တူနီးရှားနိုင်ငံကိုတိုက်ခိုက်ရေးဒရုန်းတွေတင်ပို့ရောင်းချခဲ့တဲ့တူရကီနိုင်ငံ

December 16, 2020 ohkarlinn 0

Unicodeတူနီးရှားနိုင်ငံကိုတိုက်ခိုက်ရေးဒရုန်းတွေတင်ပို့ရောင်းချခဲ့တဲ့တူရကီနိုင်ငံ။တူနီးရှားနိုင်ငံဟာတူရကီနိုင်ငံနိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့လေကြောင်းစက်မှုလုပ်ငန်းစုTurkishAerospaceIndustries(TAI)မှAnka(Phoenix)တိုက်ခိုက်ရေးဒရုန်း၃စီးကိုဝယ်ယူရန်အမေရိကန်ဒေါ်လာသန်း၈၀တန်ဖိုးရှိတဲ့သဘောတူညီချက်စာချုပ်တစ်ရပ်ကိုမကြာသေးမီကလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။အဆိုပါသဘောတူညီမှုမှာနှစ်နှစ်ကြာစေ့စပ်ညှိနှိုင်း‌ဆွေးနွေးမှုများပြုလုပ်ပြီးနောက်မှာအပြီးသတ်ချုပ်ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါသဘောတူညီချက်တွင်လေ့ကျင့်သင်တန်းပေးရေးအတွက်ပါထည့်သွင်းတွက်ချက်ထားပြီးဖြစ်လည်းဖြစ်ပါတယ်။တူနီးရှားလေတပ်အတွက်Ankaတိုက်ခိုက်ရေးဒရုန်း၃စီးနှင့်မြေပြင်ထိန်းချုပ်ရေးစနစ်များအပါအဝင်တပ်ဖွဲ့ဝင်၅၂ဦးအတွက်လေ့ကျင့်သင်တန်းပေးရေးနှင့်ကြံ့ခိုင်ထိန်းသိမ်းရေးလုပ်ဆောင်ခြင်းတို့ပါဝင်ကြောင်းတူရကီသတင်းမီဒီယာများတွင်ရေးသားထားပါတယ်။တူရကီနိုင်ငံရဲ့TurkEximဘဏ်ဟာတူနီးရှားဝယ်ယူမယ့်ပထမဦးဆုံးမောင်းသူမဲ့လေယာဉ်တစ်စီးအတွက်ဘဏ္ဍာရေးပိုင်းဆိုင်ရာအကူအညီတွေပေးအပ်သွားဖို့ရှိတယ်လို့လည်းသတင်းများကဆိုပါတယ်။အစောပိုင်းကထွက်ခဲ့တဲ့သတင်းတွေမှာတော့တူနီးရှားနိုင်ငံဟာAnka-Sအလယ်အလတ်အမြင့်ပျံ၊လေထဲတွင်တာရှည်ခံ(MALE)အမျိုးအစားဒရုန်းကိုမျက်စိကျခဲ့ကြတာပါ။အဆိုပါAnka-Sကတော့တူရီကီစစ်တပ်မှာသုံးဖို့ပထမဦးဆုံးထုတ်လုပ်နို်ငခဲ့တဲ့MALEအလယ်အလတ်အမြင့်ပျံ၊လေထဲတွင်တာရှည်ခံဒရုန်းအမျိုးအစားလည်းဖြစ်ပါတယ်။တူနီးရှားနိုင်ငံဟာဒီနှစ်ထဲမှာပဲတူရကီနိုင်ငံထုတ်BMCဘက်စုံသုံးသံချပ်ကာယာဉ်များ(MPAVs)ကိုဝယ်ယူထားခဲ့ပါသေးတယ်။AnkaMALEUAVတူရကီနိုင်ငံလေကြောင်းနဲ့အာကာသစက်မှုလုပ်ငန်းစုTAIကထုတ်လုပ်တဲ့အင်ကာမောင်းသူမဲ့လေယာဉ်ဟာ၂၀၁၃ခုနှစ်တွင်ကနဦးနမူနာပုံစံအားပထမဦးဆုံးအကြိမ်အောင်မြင်စွာစမ်းသပ်မောင်းနှင်နို်ငခဲ့ပြီး၂၀၁၆ခုနှစ်မှာတူရကီစစ်တပ်မှာစတင်အသုံးပြုနိုင်ခဲ့ပါတယ်။အချိန်နှင့်တစ်ပြေးညီထောက်လှမ်းခြင်း၊စောင့်ကြည့်ခြင်းနှင့်ကင်းထောက်ခြင်း၊ဆက်သွယ်ပေးပို့လု်ပဆောင်ခြင်း၊ပစ်မှတ်ဖမ်းယူခြင်းနှင့်ခြေရာခံထိန်းကျောင်းခြင်းရည်မှန်းချက်တာဝန်များကိုကျယ်ကျယ်ပြန့်ပြန့်ထမ်းဆောင်နိုင်တဲ့မောင်းသူမဲ့လေယာဉ်လည်းဖြစ်ပါတယ်။Ankaဒရုန်းတည်ဆောက်မှုမှာပြည်တွင်း၌ပင်တိုးတက်ဖွံ့ဖြိုးထုတ်လုပ်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီးလမ်းကြောင်းထိန်းကျောင်းခြင်းနှင့်ပျံသန်းမှုထိန်းကျောင်းခြင်းများကိုပြည့်ပြည့်ဝဝအလိုအလျောက်လုပ်ဆောင်နိုင်ပါတယ်။အဆိုပါအလိုအလျောက်လုပ်ဆောင်နိုင်မှုစနစ်ဟာမြေပြင်ထိန်းကျောင်းရေးစခန်းနှင့်ဆက်သွယ်ရေးပြတ်တောက်သွားချိန်မျိုးတွင်ပါကြိုတင်သတ်မှတ်ထားသောနေရာသို့အလိုအလျောက်ပြန်လည်ဆင်းသက်နိုင်မှာဖြစ်ပါတယ်။တည်ငြိမ်အရာဝတ္တုပစ်မှတ်များသာမကရွေ့လျားပစ်မှတ်များကိုပါကောင်းမွန်စွာဖမ်းယူထောက်လှမ်းခြင်း၊စိစစ်ခွဲခြားခြင်းနှင့်ခြေရာခံထိန်းကျောင်းခြင်းများလု်ပဆောင်နိုင်ရန်မောင်းသူမဲ့လေယာဉ်ကိုယ်ပေါ်တွင်ရေဒါ(၃)မျိုးတပ်ဆင်ပါရှိပြီးsyntheticapertureradar(SAR)၊(ISAR)ရေဒါနှင့်လှုပ်ရှားပစ်မှတ်ပုံရိပ်ဖော်ရေဒါ()တို့ဖြစ်ပါတယ်။Anka-Sဗားရှင်းသစ်မောင်းသူမဲ့လေယာဉ်တွင်မူစွမ်းအားမြင့်ViasatVR-18Cairbornesatellitecommunicationsantennaလေကြောင်း၊ဂြိုဟ်တုဆက်သွယ်ရေးအင်တင်နာဖြင့်လုပ်ဆောင်ပေးသောradomeပါရှိသည့်အတွက်ပိုမိုစိတ်ချ၊လုံခြုံသောမြန်နှုန်းမြင့်နှင့်beyondline-of-sightတို့တွင်ပါဆက်သွယ်လုပ်ဆောင်နိုင်မည့်စွမ်းဆောင်ရည်မျိုးပါရှိလာပါတယ်။သယ်ဆောင်နိုင်စွမ်းရှိတဲ့payloadမှာ၂၀၀ကီလိုဂရမ်ထိသယ်ဆောင်နိုင်မှာဖြစ်ပြီးရည်မှန်းချက်တာဝန်အမျိုးအမျိုးကိုထမ်းဆောင်နိုင်ရန်အတွက်Anka-Sဒရုန်းတွင်payloadအမျိုးအမျိုးတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။Anka-Sဒရုန်းရဲ့တောင်ပံ‌၂ခုအောက်မှာလက်နက်တွေတပ်ဆင်ဖို့လည်းနေရာပါဝင်တာဖြစ်ပြီးRoketsanကုမ္ပဏီထုတ်SmartMicroMunitionထည့်သွင်းပစ်ခတ်နိုင်သောဝေဟင်ပစ်ဒုံးပစ်လောင်ချာနဲ့Cirit2.75-inchပဲ့ထိန်းရော့ကတ်ပေါက်များပါရှိတာဖြစ်ပါတယ်။အဆိုပါလက်နက်ခဲယမ်းတွေကတော့သံချပ်ကာယာဉ်တွေ၊စစ်သည်တွေ၊စစ်ဘက်အဆောက်အဦတွေနဲ့မြေပြင်ရေဒါစခန်းတွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိကြောင်းသိရှိရပါတယ်။ […]

သင်္ချာပုစ္ဆာတွေကိုကျောင်းတောင်မတက်ရသေးဘဲဖြေရှင်းနိုင်နေတဲ့သုံးနှစ်သားဉာဏ်ကြီးရှင်လေး

