ကမ္ဘာ့ထိပ်တန်း သံချပ်ကာယာသ္(၁၀)စီးအကြောင်း

January 7, 2021 ohkarlinn 0

Unicodeကမ္ဘာ့top10mainbattletanks(MBT)2020=========================1.Leopard2A7+ဂျါမဏီ2.AbrsmsM1A2အမေရိကန်3.T-14Armataရုရှား4.Challenger2အင်္ဂလန်5.K2BlackPantherတောင်ကိုရီးယား6.MerkavaMk.4အစ္စရေး7.Type-10TK-Xဂျပန်8.LeclercMBTပြင်သစ်9.T-90MSရုရှား10.VT4(MBT-3000)တရုတ်tankများနှင့်အကြောင်းအရာတို့ကိုအောက်တွင်တခုခြင်းဖော်ပြထားပါတယ်Leopard2A7+,Germany🔺🔺🔺🔺🔺🔺🔺🔺🔺Leopard2A7+သည်ဂျါမဏီ၏မျိုးဆက်သစ်MBTဖြစ်ပြီးKrauss-MaffeiWegmanamက2010တွင်ထုတ်ဖော်ပြသခဲ့သည်versionအသစ်ကိုဂျါမန်တပ်မတော်အတွက်မြို့ပြနဲ့ရိုးရိုးစစ်ဆင်ရေးများမှာအသုံးပြုပါတယ်လက်ရှိတွင်ကနေဒါကအာဖဂန်နစ္စတန်မှာနေတိုးအဖွဲ့တပ်စွဲရာမှာအသုံးပြုလိက်ရှိပါတယ်Leopard2A7+တွင်120မမပြောင်းချောအမြှောက်တပ်ဆင်ထားပြီးစံနေတိုးကျည်တောင့်များနှင့်120မမHEကျည်တောင့်များဖြင့်ပစ်ခတ်နိုင်ပါတယ်FLW200အလိုအလျောက်ထိန်းချုပ်နိုင်သောလက်နက်stationတွင်7.62မမ/12.7မမစက်သေနတ်များ,40မမgarnadelauncherများကိုပစ်ခတ်နိုင်ပြီးတင့်ဆုံလည်အပေါ်ဘေးဘက်မှာတပ်ဆင်ထားပါတယ်အဆင့်မြင့်ပေါင်းစပ်ထားသောသံချပ်ကာmodule(AMAP)ကိုတင့်ဖျက်missileများ,mineများ,အဆင့်မြင့်ပေါက်ကွဲရေးပစ္စည်းများ(IEDs),RPGပစ်ခတ်ခြင်းများမှကာကွယ်ရန်တပ်ဆင်ထားပါတယ်နောက်ထပ်mineplough,mineroller,dozerbladeများကိုမိုင်းများနဲ့အတားအဆီးများရှင်းလင်းရန်တပ်ဆင်ပါတယ်တင့်ရဲ့အမြန်နှုန်းကတော့72km/hဖြစ်ပြီး450kmထိစစ်ဆင်နိုင်ပါတယ်AbramsM1A2MBT,UnitedStateofAmarican🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔻🔺🔺AbramsM1A2သည်USarmyအတွက်M1A1၏လုပ်တောင်ချက်များပေါ်အခြေခံ၍GeneralDynamuvLandSystemကပိုမိုကောင်းမွန်သောပစ်ခတ်မှုစွမ်းအားရွှေ္လျားနိုင်မှုစသည့်နည်းပညာသစ်များပေါင်းစပ်ထားသောကမ္ဘာ့အကောင်းဆုံးတင့်များထဲမှတခုဖြစ်သသည်တင့်ကိုနေတိုးကျည်များဖြင့်ပစ်နိုင်သော120မမပြောင်းချောအမြှောက်တပ်ဆင်ထားပြီးသံချပ်ကာယဥ်များ,ခြေလျင်တပ်များ,အနိမ့်ပျံသန်းသောလေယဥ်များကိုပစ်ခတ်နိုင်ပါတယ်7.62မမM240စ50က်သေနတ်၂ခုနှင့်50calM2စက်သေနတ်၁လက်ကိုလဲတပ်ဆင်ထားပါတယ်AbramsM1A2ရဲ့အရှေ့ပိုင်းတွင်လေးလံသောcompositearmourဖြင့်ဖုံးအုပ်ခါးပြီးသံခိပ်ကာအဖွဲ့ဝင်များကိုကောင်းစွာကာကွယ်ပေးနိုင်ရန်ကိုယ်ထည်အရှေ့ပိုင်းနှင့်ဆုံလည်တွင်steelဖုံးအုပ်ထားသောယူရေနီယံသံချပ်ကာကိုအသုံးပြုပါတယ်တ၈့်၏အမြန်နှုန္းသည်67.5kmနှင့်426kmထိစစ်ဆင်နိုင်ပါသည်Challenger2(CR2),UnitedKingdom🔺🔺🔺🔺🔺🔺🔺🔺🔺🔻🔻🔻🔺CR2တင့်သည်CR1ပေါ်အခြေခံ၍BAEsystemကထုတ်လုပ်ထားသည်CR2သည်ဗြိတိသျှarmyနှင့်Omanတော်ဝင်armyတို္တွင်တာဝန်ထမ်းဆောင်လျက်ရှိသည်ထုတ်လုပ်သူများကကမ္ဘာ့အယုံကြည်ရဆုံးတင့်ဟုပြောထားပြီးCR2၏တိုက်ခိုက်မှုစွမ်းရည်က်ုဘော့စနီးယား,ကိုဆိုဗိုနှင့်အီရတ်စစ်ဆင်​ေးများတွင်တွေ့ရသည်CR2တွင်120မမL30CHARMအမြှောက်ကိုအဓိကတပ်ဆင်ပြီးC-axil7.62မမchaingunနှင့်ဆုံလည်တွင်တပ်ဆင်ထားသော7.62မမစက်သေနတ်တို့ဖြစ်သည်CR2တင့်သည်သံချပ်ကာကိုဖောက်ထွင်းနိုင်သောရွှေ့လျားစွမ်းအင်သုံးလက်နက်AmourPiercingFinStablishedDiscarfingSabotAPFSDSကျည်တောင့်50နှင့်မြင့်မားစွာပေါက်ကွဲနိုင်သောHESHနှင့်Sokeကျည်တောင့်များ,7.62မမကျည်4000တို့ကိုသယ်ဆောင်နိုင်သည်ဒုတိယမျိုးဆက်Chobhamarmourသည်တင့်ကိုတိုက်ရိုက်ပစ်သောလက်နက်များမှကာကွယ်ပေးနိုင်သည်CR2၏Perkins-CondorCV12အင်ဂျင်သည်လမ်းချောတွင်အမြန်နှုန်း59km/hနှင့်လမ်းကြမ်းတွင်40km/hနှုန်းဖြစ်သည်SK2BlackPantherMBT,SouthKorea🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺K2BlackPantherသည်HyundiRotemမှတောင်ကိုရီးယားarmyအတွက်ထုတ်လုပ်ခဲ့သောခေတ်မီMBTဖြစ်သည်K2တငိ့သည်ရွှေ့လျားမှု,ပစ်ခတ်မှုနှင့်ကာကွယ်ခြင်းစွမ်းရည်မြင့်မားပြီး2014တွင်တပ်တော်ဝင်ခဲ့သည်K2၏အဓိကလက်နက်မှာ120မမပြောင်းချောအမြှောက်ဖြစ်ပြီးပိုမိုကောင်းမွန်သောအရွှေ့စွမ်းအင်သုံးလက်နက်များကိုပစ်နိုင်သည်7.62မမနှင့်12.7မမစက်သေနတ်များကိုလဲတပ်ဆင်ထားသည်K2တင့်ကိုတိုက်ရိုက်ပစ်ခတ်မှုများမှကာကွယ်ရန်Compositearmourနင့်explosivereactivrarmourတို့ကိုအသုံးပြုသည်အမြန်နှုန်း70km/hနှင့်450kmထနစစ်ဆင်နိုင်သောK2တင့်သည်စစ်မြေပြင်တွင်လျင်မြန်စွာလှုပ်ရှားနိုင်သည်MerkavaMk.4MBT,Isreal🔺🔺🔺🔺🔺🔺🔺🔺🔺🔺အစ္စရေး၏MerkavaMk.4MBTသည်MANTAKကတည်ဆောက်ခဲ့သောMerkavaရဲ့နောက်ဆုံးversionဖြစ်သည်အစ္စရေးကာကွယ်ရေးတပ်သို့2004တွင်ဝင်ရောက်ခဲ့ပြီးကမ္ဘာ့အကောင်းဆုံးတင့်များထဲမှတခုဖြစ်သည်Mk.4ကို120မမပြောင်းချောအမြှောက်တပ်ဆင်ထားပြီးhighexplosiveanti-tank(HEAT),Sabotကျည်များ,LAHATတင့်ဖျက်လမ်းညွန်missileများကိုပစ်ခတ်နိုင်ပါတယ်7.62မမဝင်ရိုးနှင့်13.7မမဆုံလည်စက်သေနတ်များနှင့်60မမမီးခိုးဗုံးလောင်ချာတို့ဖြင့်တင့်ရဲ့စွမ်းရည်ကိုဖြည့်စွက်ထားသည်Mk.4ကိုspecialsoacedarmour,slprungarmoursideskirtသံချပ်ကာများ,Elbitလေဆာသတိပေးစနစ်များ,IMIမှထုတ်လုပ်သောမီခိုးဗုံးလောင်ချာများကိုလည်းတပ်ဆင်ထားပါတယ်TrophyAPS(active […]

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကF-35Bတိုက်လေယာဉ်များတွင်အသုံးပြုရန်SPEAR-3မစ်ဇိုင်းဒုံးလက်နက်များကိုဝယ်ယူသွားမည်

