ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သည့် မတော်တဆ တီထွင်မှုများ

December 24, 2020 ohkarlinn 0

ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည့်မတော်တဆတီထွင်မှုများမတော်တဆတွေ့ရှိချက်ကနေတီထွင်မှုများဖြစ်စေပြီးလူသားအကျိုးပြုစေခဲ့တာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ […]

{အသက်၂၀ကျော်၃၀ကျော်တွေ}ဖက်ဖို့စာ

December 23, 2020 ohkarlinn 0

Unicode{အသက်၂၀ကျော်၃၀ကျော်တွေ}ဖက်ဖို့စာအဖြေကကွက်လဒ်မှာဘာတွေထည့်ရမလဲဖတ်လိုက်ပါလူငယ်တွေမင်းကိုယ်မင်းဘယ်လောက်လုပ်အားထည့်ထားလဲဘယ်လောက်ကြိုးစားလဲဘယ်လောက်ခိုင်းထားလဲမိမိကိုယ်ကိုဘယ်လောက်လေ့လာထားလဲဘယ်လောက်အတွေးခေါ်တွေကောင်းလဲပြန်မေးဘူးလားအဓိကပြောချင်တာကမင်းဘဝအတွက်ဘယ်လောက်အချိန်ပေးပြီဘယ်လိုဖြစ်အောင်တန်ဖိုးရှိအောင်နေလဲလူလောကကိုရောက်လာခြင်းကအတူပါပဲလူတွေထဲကလူတွေပဲအားလုံးလူသားတွေကြီးပဲလောကမှာချမ်းသာတဲ့သူဆင်းရဲသူအောင်မြင်သူပညာတတ်အားလုံးကလူသားခြင်းအတူပဲပြန်ကြည့်ပါလူချင်းတော့တူပါတယ်ဘာတွေကွာသွားလဲအဓိကတော့ပြောချင်တာကကိုယ့်ကိုယ်ကိုလုပ်အားထည့်ထားလို့ပါပဲကိုယ့်ကိုယ်ကိုခိုင်းထားလို့ပါပဲမင်းရောဘာလိုအခြေနေထိရောက်နေပြီလဲကိုယ့်ကိုယ်ကိုခိုင်းပါမိမိကိုယ့်ကိုမခိုင်းရင်သူများခိုင်းတာပဲလုပ်ရမယ်ကမ္ဘာကြီးမှာချမ်းသာနေသူတွေအောင်မြင်နေသူတွေကသူ့တို့ကိုယ့်သူတို့ခိုင်းတယ်ကိုယ့်ကိုယ်ကိုလုပ်အားထည့်ထားကြလို့ပါဥပမာလယ်ထဲကရွံ့ကိုဒီအတိုင်းထားရင်ဘာဖြစ်မလဲဘာမဖြစ်ပါဘူးအကဤမိမိကလယ်ထဲကရွံ့ကိုယူပြီလောက်စာလုံးလုံးပြီပြန်ရောင်းရင်ငွေရလာမယ်တန်ဖိုးတက်သွားတယ်ဘာကြောင့်လဲလုပ်အားထည့်ထားလို့ဖြစ်ပါတယ်နောက်ထပ်အဲဒီရွံ့ကိုအိုးလုပ်ရင်ပိုပြီတန်ဖိုးတက်လာတယ်အိုးကိုပန်းခက်တွေထည့်လိုက်ရင်ပိုပြီးတန်ဖိုးတက်လာတယ်1000တန်တဲ့အိုးက1500ဖြစ်သွားတယ်ဒါဟာဘာကြောင့်လဲလုပ်အားထည့်ထားလို့မင်းအသက်ရှူနေတဲ့လေအလည်ကားရတယ်သဘာဝကရတဲ့လေပိုက်ဆံပေးရှူစရာမလိုဘူးဒါပေမဲ့မင်းဆိုင်ကယ်ကားလေမရှိလို့ဆိုင်မှာလေသွားထိုးရင်အလည်ကားမရဘူးဒါဟာဘာကြောင့်လဲလုပ်အားထည့်ထားလို့တန်ဖိုးတက်သွားတယ်မိမိကရောမင်းကိုယ်မင်းဘယ်လောက်တန်ဖိုးရှိနေပြီလဲဆိုတာမင်းကိုယ်မင်းဘယ်လောက်လုပ်အားထည့်ထားလဲဘယ်လောက်ခိုင်းထားလဲဆိုတာဖြစ်ပါတယ်ကမ္ဘာပေါ်မှာအောင်မြင်ချမ်းသာတဲ့သူတွေကလွယ်လွယ်နဲ့မချမ်းသာပါဘူးသူတို့ကိုယ်သူတို့ပြန်ခိုင်းတယ်လုပ်အားထည့်ထားတယ်ဒါကြောင့်တန်ဖိုးရှိတဲ့လူသားတွေအဖြစ်နဲ့ရပ်တည်နိုင်တာဖြစ်ပါတယ်လူငယ်တွေကြိုးစားပါတွေးပါလုပ်ပါစာဖတ်ပါကိုယ့်ကိုယ်ကိုခိုင်းပါလုပ်အားထည့်ပါအားလုံးတန်ဖိုးရှိတဲ့လူသားတွေဖြစ်ကြပါစေဗျာ(သဘာဝ+လုပ်အား=တန်ဖိုးဖြစ်ပါတယ်)credit […]

ကျနော်တို့နိုင်ငံမှာပေါများလှတဲ့သရက်ရွက်ကိုအမေရိကန်မှာ၂အောင်စကို13$နဲ့ရောင်းနေတာဆိုတာသိပါသလား