December 15, 2020 ohkarlinn 0

Unicodeကျောင်းတောင်မတက်ရသေးဘဲသင်္ချာပုစ္ဆာတွေကိုဖြေရှင်းနိုင်နေတဲ့သုံးနှစ်သားဉာဏ်ကြီးရှင်လေးကျောင်းမနေရသေးတဲ့ကလေးငယ်တစ်ဦးဟာဂဏန်းသချာၤ၊အပိုင်းကိန်းတွေပါဝင်တဲ့ပုစ္ဆာတွေကိုတွက်ချက်နိုင်ပြီးπရဲ့တန်ဖိုးလိုကိန်းဂဏန်းကိုရွတ်ဆိုနိုင်တယ်လို့ပြောရင်ယုံဖို့ခက်နိုင်ပါတယ်။ဒါပေမဲ့ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့အသက်(၃)နှစ်အရွယ်အိုင်ဒန်ဘာစီယန်(AidenBlasian)ဆိုတဲ့ကလေးကတော့ဂဏန်း(၁၀)လုံးထက်ပိုများတဲ့ကိန်းတွေကိုအလွယ်တကူပေါင်းနိုင်ပြီးသချာၤညီမျှခြင်းတွေကိုလည်းအလွယ်တကူပဲဖြေရှင်းနိုင်ပါတယ်ဒီလိုအံ့သြစရာကောင်းတဲ့ကလေးလေးဟာသူ့အမေရဲ့အကူအညီနဲ့ပိုပြီးခက်တဲ့သချာၤညီမျှခြင်းတွေကိုတွက်ချက်ရင်းနေ့တိုင်းအချိန်ကုန်ဆုံးလေ့ရှိပါတယ်။အမေဖြစ်သူစင်သီယာ(Cynthia)ကအိုင်ဒန်ဟာသချာၤနဲ့သိပ္ပံပညာကိုစိတ်ဝင်စားပြီးအသက်နှစ်နှစ်လောက်မှာကတည်းကသူ့ဟာသူစာရေးတတ်ဖို့သင်ယူနိုင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။‘တစ်နေ့မှာအိုင်ဒန်ဟာမှတ်စုလေးတွေကိုတွေ့သွားပြီးပုစ္ဆာစတွက်ကြည့်လာပါတယ်။ကျွန်မတို့ကသူ့ကိုပုစ္ဆာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ပေးတဲ့အခါမှာအဲဒါတွေအကုန်လုံးကိုသူကမှန်အောင်ဖြေနိုင်ခဲ့ပါတယ်။သူ့ကိုကျောင်းစထားတဲ့အချိန်လေးတန်းလောက်ကနေစတက်ရဖို့မျှော်လင့်ထားပါတယ်’လို့လည်းဆိုပါတယ်။ပုံမှန်ဆိုရင်ကလေးတွေဟာအသက်ငါးနှစ်မှကျောင်းစနေကြပြီးတော့သူငယ်တန်းကနေစတက်ကြတာပါ။ဒါပေမဲ့အမေဖြစ်သူစင်သီယာကတော့သူ(မ)ရဲ့သားလေးကိုအသက်(၁၀)နှစ်၊(၁၁)နှစ်ကလေးငယ်တွေနဲ့အတူတူအတန်းတက်နိုင်မယ်လို့ယုံကြည်ထားပါတယ်။အိုင်ဒန်ဟာစစ်တုရင်ကစားရတာကိုလည်းနှစ်သက်ပြီးသူ့အမေနဲ့ပုံမှန်စစ်တုရင်ကစားလေ့ရှိပါတယ်။ကလေးလေးဟာအတွေ့အကြုံရှိတဲ့ကစားသမားတွေလိုမျိုးအခြေခံစည်းမျဉ်းတွေ၊နည်းဗျူဟာတွေကိုသုံးပြီးကစားတာဖြစ်ပါတယ်။အိုင်ဒန်ဟာကိန်းဂဏန်းတွေကိုမလေ့ကျင့်ဘဲတစ်ရက်မှမနေပါဘူး။ပြီးတော့ကျောက်သင်ပုန်းရှေ့မှာအချိန်အတော်များများမတ်တပ်ရပ်ပြီးမနက်ကနေညအိပ်ရာမဝင်ခင်အထိပါပဲ။ဒါ့အပြင်အိုင်ဒန်ဟာperiodictableအကြောင်းကိုလည်းသင်ယူချင်နေပါသေးတယ်။ […]

မြန်မာပြည်ရဲ့စီးပွားရေးGDPအမေရိကန်ဒေါ်လာ(၃.၅)ထရီလီယံ(သို့)၃၅၀၀ဘီလီယံကျော်အထိရောက်အောင်အလားအလာကောင်းများရှိနေ