January 7, 2021 ohkarlinn 0

Unicodeဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကF-35Bတိုက်လေယာဉ်များတွင်အသုံးပြုရန်SPEAR-3မစ်ဇိုင်းဒုံးလက်နက်များကိုဝယ်ယူသွားမည်ဟုဆိုဗြိတိသျှတော်ဝင်ရေတပ်ဟာသူတို့ရဲ့လေယာဉ်တင်သင်္ဘောကြီးQueenElizabathအပေါ်မှာတင်ဆောင်မယ့်F-35Bတိုက်လေယာဉ်တွေမှာတပ်ဆင်မယ့်Missileအသစ်တွေအတွက်ပေါင်သန်း၅၀၀ခန့်ကိုအသုံးပြုသွားမယ်လို့BulgarianMilitary.Comသတင်းဌာနကဒီကနေန့စွဲနဲ့သတင်းရေးသားလိုက်ပါတယ်။ဗြိတိသျှစစ်ရေးကျွမ်းကျင်သူတွေရဲ့အဆိုအရSPEAR-3ဒုံးကျည်တေံဟာဆိုရင်ဗြိတိန်ကအသုံးပြုမယ့်ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေရဲ့အဓိကMissileလက်နက်တွေဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ဗြိတိသျှတော်ဝင်လေတပ်ဟာSPEAR-3မစ်ဇိုင်းဒုံးကျည်တွေကိုလွန်ခဲ့တဲ့၄နှစ်ကဝေးပြည်နယ်Typhoonတိုက်လေယာဉ်တွေမှာစမ်းသပ်ခဲ့တာဖြစ်ပါတယ်။PolishMediaDefense24သတင်းဌာနရဲ့ထုတ်ပြန်ကြေညာချက်အရကီလိုမီတာ၁၃၀အကွာအဝေးရောက်အောင်ပစ်ခတ်နိုင်တဲ့SPEAR-3တွေဟာအီလက်ထရောနစ်စစ်ဆင်ရေးအတွက်အထူးဒီဇိုင်းပြုလုပ်ထားပြီးပစ်မှန်တွေကိုတိကျစွာထိမှန်နိုင်မှာဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနနဲ့MBDAအကြားချုပ်ဆိုခဲ့တဲ့အခုလက်နက်ဝယ်ယူရေးစာချုပ်ကအလုပ်အကိုင်သစ်၁၅၀၀ခန့်ကိုလည်းဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ဂရိတ်ဗြိတိန်ဟာလက်ရှိအချိန်ထိF-35Bတိုက်လေယာဉ်၂၁စင်းအသုံးပြုနေတယ်လို့သိရပါတယ်။မောင်ဉာဏ်မင်း(ဆားလင်းကြီး) […]

ရေမြှုပ်နေတဲ့စေတီတွေရှိရာစံကားမြို့ကြီးနှင့် ရေမြှုပ်နေရခြင်းရဲ့အ‌ကြောင်းအရင်း

January 7, 2021 ohkarlinn 0

Unicodeအင်းလေးကန်ထဲမှာရေမြှုပ်နေတဲ့မြို့နဲ့စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလားပုံစံအမျိုးမျိုးရှိတဲ့ရှေးဟောင်းစေတီတွေအင်းလေးရေပြင်ထဲမြှုပ်နေတာသိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့၊အဲ့ဒီမြို့လေးကတော့စံကားဆိုတဲ့မြို့လေးပါ။အင်္ဂလိပ်လိုဆိုရင်တော့SamKarလို့ပေါင်းပါတယ်။စံကားလို့ပေါင်းပေမဲ့စကားလို့အသံထွက်ပါတယ်။စံကားမြို့လေးကအင်းလေးကန်တောင်ဖက်ပိုင်းအင်းလေးကန်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိပါတယ်။လူဦးရေ၁၅၀၀လောက်ပဲရှိတဲ့မြို့သေးလေးတစ်မြို့ဖြစ်ပြီးရှမ်း၊ပအိုဝ့်၊အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ဟိုးတစ်ချိန်တုန်းကတော့ရှမ်းပြည်တောင်ပိုင်းမှာအချမ်းသာဆုံးဖြစ်ခဲ့ဖူးတယ်တဲ့လေ။ဘာလို့ရေမြှုပ်နေရသလဲ၁၉၇၀ခုနှစ်လောက်တုန်းကလောပိတရေအားလျှပ်စစ်စက်ရုံအတွက်မိုးဗြဲဆည်ကိုတည်ဆောက်ချိန်မှာရေမြှုပ်သွားခဲ့တာပါ။စံကား၊ဖယ်ခုံအပြင်အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ်ဘီလူးချောင်းတလျှောက်ကရွာတွေရယ်ရေမြုပ်သွားတယ်လို့သိရပါတယ်။ရွာမှာနေထိုင်သူတွေဟာမိမိအိုးအိမ်စည်းစိမ်တွေကိုစွန့်လွှတ်ပြီးရေလွတ်ရာကိုပြောင်းရွှေ့ကာရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့။အခုလက်ရှိစံကားမြို့ကတော့အသစ်တည်ထားတဲ့မြို့ကြီးပေါ့။မြန်မာတစ်နိုင်ငံလုံးကမြို့ကြီးတွေလျှပ်စစ်မီးရအောင်ရွာအမြှုပ်ခံကာစတေးခဲ့ရပေမဲ့သူတို့ကိုယ်တိုင်မှာတော့အခုထက်ထိလျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။စိတ်မကောင်းစရာပဲနော်။ဘာတွေလည်စရာရှိလဲစံကားလှေဆိပ်ရှိရာဘုန်းကြီးကျောင်းဝင်းမှာတင်ရှေးဟောင်းဘုရားတွေရယ်၊ရေထဲမြှုပ်နေတဲ့ဘုရားတွေရယ်တွေ့နေရပါပြီ။လှေဆိပ်မှာစားသောက်ဆိုင်ငယ်တွေရှိသလိုကမ်းနားကစားသောက်ဆိုင်ကနေအင်းလေးကန်ရှုခင်းကြည့်ပြီးလည်းစားသောက်နိုင်ပါတယ်။ကိုယ်တွေကတော့လှေဆိပ်ကနေလှေစီးလုံးငါးခ၂၀၀၀၀ကျပ်ပေးပြီးအင်းထဲကတာခေါင်မွေတော်ဘုရားနဲ့နတ်တာရိုးတို့ကိုလည်ပတ်ခဲ့ကြပါတယ်။တာခေါင်မွေတော်ဘုရားတာခေါင်မွေတော်ဘုရားကမွေတော်ကက္ကူဘုရားတွေလို၊ရွှေအင်းတိမ်ဘုရားတွေလိုပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ရှေးဟောင်းဘုရားတွေအများကြီးစီစီရီရီရှိနေတဲ့စေတီစုပါ။စေတီနားသို့လှေကပ်လာတဲ့အခါမှာတော့ရေထဲမြှုပ်နေတဲ့စေတီတချို့ကစီးကြိုလို့နေပါတယ်။ကန်စပ်မှာရှိတဲ့စေတီမုခ်ဦးဝကခြင်္သေ့ကြီး၂ကောင်ကလည်းအင်းလေးကန်ကြီးကိုလှမ်းမျှော်နေသယောင်မြင်ကွင်းကဆွေးစရာပါ။ရဲရဲနီအောင်ပွင့်နေတဲ့ပန်းခင်းတွေနောက်မှာတော့စေတီတွေ၊စေတီတွေအများကြီးလှမ်းမြင်နေရပါတယ်။စေတီပေါင်း၂၃၆ဆူတောင်ရှိပြီးစေတီအများစုကလွန်ခဲ့တဲ့နှစ်၆၀၀ကျော်ကတည်ထားခဲ့တာတဲ့လေ။အဲ့ဒီထဲကမှနှစ်ပေါင်း၂၀၀၀ကျော်ကတည်ထားခဲ့တဲ့စေတီကြီးကတော့ဗိသုကာလက်ရာကအစဆန်းကြယ်လို့နေပါတယ်။အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ရွှေရောင်စေတီကြီးကလည်းရှေးဟောင်းစေတီတွေအကြားသပ္ပါယ်စွာရှိလို့နေပါတယ်။နတ်တာရိုးနတ်တာရိုးကတော့အင်းလေးကန်အရှေ့နဲ့အနောက်ကိုကန့်လန့်ဖြတ်ထားတဲ့သဘာဝကျောက်တံတိုင်းကြီးပါ။လှေဆိပ်ကနေမိနစ်၂၀လောက်လှေစီးရပါတယ်။ဒီတာရိုးကြီးမှာပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ဒေသခံတွေကတော့နတ်တို့ဖန်ဆင်းထားတယ်လို့ပြောစမှတ်ပြုကြတာပေါ့။ဟိုးရှေးရှေးတုန်းကအင်းလေးကန်ရဲ့အရှေ့ရေထွက်ပေါက်နဲ့အနောက်ရေထွက်ပေါက်ကိုနတ်သား၂ပါးနဲ့နတ်သမီး၁ပါးတို့ကကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။နတ်သားထဲကတစ်ပါးကနတ်သမီးကိုချစ်ခင်စုံမက်လို့သွားကမ်းလှမ်းတဲ့အခါမိုးမလင်းခင်ရေထွက်ပေါက်၂ခုကိုတံတားတစ်စင်းအပြီးဆောက်ပေးရင်လက်ခံမယ်လို့ပြန်ပြောပါသတဲ့။နတ်သားလည်းအားကြိုးမာန်တက်နဲ့အပြီးဆောက်တာပေါ့။ဒါပေမဲ့နတ်သမီးလေးကလက်မဆက်ချင်တာကြောင့်ကြက်တစ်ကောင်ကိုမိုးမလင်းခင်တွန်ဖို့စေခိုင်းခဲ့သတဲ့လေ။ကြက်တွန်သံလည်းကြားရောမိုးလင်းပြီအမှတ်နဲ့နတ်သားလေးလက်လျှော့သွားတာကြောင့်တံတားကမပြီးမပြတ်ဖြစ်နေတာတဲ့လေ။ဒါကြောင့်လည်းတာရိုးကအနောက်ဘက်ကမ်းအထိမရောက်ဘဲအင်းလေးကန်အလည်မှာပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။ကိုယ်တွေရောက်တဲ့အချိန်ကရေတက်နေတဲ့အချိန်မို့လို့ရေပေါ်ပေါ်နေတဲ့တာရိုးပေါ်ထိတက်ကြည့်လို့ရပါတယ်။နောက်ပိုင်းမှာအသစ်အဆန်းအနေနဲ့တာရိုးတလျှောက်ဝါးဖောင်နဲ့နီးတော့တောင်ကြီးကလာမယ်ဆိုရင်ညောင်ရွှေဖြတ်စရာမလိုဘဲတောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်းလာလို့ရပါတယ်။တောင်ကြီးကနေတော့စံကားအထိ၂နာရီကျော်လောက်မောင်းရမှာပါ။အင်းလေးဟိုတယ်တွေကနေကားနဲ့သွားရင်အသွားတစ်နာရီ၊အပြန်တစ်နာရီ၊စံကားမှာလှေနဲ့သွားလည်တဲ့၂နာရီဆိုစုစုပေါင်း၄နာရီကျော်၅နာရီလောက်ပဲကြာတဲ့အတွက်နေ့ချင်းပြန်သွားလို့ရပါတယ်။အင်းလေးမကြာမကြာရောက်ဖူးသူတွေအနေနဲ့အသစ်အဆန်းနေရာအဖြစ်သွားလည်နိုင်ပါတယ်။သမိုင်းဝင်ရှေးဟောင်းစေတီတွေရေထဲမြှုပ်နေတဲ့တကယ်ထူးခြားလှတဲ့မြင်ကွင်းပါ။ဒါကြောင့်မို့လို့စံကားမြို့ကရှေးဟောင်းသမိုင်းဝင်စေတီတွေကိုအင်းလေးရောက်ရင်သွားရောက်ဖူးမြော်နိုင်အောင်ဖော်ပြလိုက်ပါတယ်နော်။အေးချမ်းလှတဲ့ဒီဇင်ဘာလလေးဖြစ်ပါစေချစ်ခင်လျှက်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသောပရိတ်သတ်ကြီးအားလုံးလည်းသာယာသောနေ့လေးဖြစ်ပါစေကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ခရက်ဒစ်မနုမြတ် […]