December 22, 2020 ohkarlinn 0

Unicodeအရမ်းကိုအံ့ဩမိပါသည်😳😳😲😲ဖတ်ကြည့်ကြပါဦးCopyပါ🍃ကျနော်တို့နိုင်ငံမှာပေါများလှတဲ့သရက်ရွက်(MangoLeave)ကိုအမေရိကန်နိုင်ငံမှာ၂အောင်စကို13$နဲ့ရောင်းနေတာတွေ့ရတော့ဘာတွေကောင်းလဲဆိုgoogleခေါက်ကြည့်လိုက်ပါတယ်သူများတွေရောင်းနေတာကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော်သူများရောင်းတာထိုင်ဝယ်စားနေရမယ့်ခေတ်လဲမဟုတ်တော့ပါဖူး🍃သရက်သီးအရွက်ဟာသရက်သီးထက်အဟာရပိုများနေပါတယ်ဗီတာမင်အေဘီစီနဲ့antioxidantတွေကြွယ်ဝပါတယ်🍃သရက်ရွက်ကိုဆေးဘက်ဆိုင်ရာမှာရေနဲ့ပြုတ်၍ဖြစ်စေအရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေအသုံးပြုနိုင်သလိုအရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ်👉‌ဆေးဘက်ဆိုင်ရာအနေဖြင့်ဆီးချိုရောဂါကိုထိန်းညိဖို့သောက်သုံးကြပါတယ်👉‌ဒါအပြင်သွေးတိုးရောဂါထိန်းညိပေးပါတယ်စိတ်ရောဂါအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုသနိုင်ပါတယ်အကျိတ်တွေနဲ့ကင်ဆာရောဂါကြီးထွားမှုကိုလျော့ချပေးပါတယ်👉‌သည်းခြေမှာကျောက်တည်ခြင်းကိုခြေဖျက်နိုင်ပါတယ်👉‌အစာအိမ်ရောဂါတွေသွေးဝမ်းသွားရောဂါတွေကုသနိုင်ပါတယ်👉‌ကြို့ထိုးတဲ့ရောဂါအတွက်ဆိုသရွက်ရွက်ခြောက်ကိုမီးရှို့ပီးရှူပေးရင်ပျောက်ကင်းပါတယ်👉‌မီးလောင်ဒဏ်ရာတွေမှာအသုံးပြုနိုင်ပါတယ်👉‌နားကိုက်ရောဂါကုသနိုင်ပါတယ်👉‌ကိုယ်အလေးချိန်ကိုလျော့ချနိုင်ပါတယ်🍃သုံးစွဲနည်းအသေးစိတ်ကိုgoogleမှာmangoleavebenefitဆိုပီးရှာနိုင်ပါတယ်အလျင်းသင့်ရင်ဘာသာပြန်ပြီးဖော်ပြပေးပါဦးမယ် […]

မန္တလေးမဟာမြတ်မုနိဘုရားကြီးကိုScanဖတ်ရာနဂိုမူလပုံတော်ထွက်ပေါ်ဖူးမျော်လာနိုင်

December 21, 2020 ohkarlinn 0

Unicodeမန္တလေးမဟာမြတ်မုနိဘုရားကြီးကိုScanဖတ်ရာတွင်နဂိုမူလပုံတော်ကိုဖူးမျှော်ခွင့်ရရှိမန္တလေးမြို့မဟာမုနိရုပ်ရှင်တော်ပလ္လင်တည်တံ့ခိုင်ခံ့ရေးအတွက်ပြန်လည်ပြုပြင်တည်ဆောက်ရန်ပလ္လင်ခံဝန်ကိုစမ်းသပ်ရာ၁၅တန်ခန့်သာရှိကြောင်းသိရွိရ။ဘုရားကိုယ်လုံးတော်၏အလေးချိန်နှင့်ကပ်လှူထားသောရွှေသင်္ကန်းထုတည်ပမာဏအလေးချိန်ကိုတွက်ချက်နိုင်ရန်Scanningပြုလုပ်ရာတွင်မဟာမြတ်မုနိဆင်းတုတော်၏မူလဘူတကိုယ်တည်ကိုယခုကဲ့သို့တွေ့မြင်ရခြင်းဖြစ်သည်။မန္တလေးမဟာမြတ်မုနိဘုရားကြီးကိုScanဖတ်ရာတွင်နဂိုမူလပုံတော်ကိုဖူးမျှော်ခွင့်ရရှိမန္တလေးမြို့မဟာမုနိရုပ်ရှင်တော်ပလ္လင်တည်တံ့ခိုင်ခံ့ရေးအတွက်ပြန်လည်ပြုပြင်တည်ဆောက်ရန်ပလ္လင်ခံဝန်ကိုစမ်းသပ်ရာ၁၅တန်ခန့်သာရှိကြောင်းသိရွိရ။ဘုရားကိုယ်လုံးတော်၏အလေးချိန်နှင့်ကပ်လှူထားသောရွှေသင်္ကန်းထုတည်ပမာဏအလေးချိန်ကိုတွက်ချက်နိုင်ရန်Scanningပြုလုပ်ရာတွင်မဟာမြတ်မုနိဆင်းတုတော်၏မူလဘူတကိုယ်တည်ကိုယခုကဲ့သို့တွေ့မြင်ရခြင်းဖြစ်သည်။Commentsများရွှေတွေပြန်ဖျော်ချနဂိုအတိုင်းထားရွှေးပေးမချနဲ့ပိုပြီးသပ္ပါယ်လိမ့်မယ်ထိုင်းမှာဘုရားဆင်းတုတွေဥပမာုမဘုရားထိန်းသိမ်းတာနဂိုအတိုင်းဖူးမျှော်နေရတယ်မြန်မာမှာကသဒ္ဓါလွန်ပြီးဉာဏ်နည်းကြတယ်မူလဘုရားဆင်းတုတော်ပင့်လာကာစအတိုင်းကိုးကွယ်ပါမူလတိုင်းကိုးကွယ်ပြီးဘယ်သောအခါဆက်ပြီးရွေသင်္ကန်းမကပ်စေလိုတော့ပါမူလတိုင်းကိုးကွယ်ရပါလျင်အလွန်သပ့်ပြေပြီးဘုရား၀တ်ပြုကန်တော့လည်းစိတ်အေးချမ်းပါသည်ယခုလိုဘုရားကိုယ်တော်ကြီးမှာရွေသင်္ကန်းမကအခြားလှူထားဝတ္ထုတွေများလွန်းသောဖကြာင့်ဆင်းတုတော်ကြီးပုံပျောက်သွားမျိုးဖြစ်ြပီးနောင်လာနောက်သားဗုဒ္ဓမျိုးဆက်တွေပုံအစစ်အမှန်မမြင်ရတော့ပါမူလတိုင်းဘုရားပုံတော်ကြီးဆိုလျင်တင့်သယ်သပ်ပြေအေးချမ်းပါမည်။အင်းလေးဖေါင်တော်ဦးဘုရားတွေလည်းရရွှေချရင်းနဲ့ဘုရားပုံတော်မပေါ်ရွှေတုံးကြီးဖြစ်သွားတာပဲရခိုင်ပြည်နယ်ကျောက်တော်ရှိမဟာမုနိဘုရားမှာစလွယ်တွေဥသျှောင်တော်တွေဖြုတ်ချပြီးမူလပုံတော်အတိုင်းဖူးမျှော်နေကြပါပြီ။မူလပုံစံအတိုင်းကြည်ညိုလိုကောင်းပါတယ်ချထားသောရွှေများကိုမူလပုံစံရွှေအစစ်သွန်းပြီးရခိုင်ပြည်ကိုပင့်ဆောင်သင့်ရခိုင်တချို့ဘုရားသူခိုးစွဲတာခံခဲ့ရဘူးတယ်Credit […]

