လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြေ

July 15, 2021 ohkarlinn 0

Unicodeလျှပ်စစ်မီတာခပေးဆောင်ပြီးနိုင်ငံကြီးသားပီသကြဖို့စစ်ကောင်စီပြောမဇ္ဈိမလျှပ်စစ်ဓာတ်အားသုံးစွဲထားတဲ့သတ်မှတ်ယူနစ်အတိုင်းလျှပ်စစ်မီတာခတွေပေးဆောင်ရမှာဖြစ်ပြီးပြည်သူတွေအနေနဲ့နိုင်ငံကြီးသားပီသကြဖို့အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။ဒီကနေ့(ဇူလိုင်လ၁၂ရက်)နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့တာဖြစ်ပါတယ်။“လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားသုံးသပ်နေတာတွေရှိပါတယ်။ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင်မယ့်အထဲမှာတကယ့်ကိုအကျပ်အတည်းတွေ့နေတဲ့အခြေခံလူတန်းစားတွေဖြစ်ပါတယ်။ဒီဟာတွေနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေ၊လျှပ်စစ်ဓာတ်အားသုံးစွဲထားတဲ့သတ်မှတ်သုံးစွဲထားတဲ့သူတွေကတော့ပေးဆောင်ရမှာဖြစ်ပါတယ်။အဓိကတော့နိုင်ငံကြီးသားပီသကြဖို့ပြောချင်ပါတယ်”လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။တချို့လူတွေဟာသုံးစွဲထားတဲ့လျှပ်စစ်မီတာခအကြွေးတွေကိုမပေးဆောင်ချင်တဲ့အတွက်“ပွဲလန့်တုန်းဖျာခင်း”တဲ့ပုံစံမျိုးလုပ်ဆောင်နေကြတာလို့လည်းဗိုလ်ချုပ်ဇော်မင်းထွန်းကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်တဲ့အနေနဲ့စစ်ကောင်စီဝင်ငွေရမယ့်လျှပ်စစ်မီခတွေကိုငါးလနီးပါးကြာမပေးဆောင်ဘဲပြည်သူတွေကသပိတ်မှောက်နေကြတာဖြစ်သလိုစစ်ကောင်စီကလည်းလျှပ်စစ်မီတာခတွေကိုပေးဆောင်ကြဖို့အတင်းအကျပ်ဖိအားပေးနေပါတယ်။လျှပ်စစ်မီတာခမပေးဆောင်တဲ့နေအိမ်တိုက်ခန်းတွေကိုအာဏာသိမ်းစစ်ကောင်စီကလျှပ်စစ်မီးဖြတ်တောက်လိုက်တာတွေလုပ်ဆောင်နေသလိုမီတာရုံးတချို့မှာဆက်တိုက်ဗုံးပေါက်ကွဲမှုတွေလည်းရှိနေပါတယ်။ […]