ရေအောက်မှခြိမ်းခြောက်မှုများပြားလာသဖြင့်ရေအောက်စစ်ဆင်ရေ းအရေးကြီးကြောင်းပြောဆိုလိုက်တဲ့အိန္ဒိယရေတပ်ဦးစီးချုပ်

January 7, 2021 ohkarlinn 0

Unicodeရေအောက်မှခြိမ်းခြောက်မှုများများပြားUnderwaterDomainAwareness(UDA)အရေးကြီးကြောင်းပြောဆိုလိုက်တဲ့အိန္ဒိယရေတပ်ဦးစီးချုပ်⚓🇮🇳⚓🇮🇳⚓🇮🇳အိန္ဒိယနိုင်ငံအနေဖြင့်အိန္ဒိယသမုဒ္ဒရာအတွင်းစိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်နေရပြီး၊ရေအောက်မှခြိမ်းခြောက်မှုများများပြားလာသဖြင့်အိန္ဒိယရေတပ်သည်ရေအောက်စစ်ဆင်ရေးစွမ်းရည်မြင့်မားရေးအပေါ်အာရုံစိုက်လာရပါတယ်။မကြာသေးမီကအိန္ဒိယရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးKarambirSinghကအင်တာဗျုးတစ်ခုတွင်ရေအောက်ဝန်းကျင်အသင့်ဖြစ်မှုနှင့်ရေအောက်ပိုင်းစွမ်းဆောင်ရည်ရှိမှုတို့သည်အိန္ဒိယရေတပ်အဓိကအာရုံစိုက်ရမည့်နယ်ပယ်တစ်ရပ်ဖြစ်သည်ဟုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရေတပ်အနေဖြင့်ရေအောက်နယ်ပယ်အတွင်းတိုက်ပွဲဝင်နိုင်ရေး၊အသင့်ဖြစ်မှုပိုမိုရရှိရေးကြိုးပမ်းရာ၌ခက်ခက်ခဲခဲကြိုးပမ်းလုပ်ဆောင်နေရပါတယ်။အချိန်ကာလပြောင်းလဲမှုနှင့်အတူစစ်ဆင်မှုဆိုင်ရာပစ္စည်းကိရိယာများခေတ်မီတိုးတက်လာမှုများအရရေအောက်စစ်ဆင်ရေး()သည်နယ်ပယ်သစ်တစ်ရပ်အဖြစ်ထွက်ပေါ်လာပြီးစစ်ဆင်မှုနယ်ပယ်တွင်တစ်ဖြည်းဖြည်းလွှမ်းမိုးလာမည့်အနေအထားတစ်ရပ်တွေ့မြင်နေရပါတယ်။အိန္ဒိယနိုင်ငံ၊Puneအခြေစိုက်ရေကြောင်းသုတေသနဌာန()အနေဖြင့်၂၀၁၇ခုနှစ်ကတည်းကအိန္ဒိယရေတပ်နှင့်ပူးပေါင်း၍အလုပ်ရုံဆွေးနွေးပွဲများ၊အဆင့်မြင့်အရာရှိများကြားကူးလူးဆက်ဆံမှုများစတင်ဆောင်ရွက်လျက်ရှိပါတယ်။MRCမှအဆိုပြုရေးဆွဲသောUDAမူဘောင်အားအိန္ဒိယရေတပ်မှအကြောင်းပြန်ကြားခဲ့ပြီး၊၂၀၁၈ခုနှစ်အေပြီလအတွင်းကျင်းပခဲ့သည့်Commander’sConferenceတွင်ဆွေးနွေးနိုင်ခဲ့ပါတယ်။MRCအနေဖြင့်၂၀၁၈ခုနှစ်အတွင်းShriSubhashBhamreJiတွင်”UDAforSAGAR”ခေါင်းစဉ်ဖြင့်တစ်ရက်ကြာစာတမ်းဖတ်ပွဲတစ်ခုဦးစီးပြုလုပ်ခဲ့ပါတယ်။၎င်းသာတမ်းဖတ်ပွဲတွင်ရေအောက်ဝန်းကျင်အသင့်ဖြစ်မှု()ကဏ္ဍအားနိုင်ငံ၏ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်သက်မှတ်ကြေငြာခဲ့ကြောင်းတွေ့ရှိရပါသည်။((အိန္ဒိယနိုင်ငံတွင်ရေကြောင်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်ဖို့၊အမြဲတမ်းအသင့်ဖြစ်စေဖို့ယခုလိုကဲ့သို့အဖွဲ့အစည်းများရှိပြီးအငြိမ်းစားရေတပ်အရာရှိကြီးများ၊ရေကြောင်းလောကမှပုဂ္ဂိုလ်များ၊သင်္ဘောသားလောကမှပုဂ္ဂိုလ်များ၊ဥပဒေပညာရှင်များပူးပေါင်းပါဝင်ကြောင်းတွေ့ရပါတယ်။ထို့ပြင်ရေတပ်အရာရှိကြီးများအငြိမ်းစားယူပြီးပါကရေကြောင်းလောကဖွံ့ဖြိုးရေးစာပေများရေးသားလျှက်ရှိသည်ကိုတွေ့ရပါတယ်။ရေကြောင်းပညာရပ်များကို”အလုပ်”တစ်ခုဟုသဘောမထားဘဲ”အသက်မွေးဝမ်းကျောင်းပညာရပ်”အဖြစ်မှတ်ယူကာအငြိမ်းစားယူပြီးသည့်တိုင်အောင်ပူးပေါင်းပါဝင်နေခြင်းဖြစ်ပါတယ်။အိန္ဒိယသာမကပါကစ္စတန်နိုင်ငံ၊စင်ကာပူနိုင်ငံများတွင်လည်းအဆိုပါအလေ့အထကိုတွေ့ရှိရပါတယ်။မိမိတို့ဆီတွင်လည်းအဆိုပါကောင်းမွန်သောအလေ့အထများရှိနေသော်လည်းပိုမိုကျယ်ပြန့်စွာအတုယူကျင့်သုံးရမည်ဖြစ်ပါကြောင်းအကြံပြုဖော်ပြအပ်ပါသည်။))သတင်းရေးသားသူCredit.ANavalOfficer […]