သဲနှင့်ဆားငံရေမှအစာအဟာရဖြစ်ထွန်းအောင်အစ္စရေးတို့သုံးခဲ့သောနည်းစနစ်များ

December 21, 2020 ohkarlinn 0

Unicode🌿သဲနှင့်ဆားငံရေမှအစာအဟာရဖြစ်ထွန်းအောင်အစ္စရေးတို့သုံးခဲ့သောနည်းစနစ်များ🌿💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭သဲနှင့်ဆားငံရေမှအစာအဟာရဖြစ်ထွန်းအောင်လုပ်နိုင်သည်မှာအစ္စရေးနိုင်ငံပင်ဖြစ်ပါသည်။သဲကန္တာရဆိုသည်မှာစိုက်ပျိုးမြေမဟုတ်သလိုလူနေအပ်သောအရပ်လည်းမဟုတ်ပါ။သို့သော်အစ္စရေးနိုင်ငံသည်ထိုကန္တာရမြေပေါ်တွင်လူသန်းပေါင်းများစွာစည်ကားသိုက်မြိုက်စွာနေထိုင်လျှက်ရှိပြီးလယ်ဧကပေါင်းများစွာထွန်ယက်စိုက်ပျိုးနေကြပါသည်။အစ္စရေးနိုင်ငံသည်သဲကန္တာရစိုက်ပျိုးရေးနည်းသစ်ကိုတီထွင်ပြီးသီးနှံစိုက်ပျိုးပင်များကိုဆားငံရေလောင်းကြပါသည်။ထိုဆားငံရည်သည်ရေချိုထက်ဆားဓါတ်အဆ(၂၀)ပိုမိုပါ၀င်သည်သာမကကန္တာရမြေပေါ်တွင်ဆားငံရေလောင်း၍စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာမယုံနိုင်စရာပင်ဖြစ်ပါသည်။သို့သော်အစ္စရေးနိုင်ငံတွင်ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။အစ္စရေးနိုင်ငံတွင်လယ်သမားများ၊စိုက်ပျိုးရေးသမားများ၊တစ်နှစ်သုံးသီးစိုက်ပျိုးကြပြီးဖရဲ၊အာလူး၊ခရမ်း၊ငရုတ်၊စွန်ပလွန်၊ဘူးသီးနွယ်နှင့်ထောပတ်သီးများသာမကအခြားသစ်သီးဝလံများဥရောပစျေးကွက်သို့တင်ပို့ရောင်းချကြပါသည်။တစ်ဧကလျှင်အသီးအနှံတန်(၆၀)မျှထွက်ရှိပါသည်။အမေရိကန်သည်အစ္စရေးသဲကန္တာရမြေ၏စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကိုအားရသဘောကျ၍လိုက်လုပ်ကြည့်သော်လည်းမအောင်မြင်ပါ။အစ္စရေးနိုင်ငံတွင်မက်မုံသီး၊ဆီးသီး၊တရုပ်ဆီးသီး၊နတ်သြဇာ၊ချယ်ရီသီးအစရှိသည့်ရာသီသီးနှံများဖြစ်ထွန်းအောင်မြင်ပြီးဥရောပစျေးကွက်သို့လက်မလည်အောင်တင်ပို့လျတ်ရှိပါသည်။ဂျာမဏီ၊အင်္ဂလန်၊ပြင်သစ်နှင့်ဟော်လန်တိုင်းပြည်များကဲ့သို့ပန်းပေါသောတိုင်းပြည်များသို့လဲအစ္စရေးပန်းများစျေးကွက်ဖောက်ဝင်ပြီးအောင်မြင်လျက်ရှိပါသည်။အစ္စရေးနိုင်ငံသည်ဟင်းသီးဟင်းရွက်သစ်သီး၀လံတို့ကိုထုတ်လုပ်နိုင်သည်သာမကလယ်သမားများမှာတနှစ်လျင်သီးထပ်(၇)ထပ်မြောက်မျိုးစေ့ကြဲနိုင်သည်အထိဖြစ်သည်မှာကမ္ဘာကအံ့ဩအတုယူစရာပင်ဖြစ်ပါသည်။အစာရေစာရှားပါးသည်ကိုအစ္စရေးနိုင်ငံကအံ့ဩဖွယ်ရာဖြေရှင်းသည့်နည်းလမ်းများအနက်ထင်ရှားကျော်ကြားသောနည်းလမ်းများမှာ(၁)Drip […]

