီကိုလက်ဆင့်ကမ်းပေးနိုင်ရေးဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ဆိုပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကယခုကဲ့သို့အဖိုးတန်သည့်စကားများကြားသိရသဖြင့်ဝမ်းသာမိပါကြောင်းနှင့်မိမိတို့နိုင်ငံအနေဖြင့်ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီးထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊အတိတ်တွင်ဖြစ်ခဲ့သည်များကိုအပြစ်တင်နေ၍ရမည်မဟုတ်ဘဲဖြစ်ခဲ့သည်များကိုသင်ခန်းစာယူ၍ပစ္စုပ္ပန်တွင်ရှိနေကြသူများကအနာဂတ်ကိုကောင်းအောင်ဖန်တီးကြရမည်ဖြစ်ပါကြောင်း၊မိမိတို့နှစ်နိုင်ငံအနေဖြင့်သမိုင်းကြောင်းအရ၊ယဉ်ကျေးမှုထုံးတမ်းစဉ်လာများအရများစွာတူညီမှုရှိပြီးယခုထက်ပိုမိုကောင်းမွန်အကျိုးရှိသည့်ဆက်ဆံမှုများကိုဖော်ဆောင်နိုင်မည်ဟုယုံကြည်ပါကြောင်း၊SriSriRaviShankar၏အကြံပေးပြောကြားချက်များသည်လည်းမိမိတို့ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက်များစွာအကျိုးပြုမည်ဟုယုံကြည်ပါကြောင်း၊ငြိမ်းချမ်းရေးရရှိရေးအတွက်မိမိအနေဖြင့်ပြင်းပြသည့်စိတ်ဆန္ဒဖြင့်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊SriSriRaviShankarအနေဖြင့်မိမိတို့နိုင်ငံသို့အလည်အပတ်လာရောက်ရန်ဖိတ်ခေါ်အပ်ပါကြောင်းဖြင့်ပြန်လည်ဆွေးနွေးပြောကြားခဲ့တယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ချက်အရသိရပါတယ်။ငြိမ်းချမ်းရေးသံတမန်ကြီးSriSriRaviShankarကအိမ်နီးချင်းနိုင်ငံများ၊ကမ္ဘာ့နိုင်ငံတွေရဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နေတဲ့အခြေအနေတွေကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဆွေးနွေးခဲ့ကြပါတယ်။အိုင်းရစ်ရေးသားသည်။(ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့) […]

ပိတ်နေတဲ့လာဘ်ပွင့်စေတဲ့“ရှင်သီဝလိလာဘ်ပွင့်ဂါထာ

December 18, 2020 ohkarlinn 0

Unicodeပိတ်နေတဲ့လာဘ်ပွင့်စေတဲ့“ရှင်သီဝလိလာဘ်ပွင့်ဂါထာငွေကြေးဥစ္စာတွေမဝင်ဘဲလာဘ်လာဘတွေပိတ်နေသူတွေအတွက်တကယ်စွမ်းတဲ့လာဘ်ပွင့်ဂါထာတစ်ပုဒ်မျှဝေပေးချင်ပါတယ်ဒီထဲကအတိုင်းလိုက်ပါလုပ်ဆောင်ရင်းဂါထာတော်ကိုရွတ်ပေးမယ်ဆိုရင်လာဘ်တွေပိတ်နေတာတွေပွင့်ပြီးလာဘ်ပွင့်ငွေဝင်လာပါလိမ့်မယ်လို့ဆိုပါတယ်ပထမဆုံးလုပ်ရမဲ့နည်းကတော့ဖယောင်းတိုင်တစ်တိုင်ကိုသနချေသိဒ္ဓိတင်ဂုဏ်တော်ရွတ်ဖတ်ပြီးပါကရှင်သီဝလိဂါထာကိုဖယောင်းတိုင်မှာဖယောင်းတိုင်အခြေကနေစရေးပါထို့နောက်ရှင်သီဝလိကိုယ်တော်ကြီးကိုဆွမ်းအဖြူတစ်ပွဲကိုဆီဆမ်းငှက်ပျောသီးတစ်လုံးအခွံနွှာသကြားဖြူးပြီး…ရှင်သီဝလိဂါထာရေးထားသောဖယောင်းတိုင်ကိုပုဂံသန့်သန့်တစ်ချပ်ထဲမှာထွန်းပါထိုဆွမ်းငှက်ပျောပွဲဂါထာဖယောင်းတိုင်ကိုဘုရားကျောင်းဆောင်ဘေးတွင်ရှင်သီဝလိကိုယ်တော်ကိုရည်မှန်းကပ်လှူ၍တောင်းဆုပြုပါဖယောင်းတိုင်တွင်ရေးရမဲ့ရှင်သီဝလိဂါထာကတော့သီဝလိစမဟာထေရော၊ဒေဝမနုဿပူဇိတော၊သောရဟောပစ္စယာဒိနံ၊မဟာလာဘံကာရောတုမေ။ထိုဂါထာအားဖယောင်းတိုင်အခြေမှစ၍အချွန်တစ်ခုခုဖြင့်ရေးပါ။သန့်သောအချွန်ဖြစ်ပါစေ။အချွန်လည်းသနချေသိဒ္ဓိတင်ဂုဏ်တော်ရွတ်ပါ။သနချေရန်။။ဥုံသနသနမဟာသနသနအပေါင်းထောင်းထောင်းညက်ကြေစရာကြေ၇အုပ်ရွတ်ပါ။သိဒ္ဓိတင်ရန်။။ဥုံသိဒ္ဓိသိဒ္ဓိမဟာသိဒ္ဓိသိဒ္ဓိအပေါင်းထောင်းထောင်းထက်ဆရာထက်။၇အုပ်ရွတ်ပါ။ဂုဏ်တော်ရွတ်ပါ၉ခေါက်ထို့နောက်ရှင်သီဝလိကိုယ်တော်ကြီးကိုအထက်ပါပစ္စည်းများကပ်လှူပါရှင်သီဝလိဂါထာကို၂၇ခေါက်ရွတ်ဖတ်ပူဇော်ပါပရိသတ်ကြီးတို့လည်းလာဘ်တွေပိတ်နေတယ်ဆိုရင်စမ်းကြည့်လိုက်ပါယုံယုံကြည်ကြည်နဲ့လုပ်မယ်ဆိုအကျိုးထူးမှာပါပရိသတ်ကြီးတို့လာဘ်ပိတ်နေသူတွေရှိရင်ရွတ်ဖတ်နိုင်အောင်လို့ပြန်လည်မျှဝေလိုက်ပါတယ်နော်Source:ပန်းမခူးတဲ့ဥယျာဉ်မှူ […]