December 15, 2020 ohkarlinn 0

UniocodeစီးပွားရေးGDPကိုအမေရိကန်ဒေါ်လာ(၃.၅)ထရီလီယံ(သို့)၃၅၀၀ဘီလီယံကျော်အထိရောက်အောင်အလားအလာကောင်းများရှိနေသောမြန်မာပြည်မြန်မာပြည်သူများဆင်းရဲတွင်းကနေအမြန်ဆုံးလွတ်မြောက်ပြီးစား၀တ်နေရေးဖူလုံဖို့ပြီးချမ်းသာဖို့နိုင်ငံတစ်နိုင်ငံမှာGDPတက်ဖို့အရေးကြီးသလိုလူတစ်ယောက်ချင်းအလိုက်ကုန်ထုတ်လုပ်မှုနှင့်၀န်ဆောင်မှုများ(Productivity)တက်ဖို့လိုပါသည်မြန်မာနိုင်ငံသည်ကမာ့လူဦးရေအများဆုံး(၃)နိုင်ငံဖြစ်သောတရုတ်သန်း(၁၅၀၀)အိနိယသန်း(၁၂၀၀)ဘင်္ဂလာဒေ့ရှ်(၁၆၅)သန်းအာစီယံသန်း(၅၀၀)ဂျပန်သန်း(၁၀၀)ကျော်တောင်မြောက်ကိုရီးယားသန်း(၁၀၀)နီးပါးထိုင်၀မ်သန်း(၅၀)နီးပါးရှိပြီးကမာ့လူဦးရေ၏(၅၀)%ကျော်ရှိသောစျေးကွက်ကြီးအနီးတွင်တည်ရှိနေသောကြောင့်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလူတစ်ဦးချင်းကုန်ထုတ်လုပ်မှုနှင့်၀န်ဆောင်မှုများတိုးတက်နိုင်ဘဲလိုပါတယ်လက်ရှိက၀င်ငွေကတစ်နှစ်ကိုUS$၇၀ဘီလီယံဘဲရှိသေးအရမ်းနဲနေသေးတယ်GDPသန်း(၅၀၀)ကျော်ရှိသောထိုင်းထက်(၇)ဆသာအောင်လုပ်နိုင်ရန်အလားအလာကောင်းများရှိနေပါသည်မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံထက်နှစ်ဆပိုမိုကျယ်၀န်းပြီးသံယံဇာတပိုမိုပေါများပါသည်မြန်မာပြည်သူတွေဆီကစျေးပေါပေါဖြင့်အချောင်ရနေသောကုန်ကြမ်းများနှင့်မြန်မာပြည်သူများ၏လုပ်အားကိုအသုံးပြုပြီးကြွယ်၀ချမ်းသာနေကြသောအိမ်နီးချင်းကောင်းများဖြစ်သောထိုင်းတရုတ်တို့ကိုကျော်တက်နိုင်စေရန်မြန်မာတိုင်းရင်းသားပြည်သူအားလုံးညီညီညွတ်ညွတ်စုစုစည်းစည်းဖြင့်အဆိုးထဲကနေမခံချင်စိတ်ဖြင့်အကောင်းဆုံးဖြစ်အောင်လုပ်ပြပြီးခေတ်မှီဖွံ့ဖြိုးပြီးချမ်းသာကြွယ်၀သောနိုင်ငံကိုတည်ဆောက်ကြပြီးအတူတူခံစားစံစားနိုင်ရန်(1)ကျောက်မျက်ရတနာပေါင်းစုံကျောက်စိမ်းRubyပယင်းရွှေနီလာပုလဲအချောထည်များကိုပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေ၀င်ငွေတစ်နှစ်ကိုအမေရိကန်ဒေါလာ(၂၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအတွက်ပိုက်ဆံပိုရနိုင်မည့်နည်းလမ်းများ(1)ကျောက်မျက်လုပ်ငန်းရှင်များအနေဖြင့်အချောထည်စက်ရုံများထူထောင်လုပ်ကိုင်ခြင်းဖြင့်အရိုင်းသီးသန့်တင်ပို့ရောင်းချခြင်းထက်ပိုက်ဆံပိုမိုရရှိလာမည်ဖြစ်သည့်အပြင်ရတနာများအချိန်တိုတိုအတွင်ကုန်ခမ်းသွားမည့်အရေးကိုလည်းကာကွယ်ထိန်းသိမ်းနိုင်ပြီးသားစဥ်မြေးဆက်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်”ကျောက်စိမ်းရတနာမြို့တော်ဖားကန့်မှာလူတွေသေတာကိုသက်သာစေမယ့်နည်းလမ်းများ(1)ကျောက်စိမ်းမြို့တော်ဖားကန့်နဲ့ကျောက်စိမ်းစျေးကွက်(2)ကျောက်စိမ်းအချောထည်စက်ရုံများ(3)ဖားကန့်ကကျောက်စိမ်းကုန်ကြမ်းများပြည်တွင်းပြည်ပကိုထွက်ခွာခွင့်မပြုရန်စည်းကမ်းတင်းကျပ်လိုက်လျှင်နိုင်ငံအတွက်အခွန်၀င်ငွေပိုမိုရရှိလာပြီးပြည်သူတွေလဲသိန်းနဲ့ချီတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိလာမယ်ဥပမာသစ်ထုတ်လုပ်ခွင့်ကိုရပ်လိုက်ပြီးသစ်အလုံးလိုက်ပြည်ပကိုတင်ပို့ခွင့်ရပ်လိုက်အတွက်ပရိဘောဂစက်ရုံများပြည်တွင်းတွင်ပေါများလာင်္ပြးအလုပ်အကိုင်အခွင့်အလမ်းများပေါများလာသလိုပေါ့(4)ကျောက်စိမ်းအချောထည်ဖြစ်သည့်အတွက်သံယံဇာတတွေအချိန်တိုအတွင်းကုန်ခန်းသွားခြင်းကိုလျှော့ချနိုင်မယ်(5)လူအသေအပျောက်လဲလျော့သွားမယ်(6)သဘာ၀ပတ်၀န်းကျင်ထိခိုက်မှုလဲလျော့သွားမယ်(7)နိုင်ငံတော်အခွန်၀င်ငွေလဲပိုမိုရရှိလာမယ်(8)အခုလုပ်နေတဲ့ပုံစံတွေကအစိုးရသာပြောင်းသွားတယ်အစိုးရအရာရှိအဆက်ဆက်နဲ့Companyတွေပေါင်းစားနေတယ်အစိုးရခေါင်းဆောင်တွေလဲဘယ်လိုမှထိန်းမနိုင်ဖြစ်နေတယ်(9)ဒီစာကို၀န်ကြီးတွေညွှန်မှုးတွေCompanyပိုင်ရှင်တွေလုံး၀သဘောတူမှာမဟုတ်ဘူးသဘောကျမှာမဟုတ်ဘူးဒါမျိုးတွေကိုခွင့်ပြုပေးလိုက်ရင်သူတို့စားပေါက်ပိတ်သွားမှာစိုးလို့GlobalWithessရဲ့2019ထုတ်ပြန်ချက်အရကျောက်စိမ်းတစ်မျိုးထဲကUS$၃၀ဘီလီယံ၀င်အစိုးရပြည်သူဆီမရောက်သူခိုးတွေဆီရောက်(2)စက်သုံးဆီEngineOil,Lubricants,ရေနံသဘာ၀ဓာတ်ငွေ့ကနေပြည်ပနိုင်ငံများကိုတင်ပို့ပြီး၀င်ငွေနှစ်စဥ်(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(3)ဆန်စပါးပဲမျိုးစုံဟင်းသီးဟင်းရွက်သစ်သီး၀လံမျိုးစုံကိုပြည်ပကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(4)ငါးပုဇွန်ရေထွက်ကုန်ကြက်၀က်ဘဲနွားသိုးဆိတ်ဖားနွားနောက်စသောမွေးမြူရေးလုပ်ငန်းများသားရေ(Leather)များကိုပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်”ကမာ့လူဦးရေတိုးပွားလာပြီးအစားအစာများထုတ်လုပ်ရန်မြေနေရာရှားပါးလာနေတဲ့အတွက်အနာဂတ်အစားအစာထုတ်လုပ်ရေးနှင့်ဖူလုံရေးအတွက်အရေးပါလာသောအင်းစက်မွေးမြူရေးလုပ်ငန်းများပုရစ်ပုရွက်ဆိတ်တီကောင်ကျိုင်းကောင်ပိုးဟတ်တချို့နိုင်ငံတွေမှာလူတွေစားသုံးနေပြီးစျေးကြီးပေး၀ယ်နေကြရပါသည်”(5)ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကနေတစ်နှစ်၀င်ငွေကိုအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ခရီးသွားလုပ်ငန်းကနေတစ်နှစ်လျှင်အမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံ၀န်းကျင်ပုံမှန်ရနေသောနိုင်ငံများမှာUS,Spain,France,Italyပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများအတွက်ခရီးစဥ်အသစ်များ(1)JadeTour(a)ကျောက်စိမ်းထွက်ရာဖားကန့်ဒေသကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ(b)ကျောက်စိမ်းစေတီMandalay(c)နေပြည်တော်ကျောက်မျက်ရတနာပြတိုက်တွင်ရှိသော(၃၂)တန်ရှိသောကျောက်စိမ်းတုံးကြီး(d)ကျောက်စိမ်းအရောင်းဆိုင်များ(2)RubyTour(a)Rubyအဓိကထွက်ရာမိုးကုတ်ဒေသ(b)Rubyတူးဖော်ရေးလုပ်ငန်းများ(c)Rubyအရောင်းဆိုင်များ(3)PearlTour(a)ပုလဲအဓိကထွက်ရာမြိတ်ကျွန်းစု(b)ပုလဲထုတ်လုပ်မွေးမြူရေးလုပ်ငန်းများ(c)ပုလဲအရောင်းဆိုင်များ(4)MyanmarTeakTourနာမည်ကျော်ကျွန်းသစ်ခရီးစဥ်(a)ကမာ့အကြီးဆုံးကျွန်းပင်ကြီးများစစ်ကိုင်းတိုင်းတွင်ရှိ(b)ပဲခူးရွှေပြည်သစ်သားပန်းပုပြတိုက်နှင့်အရောင်းဆိုင်(c)ပဲခူးရိုးမရှိကျွန်းစိုက်ခင်းများ(d)ပဲခူးရိုးမရှိEcoResort(e)ဆင်များဖြင့်သစ်ထုတ်လုပ်ရေးလုပ်ငန်းများနှင့်ကျွန်းစိုက်ခင်းအတွင်းဆင်စီးခြင်း(f)ခရီးသည်များကိုယ်တိုင်ကျွန်းပင်များစိုက်ပျိုးခြင်းနှင့်ခရီးသည်အမည်ဖြင့်ငွေကြေးဖြင့်စိုက်ပျိုးစောင့်ရှောက်ပေးခြင်း(5)AmberTourပယင်းရတနာခရီးစဥ်(a)ပယင်းထွက်ရှိရာတနိုင်းဒေသနှင့်ပယင်းတူးဖော်ရေးလုပ်ငန်းများ(b)ပယင်းအရောင်းဆိုင်များ(6)GoldTourရွှေရတနာခရီးစဥ်ရွှေထွက်ရာဒေသများရွှေဆိုင်များအခြားသောတွင်းထွက်ရတနာခရီးစဥ်များကိုဖော်ထုတ်နိုင်ပါသေးသည်(6)အထည်ချုပ်လုပ်ငန်းများထီးဖိနပ်အိတ်မြန်မာတိုင်းရင်းသားရိုးရာဖက်ရှင်ဒီဇိုင်း+နိုင်ငံတကာဒီဇိုင်းကနေပြည်ပနိုင်ငံများကိုတင်ပို့ပြီးတစ်နှစ်၀င်ငွေကိုအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ကမာကြီးပူနွေးလာမှုကြောင့်လူသုံးကုန်အသစ်တွေထုတ်လုပ်ခြင်းအထည်ချုပ်အ၀တ်အစားအသစ်တွေချုပ်ခြင်းဟာစွမ်းအင်အများကြီးသုံးရပြီးသဘာ၀ပတ်၀န်းကျင်ကိုထိခိုက်စေတယ်နေရာတိုင်းလုပ်ငန်းနယ်ပယ်တိုင်းမှာအဟောင်းတွေကိုပြန်သုံးပြီးလိုအပ်သလောက်ဘဲနဲနဲသုံးတဲ့စျေးကွက်ကကြီးထွားလာနေတယ်(7)Machines,Mechanical,HeavyMachines,Nanoနည်းပညာ,ဓာတုဗေဒ,ဇီ၀နည်းပညာစက်မှုလက်မှုလုပ်ငန်းများနေပြည်ပနိုင်ငံများကိုတင်ပို့ပြီးတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၅၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(8)ကာကွယ်ရေးစစ်လက်နက်များကိုထုတ်လုပ်ပြီးပြည်နိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေကိုအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ကမာ့အင်အားကြီးနိုင်ငံများသည်စစ်လက်နက်များထုတ်လုပ်ရောင်းချခြင်းကိုအဓိကစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်နေကြပါသည်သို့မှသာစစ်လက်နက်အသစ်အဆန်းများကိုပိုမိုတပ်ဆင်လာနိုင်မည်ဖြစ်သည်ဥပမာစစ်သင်္ဘောများအမြောက်များဒုန်းပျံများ,သေနတ်များ,Droneများ,တင့်ကားများ,စစ်လေယာဥ်များ,စစ်ရဟတ်ယာဥ်များ,လေဆာလက်နက်များ,EWP,ElectronicGummerများ,လေကြောင်းရန်ကာကွယ်ရေးစနစ်များ,ရေငုတ်သင်္ဘောများ,တော်ပီတိုများ,ကျည်ဆန်များ,တိုက်လေယာဥ်များ,စစ်လက်နက်အသစ်အဆန်းများကိုတီထွင်ထုတ်လုပ်ခြင်း,နယူးကလီးယားလက်နက်,ဇီ၀လက်နက်,ဓာတုလက်နက်များ,ဇီ၀လက်နက်များသည်အနာဂတ်ကာလများတွင်ဖြစ်ပေါ်လာနိုင်သောကြောင့်ဇီ၀လက်နက်ကိုထုတ်လုပ်လာနိုင်လျှင်ဇီ၀လက်နက်များကာကွယ်ရေးအတွက်ပါစွမ်းဆောင်လာနိုင်ပြီးဇီ၀လက်နက်ကာကွယ်ရေးထုတ်ကုန်များကိုမြန်မာ့တပ်မတော်အနေဖြင့်တင့်ပို့ရောင်းချလာနိုင်မည်ဖြစ်သည်ဥပမာလက်ရှိဖြစ်ပွားနေသောCovid19သည်ဇီ၀လက်နက်တစ်မျိုးဖြစ်သည်တပ်မတော်အနေဖြင့်ပြည်ပစီးပွားရေးလုပ်ငန်းများနေရသော၀င်ငွေထက်စစ်လက်နက်များကိုထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတိုးမြှင့်ရောင်းချခြင်းကနေ၀င်ငွေပိုမိုရနိုင်ပါသည်လက်ရှိအခြေအနေအရမြန်မာ့တပ်မတော်အနေဖြင့်စျေးကွက်ရှာပြီးကိုယ်ပျောက်စစ်သင်္ဘောများ,တင့်ကားများBTR3U,အမြောက်များ,အတွဲလိုက်ပစ်ဒုံးများMLRS,သေနတ်များရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအနည်းဆုံးတစ်ဘီလီယံအထိရရှိနိုင်ပြီးစစ်အသုံးစရိတ်ကိုကာမိနိုင်ပြီးစစ်လက်နက်အသစ်များကိုပိုမိုတပ်ဆင်လာနိုင်မည်ဖြစ်သည်ဥပမာစျေးကွက်အနေဖြင့်အာဖရိကနိုင်ငံများအရှေ့အလယ်ပိုင်းနိုင်ငံများတောင်အမေရိကနိုင်ငံများကရစ်ဘီယံဒေသကမောဒီးယားလာအိုသီရိလင်္ကာဘရူးနိုင်းအရှေ့တီမောမြန်မာ့တပ်မတော်အနေဖြင့်စစ်နက်လက်များရောင်းချနိုင်ရန်အတွက်လက်နက်ပွဲစားများဖြင့်ဆက်သွယ်ထားသင့်ပါသည်ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသောမြန်မာစစ်သံမှုးများကိုမြန်မာ့တပ်မတော်ထုတ်စစ်လက်နက်များကိုရောင်းချနိုင်ရန်အတွက်သက်ဆိုင်ရာနိုင်ငံအစိုးရတာ၀န်ရှိသူများကာကွယ်ရေးဦးစီးချုပ်များနှင့်တွေ့ဆုံဆွေးနွေးပြီးစျေးကွက်ရှာဖွေခိုင်းသင့်ပါသည်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ပိုက်ဆံအမြန်ဆုံးချမ်းသာချင်ရင်မြန်မာ့တပ်မတော်ထုတ်စစ်လက်နက်များကိုလက်နက်ပွဲစားလုပ်ပြီးပြည်ပနိုင်ငံများကိုရောင်းပေးပါတစ်ချိန်တခါကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သည်မြန်မာ့တပ်မတော်အတွက်ပြည်ပနိုင်ငံကြီးများကနေစစ်လက်နက်များကို၀ယ်ယူပေးပြီးချမ်းသာခဲ့ဖူးသောအစဥ်အလာရှိခဲ့ဖူးသည်ဥပမာCrossPromotionဖိလစ်ပိုင်နှင့်အာဖရိကနိုင်ငံများကနှစ်တိုင်းဆန်အမြဲတမ်းလိုအပ်ချက်ကြီးမားပြီးမဖြစ်မနေ၀ယ်ရနေရတယ်ဥပမာဖိလစ်ပိုင်နှင့်အာဖရိကနိုင်ငံများအနေနဲ့မြန်မာ့တပ်မတော်ဆီကစစ်လက်နက်တွေ၀ယ်ရင်ဆန်စျေးကို(၅၀)%လျှော့ပေးတာမျိုးလုပ်လို့ရတယ်CrossPromotionနောက်တစ်နည်းဖိလစ်ပိုင်နှင့်အာဖရိကကမြန်မာ့ဆန်နှင့်ပဲတွေ၀ယ်ရင်စစ်နက်လက်တွေကိုစျေးလျှော့ပေးပြီးရောင်းတာမျိုးTradein(အဟောင်းပေးအသစ်ယူသို့GoodSecondHandယူ)သောစနစ်ဖိလစ်ပိုင်နှင့်အာဖရိကနိုင်ငံများကအသုံးမလိုတော့သောစစ်လက်နက်များကိုupgradeလုပ်ချင်ရင်မြန်မာစစ်လက်နက်အသစ်အဟောင်းများနှင့်Tradeinလုပ်ပေးတာမျိုး(9)Furnitures,LivingFurnitures,OfficeFurnitures,ကြိမ်,သစ်အချောထည်,ပါကေး,Bambooသစ်ကြိမ်အချောထည်ထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချရေးကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်မြန်မာ့နိုင်ငံသည်ကမာပေါ်တွင်တတိယမြောက်Bambooတောအများဆုံးပိုင်ဆိုင်သောနိုင်ငံဖြစ်(10)ဆောက်လုပ်ရေးနှင့်အိမ်အလှဆင်ထုတ်ကုန်များဘိလပ်မြေကြွေပြားကျောက်ပြားမြေအုတ်စဥ့်အုတ်သံမဏိသွပ်မှန်အလူမီနီယံစတီးအိမ်အလှဆင်ထုတ်ကုန်များConstructionMaterialsများထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(11)စားသောက်ကုန်အရက်ဘီယာအချိုရည်Wineများထုတ်လုပ်ပြီးပြည်ပနိုင်များကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်အမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ပြည်ပနိုင်ငံများကနေမြန်မာပြည်ကိုစားသောက်ကုန်အရက်ဘီယာအချိုရည်Wineတင်သွင်းရောင်းချနေသောCompanyများအနေဖြင့်Tradeinနည်းဖြင့်သက်ဆိုင်ရာစားသောက်ကုန်အရက်ဘီယာအချိုရည်Wineထုတ်လုပ်တဲ့စက်ရုံများကိုမြန်မာ့သစ်သီးများကိုပြန်ရောင်းပေးပါကအကျိုးအမြတ်ပိုရမည်စားသောက်ကုန်အရက်ဘီယာအချိုရည်Wine,Import/မြန်မာ့သစ်သီးများExportကနေနှစ်ဖက်၀င်ငွေပိုရနိုင်ပါသည်”ကမာ့လူဦးရေတိုးပွားလာပြီးအစားအစာများထုတ်လုပ်ရန်မြေနေရာရှားပါးလာနေတဲ့အတွက်အနာဂတ်အစားအစာထုတ်လုပ်ရေးနှင့်ဖူလုံရေးအတွက်အရေးပါလာသောအင်းစက်မွေးမြူရေးလုပ်ငန်းများပုရစ်ပုရွက်ဆိတ်တီကောင်ကျိုင်းကောင်ပိုးဟတ်တချို့နိုင်ငံတွေမှာလူတွေစားသုံးနေပြီးစျေးကြီးပေး၀ယ်နေကြရပါသည်”ပုရစ်အဟာရပါ၀င်မှုနှိုင်းယှဉ်ခြင်းCricketPowderComparison🦗vs🦗🦗vs🦗🦗🦗vs🦗🦗🦗🦗Nutritionaldata.____________________________________100%housecrickets(AchetaDomestica🦗)Informationbasedon100g(0.22pounds)Protein:78.0gCaloriesfromfat:164kcal/100gCalories:410kcal/100gSaturatedFat:2.2gTotalFat:6.7gTrans-fattyacid:0.02gCarbohydrate:5.5gCalcium:125mgPotassium:1,304mgFiber:5.4gTotalsugarasinvert:0.2gCarbohydrate:5.5gVitaminB12:16.6mgIron:6.67mgCholesterol:216Ash:4.85gCholine:189mgFolicAcid:218mgNutritionFact=⭐⭐⭐⭐⭐Taste=⭐⭐⭐⭐⭐Size=🦗Aroma=⭐⭐⭐Softness=⭐⭐⭐⭐⭐_____________________________________100%cricket(GryllusBimaculatus🦗🦗)Informationbasedon100g(0.22pounds)Protein:67%Fat:18%Calcium:0.4%Fiber:1.7%Carbohydrate:7.6%Other5.3%NutritionFact=⭐⭐⭐Taste=⭐⭐⭐Size=🦗🦗Aroma=⭐⭐⭐⭐Softness=⭐⭐⭐⭐_____________________________________100%cricket(GryllusAssimilis🦗🦗🦗)Informationbasedon100g(0.22pounds)Protein:67.8gFat:5.6gCalcium:125mgFiber:0.5gCarbohydrate:5.5gVitaminB123.2mgIron5mgNutritionFact=⭐⭐⭐⭐Taste=⭐⭐⭐⭐Size=🦗🦗🦗Aroma=⭐⭐⭐Softness=⭐⭐⭐_____________________________________100%Cricket(Brachytrupesmembranaceus/BrachytrupesPortentosus🦗🦗🦗🦗)Informationbasedon100g(0.22pounds)Protein:20.22gFat:18.10gFiber:5gCarbohydrate:1.22gAsh:0.97NutritionFact=⭐⭐Taste=⭐⭐⭐Size=🦗🦗🦗🦗Aroma=⭐⭐⭐Softness=⭐⭐____________________________________🦗smallest-thebest😎🦗AchetaDomesticawins🎉_____________________________________မွေးမြူရေးပုရစ်များဟာ၏အဟာရပါ၀င်မှုများ၁)#Proteinအသားဓာတ်59~79%ပါဝင်တဲ့အတွက်အမဲသားနဲ့ကြက်သားတွေထက်တောင်အဆပေါင်းများစွာပိုပါတယ်။*ပုရစ်၁၀၀ဂရမ်မှာအသားဓာတ်32ဂရမ်အထိပါဝင်ပါတယ်..Gymကစားသမားများအထူးကောင်းမွန်၊ကြွက်သားတိုးစေပါတယ်။အသက်ကြီးရွယ်အိုများတစ်နေ့အတွက်ပုံမှန်ပရိုတင်း40%အထိစားသုံးပေးပါကကြွက်သားဆုံးရှုံးခြင်းကိုကာကွာပါတယ်။၂)#Magnesiumပုရစ်လိုအကောင်သေးသေးလေးကအမဲသားထက်၅ဆပိုများတဲ့မဂ္ဂနီဆီယမ်ဓာတ်တွေပိုပါနေတယ်ဆိုတာယုံရခက်ပါတယ်..၎င်းMagnesiumပါဝင်တဲ့အတွက်နှလုံးနဲ့သွေးလှည့်ပတ်မှုအဖွဲ့အစည်းအတွက်များစွာအကျိုးပြုတဲ့အပြင်#နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း၂၂%ထိလျော့ကျစေတယ်..၃)#Ironနှင့်#Zincပုရစ်မှာဟင်းနုနယ်အရွက်ထက်ပိုများတဲ့သံဓာတ်ပမာဏပါဝင်တဲ့အတွက်#ဦးနှောက်လုပ်ငန်းတွေကိုကောင်းမွန်စေတယ်..#ကြွက်သားတွေသန်မာစေတယ်..#သံဓာတ်ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းရောဂါအတွက်စားသုံးပေးနိုင်တယ်..#ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းသွေးအားကောင်းစေဖို့စားပေးနိုင်တယ်..Zincဓာတ်ပါဝင်လို့#အမျိုးသားအားတိုးစေနိုင်တယ်..Testosteronehormoneပမာဏများလာစေတယ်လို့ဆိုပါတယ်..၄)#Calciumပုရစ်ရဲ့မာကြောတဲ့အရိုးပိုင်းလေးတွေမှာCalciumဓာတ်တွေပါဝင်နေလို့..#အရိုးကျန်းမာဖို့အထောက်အကူပြုသလို..အူမကြီးနှင့်အစာဟောင်းအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးပြန်တယ်..၅)#VitaminB12ပုရစ်မှာVitaminပါတယ်လို့ပြောရင်အံ့ဩမိပါလိမ့်မယ်…ဒါပေမဲ့တကယ်ကိုVitB12ပါဝင်လို့#မှတ်ဥာဏ်အားနည်းခြင်းကနေကာကွယ်ပေးတယ်..#အာရုံကြောအားကောင်းစေတယ်..#နှလုံး၊#အရေပြားနဲ့#ဆံပင်တွေကိုကျန်းမာစေတယ်…၆)#GoodFatsOmega3နဲ့Omega6fattyacidsတွေသာပါဝင်လို့ကျန်းမာရေးအတွက်အလွန်ကောင်းမွန်စေပါတယ်…၇)ဒါ့အပြင်#Fiberအမျှင်ဓာတ်နဲ့အခြားသောessentialaminoacidsတွေလည်းပါဝင်လို့..လူနဲ့တည့်ပါတယ်#Credits#Researches#Resources(12)မော်တော်ယာဥ်နှင့်အစိတ်အပိုင်းများထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်နေရောင်ခြည်စွမ်းအင်သုံးကားပျံများဆိုင်ကယ်ပျံများကိုထုတ်လုပ်တင်ပို့ရောင်းချခြင်း(13)Sport,Cultural&EntertainmentExportပန်းချီပန်းပုရုပ်ရှင်ဂီတဇာတ်သဘင်ရုပ်သေးစသော​အနုပညာလုပ်ငန်းများကိုပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ဥပမာWLC,MyanmarLetwei,ChinLone,Bando,BanShay,otherstraditionalSports”Lethwei,ChinLone,YoeThay,Paints&HandCraftsareBusiniess&WecanExporttotheWorld’sCountries”မြန်မာ့ရုပ်သေးကိုပြည်သူများကကြည့်ပြီးကမာအနှံ့ပျံ့နှံစေချင်လျှင်မင်းသားမင်းသမီးရုပ်သာမကခေတ်နှင့်အညီဇာတ်လမ်းဇာတ်ညွှန်းရေးပြီးရုပ်သေးရုပ်များကိုဇာတ်ကွက်အလိုက်ပုံဖော်ထုဆစ်ပြီးအများပြည်သူကိုဖျော်ဖြေတင်ဆက်သင့်တယ်ဥပမာထရန့်ရုပ်မဲနိုင်သောNLD၀န်ကြီးရုပ်မဲရှုံးသောကြံ့ခိုင်ရေးအမတ်ရုပ်ထောင်ကျနေသောဗကသကျောင်းသားရုပ်Covidကြောင့်စျေးမရောင်းရသောလမ်းဘေးစျေးသည်ရုပ်Taxiသမားရုပ်ရုပ်ရှင်ရုံမဖွင့်ရလို့စိတ်ညစ်နေသောလွင်မိုးရုပ်ယောက်ကျားလေးတွေသားရေကျသောနန်းမွေစံရုပ်ဇာတ်လမ်းဇာတ်ကွက်ရုပ်တွေအများကြီးရှိနေပြီးပြည်သူတွေကိုဖျော်ဖြေပေးလို့ရတယ်မြန်မာ့ရုပ်သေးပညာကိုလူတွေလက်ခံလာအောင်​ဖျော်ဖြေတင်ဆက်ချင်လျှင်ကုန်ကျစရိတ်ကြီးမားတယ်အဆိုတော်အငြိမ့်တို့နဲ့မတူတဲ့အချက်ကဇာတ်ကွက်တစ်ခုချင်းအလိုက်ပါ၀င်ရတဲ့နောက်ခံပန်းချီကားနှင့်အသုံးပြုရတဲ့ရုပ်သေးရုပ်တွေဘဲအဆိုအငြိမ့်တို့ကမလိုဘူးဇာတ်လမ်းဇာတ်ကွက်တစ်ခုပြီးရင်ဇာတ်လမ်းဇာတ်သစ်ထပ်လုပ်ချင်လျှင်ရုပ်သေးရုပ်တွေအသစ်နောက်ခံပန်းချီကားတွေကအသစ်ထပ်လုပ်ရလေ့ရှိတယ်မြန်မာ့ရုပ်သေးကိုအမေရိကန်မှာကပြချင်လျှင်လူတွေစိတ်၀င်စားတဲ့ထရန့်အကြောင်း9/11အကြောင်းတွေတခြားအမေရိကန်ဇာတ်လမ်းတွေကိုနောက်ခံဇာတ်ကွက်ပန်ချီကားတွေဖန်တီးပြီးရုပ်သေးရုပ်များကိုထရန့်တခြားအမေရိကန်ဇာတ်ရုပ်များဖြင့်ဖျော်ဖြေတင်ဆက်ပါ၀က်၀က်ကွဲအောင်မြင်ပါလိမ့်မည်မြန်မာ့ရုပ်သေးကိုရုရှမှာကပြချင်လျှင်လူတွေစိတ်၀င်စားတဲ့ဇာဘုရင်အကြောင်ဆိုဗီယက်တပ်နီတော်ကနာဇီဂျာမန်များကိုအနိုင်ရတဲ့အကြောင်းတွေတခြားရုရှဇာတ်လမ်းတွေကိုနောက်ခံဇာတ်ကွက်ပန်ချီကားတွေဖန်တီးပြီးရုပ်သေးရုပ်များကိုတခြားရုရှဇာတ်ရုပ်များဖြင့်