ရုရှားရဲ့မျိုးဆက်သစ်T-14Armataပင်မတိုက်ပွဲဝင်တင့်ကား(သို့)ကောင်ချောလေး

January 7, 2021 ohkarlinn 0

nicodeရုရှားရဲ့မျိုးဆက်သစ်T-14Armataပင်မတိုက်ပွဲဝင်တင့်ကားT-14Armataဟာရုရှားကုမ္ပဏီUralvagonzavod(UVZ)ကထုတ်လုပ်ခဲ့တဲ့မျိုးဆက်သစ်ပင်မတိုက်ပွဲဝင်တင့်ကား(MBT)ဖြစ်ပါတယ်။၎င်းတင့်ကားကို၂၀၁၅ခုနှစ်၊မေလမှာပြုလုပ်ခဲ့တဲ့MoscowVictoryDayစစ်ရေးပြအခမ်းအနားမှာပထမဆုံးအကြိမ်အဖြစ်ပြသခဲ့ပါတယ်။T-14Armataပင်မတိုက်ပွဲဝင်တင့်ကားအသစ်မှာဒီဂျစ်တယ်ပစ္စည်းကိရိယာတွေ၊မောင်းသူမဲ့အဝေးထိန်းဆုံလည်နဲ့တင့်စစ်သည်တွေအတွက်သီးခြားသံချပ်ကာအခန်းတွေပါရှိတယ်။ယင်းတင့်ကားတွေကိုဆီးရီးယားမှာစစ်မြေပြင်မှာစမ်းသပ်ခဲ့ပြီး။T-14Armataတင့်ကားတွေအသုတ်လိုက်ထုတ်လုပ်မှုကို၂၀၂၁ခုနှစ်မှာစတင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။ဒီဇိုင်းနှင့်အင်္ဂါရပ်များT-14Armataကိုခေတ်မီတိုက်ခိုက်ရေးစံချိန်စံညွှန်းအပေါ်အခြေခံထားတာဖြစ်ပြီးခြေလျင်တိုက်ခိုက်ရေးယာဉ်ကြီးတွေ(IFV)နဲ့သံချပ်ကာလူသယ်ယာဉ်တွေ(APC)လိုအခြားသံချပ်ကာမျိုးကွဲတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။ယာဉ်ရဲ့ကိုယ်ထည်ကိုအပိုင်း၃ပိုင်းခွဲထားပါတယ်။ရှေ့ပိုင်းမှာတင့်စစ်သည်တွေအတွက်အခန်းတစ်ခန်း၊အလယ်ပိုင်းမှာမောင်းသူမဲ့အဝေးထိန်းဆုံလည်နဲ့နောက်ဘက်ပိုင်းမှာအင်ဂျင်ခန်းပါရှိပါတယ်။အထူးသံချပ်ကာတပ်ဆင်ထားတဲ့အခန်းမှာတင့်ကားမောင်းသူဟာဘယ်ဘက်၊အလယ်မှာသေနတ်သမားနဲ့လက်ယာဘက်မှာတင့်အဖွဲ့ခေါင်းဆောင်ထိုင်ပါတယ်။ကိုယ်ထည်ရဲ့ရှေ့မှာဝင်/ထွက်ဖို့တံခါးသုံးပေါက်ပါရှိပါတယ်။ဆုံလည်ရဲ့အပေါ်အမိုးမှာမိုးလေဝသတိုင်းတာရေးတိုင်၊ဂြိုဟ်တုဆက်သွယ်ရေး၊ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်ဂြိုဟ်တုစနစ်(GLONASS)၊ဒေတာချိတ်ဆက်မှုနဲ့ရေဒီယိုဆက်သွယ်ရေးအင်တာနာတွေပါရှိပါတယ်။T-14Armataတင့်ကားဟာအရှည်၁၀ဒဿမ၈မီတာ၊အကျယ်၃ဒဿမ၅မီတာနဲ့အမြင့်၃ဒဿမ၃မီတာရှိပါတယ်။အလေးချိန်အနေနဲ့ကတော့၄၈တန်ရှိပါတယ်။လက်နက်တပ်ဆင်ထားရှိမှုT-14Armataတင့်ကားမှာမောင်းသူမဲ့အဝေးထိန်းဆုံလည်ပါရှိပြီး၁၂၅မီလီမီတာ2A82-1Mပြောင်းချောအမြောက်ကိုယင်းဆုံလည်မှာတပ်ဆင်ထားပါတယ်။ဆုံလည်မှာအဆင်သင့်သုံးခဲယမ်းတွေအပါအဝင်တင့်အမြောက်ကျည်ဆန်၄၅တောင့်ထားရှိနိုင်ပါတယ်။ပင်မသေနတ်ဟာလေဆာပဲ့ထိန်းဒုံးကျည်တွေကိုလည်းပစ်ခတ်နိုင်ပါတယ်။2A82၁၂၅မီလီမီတာသေနတ်ကိုနောင်အနာဂတ်မှာ2A83၁၅၂မီလီမီတာသေနတ်အသစ်နဲ့အစားထိုးနိုင်ဖွယ်ရှိပါတယ်။ယင်းတင့်ကားမှာKord၁၂ဒဿမ၇မီလီမီတာစက်သေနတ်နဲ့PKTM၇ဒဿမ၆၂မီလီမီတာသေနတ်အပါအဝင်အလယ်အလတ်တန်းစားလက်နက်တွေကိုလည်းတပ်ဆင်နိုင်ပါတယ်။အကာအကွယ်ပေးနိုင်မှုတင့်ကားကိုယ်ထည်ကိုသံမဏိ၊ကြွေထည်တွေနဲ့ပေါင်းစပ်ဒြပ်ပစ္စည်းတွေရောစပ်ပြုလုပ်ထားတဲ့စံချိန်စံညွန်းမီသံချပ်ကာစနစ်တပ်ဆင်ထားပါတယ်။တင့်ကားရဲ့အောက်ပိုင်းကိုရန်သူပစ်ခတ်တဲ့လက်နက်ခဲယမ်းတွေပေါက်ကွဲမှုဒဏ်ခံနိုင်အောင်ပြုလုပ်ထားတာမို့လို့တင့်အမှုထမ်းတွေအတွက်လုံခြုံစိတ်ချရမှုနဲ့အသက်ရှင်သန်နိုင်မှုကိုသိသိသာသာတိုးတက်စေပါတယ်။ပေါက်ကွဲမှုဖြစ်ပွားနေစဉ်အတွင်းတင့်ကားအတွင်းရှိတင့်အမှုထမ်းတွေအသက်ရှင်သန်နိုင်စွမ်းကိုမြှင့်တင်ဖို့အတွက်တင့်အမှုထမ်းတွေလိုက်ပါတဲ့အခန်းကိုခဲယမ်းမီးကျောက်တွေထားတဲ့အခန်းနဲ့သီးခြားခွဲထုတ်ထားပါတယ်။ယင်းတင့်ကားဟာSTANAG4569အဆင့်၅ကာကွယ်မှုအထိပေးနိုင်မယ်လို့မျှော်လင့်ရပါတယ်။တင့်ကားကိုယ်ထည်ရှေ့ပိုင်းမှာတုန့်ပြန်မှုရှိတဲ့သံချပ်ကာနဲ့ဖုံးအုပ်ကာထားပါတယ်။နောက်ဘက်ပိုင်းမှာတင့်ဖျက်ပုခုံးထမ်းပစ်ဗုံးပစ်လောင်ချာတွေ(RPGs)ဒဏ်မှထပ်မံကာကွယ်မှုပေးနိုင်ဖို့အတွက်အချောင်းပုံစံသံချပ်ကာတွေတပ်ဆင်ထားပါတယ်။ဒါ့အပြင်ယင်းတင့်ကားဟာactiveနဲ့passiveသံချပ်ကာအဖြစ်ပြောင်းလဲနိုင်ပါတယ်။တင့်ကားပေါ်မှာနျူကလီးယား၊ဇီဝနဲ့ဓာတု(NBC)လက်နက်အကာအကွယ်၊အော်တိုမစ်တစ်ပစ်ခတ်မှုစနစ်နဲ့မီးခိုးဗုံးပစ်လောင်ချာတွေပါရှိတာမို့တင့်အမှုထမ်းတွေရဲ့အသက်ရှင်သန်နိုင်မှုကိုပိုမိုတိုးတက်စေပါတယ်။ဒါ့အပြင်activeအကာအကွယ်ပေးစနစ်အသစ်ကဝင်ရောက်လာတဲ့တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တွေ၊ရော့ကက်တွေနဲ့RPGsဗုံးသီးတွေကိုကာကွယ်ပေးပါတယ်။စောင့်ကြည့်လေ့လာရေးနှင့်ပစ်ခတ်မှုထိန်းချုပ်ရေးတင့်အဖွဲ့ခေါင်းဆောင်နဲ့သေနတ်သမားကိုမြင်ကွင်းအားလုံးကိုကြည့်ရှုနိုင်တဲ့မှန်ပြောင်း၊အပူပုံရိပ်ဖော်စက်နဲ့လေဆာရောင်ခြည်အကွာအဝေးတိုင်းကိရိယာတွေတပ်ဆင်ပေးထားပါတယ်။ဆုံလည်ရဲ့ထိပ်မှာတပ်ဆင်ထားတဲ့တင့်အဖွဲ့ခေါင်းဆောင်ရဲ့မှန်ပြောင်းဟာ၃၆၀ဒီဂရီမြင်ကွင်းကိုမြင်နိုင်ပြီးသေနတ်သမားရဲ့မှန်ပြောင်းကတော့တိုက်ရိုက်မြင်ကွင်းကြည့်ပယ်ရီစကုပ်ဖြစ်ပြီးလေဆာရောင်ခြည်တပ်ဆင်ထားပါတယ်။တင့်ကားပေါ်မှာတပ်ဆင်ထားတဲ့ထောင့်ကျယ်ကင်မရာတွေက၃၆၀ဒီဂရီလှည့်ပတ်ကြည့်ရှုနိုင်ပြီးတင့်အမှုထမ်းတွေအတွက်ပတ်ဝန်းကျင်အခြေအနေကိုသိရှိစေပါတယ်။ဒါ့အပြင်Electro-optical/အနီအောက်ရောင်ခြည်(EO/IR)ကိုအခြေခံထားတဲ့လေဆာသတိပေးအသံဖမ်းစက်လည်းပါရှိနိုင်ဖွယ်ရှိပါတယ်။T-14Armataပေါ်မှာတပ်ဆင်ထားတဲ့ကွန်ပျူတာပစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကဆုံလည်အပေါ်အမိုးမှာတပ်ဆင်ထားတဲ့လေတိုက်နှုန်းတိုင်းအာရုံခံကိရိယာနဲ့သေနတ်ပြောင်းညွှန်းစနစ်တွေကပေးပို့တဲ့ဒေတာအချက်အလက်တွေကိုအသုံးပြုပြီးပစ်ခတ်မှုအချက်အလက်တွေကိုအလိုအလျောက်တွက်ချက်ထုတ်ပေးပါတယ်။ဒါ့အပြင်စစ်မြေပြင်စီမံခန့်ခွဲမှုစနစ်လည်းတပ်ဆင်ထားပါတယ်။အင်ဂျင်နှင့်ရွေ့လျားမှုT-14Armataတင့်ကားမှာမြင်းကောင်ရေ၁,၂၀၀ရှိတဲ့A-85-3Aတာဘိုအားသွင်းတဲ့ဒီဇယ်အင်ဂျင်နဲ့12-speedအော်တိုဂီယာတပ်ဆင်ထားပါတယ်။ဘေးတစ်ဖက်တစ်ချက်စီမှာရော်ဘာဘီး၇ခုစီပါရှိပါတယ်။တင့်ကားကတော့အမြင့်ဆုံးအမြန်နှုန်းတစ်နာရီ၉၀ကီလိုမီတာနှုန်းနဲ့မောင်းနှင်နိုင်ပြီးအများဆုံးကီလိုမီတာ၅၀၀အထိမောင်းနှင်နိုင်ပါတယ်။T-14Armataတင့်ကား၏အဓိကအင်္ဂါရပ်များ•အမျိုးအစား-ပင်မတိုက်ပွဲဝင်တင့်•ထုတ်လုပ်တဲ့ကုမ္ပဏီ-Uralvagonzavod•လိုက်ပါနိုင်တဲ့အမှုထမ်း-၃ဦး•အရှည်-၁၀ဒဿမ၈မီတာ•အကျယ်-၃ဒဿမ၅မီတာ•အမြင့်-၃ဒဿမ၃မီတာ•အလေးချိန်-၄၈တန်•အမြင့်ဆုံးအမြန်နှုန်း-တစ်နာရီ၉၀ကီလိုမီတာ•အများဆုံးမောင်းနိုင်မှု-၅၀၀ကီလိုမီတာ#မင်းသစ်ဆွေ(သုတေသန) […]

အီရန်တပ်မတော်ကဒရုန်းအများအပြားပါဝင်သောစစ်ရေးလေ့ကျင့်မှုပြုလုပ်

January 7, 2021 ohkarlinn 0

Unicodeအီရန်တပ်မတော်ကဒရုန်းအများအပြားပါဝင်သောစစ်ရေးလေ့ကျင့်မှုပြုလုပ်EPNနိုင်ငံတကာ၊ဇန်နဝါရီ၅အီရန်တပ်မတော်၏ပထမအကြိမ်မောင်းသူမဲ့လေယာဉ်စစ်ရေးလေ့ကျင့်မှုကိုမြေပြင်တပ်ဖွဲ့၊လေတပ်ဖွဲ့၊ရေတပ်ဖွဲ့မှမောင်းသူမဲ့လေယာဉ်ရာနှင့်ချီပါဝင်မှုဖြင့်ယနေ့စတင်လိုက်သည်။အီရန်တပ်မတော်စစ်ဆင်ရေးအဖွဲ့ဒုတိယအကြီးအကဲဗိုလ်ချုပ်ကြီးမာမွတ်မူဆာဗီကထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။“ဒီကနေ့အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကကမ္ဘာပေါ်မှာမောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုနယ်ပယ်မှာအင်အားအတောင့်တင်းဆုံးတိုင်းပြည်တစ်ခုဖြစ်နေပါပြီ”ဟု၄င်းကပြောသည်။စစ်ရေးလေ့ကျင့်မှုအတွင်းအီရန်တပ်မတော်မှမောင်းသူမဲ့လေယာဉ်အမျိုးမျိုးကတစ်ကယ့်စစ်ဆင်ရေးဆင်နွှဲ့သည့်ပုံစံဖြင့်တာတို၊တာဝေးမောင်းနှင်ခြင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။ယခုစစ်ရေးလေ့ကျင့်မှုကြောင့်အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကနိုင်ငံ့ရေပြင်၊ဝေဟင်နှင့်ကုန်းမြေနယ်နိမိတ်များ၏လုံခြုံရေးကိုပိုမိုစောင့်ကြပ်မှုလုပ်ဆောင်နိုင်မည်ဟုမျှော်မှန်းရသည်။အီရန်တပ်မတော်မှအကြီးတန်းတာဝန်ရှိသူများ၊တပ်မှူးများ၏ရှေ့မှောက်တွင်တပ်မတော်ပိုင်စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းမှထုတ်လုပ်သောမောင်းသူမဲ့လေယာဉ်များ၊ထိန်းချုပ်ရေးစနစ်များကိုစစ်ရေးလေ့ကျင့်မှုအတွင်းထုတ်ဖော်ပြသခဲ့သည်။ကိုးကား-မားနယူးစ် […]