ဂရိတ်ဗြိတိန်အင်္ဂလန်နဲ့ယူကေဘာကွာသလဲ

December 16, 2020 ohkarlinn 0

Unicodeအင်္ဂလန်၊ဂရိတ်ဗြိတိန်နဲ့ယူကေဘာကွာသလဲအင်္ဂလိပ်ဗြိတိသျှတို့အကြောင်းကိုဖော်ပြရာမှာဒီအမည်တွေကိုမကြာခဏမြင်ဖူးကြပါလိမ့်မယ်။ဒီအခေါ်အဝေါ်တွေအကြောင်းကိုတော်တော်များများသိကြပြီးဖြစ်ပေမယ့်ကွဲကွဲပြားပြားမသိသေးတဲ့မိတ်ဆွေများအတွက်ဗဟုသုတအနေနဲ့ဝေမျှလိုက်ပါတယ်။ဒီအကြောင်းကိုပြောမယ်ဆိုရင်အရင်ဆုံးပြောရမှာကဗြိတိသျှကျွန်းစုအကြောင်းပါ။ဗြိတိသျှကျွန်းစုBritishIslesမှာကျွန်းပေါင်း၆ထောင်ကျော်ပါဝင်ပြီးအကြီးဆုံးကျွန်းနှစ်ကျွန်းကဂရိတ်ဗြိတိန်ကျွန်းနဲ့အိုင်ယာလန်ကျွန်းတွေဖြစ်ပါတယ်။ပထမဆုံးပုံမှာပြထားပါတယ်။ဘယ်ဘက်ကကျွန်းငယ်ကအိုင်ယာလန်ကျွန်းဖြစ်ပြီးညာဘက်ကကျွန်းကြီးကဂရိတ်ဗြိတိန်ကျွန်းဖြစ်ပါတယ်။အိုင်ယာလန်ကျွန်းမှာအိုင်ယာလန်သမ္မတနိုင်ငံနဲ့မြောက်အိုင်ယာလန်နိုင်ငံဆိုပြီး၂နိုင်ငံပါဝင်ပါတယ်။(ဒုတိယပုံ)ဂရိတ်ဗြိတိန်ကျွန်းမှာတော့အင်္ဂလန်၊ဝေးလ်နဲ့စကော့တလန်ဆိုပြီး၃နိုင်ငံပါဝင်ပါတယ်။(တတိယပုံ)၁။အဲဒီတော့Englandအင်္ဂလန်ဆိုရင်ဂရိတ်ဗြိတိန်ကအင်္ဂလန်တနိုင်ငံတည်းကိုသာပြောတာဖြစ်ပါတယ်။၂။GreatBritainဂရိတ်ဗြိတိန်ဆိုရင်တော့အင်္ဂလန်၊ဝေးလ်နဲ့စကော့တလန်တို့ပါဝင်တဲ့နယ်မြေကိုပြောတာဖြစ်ပါတယ်။၃။UnitedKingdom(UK)ယူကေဆိုတာကတော့အင်္ဂလန်၊ဝေးလ်၊စကော့တလန်တို့နဲ့တဖက်ကျွန်းငယ်မှာရှိတဲ့မြောက်အိုင်ယာလန်နိုင်ငံအပါအဝင်နိုင်ငံ၄နိုင်ငံကိုပေါင်းကာခေါ်ဆိုခြင်းဖြစ်ပါတယ်။(စတုတ္ထပုံ)ဒီလောက်ဆိုရင်England၊GreatBritainနဲ့UnitedKingdomဆိုတဲ့အခေါ်အဝေါ်တွေရဲ့အဓိပ္ပါယ်ကိုကွဲကွဲပြာပြားသိသွားလောက်ပြီထင်ပါတယ်။Thutazone […]

ချင်းမိုင်းမင်းသားPrinceSukkasem(သုခစံ)နှင့်မော်လမြိုင်သူမွန်အမျိုးသမီးMamia(မယ်မြ.မမြ)တို့၏ကြေကွဲဝမ်းနည်းဖွယ်ချစ်ဇာတ်လမ်း