ကမ္ဘာတလွှားကဆန်းဆန်းပြားပြားကြက်များ

December 20, 2020 ohkarlinn 0

Unicodeကမ္ဘာတလွှားကဆန်းဆန်းပြားပြားကြက်များကြက်ဆိုတာကနေတိုင်းမြင်တွေ့နေရတဲ့အတွက်ဘာမှမထူးခြားပေမယ့်သုတဇုန်မိတ်ဆွေများအတွက်ဗဟုသုတအနေနဲ့မျှဝေလိုက်ပါတယ်။ကြက်သည်ငှက်နှင့်အလားသဏ္ဌာန်တူသောတိရစ္ဆာန်ဖြစ်ပြီးတောကြက်၊အိမ်ကြက်၊ရေကြက်ဟူ၍အမျိုးမျိုးအစားစားရှိကြပါတယ်။ကြက်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း၈၀၀၀ခန့်ကတည်းကရှိခဲ့ပြီးအစပထမမှာတော့တောထဲမှာပဲမြင်တွေ့နိုင်တဲ့တောကြက်တွေသာဖြစ်တယ်လို့သိရပါတယ်။အိမ်မွေးတိရစ္ဆာန်အဖြစ်ပထမဆုံးမွေးမြူခဲ့ကြတာတော့တရုတ်နိုင်ငံမြောက်ပိုင်းဒေသမှာဖြစ်ပါတယ်။ဒါကြောင့်redjunglefowlလို့သိကြတဲ့တောကြက်တွေဟာယနေ့ခေတ်ကြက်မျိုးနွယ်တွေရဲ့ဘိုးဘေးဘီဘင်လို့ဆိုနိုင်ပါတယ်။အဲဒီကနေတဆင့်ယနေ့ဆိုရင်ကမ္ဘာအနှံ့အပြားမှာကြက်တွေကိုမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ခန့်မှန်းချက်အရယနေ့ကမ္ဘာမှာကြက်အမျိုးအစားပေါင်း၁၀၀ကျော်ရှိနေပြီးအကောင်ရေပေါင်း၂၅ဘီလျံရှိနေကာအဲဒီအထဲကသန်း၄၅၀ခန့်ကိုသာကြက်ဥထုတ်လုပ်ဖို့မွေးမြူကြပါတယ်။ကျန်တဲ့၂၄ဘီလျံကျော်ကတော့အသားအတွက်ဖြစ်ပါတယ်။ကမ္ဘာ့နေရာတိုင်းနီပါးမှာကြက်တွေကိုစားသောက်ဖို့မွေးမြူကြပေမယ့်အနည်းငယ်သောနေရာမှာတော့ကြက်တွေကိုအိမ်မွေးအချစ်တော်အဖြစ်မွေးမြူလေ့ရှိပါတယ်။ကြက်တွေဟာပျမ်းမျှအရွယ်အစားအားဖြင့်၂၇လက်မအလျားရှိပြီးအလေးချိန်က၅.၅ပေါင်ခန့်ရှိတတ်ပါတယ်။အထီးတွေဟာအမတွေထက်အကောင်ပိုကြီးပါတယ်။အရောင်ကတော့မျိုးစုံတွေ့နိုင်ပြီးအထီးတွေရဲ့အရောင်ဟာအမတွေရဲ့အရောင်ထက်ပိုမိုတောက်ပလေ့ရှိပါတယ်။ကြက်တွေဟာအမြင်အာရုံအလွန်ကောင်းမွန်ပြီးအရောင်တိုင်းကိုခွဲခြားမြင်နိုင်ပါတယ်။ကြက်တွေဟာစက္ကန့်အနည်းငယ်နဲ့အကွာအဝေးကိုပျံနိုင်စွမ်းရှိပါတယ်။အကြာဆုံးပျံသန်းနိုင်ခဲ့ကြက်ကတော့၂၀၁၄ခုနှစ်ကစံချိန်တင်ခဲ့တာဖြစ်ပြီးကြာချိန်၁၃စက္ကန့်ဖြစ်ကာအကွာအဝေးကတော့၃၀၁.၅ပေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ကြက်တွေအိပ်နေတဲ့အခါမျက်လုံးလျှင်မြန်စွာလှုပ်ရှားတာကိုကြည့်ပြီးလူတွေလိုပဲအိပ်မက်မက်လေ့ရှိတယ်လို့ခန့်မှန်းထားကြပါတယ်။သူတို့ရဲ့အဓိကအစားအစာကတော့အစေ့အဆန်နဲ့အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။ကြက်တွေဟာကောင်းမွန်တဲ့မှတ်ဉာဏ်ကိုပိုင်ဆိုင်ထားပြီးမတူညီတဲ့လူတွေကိုမှတ်မိခွဲခြားနိုင်စွမ်းရှိပါတယ်။ကြက်မတွေဟာတစ်နှစ်ကိုဥပေါင်း၃၀၀ခန့်ဥနိုင်ပါတယ်။ဥတွေဟာကြက်အမျိုးအစားအလိုက်အဖြူ၊အညို၊ပန်းရောင်၊စိမ်းလဲ့လဲ့၊ပြာလဲ့လဲ့အရောင်တွေရှိတတ်ပါတယ်။ကြက်မတွေဟာဥတွေကိုတစ်နေ့အကြိမ်၅၀ခန့်ဝပ်ပြီးပျမ်းမျှအားဖြင့်စဝပ်ပြီး၂၁ရက်ကြာတဲ့အခါဥတွေကနေအကောင်ပေါက်ပါတယ်။ကြက်မတွေဟာသူမရဲ့သားသမီးတွေကိုစောင့်ရှောက်ပြီးအစာရှာဖွေစားသောက်ပုံကိုသင်ပေးတတ်ကြပါတယ်။ကြက်တွေရဲ့သက်တမ်းကတော့၅နှစ်ကနေ၁၀နှစ်ဖြစ်ပါတယ်။ဒါကတော့ကြက်တွေနဲ့ပတ်သတ်နဲ့ဗဟုသုတအချို့ဖြစ်ပါတယ်။အောက်ကပုံတွေကတော့ဓာတ်ပုံဆရာTranchelliniရိုက်ကူးထားတဲ့ကမ္ဘာတစ်လွှားကလှပဆန်းပြားတဲ့ကြက်တွေရဲ့ပုံတွေဖြစ်ပါတယ်။သူဟာ၂၀၁၃မှာလယ်ကွင်းတစ်ခုမှာလှပတဲ့ကြက်တစ်ကောင်တွေ့ခဲ့ရကစလို့ကြက်တွေကိုသဘောကျသွားပြီးအခြားနှစ်ယောက်ဖြစ်တဲ့Monti,Matteoတို့နဲ့အတူလှပဆန်းပြားတဲ့ကြက်တွေကိုရှာဖွေရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ဒီကြက်ဓာတ်ပုံစီးရီးကိုအီတလီမှာကျင်းပတဲ့Milanoaviaryexhibitionမှာပြသခဲ့ပါတယ်။ကဲကမ္ဘာတစ်လွှားကဆန်းဆန်းပြားပြားကြက်တွေကိုကြည့်လိုက်ကြပါဦး […]