နျူကလီးယားလက်နက်ပိုင်မြောက်ကိုရီးယားနိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကိုမြှင့်တင်မည်ဟုကင်ဂျုံအန်ပြော

January 7, 2021 ohkarlinn 0

Unicodeနျူကလီးယားလက်နက်ပိုင်မြောက်ကိုရီးယားနိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကိုမြှင့်တင်မည်ဟုကင်ဂျုံအန်ပြောကြားEPNနိုင်ငံတကာ၊ဇန်နဝါရီ၇နျူကလီးယားလက်နက်ပိုင်မြောက်ကိုရီးယားနိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကိုမြှင့်တင်လိုကြောင်းအမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်၏ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီနှစ်ရက်အလိုအာဏာရပါတီ၏ကွန်ဂရက်ဒုတိယနေ့၌မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကပြောကြားလိုက်သည်။နိုင်ငံ့ကာကွယ်ရေးစွမ်းပကားကိုပိုမိုမြင့်မားသောအဆင့်အထိမြှင့်တင်ခြင်းဖြင့်နိုင်ငံနှင့်လူမျိုး၏လုံခြုံရေးကိုကာကွယ်စောင့်ရှောက်မည်ဟုကွန်ဂရက်သို့ပေးပို့သည့်သဝမ်လွှာတစ်ခုအတွင်းကင်ဂျုံအန်ကပြောကြားကြောင်းကိုရီးယားဗဟိုသတင်းဌာနကဖော်ပြသည်။မြောက်ကိုရီးယားနိုင်ငံက၂၀၁၇ခုနှစ်နောက်ပိုင်းနျူကလီးယားဗုံးသို့မဟုတ်တာဝေးပစ်ဒုံးကျည်စမ်းသပ်ခဲ့ခြင်းမရှိသော်လည်းကင်ဂျုံအန်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်သုံးကြိမ်တွေ့ဆုံပြီးနောက်နျူကလီးယားတပ်ဖွဲ့ကိုအင်အားတောင့်တင်းအောင်တည်ဆောက်လျက်ရှိသည်။နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သည်ဟုယူဆရသည့်ဒုံးကျည်သစ်တစ်မျိုးထုတ်ဖော်ပြသခဲ့သည့်ပြီးခဲ့သည့်နှစ်အောက်တိုဘာလအတွင်းကြီးမားသောစစ်ရေးလေ့ကျင့်မှုတစ်ခုကိုကင်ဂျုံအန်ကကြီးကြပ်ခဲ့သည်။ကင်ဂျုံအန်အာဏာရရှိလာပြီးနောက်ဒုတိယအကြိမ်ကျင်းပသည့်မြောက်ကိုရီးယားအာဏာရပါတီ၏ကွန်ဂရက်ကိုဇန်နဝါရီလ၅ရက်ကဖွင့်လှစ်ခဲ့ပြီးပထမအကြိမ်အစည်းအဝေး၌ကြေညာခဲ့သည့်စီးပွားရေးမဟာဗျူဟာကရည်မှန်းချက်များမပြည့်မီခဲ့ကြောင်း၄င်းကဝန်ခံခဲ့သည်။အစည်းအဝေးပထမနေ့တွင်ကင်ဂျုံအန်ကအမျိုးသားပြန်လည်ပေါင်းစည်းရေး၊ပြင်ပဆက်ဆံရေးနှင့်အာဏာရပါတီ၏လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးမည့်အရေးပါသောမဟာဗျူဟာမြောက်မူဝါဒများကြေညာခဲ့သည်။ […]

တရုတ်ရေတပ်ရဲ့Cruiserအယောင်ဆောင်ထားသောType-055classဖျက်သင်္ဘောကြီးရဲ့လျို့ဝှက်ချက်

January 7, 2021 ohkarlinn 0

UnicodeCruiserအယောင်ဆောင်ထားသောဖျက်သင်္ဘောကြီး(သို့မဟုတ်)တရုတ်ရေတပ်ဧ။်Type-055classဖျက်သင်္ဘောကြီးများType-055classဖျက်သင်္ဘောကြီးများသည်တရုတ်ပြည်သူ့ရေတပ်မတော်ဧ။်ပဲ့ထိန်းဒုံးတပ်က်ုယ်ပျောက်ဖျက်သင်္ဘောများဖြစ်ပြီးတော့လေကြောင်းရန်ကာကွယ်စစ်ဆင်ရေးများနှင့်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေးများတွင်ပါအသုံးပြုနိုင်ပါတယ်အမေရိကန်ရေတပ်ကတောထိုအမျိုးအစားသင်္ဘောများကိုcruiserအဖြစ်အသုံးပြုပါတယ်။လေ့လာသူများကတော့Type-055classများသည်အမေရိကန်ရေတပ်ဧ။်Ticonderoga-classcruiserများနှင့်ယှဉ်နိုင်သည်ဟုပြောဆိုထားကြပါတယ်ဖြစ်ပေါ်လာပုံကတော့တရုတ်တို့သည်သူတို့ဧ။်နည်းပညာမြင့်ဖျက်သင်္ဘောများဖြစ်သာType-052Dclassဖျက်သင်္ဘောများနှင့်မကျေနပ်နိုင်သောကြောင့်ထိုဖျက်သင်္ဘောများကို2014တွင်စတင်တည်ဆောက်ကာ2020တွင်ပထမဆုံးတစ်စင်းဖြစ်သောကိုယ်ထည်အမှတ်(101)Nanchangကိုတပ်တော်ဝင်ခဲ့ပါတယ်။ဒုတိယမြောက်ဖြစ်တဲ့Lhasaကတော့ပင်လယ်ပြင်လက်တွေ့စမ်းသပ်မှုများကိုဆောင်ရွက်နေပါတယ်။နောက်ထပ်6စင်းတည်ဆောက်နေပြီးတော့ထိုဖျက်သင်္ဘောများကိုJiangnanShipyardသင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှင့်Dalianသင်္ဘောတည်ဆောက်ရေးကုမ္ပဏီတို့မှတာဝန်ယူတည်ဆောက်လျှက်ရှိပြီး16စင်းတည်ဆောက်ဖို့ရန်အတွက်Planရှိပါတယ်အလျား-180မီတာအနံ-20မီတာရေစူး-6.6မီတာတန်ချိန်-12000တန်မှ13000တန်အထိအင်ဂျင်အနေ့ဖြင့်မြင်းကောင်ရေ(6700)အားသုံးQD-50turbinegenerators6လုံးမြင်းကောင်ရေ(38000)အားသုံးQC-280ဓာတ်ငွေ့တာဘိုင်4လုံးကိုတပ်ဆင်ထားပြီးတစ်နာရီကိုရေမိုင်30knotsအထိသွားနိုင်ပါတယ်Type-346B(C/S-band)ဘက်စုံသုံးရေဒါနှင့်X-bandရေဒါတို့ကိုတပ်ဆင်ထားပြီးElectronicစစ်ဆင်ရေးစနစ်များတပ်ဆင်ထားပါတယ်လက်နက်စနစ်အနေဖြင့်130mmH/PJ-38ရေတပ်သုံးအမြောက်တစ်လက်3kmအထိရောက်အောင်ပစ်ခတ်နိုင်ပြီးတစ်မိနစ်ကိုကျည်အတောင့်5800အထိပစ်ခတ်နိုင်သောH/PJ-11အနီးကပ်ချေမှုန်းရေးလက်နက်တစ်လက်9kmအထိရောက်အောင်ပစ်ခတ်နိုင်သောcell-24ခုပါသောHQ-10တာတိုပစ်လေကာဒုံးစနစ်တစ်ခုcell-112ခုပါရှိသောVLSစနစ်မှ200kmအထိပစ်ခတ်နိုင်သောHHQ-9တာလတ်လေကာဒုံးများ220kmမှ540kmအထိပစ်ခတ်နိုင်သောYJ-18သင်္ဘောဖျက်cruiseဒုံးများ1500kmအထိပစ်ခတ်နိုင်သောCJ-10မြေပြင်တိုက်ခိုက်ရေးcruiseဒုံးများပစ်ခတ်နိုင်ပါတယ်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးတော်ပီဒိုပစ်missilelauncherများ324mmတော်ပီဒိုပစ်ခတ်ရေးပြွန်များကိုတပ်ဆင်ထားုပြီးတော်ပီဒိုအနေဖြင့်Yu-7အပေါ့စားတော်ပီဒိုများကိုပစ်ခတ်နိုင်ပါတယ်ရဟတ်ယာဉ်အနေဖြင့်ChangheZ-18နှင့်Herbin-Z-9တို့ကိုသယ်ဆောင်နိုင်ပါတယ်ထို့ရဟတ်ယာဉ်အမျိုးအစားများသည်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေးများတွင်လည်းတာဝန်ထမ်းဆောင်နိုင်ပါတယ်ထိုရဟတ်ယာဉ်နှစ်မျိုးကိုသယ်ဆောင်ရန်အတွက်stermhangarပါရှိပါတယ်တစ်စင်းတန်ဖိုး-ဒေါ်လာ900သန်းထိုဖျက်သင်္ဘောကြီးကိုအမေရိကန်ဖျက်သင်္ဘောများထဲကမှတစ်မျိုးနှင့်ယှဉ်ပြပါဆိုရင်ကျွန်တော်ကတော့ArleighBurkeclassများဖြင့်တော့ကျွန်တော်မနှိုင်းယှဉ်ခြင်ဘူးဘာဖြစ်လို့လဲဆိုတော့ArleighBurkeclassတွေကိုယှဉ်ဖို့အတွက်တရုတ်မှာကType-052Dclassတွေရှိပြီးသာဖြစ်တဲ့အတွက်ကျွန်တော်ကတော့Zumwaltclassဖျက်သင်္ဘောများဖြင့်သာနှိုင်းယှဉ်ခြင်ပါတယ်ရုရှားရေတပ်မှာကတော့ထိုType-055classဖျက်သင်္ဘောကြီးကိုယှဉ်ဖို့အတွက်အားကောင်းတဲ့ဖျက်သင်္ဘောမရှိသေးပါဘူးအကယ်၍ယှဉ်မည်ဆိုရင်တော့Project23560Shkvalclassများကိုအလျှင်အမြန်ဆောက်နိုင်မှသာရမှာပါ […]