December 16, 2020 ohkarlinn 0

Unicodeချင်းမိုင်းမင်းသားPrinceSukkasem(သုခစံ)နှင့်မော်လမြိုင်သူမွန်အမျိုးသမီးMamia(မယ်မြ.မမြ)တို့၏ကြေကွဲဝမ်းနည်းဖွယ်ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတိုးကော့နှပ်ဇာတိမွန်သူဌေးကြီးဦးရွှေလှေးသည်ချင်းမိုင်းဘုရင်နှင့်ဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်သလိုချင်းမိုင်းဘုရင်၏ပိုင်နက်နယ်မြေထဲတွင်သစ်ထုတ်ခွင့်ပါမစ်ရထားသောသူတစ်ယောက်ဖြစ်သည်.မွန်သူဌေးကြီးဦးရွှေလှေး၏ဆက်သွယ်နှင့်ချင်းမိုင်းဘုရင်၏သားတော်PrinceSukkasemသုခစံသည်၁၈၉၅.၁၉၀၀ခုနှစ်ဝန်းကျင်တွင်မော်လမြိုင်စိန်ပတ်ထရစ်(ယခု.အထက၅)ကျောင်း၌လာရောက်ပညာသင်ယူရင်၅နှစ်ကြာနေထိုင်ခဲ့သည်.တစ်နေ့သောအခါမော်လမြိုင်ဒိုင်းဝန်ကွင်းဈေးတွင်ဆေးပေါ့လိပ်ရောင်းနေသောမော်လမြိုင်သူမွန်အမျိုးသမီးMamiaမယ်မြ(.သို့.)မမြနှင့်တွေ့ဆုံပြီးလူငယ်ဘဝအချင်းချင်းမေတ္တာသက်ဝင်၍မခွဲနိုင်မခွာနိုင်ချစ်ရသောသူများဖြစ်လာသည်.(ကျိုက်သလ္လံဘုရားမှာသူတို့နှစ်ယောက်ချစ်သစ္စာတိုင်တည်ခဲ့ကြတယ်)မင်းသားသည်စိန်ပတ်ထရစ်ကျောင်းမှာပညာသင်လိုပြီးဆံးု၍ချင်းမိုင်းကိုပြန်သွားရသောအခါတစ်ဦးနဲ့တစ်ဦးမခွဲနိုင်မခွာနိုင်၍မယ်မြကိုယ်တိုင်ယောင်္ကျားလေးလိုဟန်ဆောင်ပြီးမင်းသားရဲ့သူငယ်ချင်းအဖြစ်ချင်းမိုင်းသို့လိုက်သွားခဲ့ကြသည်.ချင်းမိုင်းတို့ရောက်သောအခါမယ်မြသည်အစေခံတန်းလျားတစ်ခု၏ပစ္စည်းထားရာနေရာတွင်ကျဉ်းကြပ်စွာနေခဲ့ရသည်ဟုတချို့ကဆိုကြသည်.မင်းသားနှင့်မယ်မြတို့ချစ်ဇာတ်လမ်းသည်ဖုံးဖိ၍မရတော့ပဲနန်းတော်အတွင်းပေါက်ကြားခဲ့သည်.နိုင်ငံရေးအခြေအနေအကြောင့်ချင်းမိုင်းဘုရင်သည်သူ၏သားတော်မင်းသားကိုဘန်ကောက်ကမင်းသမီးတစ်ပါးနှင့်ပေးစား၍ချင်းမိုင်းနန်းတော်အာဏာကိုတည်ငြိမ်အောင်ပြုလုပ်ခဲ့သည်.နောက်ဆုံးတော့မယ်မြနှင့်မင်းသားသည်ခွဲခွာချိန်ရောက်၍တစ်ဦးနှင့်တစ်ဦးကတိသစ္စာတိုင်တည်ထားခဲ့ကြသည်.သစ္စာဖောက်သောသူသည်အသက်တို၏ဟုဘုရားမှာတိုင်တည်ကာမင်းသားကမယ်မြကိုလက်စွပ်တစ်ကွင်းပေးထားခဲသည်.မွေးရပ်မြေကိုပြန်ရမည်မယ်မြသည်နောက်ဆုံးအနေနဲ့မင်းသား၏ခြေရင်းကိုမိမိဆံကေသာဆံပင်နဲ့ပွတ်တိုက်ပြီးအချစ်သက်သေပြသွားခဲ့သည်.မယ်မြမော်လမြိုင်ရောက်တော့မှချင်းမိုင်းမင်းသားနဲ့ရထားသောကိုယ်ဝန်ရှိမှန်းသိလိုက်ရတယ်.ကလေးကိုလူသိမခံပဲမွေးလိုက်ရ၍ရပ်ကွက်ထဲကမုန့်သည်လင်မယားထံတွင်ပေးမွေးစားခိုင်းလိုက်ရတယ်.(ကလေးလဲငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတယ်လို့တချို့ကဆိုကြသည်.ချင်းမိုင်းမင်းသားကတိဖျက်လို့သစ္စာဆူးမည်ကိုစိုးရိမ်သောမယ်မြသည်မင်းသားကိုခွင့်လွတ်နားလည်တဲ့အကြောင်းသွားပြောတာသီလရှင်ဝတ်နဲ့မယ်မြချင်းမိုင်းကိုဒုတိယကြိမ်လိုက်သွားတော့မင်းသားကိုမယ်မြတွေ့ခွင့်မရခဲ့ပေ.တချို့ကမယ်မြနှင့်မင်းသားကိုလန်နာဘုရင်.ဘုရင်ရဲ့မိဖုရားတို့ကတွေ့မခံခဲ့ပေ)မော်လမြိုင်ကိုရောက်သောအခါအသက်ထက်ဆုံးသီလရှင်ဝတ်ဖြင့်နေထိုင်သွားခဲ့သည်(တချို့ကမယ်မြသည်သီလရှင်ဝတ်အဖြင့်စိတ်ထိခိုက်ကာစိတ်ကျရောဂါသည်တစ်ယောက်ဖြစ်အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်)…၁၉၆၀ခုနှစ်ဝန်းကျင်တွင်မယ်မြ.မမြ.Mamiaသည်သီလရှင်ဝတ်ဖြင့်ကွယ်လွန်သွားခဲ့သည်..PrinceSukkasemသုခစံမင်းသားသည်၁၈၇၉ခုနှစ်တွင်လန်နာနိုင်ငံ.ယခုထိုင်းနိုင်ငံချင်းမိုင်းမြို့မှာမွေးဖွားပြီး၁၉၁၂ခုနှစ်အသက်၃၃နှစ်ခန့်တွင်ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားခဲ့သည်.Mamiaမယ်မြ(သို့)မမြသည်၁၈၈၇ခုနှစ်မော်လမြိုင်(ဒိုင်းဝန်ကွင်းပတ်ဝန်းကျင်)တွင်မွေးဖွားပြီးအသက်၇၃နှစ်ရွယ်တွင်သီလရှင်ဝတ်အဖြင့်ကွယ်လွန်သွားခဲ့သည်.မော်လမြိုင်ကျိုက်သလ္လံဘုရားအနီးခေမာသီရိသီလရှင်ကျောင်းသည်မယ်မြMamiaသီလရှင်ဝတ်ခဲ့သောကျောင်းဖြစ်သည်.မယ်မြနှင့်သုခစံတို့၏အကြောင်းကိုထိုင်းနိုင်ငံတွင်ရုပ်ရှင်ဇာတ်ကားနှင့်ဇာတ်လမ်းတွဲပါထွက်ထားတယ်လိုသိရတယ်.မယ်မြနှင့်ပတ်သက်သောသီချင်းများလဲသီဆိုထားတယ်လိုသိရတယ်.မယ်မြနှင့်သုခစံတို့၏အချစ်ဇာတ်လမ်းသည်ထိုင်းနိုင်ငံသားကလေးငယ်များ၏အိပ်ရာဝင်ရိုမီယိုနဲ့ဂျူလီယက်ပုံပြင်ဖြစ်လည်းကောင်း.လန်နာနိုင်ငံ(ယခု.ထိုင်းနိုင်ငံ.ချင်းမိုင်း)ဇင်းမယ်ဂန္တဝင်စာပေတွင်လည်းကောင်းဆက်လက်ရှင်သန်လျက်ရှိပါသည် […]

ရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ် ပယင်းနန်းတော်

December 15, 2020 ohkarlinn 0

Unicodeရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ်ပယင်းနန်းတော်ကျွန်တော်တို့အများစုသိကြတာကတော့ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခုဖြစ်တဲ့တရုတ်ကမဟာရံတံတိုင်းကြီး၊ဂျော်ဒန်ကပီထရာ၊ဘရာဇီးကခရစ်တော်ရုပ်တုရက်ဒီမာ၊ပီရူးကအင်ကာမြို့တော်မာချူးပီချူး၊မက္ကဆီကိုကမာယာမြို့တော်တစ်ခုဖြစ်တဲ့ချီကျန်းအစ်ဇာ၊ရောမကလူသတ်ဇာတ်ရုံကော်လော်စီယမ်၊အိန္ဒိယကတပ်ဂျ်မဟာ၊အီဂျစ်ကဂိုင်ဇာပိရမစ်ကြီးစတာတွေပဲဖြစ်ပါတယ်။ရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ်အဖြစ်ကမ္ဘာကတင်စားထားပေမယ့်ကျွန်တာ်တို့သိပ်မသိကြတဲ့အရာကတော့တစ်ခန်းလုံးကိုပယင်းအနုပညာပေါင်းမြောက်များစွာနဲ့စီချယ်ထားတဲ့ပယင်းနန်းတော်(AmberRoom)ပဲဖြစ်ပါတယ်။ဒီပယင်းနန်းတော်တည်ရှိခဲ့တဲ့နေရာကတော့ရုရှားနိုင်ငံစိန့်ပီတာဘတ်စ်မြို့ဇာစကိုအီစီလိုအနီးကကတ်သရင်းနန်းတော်မှာဖြစ်ပါတယ်။ပယင်းနန်းတော်ကို၁၇၀၁ခုနှစ်မှာပရပ်ရှားပြည်ဘာလင်မြို့မှာဖန်တီးခဲ့တာဖြစ်ပါတယ်။ဂျာမန်အလှဆင်ပန်းပုပညာရှင်အန်ဒရေးရှလူဒါနဲ့ဒတ်ချ်လူမျိုးပယင်အနုပညာရှင်ဂေါ့မရိဝယ်ဖန်တို့ကပူးပေါင်းဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဖန်တီးခဲ့ချိန်၆နှစ်ကြာမြင့်ခဲ့ပြီး၁၇၁၆ခုနှစ်အထိယင်းပယင်းနန်းတော်ကိုဘာလင်မြို့မှာပဲထားရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ပရပ်ရှားဘုရင်ဝီလျံ၁ဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ရုရှားပြည့်ရှင်မဟာပီတာကိုလက်ဆောင်အနေနဲ့ပေးခဲ့တဲ့အတွက်ကြောင့်ပယင်းနန်းတော်ဟာရုရှားပြည်ကိုရောက်ရှိသွားပါတယ်။ပယင်းနန်းတော်လို့ခေါ်ပေမယ့်အကျယ်အဝန်းအားဖြင့်၅၉၀စတုရန်းပေသာရှိတဲ့အခန်းတစ်ခန်းထဲမှာပယင်းတွေအပြည့်နဲ့ဖန်တီးအလှဆင်ထားတာဖြစ်ပါတယ်။ပယင်းတွေအပြင်ရွှေသစ်ရွက်တွေ၊ကျောက်မျက်ရတနာတွေ၊မှန်တွေကိုပါထည့်သွင်းထားတဲ့အတွက်တလက်လက်တပြောင်ပြောင်ဖြစ်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နတ်သမီးနဲ့ကလေးငယ်များရုပ်တုတွေလည်းပါဝင်ပါတယ်။ဒီအခန်းမှာတပ်ဆင်ထားတဲ့ပယင်းစုစုပေါင်းရဲ့အလေးချိန်ဟာ၆တန်တောင်ရှိပါသတဲ့။အံမခန်းလက်ရာမြောက်လွန်းတဲ့အနုပညာကြောင့်ပယင်းနန်းတော်ဟာရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ခဲ့ပါတယ်။တန်ဖိုးကတော့ယခုငွေတန်ဖိုးနဲ့တွက်မယ်ဆိုရင်ဒေါ်လာသန်း၅၀၀တန်ဖိုးရှိပါတယ်။ရုရှားမှာတော့အဲဒီပယင်းနန်းတော်ကိုကတ်သရင်းနန်းတော်မှာထားရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့အဲဒီနေရာကိုဂျာမဏီနာဇီတပ်တွေကသိမ်းပိုက်ခဲ့ပြီးပယင်းနန်းတော်ကိုခေါနစ်ဘာ့ဂ်မြို့မှာပြန်လည်တည်ဆောက်ဖို့အတွက်တစစီဖြုတ်ပြီးယူဆောင်သွားပါတယ်။အဲဒီကစလို့ယခုထက်တိုင်အောင်ပယင်းနန်းတော်ဟာထူးဆန်းစွာပျောက်ဆုံးသွားပါတော့တယ်။တချို့ကတော့ခေါနစ်ဘာ့ဂ်ရဲတိုက်ဗုံးကြဲအတိုက်ခိုက်ခံရတဲ့အခါမှာပယင်းနန်းတော်လည်းပျက်စီးသွားခဲ့ပြီလို့ဆိုကြပြီးတချို့ကတော့ဝယ်ဟမ်ဂတ်စ်လော့ဖ်ဂျာမန်ခရီးသည်တင်သင်္ဘောနဲ့အခန်းတစ်ခုလုံးကိုခိုးယူသွားခဲ့တယ်လို့ဆိုကြပါတယ်။ဝယ်ဟမ်ဂတ်စ်လော့ဖ်သင်္ဘောကလည်းဆိုဗီယက်ရေငုပ်သင်္ဘောရဲ့ပစ်ခတ်မှုကြောင့်နစ်မြုပ်ပျက်စီးခဲ့ပါတယ်။မူလပယင်းနန်းတော်ရှိနေသေးတယ်လို့ယုံကြည်နေသူများရှိနေပြီးလိုက်ရှာနေဆဲဖြစ်ပေမယ့်ယခုထက်တိုင်အစအနမတွေ့ရပါဘူး။၁၉၇၉ခုနှစ်မှာတော့ရုရှားနိုင်ငံကပယင်းနန်းတော်ကိုပြန်လည်တည်ဆောက်ဖို့အစီအစဉ်တွေချမှတ်ခဲ့ပြီး၂၀၀၃ခုနှစ်မှာတော့ရုရှားနဲ့ဂျာမန်လက်မှုပညာရှင်တွေရဲ့ကြိုးစားတည်ဆောက်မှုနဲ့မူလပယင်းနန်းတော်ရဲ့ပုံစံတူတစ်ခုကိုဆောက်လုပ်နိုင်ခဲ့ပါတယ်။စုစုပေါင်းတည်ဆောက်ချိန်၂၃နှစ်ခန့်ကြာမြင့်ခဲ့တဲ့ပယင်းနန်းတော်ကိုမူလနေရာဖြစ်တဲ့စိန့်ပီတာဘတ်စ်မြို့ဇာစကိုအီစီလိုအနီးကကတ်သရင်းနန်းတော်မှာပဲပြန်လည်ထားရှိထားပြီးကမ္ဘာလှည့်ခရီးသွားတွေအဓိကကြည့်ရှု့လေ့ရှိတဲ့နေရာတစ်ခုဖြစ်လာပါတော့တယ်။ […]