ဖျော်ဖြေတင်ဆက်ပါ၀က်၀က်ကွဲအောင်မြင်ပါလိမ့်မည်(14)Logistic&SupplyChainတရုတ်အိနိယအာစီယံဂျပန်ကိုရီးယားကမြန်မာပြည်ကိုဖြတ်ပြီးကုန်သွယ်တာကနေအခွန်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ကမာ့ကုန်သွယ်ရေးမှာမရှိမဖြစ်အဓိကအသုံးပြုနေကြရတဲ့ကုန်တင်သင်္ဘော(Logistic&ShippingLine)တွေမှာမြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ၀င်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သင့်တယ်ကမာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့ဆိုရင်ကမာ့ကုန်သွယ်ရေးရဲ့အဓိကအချက်အချာနေရာရေလမ်းကြောင်းတွေကိုထိန်းချုပ်ထားနိုင်ဖို့လိုတယ်အင်္ဂလိပ်တွေနေမ၀င်အင်ပါယာဖြစ်ခဲ့တာကကမာ့ကုန်သွယ်ရေလမ်းကြောင်းအဓိကနေရာကြီး၅ခုကိုကောင်းစွာထိန်းချုပ်ထားနိုင်ပြီးစနစ်ကျစီမံကွပ်ကဲပြီးထောက်ပံ့ပို့ဆောင်နိုင်လို့ဘဲအမေရိကန်လဲထိုနည်းလည်းကောင်းဘဲဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ရတာရုရှကမာ့အင်အားကြီးမဖြစ်နိုင်တာတရုတ်ကမာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့အခက်အခဲဖြစ်နေတာကကမာ့ကုန်သွယ်ရေလမ်းကြောင်းတွေကိုကောင်းစွာမထိန်းချုပ်နိုင်သေးလို့ဘဲကမာ့ကုန်သွယ်ရေလမ်းကြောင်းရဲ့အဓိကနေရာတွေကတော့(1)မြောက်ပင်လယ်လမ်းကြောင်းအင်္ဂလိပ်ပြင်သစ်ရေလက်ကြား(2)ဂျီဘရော်တာရေလက်ကြားစပိန်နိုင်ငံအနီးတွင်တည်ရှိလက်ရှိအင်္ဂလိပ်စပိန်အငြင်းပွားနေပြီးအင်္ဂလိပ်ကထိန်းချုပ်ထား(3)စူးအက်တူးမြောင်းအီဂျစ်နိုင်ငံတွင်ရှိမြေထဲပင်လယ်အာဖရိကအာရှတိုက်နှင့်ဥရောပတိုက်ကိုအဓိကဆက်သွယ်ထား(4)အာဖရိကတိုက်ဂွတ်ဟုတ်အငူအာဖရိကတိုက်တောင်ဘက်အစွန်ဆုံးတွင်တည်ရှိ(5)မလင်္ကာရေလက်ကြားမလေးရှားနိုင်ငံတွင်တည်ရှိတောင်တရုတ်ပင်လယ်နှင့်အိနိယသမုဒရာကိုဆက်သွယ်ထား(15)ESport&MobileGameထုတ်လုပ်ရေးနှင့်ပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(16)Robotics,AI,3D,5G,TelecomProductsTechnology,ICT,ComputerLaptop,MicroChip,SemiConductor,Battery,Hardware&Softwareများထုတ်လုပ်ပြီးပြည်ပနိုင်ငံများတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(17)QRCode,OnlinePayment,ECommerencePlatformစသောလုပ်ငန်းများကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(18)သကြားပြောင်းပီလောပီနံရာဘာလျှော်ဖြူစက်မှုကုန်ကြမ်းသီးနှံများကနေကုန်ချောထုတ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရာကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(19)ကော်ဖီလက်ဖက်ခြောက်ထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချသောလုပ်ငန်းများကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(20)ဆက်သွယ်ရေးဂြိုလ်တုအာကာသနည်းပညာများကိုပြည်ပနိုင်ငံများကိုတင်ပို့ခြင်းကနေ၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ကမာကြီးမှာလူတွေနဲ့ပြည့်ကျပ်နေပြီအာကာသ,လ,အင်္ဂါဂြိုလ်ပေါ်လူတွေပြောင်းရွှေ့နေထိုင်သင့်နေပြီစွမ်းအင်တွေကိုအလွန်အကျွံထုတ်ယူသုံးစွဲနေကြလို့တစ်နှစ်ထက်တစ်နှစ်ပိုမိုပူပြင်းလာနေတယ်ရောဂါပိုးမွှားတွေလဲပြန့်နှံ့လာပြီးလူသားမျိုးမတုန်းဖို့နေ့စဥ်ကြောက်ရွံ့နေကြရတယ်(21)အလှကုန်များဖြစ်သောသနပ်ခါးနံ့သာဖြူကရက်မက်သစ်မွှေးအပါအ၀င်ရေမွှေးမိတ်ကပ်အလှကုန်များကိုထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်ပြည်ပနိုင်ငံများကနေမြန်မာပြည်ကိုအလှကုန်တင်သွင်းရောင်းချနေသောCompanyများအနေဖြင့်Tradeinနည်းဖြင့်သက်ဆိုင်ရာအလှကုန်ထုတ်လုပ်တဲ့စက်ရုံများကိုမြန်မာ့သနပ်ခါးကိုပြန်ရောင်းပေးပါကအကျိုးအမြတ်ပိုရမည်Cosmetic,Import/သနပ်ခါးသစ်မွှေးExportကနေနှစ်ဖက်၀င်ငွေပိုရနိုင်ပါသည်(22)မျိုးစေ့များသစ်ပင်ပန်းမန်များသဘာ၀ပတ်၀န်းကျင်နှင့်ကိုက်ညီသောမြေအိုးစဥ့်ထည်RecycleProductsများထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(22)Petအိမ်မွေးခွေးကြောင်များနှင့်အစာများကိုပြည်ပနိုင်ငံများကိုထုတ်လုပ်ပြီးတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(23)ဆေးအိမ်သုံးဆေးနိုင်ငံခြားဆေးများတိုင်းရင်းဆေးများMedicine&MedicalEquipmentများကိုထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(24)Organicမြေသြဇာများပိုးသတ်ဆေးများကိုထုတ်လုပ်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေရရှိနိုင်သော၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(25)ငွေခဲသွပ်ကြေးနီဂြိုလ်တုမိုဘိုင်းဖုန်းထုတ်ရာတွင်သုံးသောReadEarthစသောMineများကိုထုတ်လုပ်သန့်စင်ပြီးပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချရာတွင်တစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(26)ဆိပ်ကမ်းအပါအ၀င်ပြည်ပနိုင်ငံများအတွက်သင်္ဘောဖျက်သင်္ဘောတည်ဆောင်ခြင်းလုပ်ငန်းများကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်(27)စားသုံးဆီအတွက်ဆီအုန်းမြေပဲပဲပိစပ်နေကြာ​ဆီထွက်သီးနှံများစိုက်ပျိုးပြီးကုန်ချောများကိုပြည်ပနိုင်ငံများကိုတင်ပို့ချခြင်းကနေတစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်မြန်မာနိုင်ငံကစားသုံးဆီစက်ရုံများပဲဆီနှမ်းဆီနေကြာဆီလုပ်ငန်းရှင်များအနေဖြင့်(1)ပြည်ပကနေစျေးပေါပေါဖြင့်တင်သွင်းလာသောစားအုန်းဆီများနှင့်စျေးနှုန်းအရမယှဥ်ပြိုင်နိုင်ခြင်း(2)ပြည်ပကနေတင်သွင်းလာသောဟင်းသီးဟင်းရွက်ဆီများပဲပိစပ်ဆီများနှင့်စျေးနှုန်းအရမယှဥ်ပြိုင်နိုင်ခြင်း(3)ပဲဆီထုတ်လုပ်ရာတွင်အဓိကကုန်ကြမ်းအဖြစ်အသုံးပြုသောမြေပဲနှမ်းများကိုတရုတ်ပြည်ကိုအဓိကတင်ပို့နေသောကြောင့်ကုန်ကြမ်းစျေးကြီးမြင့်နေခြင်း(4)မြန်မာပြည်သူအများစုသည်ဆင်းရဲနေသောကြောင့်စျေးနှုန်းသက်သာသောဆီများကိုမဖြစ်မနေစားသုံးနေရခြင်းထိုအခြေအနေများကိုကျော်လွှားနိုင်ရန်အတွက်မိမိတို့စက်ရုံများမှထုတ်လုပ်သောပဲဆီနှမ်းဆီနေကြာဆီပဲပိစပ်ဆီများကိုအရည်အသွင်းတိုးမြှင့်ထုတ်လုပ်ပြီးစျေးကောင်းရသော(1)ဥရောပစျေးကွက်(2)အမေရိကန်စျေးကွက်(3)ဂျပန်စျေးကွက်(4)ကိုရီးယားကွက်(5)တရုတ်စျေးကွက်(6)Indiaစျေးကွက်(7)အရှေ့အလယ်ပိုင်းစျေးကွက်များကိုထိုးဖောက်ရောင်းချသင့်ပါသည်(28)MobilePhone,Electronic&ElectricalProductsများကိုထုတ်လုပ်ပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချခြင်းကနေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိရရန်အလားအလာကောင်းများရှိနေသောမြန်မာပြည်အမေရိကန်ဒေါ်လာတစ်ဘီလီယံတွင်သန်း(၁၀၀၀)ရှိပါသည်လူဦးရေ၇သန်းကျော်သာရှိပြီးသန်လျင်ကျောက်တန်းခရမ်းသုံးခွမြို့နယ်၄ခုစာလောက်သာကျယ်သောIsraelနိုင်ငံအာရပ်မွတ်စလင်နိုင်ငံများကနေ့စဥ်အသေခံဗုံးခွဲမှုများဒုံးကျည်များဖြင့်အပစ်ခံနေရသောIsraelနိုင်ငံIsraelနိုင်ငံ၏တစ်နှစ်၀င်ငွေGDPသည်အမေရိကန်ဒေါ်လာ(၃၅၀)ဘီလီယံနီးပါးရှိသောသောကြောင့်မြန်မာနိုင်ငံအနေဖြင့်တစ်နှစ်၀င်ငွေအမေရိကန်ဒေါ်လာ(၃၅၀၀)ဘီလီယံသည်မရနိုင်စရာအကြောင်းမရှိပါစီးပွားရေးလုပ်ငန်းများအနေဖြင့်မိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်SalesTargetပြည့်အောင်ကြိုးစားကြပြီးကိုယ့်မြန်မာတိုင်းရင်းသားအချင်းချင်းမနာလိုစိတ်မဖြစ်ကြဘဲကိုယ့်မြန်မာတိုင်းရင်းသားအချင်းချင်းSalesTargetပြည့်အောင်ကူညီဖေးမလက်တွဲသင့်ပြီးနိုင်ငံ့အကျိုးအများပြည်သူအကျိုးအတွက်လက်တွဲညီညီဖြင့်စုပေါင်းဆောင်ရွက်သင့်ပါသည်မြန်မာတွေကရှေးဘုရင်ခေတ်အဆက်ဆက်ထဲကနိုင်ငံရေးစီးပွားရေးစစ်ရေးဘာသာရေးတွေမှာတိုက်စစ်ဆင်နယ်မချဲ့ဘဲခုခံစစ်ဘဲကစားခဲ့လို့အင်္ဂလိပ်တွေရဲ့နယ်ချဲ့ခံရပြီးမတိုးတက်တာသားစဥ်မြေးဆက်ဘ၀လုံခြုံအေးချမ်းဖို့ကမာအနှံ့နိုင်ငံရေးစီးပွားရေးစစ်ရေးဘာသာရေးယဥ်ကျေးမှုအရနယ်ချဲ့ရမယ်ခုခံစစ်နဲ့မကစားနဲ့အကောင်းဆုံးခံစစ်သည်အကောင်းဆုံးတိုက်စစ်ဖြစ်သည်မြန်မာနဲ့ဂျပန်နှိုင်းယှဥ်ချက်ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့မင်းတုန်းမင်းခေတ်နဲ့ဂျပန်မေဂျီခေတ်အတူတူဘဲဂျပန်တွေအင်အားကြီးနိုင်ငံဖြစ်သွားပြီးမြန်မာတွေအင်္ဂလိပ်သိမ်းပိုက်တာကိုခံလိုက်ရတယ်သမိုင်းကိုပြန်ကြည့်ရင်မြန်မာတွေပင်လယ်ရပ်ခြားပြည်ပနိုင်တွေနဲ့ကုန်ကူးသန်းသွားလာတာနဲတယ်ဂျပန်တွေပင်လယ်ရပ်ခြားပြည်ပနိုင်ငံတွေနဲ့ကုန်ကူးသန်းသွားလာတာများတယ်ဂျပန်တွေနည်းပညာဖွံ့ဖြိုးမှုသုတေသနတွေကိုအချိန်ငွေကြေးအားစိုက်ပြီးလုပ်တဲ့အကျင့်ကဒီနေ့အထိဘဲမြန်မာတွေနည်းပညာသုတေသနနဲ့ဖွံ့ဖြိုးမှုကိုအချိန်ငွေကြေးအကုန်အကျခံလုပ်တာနဲတယ်ယနေ့အထိဘဲမြန်မာတွေအချင်းချင်းရန်ဖြစ်နေတာများပြီးပူးပေါင်းဆောင်ရွက်မှုအားနဲတယ်ဂျပန်တွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအားကောင်းတယ်ဂျပန်နဲ့မြန်မာဥာဏ်ရည်ဥာဏ်သွေးတီထွင်ကြံဆမှုကြိုးစားအားထုတ်မှုစစ်ပညာဇာတိသွေးဇာတိမာန်ဘာမှမကွာဘူးအတူတူဘဲစဥ်းစားတွေးခေါ်မှုတချို့နေရာတွေမှာမြန်မာကတောင်သာသေးတယ်ဒီအချက်တွေကဘဲဂျပန်ကိုအင်အားကြီးနိုင်ငံဖြစ်လာစေပြီးမြန်မာကိုနိုင်ငံငယ်ဘ၀ကိုရောက်သွားစေခဲ့တယ်မြန်မာပြည်ကစီးပွားလုပ်ငန်းနယ်ပယ်တော်တော်များများမှာတစ်နှစ်ကို၀င်ငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံသို့မဟုတ်အမေရိကန်ဒေါ်လာသန်းပေါင်းတစ်သိန်းဆိုတာဘယ်သူမှစိတ်မကူးရဲအိမ်မက်တောင်မက်ဖူးတာမဟုတ်ဘူးအများစုကဖြစ်နိုင်ဘူးအရူးလို့ပြောကြလိမ့်မယ်သမိုင်းမတင်မှီခေတ်လေယာဥ်ပျံတွေပေါ်လာတာလဲလူသားတွေရဲ့စိတ်ကူးတွေအိမ်မက်တွေကနေတဆင့်ဖြစ်ပေါ်လ? […]