မြန်မာ့တပ်မတော်နှင့်တဖြည်းဖြည်းတိုးတက်လာတဲ့အတွဲလိုက်ပစ်ဒုံးပစ်စဉ်များအကြောင်း

January 7, 2021 ohkarlinn 0

Unicodeမြန်မာ့တပ်မတော်နှင့်အတွဲလိုက်ပစ်ဒုံးပစ်စဉ်များအကြောင်းအတွဲလိုက်ပစ်ဒုံးပစ်စဉ်များအတွဲလိုက်ပစ်ဒုံးစနစ်များဆိုရင်အမေရိကန်ရဲ့ဒုံးတင်ယာဉ်တွေ၊ဆိုဗီယက်တို့ရဲ့BM21တွေကိုပြေးမြင်ကြမှာဖြစ်ပြီး၊ဘယ်ကစသလဲဆိုရင်ဒုတိယကမ္ဘာစစ်ဂျာမနီကစတယ်ဆိုတာလေ့လာတတ်သူတို့သိရှိကြမှာဖြစ်ပါတယ်။သို့သော်လည်းဒီစနစ်ရဲ့ကနဦးအစဟာအာရှကနေဖြစ်ပါတယ်ဆိုရင်ယုံချင်မှယုံကြမှာဖြစ်ပါတယ်။တကယ့်ကိုအတွဲလိုက်ပစ်ဒုံးစနစ်ဟာတရုတ်နဲ့ကိုရီးယားတို့မှာAD၁၃၀၀ပြည့်လွန်ခေတ်များမှာစတင်ခဲ့တာဖြစ်ပါတယ်။စစ်မြေပြင်သုံးအမြှောက်များကိုအဓိကသုံးနေကြတဲ့အနောက်ကမ္ဘာရဲ့စစ်တပ်များခေတ်စားချိန်မှာအရှေ့တိုင်းမှာစိန်လို့မြန်မာတို့ခေါ်ကြတဲ့စိန်ပြောင်းစနစ်များသာမကခုကလေးများဆော့ကစားတဲ့ရွှီးဒိုင်းခေါ်တဲ့မီးရှူးစနစ်သုံးစစ်လက်နှက်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြခဲ့တာလဲဖြစ်ပါတယ်။မှတ်တမ်းဝင်တဲ့ကမ္ဘာ့ပထမဆုံးသောအတွဲလိုက်ပစ်ဒုံးစနစ်ဟာရွှီးဒိုင်းစနစ်ကို၁၆ရာစုမှာဖြစ်ပွားခဲ့တဲ့ဂျပန်-ကိုးရီးယားစစ်ပွဲမှာကိုရီးယားတွေကဆိပ်လူးမြှားတွေနဲ့တွဲဖက်ပြီးတစ်မိနစ်အတွင်းမှာအစင်းကြောင်း၁၅၀ကျော်ပစ်နိုင်တဲ့မီးလျံကြောင်လို့နာမည်ခေါ်ရမယ့်Hwach’aလို့ခေါ်တဲ့စနစ်ပါ။Hwach’aစနစ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့၁၉၃၀လောက်မှာဂျာမန်တို့ကစတင်အသုံးပြုခဲ့ကြပါတယ်။စိန်ပြောင်းကနေမီးခိုးဗုံးတွေကိုလျင်လျင်မြန်မြန်မှိုင်းကာချနိုင်အောင်ကြိုးစားရာကနေတိုးတက်လာခဲ့တဲ့Nebelwerferစနစ်ဟာနောက်ပိုင်းမှာအရေအတွက်ရော၊အရေအသွေးပါလျင်လျင်မြန်မြန်ကြီးတိုးတက်လာခဲ့ပြီးမြေပြင်၊ဝေဟင်၊ယာဉ်ပေါင်းများစွာနဲ့တွဲဖက်ပြီးပဲ့ထိမ်းမဲ့ဒုံးကျည်အမျိုးအစားပေါင်းများစွာနဲ့အောင်မြင်စွာအသုံးတော်ခံနိုင်ခဲ့တဲ့စနစ်တစ်ခုပါ။ဂျာမန်တို့စစ်ဦးကျိုးခါနီးစစ်ကြီးရဲ့နောက်ပိုင်းမှာတော့အမေရိကန်တို့ရဲ့Mattressလို့ခေါ်တဲ့စနစ်တွေကိုအသုံးပြုလာကြပြီးမရှေးမနှောင်းမှာပဲဆိုဗီယက်တို့ရဲ့BMစနစ်တွေလဲပေါ်ပေါက်လာတာဖြစ်ပါတယ်။BM-13Katyushasစနစ်BMစနစ်တွေဟာအမေရိကန်စနစ်တွေထက်ပိုမိုထိရောက်ပိုမိုမြန်ဆန်လွယ်ကူပြီးဂျာမန်တို့ရဲ့စနစ်တွေထက်ကိုကောင်းမွန်တယ်လို့ဆိုကြပါတယ်။နာမည်ကျော်စနစ်တစ်ခုကတော့BM-13Katyushasပါ။အမေရိကန်တို့ကလဲT34Calliopeကိုတည်ထွှင်ခဲ့ကြပြီးရှားမင်းတင့်ကားတွေပေါ်မှာတွဲဖက်တပ်ဆင်နိုင်ခဲ့ပေမယ့်ဒုတိယကမ္ဘာစစ်ကြီးပြီးသွားခဲ့လို့အသုံးပြုခဲ့ရမှုအင်မတန်နဲပါးပြီးထုတ်လုပ်မှုကိုဆယ်ဂဏန်းနဲ့ပဲရပ်ဆိုင်းခဲ့ရတယ်ဆိုပါတယ်။ကျယ်ပြန့်လှတဲ့ဧရိယာမှာတပ်ဖြန့်နေရာယူထားတဲ့ရန်သူတွေကိုအချိန်တိုအတွင်းမှာပြင်ဆင်နေရာယူမှုနဲ့အတူတပြိုင်တည်းမှာနေရပ်လပ်မရှိချေမှုန်းဖိနှိပ်ပစ်ခတ်နိုင်ခဲ့တဲ့ဒီစနစ်တွေကိုဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာအမျိုးမျိုးတည်ထွှင်ကြံဆအဆင့်မြင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။ထုတ်လုပ်သမျှစနစ်တွေကိုလဲအသုံးပြုကြသူတိုင်းကအတိုင်းအတာအတိုင်းကျေနပ်ကြသလိုယခုထက်တိုင်အောင်လဲအမျိုးအမျိုးအဆင့်မြင့်တင်ရင်းရှေးမူမပျက်ခေတ်မှီနေတဲ့စနစ်များဖြစ်ပါတယ်။မြန်မာအပါအဝင်အရှေ့အာရှနိုင်ငံများမှာလဲခုလိုစနစ်တွေကိုကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြပြီးအင်မတင်လူကြိုက်များကျော်ကြားလှတဲ့စနစ်တွေဖြစ်ပါတယ်။သူတို့ထဲကစနစ်တစ်ခုကတော့BM-21gradပဲဖြစ်ပါတယ်။BM-14အတွဲလိုက်ပစ်ဒုံးလက်နက်BM-21စနစ်ကို၁၉၆၀နှစ်စောပိုင်းမှာထုတ်လုပ်ခဲ့ပြီး၁၄၀မမဒုံးကျည်သုံးBM-14စနစ်ကနေအဆင့်မြင့်တင်ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။gradဆိုတာရုရှားလိုHailလို့ခေါ်ရမယ့်နှင်းသီး၊မိုးသီးတွေဖြစ်ပြီးနာမည်ဆိုလိုရင်းကနှင်းသီးမုန်တိုင်းမိုးသီးမုန်တိုင်းလို့သူ့ရဲ့ပစ်အားကိုတင်စားပြီးခေါ်ဆိုတာဖြစ်ပါတယ်။ပေါင်၄၀ရှိတဲ့ဖျက်အားပြင်းထိပ်ဖူးကိုသယ်ဆောင်တဲ့၁၂၂မမဒုံးကျည်အစင်း၄၀ကိုတစ်စက္ကန့်၂စင်းနုန်းနဲ့ပစ်ခတ်နိုင်တဲ့စွမ်းအားအာတင်စားခေါ်ဆိုတဲ့နာမည်နဲ့လိုက်ဖက်မယ်လို့ထင်ပါတယ်။၆ဘီးယက်၆ဘီးတပ်အမြှောက်ဆွဲယာဉ်ပေါ်မှာတပ်ဆင်ထားပြီး၃မိနစ်အတွင်းပစ်ခတ်ဖို့အဆင်သင့်ဖြစ်နေမယ့်ဒီစနစ်ကိုလူကြိုက်များလွန်းတဲ့အတွက်ကမ္ဘာအနှံ့နိုင်ငံ၆၀ကျော်ကယနေ့အချိန်ထိတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။အဲဒီထဲကနိုင်ငံပေါင်း၃၀ကျော်လောက်ကလိုင်စင်ရောလိုင်မင်မဲ့ပါပုံတူပွားထုတ်လုပ်ခြင်း၊အဆင့်မြင့်တင်ခြင်းတွေပြုလုပ်ခဲ့ကြပြီးBM21ရဲ့မျိုးဆက်သစ်အမြောက်အများရော၊မူရင်းများပါယနေ့ထက်တိုင်စစ်မျက်နှာအသီးသီးမှာအသုံးတော်ခံလျက်ရှိပါတယ်။၎င်းစနစ်များဟာလျင်လျင်မြန်မြန်ရွေ့ပြောင်းချီတက်နိုင်ကြပေမယ့်ရန်သူရန့်တန်ပြန်တိုက်ခိုက်မှုကိုရှောင်ရှားနိုင်ခြင်းနဲပါးသလို၊လက်နှက်ငယ်ဒဏ်၊သာမာန်ခြေလျင်တပ်