ကျောက်မီးသွေးအကြောင်းသိကောင်းစရာ

December 20, 2020 ohkarlinn 0

Unicodeကျောက်မီးသွေးအကြောင်းသိကောင်းစရာကျောက်မီးသွေးဟာအပင်များမှဖြစ်ပေါ်လာသောသစ်ဆွေး(မြေ)များကမ္ဘာ့မြေထုအတွင်းသို့တိုးဝင်ရောက်ရှိခဲ့ပြီးအပူချိန်နဲ့ဖိအားဒါဏ်ကိုနှစ်သန်းပေါင်းများစွာခံရပြီးနောက်ပြောင်းလဲဖြစ်ပေါ်လာသောမာကျောသည့်မီးသွေးခဲများဖြစ်ပါတယ်။အဲ့လိုဖြစ်စဉ်ကိုအင်္ဂလိပ်လို”Coalification”လို့ခေါ်ပါတယ်..။ကျောက်မီးသွေးထဲမှာလေးလံသောသတ္တုဓါတ်များစွာပါဝင်တဲ့အပြင်အခြားသောခဲ၊အာဆန်းနစ်၊ပြဒါး၊ဆီလီနီယံ၊ဘိုရွန်နဲ့Thalliumကဲ့သို့သောဒြပ်စင်များလည်းပါဝင်ပါတယ်။ကျောက်မီးသွေးကိုမီးရှို့တဲ့အခါ..အဲ့ဒီ့ဒြပ်စင်များဟာလောင်ကျွမ်းသွားခြင်းမရှိပဲပြာများနှင့်အတူလေထုထဲကိုရောက်ရှိလာပါတော့တယ်..။အဲ့ဒီလေတွေဟာလူကိုအန္တရာယ်ဖြစ်စေတဲ့အဆိပ်အတောက်တွေပါပဲ.။ကျောက်မီးသွေးစက်ရုံတစ်ခုရဲ့တည်ဆောက်ပုံကိုကြည့်လိုက်တဲ့အခါ..လေထုထဲကိုထိုအဆိပ်အတောက်ဓါတ်ငွေ့တွေစွန့်ထုတ်ရုံမျှမကပဲမြစ်၊ချောင်း၊အင်း၊အိုင်များသို့ရေဆိုးမြောင်းမျှမှတဆင့်ဓါတ်သတ္တုတွေထုတ်လွှတ်ရတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီ့ရေကိုသောက်သုံးမိတဲ့လူအပါအဝင်ကုန်းနေ၊ရေနေသတ္တဝါများဟာအဆိပ်သင့်မှုကိုတိုက်ရိုက်ခံစားရမယ့်အပြင်အဲ့ဒီ့ရေနဲ့စိုက်ပျိုးမယ့်အပင်များမှတဆင့်လည်းစားသုံးသူများကိုအဆိပ်သင့်မှုကိုခံစားရနိုင်ပါသေးတယ်။အဆိပ်သင့်ရင်ဘာတွေဖြစ်မလဲ..?အာဆန်းနစ်(Arsenic)ဟာလူတွေကိုကင်ဆာရောဂါဖြစ်စေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။အဲ့ဒါကြောင့်သူ့ကိုကာဆီနိုဂျင်(carcinogen)လို့ခေါ်ပါတယ်။ရေမှတဆင့်တိုက်ရိုက်သောက်သုံးမိတယ်ဆိုရင်တော့ကင်ဆာဖြစ်ဖို့အဆ၆၀၀၀၀မကသေချာသွားပါပြီ။ဆီလီနီယံကတော့ရေသတ္တဝါများကိုအဆိပ်သင့်စေပြီး..အဲ့ဒီ့အဆိပ်သင့်တဲ့ငါးများကိုစားသုံးမိတဲ့လူများကတော့အဆုတ်ယောင်ခြင်း(bronchitis)၊ထုံကျင်ကိုက်ခဲခြင်း၊အရေပြားရောဂါဖြစ်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ပြဒါးနဲ့ခဲကတော့ကာဆီနိုဂျင်မဟုတ်ပေမယ့်လူရဲ့အာရုံကြောကိုထိခိုက်မှုရှိစေပါတယ်။အထူးသဖြင့်ကလေးငယ်တွေမှာဆိုရင်ပြဒါး၊ခဲအနည်းငယ်တွေ့ထိရုံမျှဖြင့်ဖွံ့ဖြိုးကြီးထွားမှုကိုရပ်တန့်သွားစေနိုင်ပါတယ်။ခဲနဲ့Thalliumကတော့ကိုယ်ဝန်ဆောင်စဉ်မှာအန္တရာယ်ဖြစ်စေပြီးကိုယ်ဝန်ပျက်ကျခြင်း၊မွေးလာတဲ့ကလေးကိုယ်လက်အင်္ဂါမစုံခြင်းစသည်တို့ကိုဖြစ်စေပါတယ်။အဲ့ဒီ့အတွက်ကြောင့်နိုင်ငံတကာမှာ(အထူးသဖြင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ)ကျော်မီးသွေးစက်ရုံတည်ဆောက်ခြင်းကိုလက်မခံကြတော့ပဲစက်ရုံပိတ်ပစ်ခြင်း၊ဖျက်သိမ်းခြင်း၊အဆိပ်သင့်လူနာများအားပြုစုစောင့်ရှောက်ပေးခြင်းတို့ကိုလုပ်ဆောင်ကြပြီး..အချို့သောနိုင်ငံများကတော့ဖွံ့ဖြိုးဆဲနိုင်ငံများကိုအသုံးချပြီးကျောက်မီးသွေးစက်ရုံများကိုအဆိုပါနိုင်ငံများမှာတည်ဆောက်လာကြပါတယ်။ဖွံ့ဖြိုးဆဲ(သို့မဟုတ်)မဖွံ့ဖြိုးသေးသောနိုင်ငံတစ်ခုအနေနဲ့ကျောက်မီးသွေးစက်ရုံတည်ဆောက်မှုကိုလက်ခံလိုက်မည်ဆိုပါက…အထက်တွင်ဖော်ပြခဲ့သောပြသနာများကိုမုချမသွေရင်ဆိုင်ခံစားရမှာဖြစ်ပြီးနိုင်ငံရော၊လူမျိုးပါဖွံ့ဖြိုးမှုအဆင့်ထပ်မံလျော့ကျသွားမှာပဲဖြစ်ပါတော့တယ်..။အနာဂတ်လူငယ်များအတွက်..သန့်ဦး(အာကာသနှင့်စကြဝဠာ) […]

သမ္မတဦးဝင်းမြင့်ရဲ့လူရုပ်မပေါ်တော့လောက်အောင်ထောင်ထဲမှာတိုက်ပိတ်ခံခဲ့ရတဲ့ကြေကွဲစရာအတိတ်ဘဝတစေ့တစောင်း