လူငယ်တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ဦးသန့်ရဲ့စကား(၅)ခွန်း

December 13, 2020 ohkarlinn 0

Unicodeလူငယ်တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ဦးသန့်ရဲ့စကား(၅)ခွန်း၁။ရည်ရွယ်ချက်ရှိပါလောက၌ရည်ရွယ်ချက်မရှိသောသူသည်တက်မပါတဲ့လှေလိုရေစီးအတိုင်းမျောချင်ရာမျောနေတတ်သည်။ကြီးပွားလိုသောသူတိုင်းသည်ရည်ရွယ်ချက်ရှိရမည်။သုံးလောကထွက်ထားမြတ်စွာဘုရားရှင်တောင်ငါသည်ဘုရားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကြောင့်သာကျွန်တော်တို့ကိုးကွယ်နေတဲ့ဗုဒ္ဓမြတ်စွာအဖြစ်ရောက်ရှိတော်မူခဲ့သည်။မည်သူမဆိုငယ်စဥ်ကတည်းကမှန်းခြေရှိရမည်။မှန်းခြေရှိသောသူသည်မိမိလုပ်ငန်းတွင်လွယ်ကူရုံသာမကမှန်းခြေမရှိသူထက်နှိုင်းယှဥ်မရအောင်သာလွန်၍ကြီးပွားကြလေသည်။၂။သူများနဲ့မတူအောင်လုပ်ပါဒီလိုပြောလိုက်ရင်ပဲအဆန်းကြီးဖြစ်နေလိမ့်မည်။သို့ရာတွင်စေ့စေ့တွေးကြည့်သော်ကြီးပွားသောသူတို့ရဲ့လက်စွဲအချက်ဖြစ်နေပေသည်။သူများကဲ့သို့လုပ်လျှင်သူများလိုပဲဖြစ်လိမ့်မည်။သူများထက်ပိုကြီးပွားအောင်မြင်ချင်ရင်သူများမလုပ်နိုင်သေးသောဆန်းသစ်သောအရာတွေကိုကိုယ်လုပ်ရမည်။မြတ်စွာဘုရားသည်သူတစ်ပါးနဲ့မတူသောအကျင့်ကိုကျင့်ကြံခဲ့သောကြောင့်ဘုရားရှင်အဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပေသည်။၃။အများသဘောမလိုက်ပါနဲ့အများသဘောသည်အမှားပေါ၏။လက်တွေ့ဘဝမှာပညာရှိသူနဲ့မရှိသူကိုနှိုင်းယှဥ်ကြည့်မယ်ဆိုရင်ပညာရှိတွေဟာအလွန်နည်းတဲ့ပမာဏလောက်သာရှိတာဖြစ်ပါတယ်။အများသဘောမလိုက်ပါနဲ့ဟုဆိုရာတွင်အများရဲ့မှန်ကန်မှုကိုဆန့်ကျင့်ရမည်ဟုဆိုလိုခြင်းမဟုတ်ပါ။မည်သည့်ကိစ္စမဆိုအများသဘောဟုဆိုသောသူတွေကိုအသုံးမချသူဟုမှတ်အပ်၏။အများသဘောသည်မှားလျှင်မှားကြောင်းညွှန်ပြနိုင်ရမည်။ဆန့်ကျင်နိုင်ရမည်။ရေလိုက်ငါးလိုက်နေသောသူသည်မကြီးပွားနိုင်ချေ။၄။ပြုပြင်ရမှာမကြောက်ပါနဲ့လောက၌ဘာသာရေးကိစ္စကလွဲ၍အရာအားလုံးသည်ပြုပြင်ပြောင်းလဲလျှက်ရှိနေသည်။အဝတ်အစားအပြောအဆိုအနေအထိုင်အယူအဆများအားလုံးသည်အမြဲပြောင်းလဲလျှက်ရှိနေသည်။ယခုခေတ်သည်ကိုယ်ကအလွန်မြန်နိုင်မှတော်ရုံလောက်သာရောက်နိုင်သည်။အပြေးသွားအပြေးလာသောခေတ်ဖြစ်၏။ကြီးပွားအောင်မြင်ဖို့ကိုယ့်ရဲ့မကောင်းသောအချက်အားနည်းချက်တွေကိုပြုပြင်ရမှာလုံးဝမကြောက်ပါနဲ့။အချိန်မဆွဲပါနဲ့။ချက်ချင်းပြောင်းလဲယူပါ။၅။အယုံမလွယ်ပါနဲ့မစဥ်းစားဘဲအယုံလွယ်သူတွေပေါသောတိုင်းပြည်သည်အောက်တန်းစားတိုင်းပြည်ဖြစ်၏။၄င်းတိုင်းပြည်ရဲ့အသိဥာဏ်ကိုချင့်ချိန်နိုင်ရန်၄င်းတိုင်းပြည်ရဲ့သတင်းစာကိုဖတ်၍သိနိုင်သည်။သတင်းစာများတွင်ဘုရားဆင်းတုမှမျက်ရည်ကျခြင်း၊ကိုယ်ဝန်ရှိသောဥစ္စာစောင့်မ၊နတ်ပေးသောကလေးစတဲ့ခေါင်းစဉ်တပ်ထားတဲ့ဆောင်းပါးများကိုအလုအယက်ဖတ်နေတဲ့ကာလပတ်လုံးမြန်မာလူမျိုးတို့ရဲ့အဆင့်အတန်းသည်တိုးတက်ရန်များစွာလိုသေးသည်ဟုဆိုရပေမည်။ပြောတိုင်းလည်းမယုံပါနဲ့၊ယုံတိုင်းလည်းမပြောပါနဲ့၊ချင့်ချိန်ပြီးမှပြောဆိုရာ၏။ဤသည်လည်းကြီးပွားရေးလှေကားတစ်ထစ်ပေတည်း။ […]