ဖွဲ့များရဲ့တိုက်ခိုက်မှုဒဏ်ကိုတော့မြေပြင်အခြေစိုက်အမြောက်တပ်ဖွဲ့များလိုပဲခံနိုင်ရည်နဲပါးလှပါတယ်။ရန်သူရဲ့ထောက်ပံ့ရေးစခန်းတွေ၊လေယာဉ်ကွင်းတွေ၊အခြေစိုက်စခန်းတွေသိုလှောင်ရုံတွေနဲ့စုဖွဲ့ထားတဲ့တင့်ကားတပ်တွေ၊ခြေလျင်တပ်တွေကိုဧရိယာလိုက်ကွက်စိတ်တိုက်ခြေမှုန်းနိုင်အောင်ပစ်အားကောင်းလှတဲ့ဒီစနစ်တွေကလှုပ်ရှားမှုထက်ပစ်အားကိုပိုမိုအသားပေးတဲ့စနစ်တွေလို့ဆိုရမှာဖြစ်ပါတယ်။ပစ်စဉ်၆ခုပါဝင်တဲ့BM21စနစ်တပ်ခွဲတစ်ခွဲဟာအကွာအဝေးကီလိုမီတာ၂၀ကျော်မှာရှိတဲ့၁စတုရမ်းမိုင်ဧရိယာလောက်ကိုစိုးမိုးပစ်ခတ်နိုင်ပါတယ်။တပ်ရင်းတစ်ရင်းပစ်အားဟာ၄-၅စတုရမ်းမိုင်ဧရိယာလောက်ကိုထိထိရောက်ရောက်ပစ်ခတ်နိုင်တယ်လို့ဆိုကြပါတယ်။နောက်ပိုင်းစနစ်တွေမှာသုံးတဲ့ဒုံးအမျိုးအစားလိုက်ပြီးကီလိုမီတာ၄၀ကျော်ထိပစ်ခတ်နိုင်တာရှိတယ်လို့လဲဆိုပါတယ်။တင့်ကားတွေကိုခြေမှုန်းဖို့သီးသန့်ထုတ်ထားတဲ့ထိပ်ဖူးတွေ၊လူသတ်ဖို့ထုတ်ထားတဲ့ထိပ်ဖူးတွေနဲ့၊ဖေါက်ထွှင်းပေါက်ကွဲနိုင်တဲ့ထိပ်ဖူးတွေ၊ဖျက်အားပြင်းစနစ်တွေနဲ့လေဆာလမ်းညွန်တွေ၊လေဆာစနစ်သုံးထိပ်ဖူးတွေအပါအဝင်၊အီလက်ထောနစ်လှိုင်းရှိရာကိုခြေရာခံပြီးမှန်အောင်လုပ်ထားတဲ့ထိပ်ဖူးစနစ်တွေကိုစစ်ဆင်ရေးအမျိုးအစားလိုက်၊ပစ်မှတ်အမျိုးအစားပေါ်လိုက်ပြီးအသုံးပြုလာနိုင်ခြင်းဟာလဲBM21စနစ်ရဲ့အစွယ်ကိုချွန်သထက်ချွန်အောင်အဆိပ်ပြင်းသထက်ပြင်းအောင်ထပ်ဆောင်းထားနိုင်တဲ့စနစ်တွေဖြစ်ပါတယ်။ဒါပေမယ့်ဒီစနစ်တွေဟာပစ်စဉ်တွေချည်းလှုပ်ရှားတိုက်ပွဲဝင်ကြရတဲ့စနစ်တွေတော့မဟုတ်ပါဘူး။ထောက်ပံ့ရေးကားတွေ၊အမိန့်ပေးယာဉ်တွေ၊ရေဒါတွေကားတွေ၊ဆက်သွယ်ရေးယာဉ်တွေကိုပါတွဲဖက်အသုံးပြုကြရတာဖြစ်ပါတယ်။ဒါ့အပြင်ယာဉ်ပေါ်ကနေယာဉ်အဖွဲ့သားတွေကနေပစ်ခတ်နိုင်တာမဟုတ်ပဲမီတာ၂၀ကျော်အကာကွယ်နောက်ကနေဒါမှမဟုတ်အကာကွယ်မဲ့မီတာ၅၀လောက်ကနေခလုပ်ကိုယူပြီးပစ်ခတ်ကြရတာဖြစ်ပါတယ်။ပစ်ခတ်ဖို့ပြင်ဆင်ချိန်၃မိနစ်အောက်မှာသာရှိပြီး၊စက္ကန့်၂၀လောက်အတွင်းမှာဒုံးကျည်အစင်း၄၀ကိုပစ်ခတ်နိုင်မှာဖြစ်ပါတယ်။စက္ကန့်အနည်းငယ်(သို့)မိနစ်အနည်းငယ်အတွင်းမှာပစ်ခတ်စရာကုန်သွားမယ့်သည်စနစ်တွေကိုထပ်မံကျည်ဖြည့်ဖို့ဘထ္ထရီဖြည့်ဖို့နေရာရွေ့ပြောင်းဖို့ပြန်လည်နေရာယူဖို့ဆိုတာဟာ(ရန်သူ့လေကြောင်းတိုက်ခိုက်မှု(သို့)တန်ပြန်ပစ်ခတ်မှုမလာသေးတဲ့)အချိန်တိုအတွင်းမှာဆောင်ရွက်နိုင်ဖို့ဆိုတာအောင်မြင်နိုင်ခြေအင်မတန်နဲပါးလှပါတယ်။ဒါကြောင့်ပုံဖျက်ဖုံးကွယ်ဖို့၊ဒါမှမဟုတ်အကာကွယ်ယူဖို့နေရာကောင်းကိုအရင်ရွေးခြယ်ပြီးမှသာပစ်ခတ်နိုင်ကြပါတယ်။မြန်မာ့တပ်မတော်ရှိType-90B၁၂၂မမအတွဲလိုက်ပစ်ဒုံးလက်နက်စနစ်သို့သော်ပြန်လည်ဖြည့်တင်းခြင်းကိုမဆောင်ရွက်ပဲလျင်မြန်စွာနေရာရွေ့ပြောင်းကြရပြီးဒုတိယနေရာယူပြီးချိန်မှာတော့ပစ်ခတ်ရန်ပြင်ဆင်ချိန်ဟာမိနစ်အနည်းငယ်သာကြာမြင့်တဲ့အတွက်စနစ်ရဲ့အားသာချက်အားနဲချက်များဟာတပ်ဖွဲ့ဝင်များရဲ့ဟန်ချက်ညီလှုပ်ရှားနိုင်မှုပေါ်မှာတည်မှီတော့ဖြစ်ပါတယ်။ဒီအားနဲချက်တွေကိုအဆင့်ဆင့်ပြင်ဆင်လာခဲ့ကြရာမှာကုန်ကျစားရိတ်ကြီးမြင့်ခြင်းအဆင်မြင့်နည်းပညာများလိုအပ်ခြင်းတို့ကြောင့်အချို့စနစ်သစ်များမှအပမူလလက်ဟောင်းBM21လောက်အောင်မြင်မှုမရကြပါဘူး။အလိုလျောက်ကျည်ဖြည့်စနစ်ကိုထည့်သွင်းထားတဲ့Type90အမျိုးအစားတရုတ်လုပ်စနစ်ဟာပထမအသုတ်အစင်း၄၀ပစ်ခတ်ပြီးချိန်မှာအလိုလျောက်နောက်ထပ်အစင်း၄၀ထပ်မံဖြည့်တင်းထားနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်ချက်ကိုစလိုဗေးကီးယားရဲ့RM-70လိုချိန်ရွယ်တာ၊ပစ်ခတ်တာ၊ဆက်သွယ်တာ၊ကျည်ဖြည့်တာကိုပါတပြိုင်တည်းလုပ်အောင်စီစဉ်ထားတဲ့စနစ်တွေရှိခဲ့ပေမယ့်လက်နှက်ရဲ့ပစ်အားနဲ့ညီမျှအောင်ပြန်ဖြည့်တင်းနိုင်ဖို့ရာမလွယ်ကူတဲ့စနစ်ဖြစ်တာရယ်၊ကုန်ကျစားရိတ်ကြီးမားတာရယ်ကြောင့်အောင်မြင်မှုနဲပါးလှပါတယ်။M1985၂၄၀မမအတွဲလိုက်ပစ်ဒုံးလက်နက်စနစ်မြန်မာတပ်မတော်သည်လဲဒေသတွင်းနိုင်ငံများနည်းတူBM-21ကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဝင်ခဲ့ဘူးတာတွေမတွေ့ရှိခဲ့ပေမယ့်ရုရှားရဲ့BM-21စနစ်နဲ့တရုတ်ရဲ့BM-21ကိုပုံတူထုတ်ထားတဲ့Type81စနစ်၊ထပ်မံအဆင့်မြင့်တင်ထားတဲ့Type-90စနစ်တွေကိုဝယ်ယူထားတယ်လို့သိရပါတယ်။အတည်မပြုနိုင်တဲ့သတင်းများကတော့မြန်မာ့တပ်မတော်က၁၂၂မမပဲထိန်းမဲ့ဒုံးကျည်တွေကိုကိုယ်တိုင်ထုတ်နိုင်နေပြီလို့လဲဆိုကြပါတယ်။ရုရှားရဲ့ဒုံးကျည်တွေဟာအကွာအဝေးထက်ပေါက်ကွဲအားနဲ့အခြားစစ်ဆင်ရေးအလိုက်အသုံးတည့်မှုတွေကိုဦးစားပေးထုတ်လုပ်ပါတယ်။ဒါ့ကြောင့်အကွာအဝေးအားဖြင့်၂၂ကီလိုမီတာအထိသာရောက်ပေမယ့်အီလက်ထောနစ်စနစ်ကိုခြေရာခံနိုင်တဲ့စနစ်တွေ၊အနီအောက်ရောင်ခြည်သုံးပစ်မှတ်ရှာစနစ်တွေ၊တင့်ဖျက်စနစ်၊ဖေါက်ထွှင်းစနစ်တွေ၊လေကွဲစနစ်တွေစသည်ဖြင့်စနစ်အမျိုးအမျိုးကိုနည်းပညာမြင့်ထုတ်လုပ်ပါတယ်။တရုတ်နဲ့မြောက်ကိုရီးယားထုတ်စနစ်ဒုံးကျည်များကတော့အကွာအဝေးပိုမိုပြီး၄၀ကီလိုမီတာကျော်အထိပစ်ခတ်နိုင်တယ်ဆိုကြပါတယ်။တင့်ဖျက်စနစ်၊လေကွဲစနစ်နဲ့ပေါက်ကွဲအားပိုမိုပြင်းထန်တဲ့စနစ်တွေကိုအသားပေးထုတ်လုပ်ပါတယ်။မြောက်ကိုရီးယားရဲ့၁၂၂မမလေကွဲကျည်စနစ်ဟာဒုံးပစ်စဉ်များရဲ့ပစ်အားကိုလက်ယှက်ထိုးပစ်ခတ်နည်းဖြင့်အသုံးချပြီးအရေးကြီးဧရိယာတစ်ခုကိုအချိန်အတိုင်းအတာတစ်ခုအတွင်းရန်သူ့လေကြောင်းရန်နဲ့ဒုံးကျည်တို့ရဲ့ရန်မှကာကွယ်ဖို့အထိကြံဆထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။မြန်မာ့တပ်မတော်မှထုတ်လုပ်သည်ဟုသတင်းထွက်ပေါ်နေသော၁၂၂မမပဲ့ထိန်းမဲ့ဒုံးကျည်များသည်မည်သည့်စနစ်များကိုအခြေခံထုတ်လုပ်မည်ကတော့မှန်းဆရခက်ခဲလှပါတယ်။BM-21၏အခြေခံအချက်လက်များထုတ်လုပ်သည့်နိုင်ငံ။။ရုရှားလိုအပ်သည့်စစ်သည်။။၆ဦးပြင်ဆင်ရန်ကြာချိန်။။၃မိနစ်ကျည်ဖြည့်ရန်ကြာချိန်။။၇မိနစ်ယာဉ်အလေးချိန်။။၁၃.