ဧဝရတ်တောင်ရဲ့အမြင့်တစ်မီတာနီးပါးလောက်ပိုမြင့်သွား

December 9, 2020 ohkarlinn 0

Unicodeဧဝရတ်တောင်ရဲ့အမြင့်တစ်မီတာနီးပါးလောက်ပိုမြင့်သွားဒီဇင်ဘာ-၉၊၂၀၂၀ဧဝရတ်တောင်ရဲ့အမြင့်ကိုပြောင်းလဲသတ်မှတ်ကြောင်းတရုတ်နဲ့နီပေါတို့ပူးတွဲပြီးကြေညာခဲ့ပါတယ်။သတ်မှတ်ချက်အသစ်အရဧဝရတ်တောင်ရဲ့အမြင့်ဟာအရင်ကတရားဝင်သတ်မှတ်ထားတာထက်တစ်မီတာနီးပါးလောက်ပိုမြင့်သွားပါတယ်။အရင်ကဧဝရတ်တောင်ရဲ့အမြင့်သတ်မှတ်ချက်နဲ့ပတ်သက်လို့တရုတ်နဲ့နီပေါကပညာရှင်တွေကြားမှာအငြင်းပွားမှုတွေရှိနေခဲ့ပါတယ်။တရုတ်ရဲ့သတ်မှတ်အမြင့်ကနီပေါဖက်ကတိုင်းတာထားတာထက်၄မီတာလောက်ပိုနိမ့်ပါတယ်။အခုညှိနှိုင်းအတည်ပြုလိုက်တဲ့သဘောတူညီမှုအသစ်အရဧဝရတ်တောင်ရဲ့အမြင့်ကို၈၈၄၈.၈၆မီတာအဖြစ်နှစ်ဖက်စလုံးကသဘောတူခဲ့ကြောင်းသိရပါတယ်။ပေနဲ့ဖော်ပြရင်တော့၂၉၀၃၂ပေလောက်မြင့်မားတဲ့သဘောပါ။ကမ္ဘာ့အမြင့်ဆုံးတောင်ကြီးဟာနီပေါနဲ့တရုတ်တို့နယ်စပ်မှာတည်ရှိနေပြီးနှစ်ဖက်စလုံးကနေတောင်တက်ကြတဲ့သူတွေရှိပါတယ်။နှစ်နိုင်ငံစလုံးကလည်းတောင်ရဲ့အမြင့်ကိုကိုယ်ပိုင်အယူအဆနဲ့တိုင်းတာပြီးကွဲလွဲမှုတွေရှိနေခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ကတရုတ်သမ္မတစီကျင်းပင်ဟာနီပေါရဲ့မြို့တော်ခန္တမန္ဒူကိုသွားရောက်လည်ပတ်ခဲ့တဲ့ခရီးစဉ်အတောအတွင်းတောင်အမြင့်ကိုနှစ်ဖက်ညှိနှိုင်းပြီးစံသတ်မှတ်ချက်တစ်ခုထားရှိဖို့ကတိပြုခဲ့ပါတယ်။တရုတ်ပညာရှင်တွေကတောင်အမြင့်ဟာအဓိကကျောက်သားထုကိုပဲတိုင်းတာသင့်တယ်လို့ဆိုပေမယ့်နီပေါကတော့အမြင့်ဆုံးချွန်ထွက်နေတဲ့အပိုင်းထိထည့်သွင်းတွက်ချက်သင့်တယ်လို့ယူဆခဲ့ပါတယ်။၂၀၁၅တုန်းကဟိမဝန္တာတောင်စဉ်တန်းတွေနဲ့ဆက်စပ်ဧရိယာတွေမှာရစ်ချ်တာစကေး၇.၈အဆင့်အင်အားပြင်းငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တာကလည်းဧဝရတ်တောင်ရဲ့အမြင့်ကိုအပြောင်းအလဲဖြစ်စေနိုင်ကြောင်းသုတေသီတွေကသုံးသပ်ထားကြပါတယ်။ […]