အာရှစစ်ဦးဘီလူးတို့၏အ​ကောင်းဆုံးတင့်ကား

December 12, 2020 ohkarlinn 0

Unicodeအာရှစစ်ဦးဘီလူးတို့၏အ​ကောင်းဆုံးတင့်ကား🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵2000ပြည့်နှစ်အချိန်တွင်ဂျပန်တို့သည်၎င်းတို့အဓိကပင်မတိုက်ပွဲဝင်တင့်များဖြစ်သည့်Type74ပင်မတိုက်ပွဲဝင်တင့်ကားနှင့်Type90ပင်မတိုက်ပွဲဝင်တင့်ကားတို့ကိုပြန်လည်ဆန်းစစ်ခဲ့ပြီး21ရာစုခေတ်သစ်စစ်ပွဲများတွင်ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသောအဓိကအားဖြင့်C4I(Command,Control,Communication,ComputingandIntelligence)စွမ်းဆောင်ရည်ရှိသောမျိုးဆက်သစ်ပင်မတိုက်ပွဲဝင်တင့်အမျိုးအစားအသစ်ကိုအလိုရှိခဲ့သည်။ထို့ကြောင့်MitsubishiHeavyIndustriesမှJGSDF(JapaneseGroundSelfDefenseForce)အတွက်2002ခုနှစ်တွင်TK-X(MBT-X)စီမံကိန်းဟူ၍အမည်ပေးပြီးစွမ်းဆောင်ရည်ပြည့်၀ကောင်းမွန်သည့်တင့်အမျိုးအစားသစ်ထုတ်လုပ်နိုင်ရန်အကောင်အထည်ပြုကြိုးပမ်းခဲ့သည်။2006ခုနှစ်တွင်နမူနာတင့်အမျိုးအစားသစ်ထုတ်လုပ်နိုင်ခဲ့ပြီး2007နှင့်2008ခုနှစ်များတွင်လိုအပ်သည့်စမ်းသက်မှုများကိုထပ်မံအပြီးသတ်လုပ်ဆောင်ခဲ့သည်။2009ခုနှစ်မူဂျပန်တို့လက်ခံသဘောကျလောက်သည့်တင့်အမျိုးအစားအသစ်ကိုတည်ဆောက်ပြီးစီးခဲ့၍2010ခုနှစ်မှာစီမံကိန်းအနေဖြင့်အမြောက်အမြားထုတ်လုပ်ကာ2012ခုနှစ်တွင်မူစတုတ္ထစမျိုးဆက်သစ်ပင်မတိုက်ပွဲဝင်တင့်အမျိုးအစားသစ်အဖြစ်Type-10Mainbattletank(or)Type10Hitomarumainbattletankဟူ၍အမည်ပေးခဲ့ပြီးJapaneseGroundSelfDefenseForces(JGSDF)သို့တပ်တော်ဝင်ခဲ့​ကာကမ္ဘာ့အကောင်းဆုံးပင်မတိုက်ပွဲဝင်တင့်အမျိုးအစားများထဲတွင်ပါဝင်ခဲ့သည်။Type-10တင့်ကားအလျားမှာ9.485m၊အနံမှာ3.24mနှင့်အမြင့်မှာ2.30mရှိကာcommander,gunnerနှင့်driverစသည့်တင့်အဖွဲ့သား၃ယောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။တင့်သီးသန့်အလေးချိန်မှာ44တန်ရှိ၍လက်နက်အပြည့်အစုံတပ်ဆင်ပါက48တန်အထိတိုးသွားမည်ဖြစ်သည်။1,200hp/2,300rpmရှိသော4-strokeV8dieselတပ်ဆင်ထားပြီးတင့်အလေးချိန်နှင့်စက်စွမ်းအားအချိုးမှာ27hp/tonneရှိသည်။Continuouslyvariabletransmission(HydraulicMechanicalTransmission)အမျိုးအစားဖြစ်၍HydropneumaticActivesuspensionပါပါရှိပြီး70km/hနှုန်းဖြင့်500kmအထိစစ်ကစားကာလမ်းကြမ်းတွင်မူ50km/hနှုန်းဖြင့်200kmအထိနိုင်သောတင့်အမျိုးအစားဖြစ်သည်။ထို့ပြင်တင့်တွင်တပ်ဆင်ထားသည်မှာContinuouslyVariableTransmission(CVT)ဂီယာဘောက်အမျိုးအစားဖြစ်ပြီးရှေ့နောက်ဂီယာချိန်းသည်အမျိုးအစားဖြစ်သောကြောင့်​အဆက်မပြတ်ဂီယာချိန်းရသောအခါမူလျင်မြန်စွာဂီယာထိုးနိုင်ကြောင်းဖော်ပြထားသည်။တင့်ဆုံလည်နှင့်ကိုယ်ထည်ကိုစတီးဖြင့်ဂဟေစပ်ထား၍Nano-crystalsteel,fourthgenerationဖြစ်သောmodularceramiccompositearmor,light-weightupperarmorစသည်တို့ဖြင့်ကာကွယ်ဖုံးအုပ်ထားသဖြင့်rocket-propelledgrenade(RPG)rounds,HEATprojectilesနှင့်anti-tankmissilesဒဏ်များကိုလည်းခံနိုင်ရည်ရှိကာဂျပန်တို့ရဲ့Type-90တင့်ကားများထက်ပိုမို့အဆင့်မြင့်တင်ထားသည်ကိုတွေ့ရသည်။ထို့ပြင်တင့်တွင်တပ်ဆင်ထားသောarmourmodulesများသည်လည်းလိုအပ်ပါကလျင်မြန်စွာဖြုတ်နိုင်တပ်နိုင်သောအမျိုးအစားများဖြစ်ကြောင်းလည်းဖော်ပြထားသည်။JapanSteelWorks(JSW)ကုမ္မဏီမှထုတ်လုပ်ထားသောL44အမျိုးအစား120mmပြောင်းချောအမြောက်တပ်ဆင်ထားပြီးAPFSDSကျည်အပြင်နေတိုးစံပြုတင့်ကျည်များလည်းပစ်ခတ်နိုင်သည့်တင့်ကားအမျိုးအစားဖြစ်သည်။အလိုအလျောက်ကျည်ထိုးစနစ်ဖြစ်ကာအမြောက်ကျည်36တောင့်ကိုသယ်ဆောင်နိုင်ပြီးအမြောက်ကျည်ပစ်ခတ်ရာတွင်ကျည်ရွေ့လျားမှုကြောင့်အမြောက်ပြောင်းအတွင်းဖြစ်ပေါ်လာသောအပူချိန်ကိုလျင်မြန်စွာလျော့ချနိုင်အောင်လည်းတည်ဆောက်ထားသောပင်မအမြောက်အမျိုးအစားဖြစ်သည်။C4I(Command,Control,Communication,ComputingandIntelligence)စွမ်းဆောင်ရည်ရှိသောတင့်ကားအမျိုးအစားဖြစ်သောကြောင့်မိမိပစ်မှတ်ရပ်တန့်နေသည်ဖြစ်စေရွေ့လျားနေသောပစ်မှတ်ဖြစ်စေမြန်မြန်ဆန်ဆန်တ်ိကျစွာပစ်ခတ်ချေမှုန်းနိုင်ရုံသာမကစစ်မြေပြင်သတင်းအချက်အလက်များကိုလည်းမိမိစခန်း၊အမျိုးအစားတူတင့်များကိုလည်းအပြန်အလှန်အချိတ်အဆက်မိမိပေးပို့ရယူပြီးတိုက်ပွဲဝင်နိုင်သော​တင့်အမျိုးအစားဖြစ်သည်။တင့်commanderအနေနှင့်တင့်ဘေးပတ်လည်း360°ပတ်လည်ကိုကောင်းမွန်စွာထောက်လှမ်းနိုင်ရန်အတွက်day/nightpanoramicsightကိုတပ်ဆင်ပေးထားပြီးရန်သူကိုသေချာထောက်လှမ်းနိုင်သည့်targetidentificationပါရှိရုံသာမကမိမိတင့်ရောက်ရှိသောနေရာ၏ရာသီဥတုအခြေအနေကိုလည်းတွက်ချက်နိုင်ကာဒီဂျစ်တယ်စစ်မြေပြင်စီမံခန့်ခွဲမှုစနစ်(digitalbattlefieldmanagementsystem/BMS)ပါတပ်ဆင်ပေးထားသည်ကိုတွေ့ရသည်။M2HBအမျိုးအစား12.7mmmachinegunတစ်လက်နှင့်Type74အမျိုးအစား7.62mmmachinegunတစ်လက်လည်းထပ်မံတပ်ဆင်ထားပြီးတစ်စီးကို$8.4millionကုန်ကျထားကြောင်းသိရသည်။တင့်ဆုံလည်းဘေးတစ်ချက်စီတွင်smokegrenadelaunchersများတပ်ဆင်ထားပြီးNBCprotection(Nuclear,BacteriologicalandChemical),night-visioncamerasနှင့်လေဆာသတိပေးစနစ်များလည်းတပ်ဆင်ထားကာလိုအပ်ပါကတင့်ရှေ့တွင်လည်းfront-mounteddozerbladeတပ်ဆင်နိုင်သောတင့်အမျိုးအစားဖြစ်သည်။လက်ရှိဂျပန်နိုင်ငံတွေType-10ပင်မတိုက်ပွဲဝင်တင့်ကား106စီးကိုတပ်တော်ဝင်အသုံးပြုနေ​ပါကြောင်းဖော်ပြရင်းနိဂုံးချုပ်လိုက်ရပါသည်။အသေးစိတ်အချက်အလက်များမှာမူရင်းနိုင်ငံ-ဂျပန်အမျိူးအစား-Mainbattletankလိုက်ပါအမှုထမ်းနိုင်သူ-3ဦးအင်ဂျင်အမျိူးအစား-4-strokeV8dieselအလျား-9.485mအကျယ်-3.24mအမြင့်-2.30mအဓိကလက်နက်-120mmsmoothboreအရံလက်နက်-M2HBအမျိုးအစား12.7mmmachinegun,Type74အမျိုးအစား7.62mmmachinegunလည်ပတ်နိုင်မှု-360°အင်ဂျင်ပါဝါ-1200hpမြေပြင်တွင်အမြန်ဆုံးသွားနိုင်သည့်နှုန်း-70km/h​တိမ်းစောင်းနိုင်မူ-40%ဆင်ခြေလျော-60%ဒေါင်လိုက်တတ်နိုင်မူ-1mကတုတ်ကျင်း-2.7mစစ်ကစားနိုင်သောအကွာအဝေး-500kmတင့်အလေးချိန်နှင့်စက်စွမ်း-27hp/tonneအားအချိုး […]