၇တန်ယာဉ်အမျိုးအစား။။၆x၆ဘီးတပ်အမြှောက်ဆွဲယာဉ်မောင်းနှင်မှုနုန်း။။တစ်နာရီ၇၅ကီလိုမီတာစစ်ဆင်နိုင်မှုအကွာအဝေး။။၄၀၅ကီလိုမီတာတပ်ဆင်သည့်ပြောင်းအရေအတွက်။။၄၀ပြောင်းအလျား။။၉ပေ၁၀လက်မအသုံးပြုသည့်ကျည်အမျိုးစား။။၁၂၂မမပဲ့ထိန်းမဲ့ဒုံးကျည်ချိန်ခွက်။။PG-1Mpanoramictelescopeထိရောက်မှအကွာအဝေး။။၂၀ကီလိုမီတာ(၃၀-၄၀ကီလိုမီတာဒုံးကျည်အမျိုးစားတွင်မူတည်သည်)ပစ်ခတ်မှုနုန်း။။တစ်စက္ကန့်၂စင်းနုန်းType-90Bဆိုင်ရာအခြေခံအချက်လက်များထုတ်လုပ်သည့်နိုင်ငံ။။တရုတ်လိုအပ်သည့်စစ်သည်။။၄ဦးပြင်ဆင်ရန်ကြာချိန်။။၃မိနစ်ယာဉ်ပါကျည်ဖြည့်ရန်ကြာချိန်။။၃မိနစ်ပြန်လည်ဖြည့်တင်းရန်ကြာချိန်။။၇-၁၀မိနစ်ယာဉ်အလေးချိန်။။၁၃.၇တန်ယာဉ်အမျိုးအစား။။၆x၆ဘီးတပ်North-Benz2629ယာဉ်မောင်းနှင်မှုနုန်း။။တစ်နာရီ၈၅ကီလိုမီတာစစ်ဆင်နိုင်မှုအကွာအဝေး။။၈၀၀ကီလိုမီတာတပ်ဆင်သည့်ပြောင်းအရေအတွက်။။၄၀အရံသယ်ဆောင်သည့်ဒုံးကျည်အရေအတွက်။။၄၀ပြောင်းအလျား။။၉ပေ၁၀လက်မအသုံးပြုသည့်ကျည်အမျိုးစား။။၁၂၂မမပဲ့ထိန်းမဲ့ဒုံးကျည်စနစ်။။အမိန့်ပေးယာဉ်မှတိုက်ရိုက်ချိန်ရွယ်ပစ်ခတ်နိုင်သည့်အဝေးထိန်းစနစ်ထိရောက်မှအကွာအဝေး။။၂၂-၄၀ကီလိုမီတာပစ်ခတ်မှုနုန်း။။တစ်စက္ကန့်၂စင်းနုန်း၁၂၂မမအတွဲလိုက်ပစ်ဒုံးစနစ်တပ်ဖွဲ့ဖွဲ့စည်းပုံတပ်ခွဲတစ်ခွဲ-ပစ်စဉ်တင်ယာဉ်-၆စင်း(ယာဉ်အဖွဲ့သား၄-၆ယောက်အမျိုးအစားအလိုက်)ကျည်ဖြည့်တင်းရေးယာဉ်-၆စင်း(ယာဉ်အဖွဲ့သား၁-၃ယောက်)အမိန့်ပေးသံချပ်ကာယာဉ်-၁စင်း(ယာဉ်အဖွဲ့သား၃-၅ယောက်)တပ်ရင်းတစ်ရင်းတပ်ခွဲ၃ခွဲတပ်ရင်းအမိန့်ပေးယာဉ်-၁စင်း(ယာဉ်အဖွဲ့သား၂-၅ယောက်)ကင်းထောက်ယာဉ်-၃စင်း(တစ်စင်းလျင်ယာဉ်အဖွဲ့သား၃ယောက်)(အငယ်စား/အလတ်စားသံချပ်ကာယာဉ်များ)တိုင်းတာရေးရေဒါယာဉ်-၁စင်းလျပ်စစ်ပိုင်းဆိုင်ရာပြင်ဆင်ဖြည့်တင်းရေးယာဉ်-စင်းစက်မှုဆိုင်ရာပြင်ဆင်ဖြည့်တင်းရေးယာဉ်-၁စင်းထို့အပြင်အတည်မပြုနိုင်သောသတင်းများအရမြန်မာ့တပ်မတော်တွင်မြောက်ကိုရီးယားနိုင်ငံထုတ်/ရုရှားထုတ်၂၄၀မမပဲ့ထိန်းမဲ့ဒုံးကျည်သုံးအတွဲလိုက်ပစ်ဒုံးကျည်စနစ်များပိုင်ဆိုင်ထားတယ်လို့လဲဆိုကြပါတယ်။မြောက်ကိုရီးယားဟာM1985လို့နာမည်ပေးထားတဲ့၁၉၈၅ထုတ်ပြောင်း၁၂ပြောင်းပါ၂၄၀မမဒုံးကျည်စနစ်ကို၁၉၉၀ပြည့်နှစ်မှာM199-1အဖြစ်ပြောင်း၂၂ပါ၊၆ဘီးတပ်ယာဉ်ဖြင့်ပြောင်းလဲထုတ်လုပ်ခဲ့ပြီးအခြားအဆင့်မြင့်တင်မှုများကိုလဲပြုလုပ်ခဲ့ပါတယ်။ယာဉ်အဖွဲ့သားများကိုလဲ၄ယောက်မှ၂ယောက်အထိလျော့ချနိုင်ခဲ့ပြီးပစ်ခတ်ဖို့အဆင်သင့်ဖြစ်ရန်ကြာချိန်ကို၁၀မိနစ်ကျော်ကနေ၃-၄မိနစ်ခန့်သာကြာအောင်အဆင့်မြှင့်တင်ခဲ့သလိုဒုံးကျည်ကိုလဲမူလအမျိုးအစား၏ထိရောက်မှုအကွာအဝေး၃၅ကီလိုမီတာခန့်မှကီလိုမီတာ၆၀ခန့်အထိရောက်အောင်ပစ်ခတ်နိုင်သည့်အမျိုးအစားအဖြစ်မြှင့်တင်ခဲ့ပါတယ်။ထိပ်ဖူးများကိုလဲလေဆာစနစ်သုံးပစ်မှတ်ရှာစနစ်များ၊အီလက်ထောနစ်ခြေရာခံစနစ်များကိုပါတီထွှင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ပစ်နုန်းကိုလဲတစ်မိနစ်၁၂စင်းမှ၄၄စက္ကန့်အတွင်း၂၂စင်းပစ်ခတ်နိုင်သည်အထိအဆင့်မြှင်တင်ထားခဲ့တယ်လို့ဆိုပါတယ်။ပစ်ခတ်စဉ်တင်ယာဉ်တစ်စင်းစီဟာ၇၇စက္ကန့်(တစ်မိနစ်၁၂စက္ကန့်)အတွင်းမှာနေရာယူထားရာမှချိန်ရွယ်ကျည်ကုန်ပစ်ခတ်ပြီးနေရာရွေ့ပြောင်းနိုင်မှာဖြစ်ပါတယ်လို့ဆိုပါတယ်။၎င်းစနစ်များသည်မြောက်ကိုရီးယားမှတောင်ကိုရီးယားကိုအဆင်သင့်ချိန်ရွယ်ထားသည်ဆိုသည့်စနစ်များထဲမှနာမည်ကျော်စနစ်တစ်ခုဖြစ်ပြီး၅၀၀ခန့်ဖြန့်ခွဲချထားတယ်လို့ယူဆရတဲ့အတွက်တစ်မိနစ်အတွင်းမှာစုစုပေါင်းအစင်း၁သောင်းကျော်ပစ်ခတ်နိုင်မယ်လို့ချိန်းခြောက်ထားနိုင်တဲ့စနစ်တစ်ခုလဲဖြစ်ပါတယ်။၎င်းစနစ်များသည်လဲရေဒါစနစ်သုံးတိုင်းတာရေးယာဉ်များ၊ဖြည့်တင်းရေးယာဉ်များ၊အမိန့်ပေးယာဉ်များ၊ကင်းထောက်ယာဉ်များဖြင့်သာတွဲဖက်တိုက်ပွဲနိုင်ကြတာဖြစ်ပြီးပစ်ခတ်သည့်ဒုံးစဉ်တင်ယာဉ်များဟာသံချပ်ကာအကာကွယ်မပါရှိပါဘူး။M-199-1စနစ်အခြေခံအချက်လက်များထုတ်လုပ်သည့်နိုင်ငံ။။မြောက်ကိုရီးယားယာဉ်အဖွဲ့သား။။၂-၃ယောက်ပြောင်းအရေအတွက်။။၂၂အသုံးပြုသည့်ဒုံးကျည်။။၂၄၀မမပဲ့ထိန်းမဲ့ဒုံးကျည်ထိရောက်မှုအကွာအဝေး။။၃၀-၆၀ကီလိုမီတာအသင့်ဖြစ်ရန်ပြင်ဆင်ချိန်။။၄မိနစ်ပြန်လည်ကျည်ဖြည့်ရန်ကြာချိန်။။၁၀မိနစ်ပစ်ခတ်နုန်း။။၂စက္ကန့်တစ်စင်းစစ်ဆင်နိုင်မှုအကွာအဝေး။။၄၅၀ကီလိုမီတာ […]