December 17, 2020 ohkarlinn 0

Unicodeလူရုပ်မပေါ်တော့လောက်အောင်ထောင်ထဲမှာတိုက်ပိတ်ခံခဲ့ရတဲ့ကိုယ့်နိုင်ငံခေါင်းဆောင်သမ္မတဦးဝင်းမြင့်ရဲ့ကြေကွဲစရာအတိတ်ဘဝတစေ့တစောင်းကိုယ့်နိုင်ငံရဲ့လေးစားရတဲ့သမ္မတကြီးအကြောင်းသိထားသင့်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်”၈၈နောက်ပိုင်းမှာနိုင်ငံရေးလုပ်တော့စီးပွားပျက်တာပဲ။ဓနုဖြူကအိမ်ကိုရောင်းလိုက်ရတယ်။သူနောက်ဆုံးတကြိမ်ထောင်ကျတော့သားကတိုက်ဖိုက်ရောဂါနဲ့အသည်းအသန်ဖြစ်တယ်။သူ့သားအသုဘချမှထောက်လှမ်းရေးကခဏပြန်လွှတ်ပေးခဲ့တာ”လို့ဦးဝေလှိုင်ထွန်းကပြောပါတယ်။အသုဘအတွက်အိမ်ကိုခဏပြန်လာတဲ့ဦးဝင်းမြင့်ကိုဇနီးသည်ဒေါ်ချိုဟာရုတ်တရက်မမှတ်မိခဲ့ပါဘူး။ပိန်ချုံးပြီးအရင်ရုပ်ဖမ်းလို့မရအောင်ရုပ်ပျက်နေခဲ့တယ်လို့ဒေါ်ချိုကဦးဝေလှိုင်ထွန်းကိုပြန်ပြောပြခဲ့ပါတယ်။အဲလိုပြန်လွှတ်ပေးတဲ့အချိန်မှာပဲဦးဝင်းမြင့်ပါတီကနုတ်ထွက်ရင်မော်တော်ကားပါမစ်၊တီးအီးကားကြီးတစီးနဲ့သယ်ဆောင်လာတဲ့အိမ်အသုံးအဆောင်ပစ္စည်းတွေကိုပေးမယ်လို့စည်းရုံးခဲ့ပေမယ့်ဦးဝင်းမြင့်ကငြင်းပါတယ်။ရလဒ်ကသားဖြစ်သူအသုဘလည်းပြီးထောင်ထဲကိုပဲပြန်ပို့ခံရပါတယ်။“အသုဘပြီးတော့ထောင်ထဲမှာတိုက်ပိတ်ခံခဲ့ရတယ်။ကျွေးတဲ့ထမင်းနဲ့ပေးတဲ့ရေကအဆင်မပြေပေမယ့်မသေအောင်သူကြိတ်မှိတ်စားခဲ့ရတယ်။အဲဒီတိုက်ထဲမှာလေငန်းမဖြစ်အောင်သူတော်တော်ကြိုးစားခဲ့ရတယ်။အဲဒီအချိန်မှာထောင်ထဲကိုICRCကလာစစ်တော့သူ့နာမည်မေးတဲ့အခါထောင်ကမရှိဘူးလို့လိမ်ခဲ့တယ်”လို့ဦးဝေလှိုင်ထွန်းကပြန်ပြောပြပါတယ်။အဲဒီလိုနဲ့အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီICRCထောင်ကပြန်တဲ့အခါမှာဦးဝင်းမြင့်ကိုထောင်ထဲကထုတ်၊ရန်ကုန်ကရဲမွန်ကိုပို့ပြီးထမင်းဟင်းကောင်းကောင်းကျွေး၊ကျန်းမာရေးစောင့်ရှောက်မှုတချို့ပါပေးခဲ့လို့ပိန်ချုံးပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ဦးဝင်းမြင့်တယောက်သေဘေးကလွတ်ခဲ့ရပါတယ်။ဦးဝင်းမြင့်ပုံမှန်ပြန်ဖြစ်လာလို့ICRCကိုခေါ်ပြီးတွေ့ခွင့်ပေးခဲ့တဲ့အချိန်မှာတော့ဦးဝင်းမြင့်ကိုအဲဒီအဖွဲ့ကသူတို့သိချင်တာတွေမေးပါတော့တယ်။ဦးဝင်းမြင့်ကလည်းဒီနေရာမှာပြောလို့အဆင်မပြေလို့ထောင်ထဲကကွင်းကြီးတခုဆီကိုလိုက်နိုင်ရင်ပြောပြမယ်လို့ဆိုတဲ့အခါICRCကလူတွေဟာခုံတွေမပြီးဦးဝင်းမြင့်နောက်ကိုလိုက်ခဲ့ကြပါတယ်။ဘာလို့ဆိုရင်ထောင်ကစီစဉ်ပေးတဲ့နေရာကအသံဖမ်းစက်တွေပြည့်နေလို့ပါပဲ။အဲဒီလိုနဲ့ဦးဝင်းမြင့်ကိုနိုင်ငံရေးကထွက်အောင်မစည်းရုံးနိုင်ခဲ့လို့သူ့မိသားစုဝင်တွေဖြစ်တဲ့ဇနီးဒေါ်ချို၊ကလေး၂ယောက်ကိုလည်းစည်းရုံးဖို့ကြိုးစားခဲ့ပါသေးတယ်။ဒုတိယနှစ်တက်နေတဲ့သားကိုနေမကောင်းရင်ဆေးကုဖို့ပိုက်ဆံလိုရင်ပြောဖို့၊ဆေးကုပေးမယ်ဆိုပြီးစည်းရုံးခဲ့တယ်လို့သိရပါတယ်။ဒေါ်ချိုကတော့ခင်ပွန်းဖြစ်သူရဲ့ရပ်တည်ချက်အတိုင်းပဲလို့တုန့်ပြန်ခဲ့ပါတယ်။သမီးကြီးဖြစ်သူကိုလည်းစည်းရုံးလို့မရတဲ့အခါအလုပ်တွေမှာအဆင်မပြေအောင်လိုက်နှောက်ယှက်တာကြောင့်နောက်ဆုံးမှာစင်ကာပူနိုင်ငံကိုထွက်သွားခဲ့ရပြီးရတဲ့ဝင်ငွေနဲ့မိသားစုကိုပြန်လည်ထောက်ပံ့ပေးခဲ့ရတာပါ။ဒီဇာတ်လမ်းတွေကိုပြန်ပြောပြခဲ့တဲ့အခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝေလှိုင်ထွန်းဟာဇာတ်လမ်းမပြီးခင်မှာ၃ကြိမ်ထက်မနည်းမျက်ရည်တွေကျခဲ့ပါတယ်။ဒီလိုနဲ့၂၀၁၅ရွေးကောက်ပွဲမှာNLDအနိုင်ရပြီးနောက်အသက်၆၆နှစ်ရှိပြီဖြစ်တဲ့ဦးဝင်းမြင့်ဟာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့အခါတဦးတည်းကျန်တော့တဲ့သမီးဖြစ်သူမင်္ဂလာဆောင်ကိုမည်သည့်မင်္ဂလာလက်ဖွဲ့ကိုမှလက်ခံခြင်းမပြုလို့ဆုံးဖြတ်ချက်ကိုဦးဝင်းမြင့်ကိုယ်တိုင်ချခဲ့တာလို့သမက်ဖြစ်သူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးမိုးကဆိုပါတယ်။အဲဒီမင်္ဂလာဆောင်ကိုတောင်ဟိုတယ်မှာခမ်းခမ်းနားနားမလုပ်ဘဲအကျဉ်းချုံးကျင်းပဖို့အထိဆုံးဖြတ်တာကြောင့်ဇနီးဖြစ်သူဒေါ်ချိုဟာဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်အကူအညီတောင်းလို့မင်္ဂလာပွဲကိုသင့်တင့်အောင်ကျင်းပနိုင်ခဲ့တာလို့သိရပါတယ်။“သူကဆုံးဖြတ်ပြီးရင်ပြန်ကိုမပြင်ဘူး။သူမှန်တယ်ထင်ရာလုပ်တတ်တော့ဒေါ်ချိုကမင်္ဂလာဆောင်ကိစ္စမှာဒေါ်စုကိုသွားပြောရတယ်။ဒေါ်စုပြောရင်တော့သူ(ဦးဝင်းမြင့်)နားထောင်တယ်”လို့ဦးဝေလှိုင်ထွန်းကပြောပါတယ်။ […]