ထောင်ဖောက်ပြေးဖို့ဖောက်ထားတဲ့အပေါက်မှာညပ်နေလို့ပြန်ပြီးအဖမ်းခံလိုက်ရတဲ့အကျဉ်းသား

December 11, 2020 ohkarlinn 0

Unicodeထောင်ဖောက်ပြေးဖို့ဖောက်ထားတဲ့အပေါက်မှာညပ်နေလို့ပြန်ပြီးအဖမ်းခံလိုက်ရတဲ့အကျဉ်းသားပရိသတ်ကြီးရေအကျဉ်းထောင်ဆိုတာကြမ်းပေ့ရမ်းပေ့လူဆိုးကြီးတွေကိုထိန်းသိမ်းရတဲ့နေရာမို့လို့အတော်လေးကိုလုံခြုံရေးတင်းကြပ်ထားထားရတဲ့နေရာတစ်ခုလို့တောင်ပြောလို့ရပါတယ်။ဒီလိုလုံခြုံရေးတင်းကျပ်ထားတာတောင်မှတစ်ခါတစ်လေအကြံဉာဏ်သုံးပြီးထောင်ဖောက်ကာထွက်ပြေးဖို့ကြိုးစားသူတွေလည်းရှိပါတယ်။ဒီလိုထောင်ဖောက်ပြေးတာမှအောင်မြင်ပြီးထွက်ပြေးလွတ်မြောက်တဲ့သူအနည်းငယ်ရှိပေမယ့်အများစုကတော့မအောင်မြင်ပဲအကျဉ်းထောင်ဝန်မ်းတွေရဲ့ဖမ်းဆီးခြင်းကိုခံရတာကများပါတယ်။ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာကလည်းအခုလိုထောင်ထဲကထွက်ပြေးဖို့ကြိုးစားရင်းမိမိရဲ့လွတ်လမ်းမှာပြန်ပိတ်မိသွားလို့အဖမ်းခံလိုက်ရတဲ့အကျဉ်းသားတစ်ဦးအကြောင်းဖော်ပြပေးချင်ပါတယ်။သူ့ရဲ့နာမည်ကတော့Raphaelvaladaoဆိူသူဖြစ်ပြီးသူဟာတဲ့သူအနည်းငယ်ရှိပေမယ့်အများစုကတော့မအောင်မြင်ပဲအကျဉ်းထောင်ဝန်မ်းတွေရဲ့ဖမ်းဆီးခြင်းကိုခံရတာကများပါတယ်။ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာကလည်းအခုလိုထောင်ထဲကထွက်ပြေးဖို့ကြိုးစားရင်းမိမိရဲ့လွတ်လမ်းမှာပြန်ပိတ်မိသွားလို့အဖမ်းခံလိုက်ရတဲ့အကျဉ်းသားတစ်ဦးအကြောင်းဖော်ပြပေးချင်ပါတယ်။သူ့ရဲ့နာမည်ကတော့Raphaelvaladaoဆိူသူဖြစ်ပြီးသူဟာဒါပေမယ့်လည်းအေပါက်ဖောက်တဲ့နေရာမှာအချိန်အဆလွဲသွားတာကြောင့်သူ့ရဲ့ကိုယ်လုံးတစ်ဝက်လောက်အရောက်မှာပဲအပေါက်မှာတစ်နေခဲ့ရပါတယ်။ရှေ့မတိုးမရနောက်မဆုတ်မရတဲ့အခြေအနေမှာလှုပ်ပြီးရုန်းလေပိုနာလေဖြစ်လာတာကြောင့်နောက်ဆုံးမှာတော့မနေနနိုင်တော့ပဲအော်ဟစ်အကူအညီတောင်းရပါတော့တယ်။သူ့ရဲ့အော်သံကြောင့်အကျဉ်းဝန်းထမ်းတွေရောက်ရှိလာကာနောက်ဆုံးမှာတော့မီးသတ်ဝန်ထမ်းတွေရဲ့အကူအညီနဲ့နံရံကိုခွဲပြီးခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရပါတယ်။အဆိုပါသတင်းဟာနိုင်ငံတကာသတင်းစာမျက်နှာအများအပြားမှာရောက်ရှိခဲ့ပြီးကမ္ဘာ့အဆိုးဆုံးထောင်ဖောက်ထွင်းမှုအဖြစ်စာရင်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။ […]

သ‌ေင်္ဘာသားတွေအလုပ်လက်မဲ့ဖြစ်စေတော့မဲ့ကမ္ဘာ့ပထမဆုံးမီးခိုးတိတ်လူမဲ့မောင်းနှင်မည့်ကုန်သေတ္တာတင်သင်္ဘောရေချ

December 10, 2020 ohkarlinn 0

Unicodeကမ္ဘာ့ပထမဆုံးမီးခိုးတိတ်လူမဲ့/အလိုအလျောက်ထိမ်းကြောင်းသည့်စနစ်ဖြင့်မောင်းနှင်မည့်ကုန်သေတ္တာတင်သင်္ဘောရေချ(သေင်္ဘာသားတွေအလုပ်သစ်ရှာရတော့မယ့်အချိန်နီးလားပြီလား…)နော်ဝေသင်္ဘောကျင်းVardဟာYaraကုမ္ပဏီကအမှာစာပေးပို့ထားသောဘက်ထရီစနစ်ဖြင့်မောင်းနှင်မည့်အပြင်အလိုအလျောက်ထိမ်းကြောင်းနိုင်မယ့်သင်္ဘောYaraBirkelandကိုရေချလွှဲအပ်လိုက်ပါပြီ။ယင်းနည်းပညာကိုYaraကုမ္ပဏီကစမ်းသပ်တီထွင်တာဖြစ်ပြီးအင်တီဂရိတ်တက်နည်းပညာဖြင့်ဒေတာများရယူကာအလိုအလျောက်ထိမ်းကြောင်းမောင်းနှင်နိုင်ဖို့စမ်းသပ်ပြေးဆွဲဦးမှာလဲဖြစ်ပါတယ်။ကနဦးအနေနဲ့ကုန်တင်ကုန်ချနဲ့stabilityအခြေအနေများကိုစမ်းသပ်စစ်ဆေးမှာဖြစ်ပြီးယင်းနောက်မှHortenအရပ်ကိုသွားကာautonomousစနစ်ဖြင့်မောင်းနှင်နိုင်ဖို့ပြင်ဆင်မှာလဲဖြစ်ပါတယ်YaraBirkelandဟာYaraကုမ္ပဏီရဲ့စွန့်ဦးတီထွင်တဲ့သဘာဝပါတ်ဝန်းကျင်ကိုမထိခိုက်စေနိုင်သောနည်းပညာကိုအသုံးပြုတဲ့ပထမဆုံးသင်္ဘောဖြစ်ပြီးနောင်မှာစီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင်လဲရည်ရွယ်ပါတယ်။သိကြတဲ့အတိုင်းစွန့်ဦးတီထွင်တာဖြစ်သောကြောင့်မရေရာမသေချာမှုတွေနဲ့အပြည့်ပေါ့။ကုန်းမြေပေါ်ကautonomouslogisticsဟာလဲစိန်ခေါ်မှုတွေအပြည့်နဲ့ဖြစ်နေတယ်ဆိုသလိုမျိုးပေါ့။ဘက်ထရီစနစ်၊ထိမ်းကျောင်းတဲ့စနစ်၊Navigationစနစ်တွေတတ်ဆင်ရာတွင်အနည်းငယ်နှောင့်နှေးသွားတာကလွဲလို့အစီအစဉ်အတိုင်းတည်ဆောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ကုန်းမြေပေါ်ကAutonomousLogisticsစနစ်ကိုရိုးရှင်းစွာတည်ဆောက်ဖို့နည်းပညာကိုအဆင့်မြှင့်တင်ဖို့လဲလုပ်နေပါတယ်။ကိုဗစ်ရဲ့အဖျက်အမှောက်ကြောင့်အနည်းငယ်နှောင့်နှေးခဲ့တာကြောင့်ကမ္ဘာ့ပထမဆုံးဘက်ထရီသုံးအလိုအလျောက်ထိမ်းကျောင်းမောင်းနှင်မယ့်သင်္ဘောကို၂၀၂၁နှစ်ကုန်ပိုင်းလောက်မှသာစီးပွားရေးအလို့ငှာပြေးဆွဲနိုင်တော့မှာပါ။Yaraရဲ့အန္တိမပန်းတိုင်ကတော့ဒီစီမံကိန်းပြီးမြောက်အောင်မြင်ပြီးမီးခိုးထုတ်လွှင့်မှုမရှိတဲ့နည်းပညာနဲ့မောင်းနှင်မယ့်သင်္ဘောကိုကုန်သွယ်ရေကြောင်းလောကမှာတွင်ကျယ်လာစေလိုပါတယ်လို့ဆိုပါတယ်။မတူညီတဲ့နည်းပညာဖြင့်ကိုယ်ပိုင်တီထွင်ထုတ်လုပ်ခြင်းသော်လည်းကောင်းအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်းစီးပွားရေးတွက်ခြေကိုက်မှုနဲ့အောင်မြင်စွာပြေးဆွဲနိုင်မှုတို့ကို့စဉ်ဆက်မပြတ်လေ့လာဆန်းစစ်ကြည့်နေရဦးမယ်လို့Yaraကထပ်လောင်းပြောကြားသွားပါတယ်။ […]