သင်မသိသေးတဲ့လီမင်ဟိုအကြောင်း

November 27, 2020 ohkarlinn 0

Unicodeသင်မသိသေးတဲ့လီမင်ဟိုအကြောင်းတောင်ကိုရီးယားသရုပ်ဆောင်အဆိုတော်မော်ဒယ်လီမင်ဟိုတစ်ယောက်တာ့သူရဲ့ယောက်ျားပီသတဲ့ရုပ်ရည်၊အရပ်အမောင်းတွေကြောင့်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ဆိုရလောက်အောင်နံမည်ကြီးသူပါ။ဒါ့ကြောင့်လီမင်ဟိုကိုချစ်ကြတဲ့ပရိတ်သတ်တွေသိရှိစေနိုင်ဖို့သူနဲ့ပတ်သတ်တာတွေလေးတစ်ချို့ကိုဖော်ပြချင်ပါတယ်။(၁)မင်ဟိုရဲ့ကိုယ်ရေးအကျဉ်မင်ဟိုကို၁၉၈၇ခုနစ်၊ဇွန်လ၂၂ရက်နေ့တောင်ကိုရီးယား၊ဆိုးလ်မြို့မှာမွေးဖွားခဲ့ပါတယ်။၂၀၀၃ခုနှစ်တည်းကမော်ဒယ်သရုပ်ဆောင်အနေနဲ့အနုပညာလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပြီး၂၀၁၃ခုနစ်မှာMyEverythingနဲ့၂၀၁၄ခုနစ်မှာSongForYouတေးအယ်လ်ဘမ်နှစ်ခုထွက်ရှိခဲ့ပါတယ်။ရုပ်ရှင်ဇာတ်လမ်းများအနေနဲ့PublicEnemyReturns(2008),OurSchool’sE.T(2008),GangnamBlues(2015),BountyHunters(2016)တို့ကိုရိုက်ကူးခဲ့ပြီး၊ရုပ်သံဇာတ်လမ်းတွဲများအနေနဲ့Sharp(2003),Nonstop5(2004),ReceipeOfLove(2005),SecretCampus(2006),MackerelRun(2007),IAmSam(2007),GetUp(2008),BoysOverFlower(2009),PersonalTaste(2010),CityHunter(2011),Faith(2012),TheHeirs(2013),TheLegendoftheBlueSea(2016)တို့ကိုရိုက်ကူးခဲ့ပါတယ်။(၂)ရေလုံးဝမကူးတတ်သူမင်ဟိုကိုအရပ်မောင်းကောင်းလွန်းလို့ရေကူးတတ်တယ်သွားမထင်လိုက်ပါနဲ့။တကယ်တော့ရေလုံးဝမကူးတတ်ပါဘူး။အင်တာဗျူးတစ်ခုမှာသူ့အချစ်ဆုံးသရုပ်ဆောင်သူငယ်ချင်းတွေဖြစ်တဲ့KimRaeWon၊KimWooBinနဲ့JungIlWooသာရေနှစ်သွားရင်ဘယ်သူ့ကိုအရင်ကယ်မလဲမေးတဲ့အခါမှာတော့မင်ဟိုကကျနော်ရေလုံးဝမကူးတတ်ပါဘူးလို့ပြောခဲ့ပါသတဲ့။(၃)အသက်၂၀မှာဖြစ်ခဲ့တဲ့အက်စီးဒင့်မင်ဟိုဟာ၂၀၀၆ခုနစ်ထဲမှာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့JungIlWooနဲ့အတူတူကားအက်စီးဒင့်ဖြစ်ပွားခဲ့ပါတယ်။ဒီအက်ဆီးဒင့်ဟာအရမ်းကြောက်စရာကောင်းခဲ့ပြီးသူ့ဘဝအချိုးအကွေ့မှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ပါသတဲ့။(၄)Dramaဇာတ်လမ်းတွေနဲ့ပတ်သတ်ပြီးမင်ဟိုရဲ့ဇာတ်လမ်းတော်တော်များများဟာDramaချိုးတာတွေများတာကြောင့်ရိုမန်တစ်အခန်းတွေအမြဲပါနေကျပါ။ဒီရိုမန်တစ်အခန်းတွေမှာအရမ်းကိုချိုအီနေတဲ့စကားတွေပြောရတာဟာသူ့အတွက်တော့သက်တောင့်သက်သာမဖြစ်ပါဘူးတဲ့။သူဟာDramaဇာတ်ကောင်ထက်သူသရုပ်ဆောင်ခဲ့တဲ့GangnamBluesဇာတ်လမ်းထဲကလိုယောကျာ်းဆန်တဲ့ဇာတ်ကောင်မျိုးကိုပိုသဘောကျပါသတဲ့။(၅)တွဲဖက်သရုပ်ဆောင်တွေနဲ့Friendshipကိုထိန်းသိမ်းထားနိုင်သူHeirsရုပ်သံဇာတ်လမ်းတွဲမှာသူနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ChoiJinHyukနဲ့လည်းဇာတ်လမ်းရိုက်ကူးပြီးသည့်တိုင်အောင်ခုထိသူငယ်ချင်းကောင်းတွေလိုခင်မင်ဆဲပါပဲ။မင်ဟိုဟာသူရဲ့ကောင်းမွန်တဲ့Personalitiesကြောင့်လည်းလူချစ်လူခင်ပေါပါသတဲ့။(၆)ယောက်ျားလေးသူငယ်ချင်းများရတဲ့အကြောင်းအရင်းအင်တာဗျူးတစ်ခုမှာမင်ဟိုဟာမိန်းကလေးတွေနဲ့ထက်ယောက်ျားလေးတွေနဲ့အတူရှိရတာသူ့အတွက်ပိုသက်တောင့်သက်သာဖြစ်တယ်လို့ခံစားရပါတယ်။ဒါဟာငယ်ငယ်တုန်းကအမျိုးသားသီးသန့်ကျောင်းမှာတက်ခဲ့ရလို့ဖြစ်ပါလိမ့်မယ်လို့ပြောခဲ့ဖူးပါတယ်။(၇)Hollywoodကနေဇာတ်လမ်းရိုက်ကူးဖို့ကမ်းလှမ်းခံရသူမင်ဟိုဟာနိုင်ငံတကာဇာတ်လမ်းတွေမှာတွဲဖက်သရုပ်ဆောင်ဖို့အတွက်Hollywoodကနေခဏခဏကမ်းလှမ်းခြင်းခံရပါတယ်။ဒါပေမယ့်မင်ဟိုဟာသူ့အတွက်ဒီလိုရိုက်ကူးဖို့အဆင်သင့်မဖြစ်သေးဘူးလို့ထင်တာကြောင့်ခုထိလက်ခံခြင်းမရှိသေးပါဘူး။(၈)အနုပညာစလုပ်ခါစကမင်ဟိုရဲ့နာမည်မင်ဟိုဟာအနုပညာလုပ်ငန်းကို”လီမင်”ဆိုတဲ့နာမည်နဲ့၂နှစ်ကြာလုပ်ခဲ့ပါတယ်။“လီမင်”ဆိုတဲ့နာမည်ဟာရေးတဲ့အခါ(이민)လို့ရေးတာဖြစ်ပြီး၊အီမင်(imin)လို့အသံထွက်တာကြောင့်ကိုရီးယားလိုရွှေ့ပြောင်းနေထိုင်ခြင်း(Immigration)ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေတာကြောင့်နောက်ပိုင်းမှာတော့မူရင်းနာမည်လီမင်ဟိုနဲ့ပဲဆက်လုပ်ခဲ့ပါတယ်။ […]

ကျိုက်ထီးရိုးတောင်ပေါ်နေလူဦးရေ(၃၀၀၀)ကျော်စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရ

November 14, 2020 ohkarlinn 0

Unicodeကျိုက်ထီးရိုးတောင်ပေါ်နေလူဦးရေ(၃၀၀၀)ကျော်စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရကျိုက်ထို၊နိုဝင်ဘာ၁၄မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကင်မွန်းချောင်းကျေးရွာရှိကျိုက်ထီးရိုးစေတီတော်ကိုအမှီပြုနေထိုင်နေကြတဲ့လူဦးရေ(၃၀၀၀)ကျော်ဟာဆိုရင်စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့တောင်ပေါ်နေမိသားစုတွေကပြောပါတယ်။လက်ရှိCOVID-19ကပ်ရောဂါကြောင့်ကျိုက်ထီးရိုးတောင်ပိတ်ထားသည်မှာ(၈)လခန့်ကြာမြင့်ပြီးဘုရားဖူးများလာရောက်နိုင်မှုမရှိခြင်းကြောင့်အလုပ်အကိုင်ရှားပါးကာသွားလာရခက်ခဲတာကြောင့်စားဝတ်နေရေးအကြပ်အတည်းနဲ့ကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။“ကိုဗစ်ကြောင့်တောင်ပိတ်ထားရတာက(၈)လ၊၉လလောက်ရှိပြီး၊အရင်ကတော့တောင်ပေါ်မှာရေထမ်းတယ်၊စျေးရောင်းတယ်၊သူဟာသူစားဝတ်နေရေးအတွက်အဆင်ပြေတယ်၊ခုကကိုဗစ်ကြောင့်တောင်ကဘယ်တော့ဖွင့်မလဲဆိုတာမသိရဘူး၊ခုကတော်တော်လေးကြပ်တည်းနေတယ်၊အစကတည်းကလည်းဒီမှာဘဲနေဒီမှာဘဲရှင်သန်လာသူတွေဆိုတော့အခြားကိုသွားနေဖို့ကလည်းအဆင်မပြေဘူး၊တောင်ပေါ်မှာလည်းဘာအလုပ်မှမရှိဘူး၊ပိုက်ဆံရဖို့အလုပ်လုပ်ချင်တာတောင်အလုပ်မရှိဘူး၊တောင်အောက်ဆင်းပြီးအလုပ်လုပ်ဖို့ကျတော့ဒီချိန်အားလုံးကကြပ်တည်းနေကြတာဆိုတော့အလုပ်မခေါ်ကြဘူး၊စားဖိုကျထမင်းတောင်နပ်မမှန်တော့ဘူး၊မနက်စာညစာပေါင်းစားရတဲ့ရက်များနေပြီး၊ကိုယ်ကလူကြီးဆိုတော့နေလို့ရပေမယ့်မြေးတွေအတွက်ကသူတို့စားဖို့လုပ်ပေးမှရမှာလေ၊ဒီမှာဘဲနေဒီမှာဘဲကြီးလာတော့ဒီတောင်ပေါ်မှာဘဲသေဖို့ဆုံးဖြတ်ထားတယ်၊သွားစရာနေစရာမှမရှိတာကို”လို့ကျိုက်ထီးရိုးတောင်ဆင်ချောက်ကျေးရွာနေရပ်မိရပ်ဖဦးတင်ဝင်းကပြောပါတယ်။COVID-19ကပ်ရောဂါကြောင့်ကျိုက်ထီးရိုးတောင်ကိုမတ်လ(၂၁)ရက်နေ့မှစတင်ပြီးဘုရားပွဲရာသီမကုန်မှီပိတ်ခဲ့ရတာကြောင့်ဘုရားဖူးများသွားလာမှုမရှိသလောက်ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။”ကျွန်မကတောင်ပေါ်မှာပျံကျစျေးသည်ပါ၊ခုတောင်ကပိတ်ထားတော့ဘုရားဖူးကမလာအလုပ်အကိုင်ကမရှိအခြားနေရာမှာသွားလုပ်စားဖို့ကနေစရာမရှိဆိုတော့ခုလိုအခြေနေမှာစားဝတ်နေရေးကအရမ်းကြပ်တည်းနေပါတယ်၊အလှူရှင်တွေကတော့တစ်ခါတလေလာပါတယ်၊တစ်ခါတလေကျတစ်လလောက်နေအလှူရှင်လာတယ်၊တစ်ခါတစ်လေကျ(၂)လလောက်မှလာတယ်၊တောင်ပေါ်မှာကမရှိတဲ့သူတွေများတော့ခွဲတမ်းကျအများကြီးမရဘူးလေ၊ဆန်ဆိုလည်း(၆)ပြည်အိတ်တစ်အိတ်ဆီဆိုလည်းတစ်ဗူးပေါ့၊တောင်ဖွင့်ချိန်ကတော့စျေးရောင်းစားတာဆိုတော့ခုလိုကြီးငတ်လောက်တဲ့အခြေနေမရှိဘူးပေါ့၊အိမ်မှာကကလေးတွေလည်းရှိတော့ခုချိန်ကတော်တော်ခက်ခဲတယ်၊အလုပ်လုပ်ချင်ရင်တောင်အလုပ်မရှိလို့အလှူရှင်မျှော်နေရတဲ့အဖြစ်ရောက်နေပါတယ်”လို့ပျံကျစျေးရောင်းသူမသိန်းကြွေကပြောပါတယ်။လက်ရှိစားဝတ်နေရေးအခက်အခဲရှိသူတွေဟာဆိုရင်ကျိုက်ထီးရိုးတောင်ကိုအမှီပြုကာနေထိုင်လုပ်ကိုင်စားသောက်နေရတဲ့ပျံကျစျေးသည်တွေ၊ကုန်ထမ်းလူထမ်းသမားတွေနဲ့ပျံကျလုပ်ကိုင်စားသူတွေဖြစ်ပြီး၎င်းတို့ကတောင်ပေါ်မှာအမြဲတမ်းနေထိုင်သူများဖြစ်တယ်လို့သိရပါတယ်။”တောင်မပိတ်ခင်ကတော့ဘုရားဖူးများရင်တစ်နေ့တစ်သောင်းကျော်လောက်ရတယ်၊ပုံမှန်တော့မရှိဘူး၊တောင်ဖွင့်တော့အနည်းနဲ့အများအဆင်ပြေတယ်လေအလုပ်ရှိနေတာကို၊ခုကကိုဗစ်ကာလမှာဘုရားဖူးမလာတော့ကျွန်တော်တို့စားဝတ်နေရေးအတွက်အခက်ခဲအများကြီးဖြစ်တယ်၊အလုပ်လုပ်ချင်ပေမယ့်အလုပ်မရှိဘူး၊ဒီချိန်မှာတောင်ပေါ်တောင်အောက်ဘယ်သူမှအလုပ်မခေါ်ကြဘူး၊အလှူရှင်များရှိရင်တော့စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့တောင်ပေါ်နေမိသားစုတွေအတွက်လာရောက်လှူဒါန်းစေချင်ပါတယ်”လို့ကုန်ထမ်း၊လူထမ်းလုပ်ကိုင်သူကိုမိုးသူရထွန်းကပြောပါတယ်။လက်ရှိကျိုက်ထီးရိုးတောင်ပေါ်မှာကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီး”ခုကတောင်ပိတ်ထားတာလပေါင်းများစွာကြာလာပြီးဆိုတော့တောင်ပေါ်နေတဲ့သူတွေကစားသောက်ရေးကိုကောင်းကောင်းရပ်တည်နိုင်တဲ့သူမရှိတော့ဘူး၊အလှူရှင်တွေဆိုတာကလည်းဘကကျောင်းဆရာတော်၊တောင်ပေါ်ဟိုတယ်ပိုင်ရှင်အချို့ကလှူဒါန်းတာတွေနဲ့စားနေရတဲ့အခြေနေပါ၊အစိုးရထောက်ပံမှုကျတော့တောင်ပေါ်မှာမရှိတဲ့သူအိမ်ခြေ(၁၀၀)ရှိရင်(၂၀)စာလောက်ဘဲရတော့အားလုံးကိုအညီအမျှခွဲဝေပေးနေရတယ်၊အားလုံးကအဆင်မပြေမှုတွေဖြစ်နေတော့စုငတ်နေကြရတဲ့သဘောဖြစ်နေတယ်”လို့ရာအိမ်မှူးဦးအောင်စိုးလင်းကပြောပါတယ်။COVID-19ရောဂါအခြေအနေလျော့ပါးသက်သာလာပါကကျိုက်ထီးရိုးတောင်ကိုပြန်လည်ဖွင့်လှစ်ပေးစေချင်ပြီးဘုရားဖူးများလာခွင့်ပေးစေချင်ကြောင်း၊စေတနာရှင်အလှူရှင်များရှိပါကလည်းတောင်ပေါ်နေမိသားစုများအတွက်လာရောက်လှူဒါန်းစေလိုတယ်လို့ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့မှသိရပါတယ်။ကျိုက်ထီးရိုးစေတီတော်ဟာဆိုရင်ပျှမ်းမျှအားဖြင့်နေ့စဉ်ပြည်ပခရီးသွား(၂၀၀)ခန့်နှင့်ပြည်တွင်းခရီးသွား(၅၀၀၀)ခန့်လာရောက်လေ့ရှိကြောင်း၊ဘုရားပွဲရာသီကာလတွင်စေတီတော်ကြီးအားအမှီပြုကာစီးပွားရှာနေထိုင်သူ(၅၀၀၀)ဦးကျော်ရှိပြီးဘုရားပွဲရာသီပြီးဆုံးချိန်မိုးတွင်းကာလတွင်ပုံမှန်နေထိုင်သူ၃၀၀၀ဦးကျော်ရှိကြောင်းနဲ့ရသေ့တောင်၊ရေမြောင်ကြီး၊ဖိုးပြန်တောင်၊ရွှေရင်စို့၊စိုင်းတမော့နေရာတို့တွင်နေထိုင်သူများလည်းရှိတယ်လို့သိရပါတယ်။ […]