ကလေးပေါင်း၆၅၀၀ကျော်ရဲ့အသက်ကိုကယ်ကာဆေးသိပ္ပံလောကကိုပြောင်းလဲပေးခဲ့သူ

December 17, 2020 ohkarlinn 0

Unicodeကလေးပေါင်း၆၅၀၀ကျော်ရဲ့အသက်ကိုကယ်ကာဆေးသိပ္ပံလောကကိုပြောင်းလဲပေးခဲ့သူပုံမှာဖော်ပြထားတဲ့မွေးကင်းစကလေးငယ်တွေကိုမြင်ရင်တော့သင့်အနေနဲ့ပုံမှန်မွေးကင်းစကလေးတိုင်းနဲ့မတူညီတဲ့ပုံရိပ်ကိုစတင်သတိထားမိမှာဖြစ်ပါတယ်။ယင်းကလေးငယ်တွေဟာပုံမှန်ကလေးတွေနဲ့မတူညီရတဲ့အကြောင်းအရင်းကတော့လမစေ့ပဲမွေးဖွားလာခဲ့ကြလို့ဖြစ်ပါတယ်။အချိန်ကာလအားဖြင့်ဆိုရင်(၁၉၃၃)ခုနှစ်မတိုင်ခင်ကာလတွေကတော့ဆေးရုံတွေဟာလမစေ့ပဲမွေးဖွားလာတဲ့ကလေးတွေဆက်လက်ရှင်သန်နိုင်ဖို့တာဝန်ယူကုသနိုင်စွမ်းမရှိကြသေးပါဘူး။ဒါကြောင့်လမစေ့ပဲမွေးလာတဲ့ကလေးအားလုံးနီးပါးဟာသေဆုံးရဖို့အခြေအနေကိုသာကြုံ့တွေ့ရမှာဖြစ်ပါတယ်။ယင်းအခြေအနေမှာပဲMartinArthurCouneyအမည်ရတဲ့တဲ့အမေရိကန်နိုင်ငံသား၊ဂျာမန်ဂျူးလူမျိုးတစ်ယောက်ဟာSavingBabiesလို့အမည်ရတဲ့လုပ်ငန်းစဉ်တစ်ခုနဲ့လမစေ့ပဲမွေးဖွာလာတဲ့ကလေးငယ်တွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ဆေးပညာရပ်မှာဆိုရင်တော့ဒါဟာneonatologyပညာရပ်လို့ဆိုရမှာဖြစ်ပြီးထူးခြားတာကတော့ယင်းကုထုံးကိုအကောင်အထည်ဖော်ခဲ့သူMartinဟာဆရာဝန်တစ်ယောက်မဟုတ်ခဲ့ပါဘူး။အရပ်ထဲကဘိန်းနှောဆရာလိုပုံစံတွေနဲ့ကလေးငယ်များစွာရဲ့အသက်ကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။ပုံမှာပါဝင်တဲ့ရှေးယခင်ကာလတွေကအသုံးပြုတဲ့incubator(လမစေ့ဘဲမွေးသောကလေးငယ်များအတွက်အနွေးဓာတ်သေတ္တာ)ဟာဆိုရင်MartinA.Couneyရဲ့ဖန်တီးမှုဖြစ်ပြီးကလေး(၁)ဦးကနေ(၂၅)ယောက်လောက်ထည့်သွင်းနိုင်တဲ့ဆိုဒ်အကြီးစားတွေလည်းရှိနေပါတယ်။ဆေးပညာကိုစနစ်တကျလေ့လာသင်ယူဖူးသူမဟုတ်တဲ့MartinArthurCouneyရဲ့မိခင်ဘက်ကသာဆရာဝန်မျိုးရိုးရှိပြီးသူအတွက်ဆေးပညာနဲ့ပတ်သက်တဲ့ဗဟုသုတဆိုတာပြင်သစ်လူမျိုးဆရာဝန်Pierre-ConstantBudinဆီမှာပညာသင်ကြားဖူးတယ်လို့သာသိရပါတယ်။Budinကတော့အခြားတော့မဟုတ်ပါဘူးမွေးကင်းစကလေးထားတဲ့အနွေးဓာတ်သေတ္တာကိုဖန်တီးမှုနည်းပညာကိုစမ်းသပ်ခဲ့တဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။Neonatalincubatorတွေကို(၁၈၈၀)ပြည့်နှစ်လောက်ကတည်းကပညာရှင်တွေဘက်ကပြင်သစ်နိုင်ငံ၊ပဲရစ်မှာစတင်တည်ဆောက်ခဲ့ကြတယ်လို့မှတ်တမ်းတွေရှိကြပေမယ့်တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သူကတော့ပရာ်ဖက်ရှင်နယ်ဆေးပညာရှင်တစ်ယောက်မဟုတ်တဲ့MartinArthurCouneyဖြစ်ပြီး(၁၈၉၆)ခုနှစ်ကဘာလင်မြို့ပြပွဲတစ်ခုမှာလူထုကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ယင်းကနေစပြီးMartinဟာဥရောပတစ်လွှားလိုက်လံမိတ်ဆက်ပြသခဲ့ပြီး(၁၉၀၃)ခုနှစ်မှာတော့အမေရိကန်မှာပဲအခြေချပြီးလမပြည့်ပဲမွေးဖွားတဲ့ကလေးငယ်စောင့်ရှောက်မှုလုပ်ငန်းကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။သူဟာဒီလုပ်ငန်းကိုအားလုံကလက်ခံခဲ့တဲ့(၁၉၄၀)အစောပိုင်းကာလအထိလုပ်ကိုင်ခဲ့ပါတယ်။MartinArthurCouneyဟာကလေးငယ်တစ်ဦးအတွက်ကုသစရိတ်အဖြစ်(၂၅)ဆင့်ရယူပြီးမကြာခင်မှာပဲIncubatorဆရာဝန်အဖြစ်စတင်နာမည်ရလာပါတယ်။ဒီငွေကြေးဟာသူအတွက်အမြတ်မကျန်ပဲသူ့တီထွင်မှုနဲ့အလုပ်သမားစရိတ်သာသာသာရှိခဲ့ပါတယ်။ဒါပေမဲ့တစ်ကမ္ဘာလုံးကလမပြည့်ပဲမွေးဖွားလာတဲ့ကလေးငယ်တွေအတွက်MartinArthurCouneyရဲ့ဆေးခန်းဟာအကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ရာနေရာဖြစ်ခဲ့ပြီးလူစိတ်ဝင်စားမှုလည်းများပြားလွန်းလာခဲ့ပါတယ်။ယင်းအချိန်ကဆေးပညာလောကမှာလမပြည့်ပဲမွေးလာခဲ့တဲ့ကလေးတွေဟာမျိုးရိုးဗီဇဆိုင်ရာသမရိုးကျမဟုတ်တဲ့ဖြစ်ရပ်တစ်ခုအဖြစ်သတ်မှတ်ထားပြီးသေဆုံးဖို့ရာခိုင်နှုန်းများတဲ့လူနာအဖြစ်သတ်မှတ်ထားပါတယ်။MartinArthurCouneyကတော့ဒီသတ်မှတ်ချက်ကိုလက်မခံတဲ့စိတ်ကိုအရင်းတည်ပြီးယင်းကာလရဲ့ခေတ်လွန်ဆေးပညာရပ်ဆိုင်ရာမှတ်တမ်းတစ်ခုကိုရေးထိုးဖို့ဦးတည်ခဲ့ပါတယ်။ဒီနေရာမှာသူကြုံတွေ့ရတာကတော့အဲဒီအချိန်ကဆရာဝန်ဆေးသမားတော်တွေရဲ့မျက်မုန်းကျိုးခြင်းပဲဖြစ်ပါတယ်။အစောပိုင်းကဆေးပညာနယ်ပယ်ကသမားတော်တွေဟာMartinArthurCouneyနဲ့ပူးပေါင်းလုပ်ဆောင်မှုမျိုးကိုမလုပ်ခဲ့ကြပဲဆရာဝန်မဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တင်သူရဲ့ဖန်တီးမှုကိုဆေးပညာသမိုင်းကြောင်းထဲထည့်သွင်းဖို့ငြင်းဆန်ခဲ့ကြပါတယ်။ဒီအတွက်လည်းMartinArthurCouneyဟာသူရဲ့ဖန်တီးမှုတွေဟာဆေးပညာလောကအတွက်အထောက်အကူဖြစ်စေဖို့သာအဓိကထားပြီးကိုယ်ရည်သွေးလိုခြင်းမရှိကြောင်းမီဒီယာထက်ကနေထုတ်ဖော်ပြောကြားမှုတွေလည်းရှိခဲ့ပါတယ်။အမှန်လည်းဆေးပညာရှုထောင့်ကနေကြည့်မယ်ဆိုရင်MartinArthurCouneyရဲ့Neonatalincubatorတွေဟာခေတ်လွန်ကုသရေးစက်တွေလိုဖြစ်နေခဲ့ပြီးသူရဲ့အသက်ကယ်သေတ္တာတွေဟာစတီးနဲ့ဖန်တွေကိုအသုံးပြုတည်ဆောက်ထားပြီးခြေထောက်တွေပါဝင်ကာ(၅)ပေလောက်အမြင့်ရှိပါတယ်။သေတ္တာရဲ့အပြင်မှာတော့ဘွိုင်လာတစ်ခုကိုအသုံးပြုပြီးရေပူစမ်းတစ်ခုဖန်တီးထားပြီးကလေးငယ်ထားရှိတဲ့သေတ္တာတွင်းကကုတင်နဲ့ဇာခြင်ထောင်ကိုအမြဲနွေးနေရန်ဖန်တီးထားပါတယ်။ဒါအပြင်ကလေးငယ်ကိုနို့ချိုတိုက်ကျွေးမဲ့မိခင်တွေ၊ဝေယျဝေစ္စပြုလုပ်မဲ့သူနာပြုတွေကိုဆေးလိပ်၊အရက်သောက်စားပြီးယင်းNeonatalincubatorအတွင်းသို့အနီးကိုမလာရန်တားမြစ်ထားတဲ့အပြင်အဝတ်အားကအစအစွန်းအထင်းကင်းတဲ့သတ်မှတ်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ရမယ်လို့ကန့်သတ်ခဲ့တာကိုတွေ့ရပါတယ်။လူအများစုကတော့ဂျာမန်ဂျူးတစ်ယောက်ဖြစ်တဲ့MartinArthurCouneyရဲ့ဖန်တီးမှုNeonatalincubatorဟာအမေရိကန်ရဲ့ဆေးပညာသမိုင်းကြောင်းကိုတောင်အပြောင်းအလဲဖြစ်စခဲ့တယ်လို့သတ်မှတ်ထားကြပြီးလမပြည့်ပဲမွေးဖွားခဲ့တဲ့ကလေးငယ်(၆၅၀၀)ကနေ(၇၀၀၀)အကြားရှိအသက်များစွာကိုကယ်တင်နိုင်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။(၁၉၄၀)ရောက်ချိန်မှာတော့အမေရိကန်ဆေးလောကတစ်ခုလုံးကCouneyရဲ့ဖန်တီးချက်ကိုခြွင်းချက်မရှိထောက်ခံလာကြပြီးနိုင်ငံပိုင်နဲ့ပုဂ္ဂလိကဆေးရုံတွေမှာထိထိရောက်ရောက်အသုံးပြုလာခဲ့ကြပါတယ်။ဒီပြောင်းလဲမှုဟာNeonatalincubatorတွေကိုမူလဖန်တီးသူMartinArthurCouneyရဲ့ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုတွေကိုရပ်နားသွားစေပေမယ့်ဒီလိုနည်းစဉ်ကိုဆေးရုံအားလုံးကျင့်သုံးပြီးလူအသက်များစွာကိုဆထက်တစ်ပိုးတိုးပြီးစောင့်ရှောက်နိုင်ဖို့ဟာကာယကံရှင်MartinArthurCouneyရဲ့အိမ်မက်ဖြစ်ပါတယ်။MartinArthurCouneyဟာဒီလိုသမိုင်းဝင်ဖန်တီးမှုကြီးကိုပြုလုပ်နိုင်ပြီးလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်ဆိုပေမဲ့သူအတွက်ဘာအကျိုးအမြတ်မှမရရှိခဲ့ရှာပါဘူး။ဒီအတွက်လည်းသူဟာဘယ်တော့မှတောင်းဆိုမှုတွေကိုပြုလုပ်ခြင်းလည်းမရှိပဲသူအသက်(၈၀)အရွယ်၊(၁၉၅၀)မှာတော့ကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူချန်ထားခဲ့တဲ့အမွေကတော့ယနေ့တိုင်ဆေးပညာလောကရဲ့အရေးပါတဲ့နေရာမှာဆက်လက်ရှင်သန်နေဆဲဖြစ်တာကိုတော့မဖြစ်မနေအသိအမှတ်ပြုရပါမယ်။#Thutazonewww.thutazone.net […]